လိင်ဆက်ဆံခြင်းက ရှက်စရာမဟုတ်ကြောင်း သဘာဝသာဖြစ်ကြောင်း ယောင်းတို့သိအောင် ပြောပြချင်သေးတယ်။
ဘယ်သူမဆိုတော့ ဘဝမှာ အိမ်ထောင်ပြုရင် ကိုယ်ရွေးချယ်ခဲ့တဲ့ ဒီလူနဲ့ပဲ တစ်သက်လုံးနေသွားချင်ကြမှာပဲနော်။ လူနှစ်ယောက်အဆင်ပြေဖို့ ရှေ့ဆက်ပြီး အတူတူလက်ကိုတွဲ ဘဝလမ်းကိုလျှောက်ဖို့ဆိုရင် နားလည်မှု၊ ယုံကြည်မှု စတဲ့စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေအပြင် ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေဖြစ်တဲ့ အကြင်အနာ၊ အထိအတွေ့အပြင် လိင်ဆက်ဆံတဲ့အချိန် လိုအင်ပြည့်မပြည့်ကလည်း အရေးကြီးတဲ့အကြောင်း လူတွေကလည်း မသိချင်ယောင်ဆောင်ပြီး ဖုံးကွယ်ထားကြတယ်နော်။ သဘာဝကို ရှက်စရာလို့ထင်ကြတယ်တဲ့လေ။
ဟုတ်ပါတယ် ယောင်းမျက်စိမမှားပါဘူး။ လိင်ဆက်ဆံခြင်းကလည်း အိမ်ထောင်ရေးရဲ့ အနှစ်သာရထဲက တစ်စိတ်တစ်ပိုင်းပါပဲ လို့နှင်းပြောချင်တယ်။ အဲ့လိုပြောတော့ နှင်းကို တဏှာကြီးတဲ့လူ၊ မိန်းကလေးဖြစ်ပြီး လိင်စိတ်တက်၊ တက်မက်ပြီးဆာလောင်တတ်တဲ့ လူလို့မြင်သွားမှာပဲနော်။ ဒါပေမဲ့ ယောင်းတို့သေချာတွေးကြည့်လိုက်။ လူတွေနေ့တိုင်း သီချင်းနားထောင်ကြတယ်၊ ရုပ်ရှင်ကြည့်ပြီး ကိုယ်ကြိုက်တဲ့ အစားအစာကိုစားကြတယ်။ ဒါတွေကရော ကိုယ့်ကိုစိတ်ချမ်းသာစေပြီး ပျော်ရွှင်စိတ်ကျေနပ်စေတာမို့ ဒါတွေကရော တဏှာမဟုတ်ဘူးလားရယ်။ ဘယ်ဟာမဆို ကိုယ့်ရဲ့ လိုအင်ဆန္ဒပြည့်ဝတယ်ဆိုရင် စိတ်ကျေနပ်မှုဖြစ်ကြတာပါပဲ။ ဒါဆို လိင်ဆက်ဆံခြင်းကရော ဘာအတွက်လဲ? တခြားအကြောင်း အရင်းတွေအများကြီးရှိတယ်ဆိုပေမဲ့ လိုအင်ဆန္ဒပြည့်ဝဖို့က% များတယ်မဟုတ်လား? (သုတေသနအရ လိင်ဆက်ဆံခြင်းက စိတ်ဖိစီးမှုကိုလျှော့ချပေးတဲ့ အကောင်းဆုံးနည်းလမ်းပါတဲ့။ how sex reduce stress )ဒါပေမဲ့ ဘာလို့ အဲ့ဆန္ဒကိုကျတော့ အပြစ်ကြီးတစ်ခုလို ဖုံးကွယ်ထားကြတာလဲ။
Related Article >>> အကြွေပန်းဆိုတာ ဘာပန်းလဲ?
