Song Hye Kyo ဆီကေန တရားဝင္ ကြာရွင္းခြင့္ ေတာင္းခံလိုက္တဲ့ Song Joong Ki

ဟဲ့… ပလုတ္တုတ္ ေစာေစာစီးစီး ဘာေတြလား T.T

အိပ္ရာႏိုးလို႔ လိုင္းဖြင့္ၾကည့္ရံုပဲ ရွိေသးတယ္။ တက္လာတဲ့ သတင္းက လံုးဝ shock ပဲ။ ကိုယ္ ႏွစ္ရွည္လမ်ား ခ်စ္ရတဲ့ မင္းသမီး ၊ လိုက္ဖက္တဲ့ အိမ္ေထာင္ေရးလို႔ လူတိုင္းအျမင္မွာ ခံယူထားတဲ့ Song-Song couple ရဲ႕ divorce သတင္းက newsfeed အျပည့္မို႔ တုန္လႈပ္သြားခဲ့ရေသာ မင္မင္ပါ T.T

ကြာရွင္းဖုိ႔ အရင္ဆံုး ေတာင္းဆိုတာက ေဆာင္ဂၽြန္ကီ လို႔ သိရပါတယ္။ သူ႕ရဲ႕ ကိုယ္စားလွယ္ေရွ႕ေန ပါ့ခ္ေဂ်ဟြန္းကေန တဆင့္ ဆိုးလ္မိသားစု တရားရံုးမွာ ကြာရွင္းခြင့္ကုိ ဦးတိုက္ေလွ်ာက္တင္ခဲ့တာပါတဲ့။ Fan ေတြ ပြက္ေလာရိုက္ကုန္မွာကို ႀကိဳျမင္လို႔ ေဆာင္ဂၽြန္ကီက စာအျပည့္အစံု ေရးၿပီးေတာ့လည္း အသိေပးထားပါေသးတယ္။

“ ကၽြန္ေတာ္ ေဆာင္ဂၽြန္ကီပါ။ ကၽြန္ေတာ္တို႔ကို ခ်စ္ေပးၿပီး ဂရုစိုက္ေပးေနတဲ့ ပရိသတ္ေတြအတြက္ မေမွ်ာ္လင့္ထားတဲ့ သတင္းျဖစ္သြားတဲ့အတြက္ ေတာင္းပန္ပါတယ္။ ကၽြန္ေတာ့္ဇနီး ေဆာင္းေဟက်ိဳ ဆီကေန ကြာရွင္းခြင့္ ေတာင္းထားၿပီး ရံုးေတာ္မွာ ကြာရွင္းသြားမွာပါ။ တစ္ေယာက္နဲ႕ တစ္ေယာက္ လူသိရွင္ၾကား ႐ံႈ႕ခ်ေျပာဆိုၿပီး အျပစ္တင္ ျငင္းခံုေနရမွာထက္စာရင္ ဒီကြာရွင္းခြင့္ကေန ႏွစ္ဦးႏွစ္ဖက္ ေျပေျပလည္လည္နဲ႔ ၿပီးဆံုးသြားမယ္ ထင္ပါတယ္။

ပြဲအေၾကာင္း အေသးစိတ္သိလိုပါက>>> http://bit.ly/2WK7oFQ

ကၽြန္ေတာ့္ရဲ႕ ကိုယ္ေရးကိုယ္တာ အေသးစိတ္ကို ေျပာျပဖို႔က ခက္ခဲတာမို႕ ပရိသတ္ေတြ နားလည္ေပးဖို႔ ေမွ်ာ္လင့္ပါတယ္။ ကၽြန္ေတာ့္ရဲ႕ လက္ရွိ ခံစားေနရတဲ့ ဒဏ္ရာေတြကို ကုစားၿပီးရင္ ပိုမိုေကာင္းမြန္တဲ့ မင္းသားတစ္ေယာက္ျဖစ္လာေအာင္ ႀကိဳးစားၿပီး ျပန္လည္ေပးဆပ္သြားမွာပါ။” လို႔ တရားဝင္ ေၾကညာခဲ့ပါတယ္။

Related Article>>>Song Joongki နဲ႔ Song Hyekyo တုိ႔ရဲ့ သီးသန္႔မဂၤလာပြဲေလးမွ ပုံရိပ္မ်ား

ဒီသတင္းကို rumors (ေကာလဟာလ) ျဖစ္ပါေစလို႔ ဆုေတာင္းေနေပမဲ့ ပိုၿပီး ခုိင္လံုသြားတဲ့ အခ်က္က ေဆာင္းေဟက်ိဳက လက္ထပ္လက္စြပ္ကို လံုးဝ ခၽြတ္ထားတာပါပဲ။ ကိုရီးယားနဲ႕ တရုတ္ သတင္းဌာနေတြက သတင္းေတြကလည္း ဒီအခ်က္ကို အေလးေပးၿပီး သတင္းလုပ္ထားတာဆိုေတာ့ ဒီလိုမ်ိဳး တရားဝင္ မေၾကညာခင္တည္းက ႏွစ္ဦးသား မေျပလည္မႈေတြ မ်ားခဲ့တယ္ ထင္ပါတယ္ ေယာင္းေရ 🙁

ဒီေန႔မွာပဲ ေဆာင္းေဟက်ိဳရဲ႕ ေအဂ်င္စီကလည္း ကြာရွင္းမယ့္ ကိစၥနဲ႔ ပတ္သက္ၿပီး တရားဝင္ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ ကြာရွင္းရတဲ့အေၾကာင္းရင္းကေတာ့ သူတို႔ေတြရဲ႕ မတူညီတဲ့ ကိုယ္ရည္ကိုယ္ေသြး (အက်င့္စရိုက္)ေတြေၾကာင့္ျဖစ္တယ္လို႔ ဆိုပါတယ္။

“စိတ္မေကာင္းစရာ သတင္းနဲ႔ ႏႈတ္ဆက္ရတာ သိပ္ေတာ့မေကာင္းပါဘူး။ ေသေသခ်ာခ်ာ စဥ္းစားဆံုးျဖတ္ၿပီးတဲ့ေနာက္မွာေတာ့ မင္းသမီး ေဆာင္းေဟက်ိဳဟာ သူ႕ရဲ႕ ခင္ပြန္းနဲ႔ ကြာရွင္းဖို႔ ျပင္ဆင္ေနခဲ့ပါၿပီ။ ကြာရွင္းရတဲ့ အေၾကာင္းရင္းကေတာ့ သူတို႔ရဲ႕ မတူညီတဲ့ အက်င့္စရိုက္ေတြေၾကာင့္ပါ။ ႏွစ္ဦးသားက ညွိႏႈိင္းဖို႔ ႀကိဳးစားခဲ့ၾကေပမဲ့ မတူညီမႈေတြကိုေတာ့ မေက်ာ္လႊားႏုိင္ခဲ့တာမို႔ ဒီ ဆံုးျဖတ္ခ်က္ခ်ဖို႔ထိ ျဖစ္လာၾကတာပါ။ ဒီထက္ပိုတဲ့ အေၾကာင္းေတြကို ေျပာျပလို႔ မရတာကိုေတာ့ နားလည္ေပးဖို႔ ေမွ်ာ္လင့္ပါတယ္။” လို႔ ေဆာင္းေဟက်ိဳရဲ႕ ေအဂ်င္စီက သတင္းထုတ္ျပန္သြားပါတယ္။

ကိုယ္ေတြရဲ႕ မမလည္း ေမာင္ေလးနဲ႕ ေပ်ာ္ရႊင္ေနၿပီ ထင္ထားတာ။ ဒီလိုႀကီးဆိုေတာ့ စိတ္မေကာင္းဘူး… ေယာင္းတို႔ေရာ ဘယ္လို ထင္ၾကလဲ?

With love

Ei Mon (For Her Myanmar)

Reference: Soompi, Koreaboo

<<< Unicode >>>

ဟဲ့… ပလုတ်တုတ် စောစောစီးစီး ဘာတွေလား T.T

အိပ်ရာနိုးလို့ လိုင်းဖွင့်ကြည့်ရုံပဲ ရှိသေးတယ်။ တက်လာတဲ့ သတင်းက လုံးဝ shock ပဲ။ ကိုယ် နှစ်ရှည်လများ ချစ်ရတဲ့ မင်းသမီး ၊ လိုက်ဖက်တဲ့ အိမ်ထောင်ရေးလို့ လူတိုင်းအမြင်မှာ ခံယူထားတဲ့ Song-Song couple ရဲ့ divorce သတင်းက newsfeed အပြည့်မို့ တုန်လှုပ်သွားခဲ့ရသော မင်မင်ပါ T.T

ကွာရှင်းဖို့ အရင်ဆုံး တောင်းဆိုတာက ဆောင်ဂျွန်ကီ လို့ သိရပါတယ်။ သူ့ရဲ့ ကိုယ်စားလှယ်ရှေ့နေ ပါ့ခ်ဂျေဟွန်းကနေ တဆင့် ဆိုးလ်မိသားစု တရားရုံးမှာ ကွာရှင်းခွင့်ကို ဦးတိုက်လျှောက်တင်ခဲ့တာပါတဲ့။ Fan တွေ ပွက်လောရိုက်ကုန်မှာကို ကြိုမြင်လို့ ဆောင်ဂျွန်ကီက စာအပြည့်အစုံ ရေးပြီးတော့လည်း အသိပေးထားပါသေးတယ်။