အများသောအားဖြင့် နှင်းပတ်ဝန်းကျင်မှာလည်း အိမ်ထောင်သည်အမျိုးသမီးတွေတောင် သူတို့ရဲ့လိင်ကိစ္စနဲ့ပတ်သက်ပြီး နှစ်ကိုယ်ကြားတောင် ပွင့်ပွင့်လင်းလင်း မပြောတတ်ကြပါဘူး။ အဲ့လိုဖုံးကွယ်ခြင်းရဲ့နောက်မှာ အိမ်ထောင်သည်အမျိုးသမီးတွေအနေနဲ့ လိင်ဆက်ဆံခြင်းကို သာယာမှုတစ်ခုအနေနဲ့မမြင်တော့ဘဲ ဝတ္တရားတစ်ခုအနေနဲ့မြင်သွားပါတယ်။ ကိုယ့်ရဲ့စိတ်ဆန္ဒပြည့်ဝစေတဲ့ အနားယူခြင်းတစ်ခုအနေနဲ့ မမြင်တော့တာမို့ ဆက်ဆံနေတဲ့အချိန်မှာလည်း အသေကောင်ကြီးလို ငြိမ်သက်နေတာမျိုး၊ တစ်ဖက်လူက ဆန္ဒပြည့်ဝသွားတာတောင် ကိုယ့်မှာတို့လို့တန်းလန်း ကျန်ခဲ့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲ့လိုဖြစ်နေတာတောင်မှ ကိုယ်ကမပြောရဲမဆိုရဲနဲ့ ကျိတ်မှိတ်နေရင်း အဲ့ဒီသာယာမှုကို မသိစိတ်ကရော သိစိတ်ကပါ တိတ်တဆိတ်တောင့်တရင်း မဖြစ်သင့်တဲ့အမှားတွေ၊ လူမှုရေးပြဿနာတွေ ပိုဖြစ်လာနိုင်ပါတယ်။
Related Article >>> မယားငယ်ဋီကာ
ဒါကြောင့် အမျိုးသမီးတွေ ပွင့်ပွင့်လင်းလင်းရှိကြပါ။ ကိုယ်ဘယ်လိုခံစားရတယ်၊ ကိုယ့်မှာ ဆန္ဒမပြည့်ဝသေးဘူး စသည်ဖြင့် သေသေချာချာပြောဖို့လိုအပ်ပါတယ်။ အဲ့လိုပြောလို့ ကိုယ့်ကို တဏှာရာဂကြီးတဲ့လူလို့ သတ်မှတ်လိုက်ရင်လည်း ကိုယ့်ဘက်ကတုန့်ပြန်စရာစကားတွေ တကယ်အများကြီးမှ အများကြီးပါ။ ဒီလောကမှာ စိတ်သာယာမှုကို မကြိုက်တဲ့လူရှိလား? ကိုယ့်ကိုလာဝေဖန်တဲ့လူတွေကိုလည်း ဒါကို လုံးဝမလုပ်ဘူး ရှောင်မယ်ဆိုတဲ့လူပါလား။ ဘယ်သူမှ မရှောင်နိုင်ပါဘူးနော်။ (ရှေ့မှာသာ ရှက်သလို ရွံ့သလိုနဲ့ နောက်ကွယ်မှာ ဖြစ်ချင်တဲ့လူနဲ့ ဖြစ်ချင်သလိုဖြစ်နေတာတွေလည်း အများကြီးမှ အများကြီးရှိပါတယ်နော်။) ဒါကြောင့် ဘယ်သူတွေ ဘယ်လိုပဲ ဝေဖန်ဝေဖန် ကိုယ့်ဒုက္ခကို အဲ့ဒီဝေဖန်ရေးနဲ့လေကန်ရေး လုပ်နေတဲ့လူတွေက ကိုယ့်နေရာကို အစားဝင်ပေးလို့ ရတာမဟုတ်ပါဘူးနော်။ ကိုယ့်ဆန္ဒကပဲ အရေးကြီးတာမို့ ကိုယ်ခံစားရသမျှကို ကိုယ့်လက်တွဲဖော်ကို ပြောပြဖို့ လုံးဝမရှက်ပါနဲ့။ အရာရာနောက်မကျခင် ညှိနှိုင်းဖို့ မကြောက်ပါနဲ့ မရှက်ပါနဲ့လို့ပဲပြောချင်ပါတယ်။
Hnin Ei Oo (For Her Myanmar)