“ ကျွန်တော် ဆောင်ဂျွန်ကီပါ။ ကျွန်တော်တို့ကို ချစ်ပေးပြီး ဂရုစိုက်ပေးနေတဲ့ ပရိသတ်တွေအတွက် မမျှော်လင့်ထားတဲ့ သတင်းဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော့်ဇနီး ဆောင်းဟေကျို ဆီကနေ ကွာရှင်းခွင့် တောင်းထားပြီး ရုံးတော်မှာ ကွာရှင်းသွားမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် လူသိရှင်ကြား ရှုံ့ချပြောဆိုပြီး အပြစ်တင် ငြင်းခုံနေရမှာထက်စာရင် ဒီကွာရှင်းခွင့်ကနေ နှစ်ဦးနှစ်ဖက် ပြေပြေလည်လည်နဲ့ ပြီးဆုံးသွားမယ် ထင်ပါတယ်။

ပွဲအကြောင်း အသေးစိတ်သိလိုပါက>>> http://bit.ly/2WK7oFQ

ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ အသေးစိတ်ကို ပြောပြဖို့က ခက်ခဲတာမို့ ပရိသတ်တွေ နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ ကျွန်တော့်ရဲ့ လက်ရှိ ခံစားနေရတဲ့ ဒဏ်ရာတွေကို ကုစားပြီးရင် ပိုမိုကောင်းမွန်တဲ့ မင်းသားတစ်ယောက်ဖြစ်လာအောင် ကြိုးစားပြီး ပြန်လည်ပေးဆပ်သွားမှာပါ။” လို့ တရားဝင် ကြေညာခဲ့ပါတယ်။

Related Article>>>Song Joongki နဲ့ Song Hyekyo တို့ရဲ့ သီးသန့်မင်္ဂလာပွဲလေးမှ ပုံရိပ်များ

ဒီသတင်းကို rumors (ကောလဟာလ) ဖြစ်ပါစေလို့ ဆုတောင်းနေပေမဲ့ ပိုပြီး ခိုင်လုံသွားတဲ့ အချက်က ဆောင်းဟေကျိုက လက်ထပ်လက်စွပ်ကို လုံးဝ ချွတ်ထားတာပါပဲ။ ကိုရီးယားနဲ့ တရုတ် သတင်းဌာနတွေက သတင်းတွေကလည်း ဒီအချက်ကို အလေးပေးပြီး သတင်းလုပ်ထားတာဆိုတော့ ဒီလိုမျိုး တရားဝင် မကြေညာခင်တည်းက နှစ်ဦးသား မပြေလည်မှုတွေ များခဲ့တယ် ထင်ပါတယ် ယောင်းရေ 🙁

ဒီနေ့မှာပဲ ဆောင်းဟေကျိုရဲ့ အေဂျင်စီကလည်း ကွာရှင်းမယ့် ကိစ္စနဲ့ ပတ်သက်ပြီး တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ကွာရှင်းရတဲ့အကြောင်းရင်းကတော့ သူတို့တွေရဲ့ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေး (အကျင့်စရိုက်)တွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

“စိတ်မကောင်းစရာ သတင်းနဲ့ နှုတ်ဆက်ရတာ သိပ်တော့မကောင်းပါဘူး။ သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီးတဲ့နောက်မှာတော့ မင်းသမီး ဆောင်းဟေကျိုဟာ သူ့ရဲ့ ခင်ပွန်းနဲ့ ကွာရှင်းဖို့ ပြင်ဆင်နေခဲ့ပါပြီ။ ကွာရှင်းရတဲ့ အကြောင်းရင်းကတော့ သူတို့ရဲ့ မတူညီတဲ့ အကျင့်စရိုက်တွေကြောင့်ပါ။ နှစ်ဦးသားက ညှိနှိုင်းဖို့ ကြိုးစားခဲ့ကြပေမဲ့ မတူညီမှုတွေကိုတော့ မကျော်လွှားနိုင်ခဲ့တာမို့ ဒီ ဆုံးဖြတ်ချက်ချဖို့ထိ ဖြစ်လာကြတာပါ။ ဒီထက်ပိုတဲ့ အကြောင်းတွေကို ပြောပြလို့ မရတာကိုတော့ နားလည်ပေးဖို့ မျှော်လင့်ပါတယ်။” လို့ ဆောင်းဟေကျိုရဲ့ အေဂျင်စီက သတင်းထုတ်ပြန်သွားပါတယ်။

ကိုယ်တွေရဲ့ မမလည်း မောင်လေးနဲ့ ပျော်ရွှင်နေပြီ ထင်ထားတာ။ ဒီလိုကြီးဆိုတော့ စိတ်မကောင်းဘူး… ယောင်းတို့ရော ဘယ်လို ထင်ကြလဲ?

With love

Ei Mon (For Her Myanmar)

Reference: Soompi, Koreaboo

No Comments Yet

Comments are closed