Relationships Women News

ကိုယ့္ရဲ႕ ဝင္ေငြအခြင့္အလမ္းကို ပိတ္ဆို႔တာလည္း ညွဥ္းပန္းႏွိပ္စက္မႈတစ္ခုပါပဲ။

ဘာအေၾကာင္းေၾကာင့္နဲ႔မွ လက္သင့္မခံလိုက္ပါနဲ႔.. 

ဒီတစ္ေခါက္မွာေတာ့ relationship တစ္ခုမွာ ျဖစ္တတ္ၿပီး သတိထားသင့္တဲ့ Financial abuse အေၾကာင္း ေျပာျပခ်င္ပါတယ္ ေယာင္းတို႔ေရ… financial abuse ဆိုတာကေတာ့ ေငြေၾကးပိုင္ဆိုင္မႈကို ထိန္းခ်ဳပ္ၿပီး အိမ္ေထာင္ဖက္/ခ်စ္သူရည္းစားကို လႊမ္းမိုးခ်ဳပ္ကိုင္တာကို ဆိုလိုပါတယ္။

အသိသာဆံုးဥပမာကို ေျပာရရင္…..သမီးရည္းစား ဘဝကေန အိမ္ေထာင္သည္ ဘဝေရာက္သြားတဲ့အခါ ဇနီးျဖစ္သူကို အလုပ္က ထြက္ခိုင္းၿပီး ေယာက်္ားျဖစ္သူရဲ႕ “မွီခို”ျဖစ္ေအာင္ လုပ္လိုက္တာမ်ိဳးေပါ့။ ဒါဟာ financial abuse နည္းလမ္းေတြထဲက တစ္မ်ိဳးပါပဲ။ ဒီလိုမ်ိဳး လုပ္ျခင္းအားျဖင့္ တစ္ဖက္ partner ရဲ႕ ေငြ ရွာႏိုင္စြမ္း နဲ႔ ေငြအသံုးျပဳႏိုင္စြမ္း ဆံုးရွံုးသြားၿပီး ေပးတာေလးနဲ႔ ေလာက္ေအာင္ သံုးရတဲ့ဘဝေရာက္သြားပါတယ္။

Financial abuseဟာ ပံုစံအမ်ိဳးမ်ိဳးနဲ႔ ရွိႏိုင္ၿပီး တခ်ိဳ႕သူေတြဟာ ေပၚတင္ၿခိမ္းေျခာက္တာမို႔ ျမင္သာေပမဲ့ တခ်ိဳ႕ေတြကေတာ့ ညင္သာတဲ့ နည္းေတြကို သံုးလို႔ သိပ္မသိသာပါဘူး။ ဘယ္လိုဟာေတြကို financial abuse လို႔ ေခၚလဲဆိုေတာ့…..

(၁) ေငြေၾကးနဲ႔ ပိုင္ဆိုင္မႈေတြကို ေခါင္းပံုုျဖတ္ျခင္း

ဘယ္လိုဟာမ်ိဳးလဲဆိုေတာ့ မိမိရဲ႕ ကိုယ္ပိုင္ ေငြေၾကးေတြကို သူက သိမ္းဆည္းထားၿပီး သူေပးသေလာက္ ကိုယ္က အကန္႔အသတ္နဲ႔ပဲ သံုးရတာမ်ိဳး၊ ကိုယ့္ကို အသိမေပးဘဲ ကိုယ္စုေဆာင္း/ရလာတဲ့ ေငြေၾကးပိုင္ဆိုင္မႈေတြကို သံုးခ်င္သလို သံုးပစ္တာ (ဥပမာ…ဇနီးသည္ရဲ႕ လက္ဝတ္ရတနာေတြကို မသိမေပးဘဲ သြားေရာင္းစားလိုက္တာမ်ိဳး)၊ ေနာက္ၿပီး ကိုယ့္ရဲ႕ ေငြစုစာအုပ္၊ credit card ေတြကို အတင္းအက်ပ္ သိမ္းဆည္းတာ၊ ခြင့္ျပဳခ်က္ မေတာင္းဘဲ အလြဲသံုးစား လုပ္ပစ္တာမ်ိဳးကို ဆိုလိုပါတယ္။

Related Article >>> ဆလိုဗက္ကီးယားႏိုင္ငံရဲ႕ ပထမဆံုး အမ်ိဳးသမီး သမၼတျဖစ္လာတဲ့ သူ(မ)

(၂) အလုပ္အကိုင္နဲ႔ ပတ္သက္ၿပီး ေႏွာင့္ယွက္ျခင္း

ဇနီးျဖစ္သူရဲ႕ ဝင္ေငြ လာရာ လမ္းေၾကာင္းျဖစ္တဲ့ အလုပ္အကိုင္ကို ေဝဖန္ျပစ္တင္တာ၊ အလုပ္လုပ္ျခင္းကို အားမေပးတာ၊ အလုပ္ထြက္ဖို႔ ဖိအားေပးတာ၊ ဘယ္အလုပ္ေတာ့ လုပ္ႏိုင္တာ ဘာကျဖင့္ မလုပ္ရဘူး ဆ္ိုၿပီး ခ်ဳပ္ခ်ယ္ကန္႔သတ္တာ၊ အလုပ္မလုပ္ႏိုင္ေအာင္ ပံုစံမ်ိဳးစံုနဲ႔ လိုက္လံ ဒုကၡေပးေႏွာင့္ယွက္တာမ်ိဳးေတြ ပါဝင္ပါတယ္။

(၃) ႏွစ္ဦး ပိုင္ဆိုင္တဲ့ ေငြေရးေၾကးေရးကို တစ္ဦးတည္းက ထိန္းခ်ဳပ္ထားျခင္း

ေငြေၾကးသံုးစြဲဖို႔ ကိစၥေတြနဲ႔ ပတ္သက္လာရင္ ဆံုးျဖတ္ခ်က္တိုင္းကို ေယာက်ာ္းကပဲ လုပ္ၿပီး မိန္းမရဲ႕ အၾကံဉာဏ္ကို မယူတာ/ မိန္းမက ဘာမွဝင္ေျပာခြင့္မရွိတာ၊ ဇနီးရဲ႕ ဝင္ေငြကိုေတာ့ မၽွယူၿပီး ကိုယ္ရလာတဲ့ ဝင္ေငြလစာကိုေတာ့ မမွ်ေဝဘဲ ကိုယ္ပဲအသံုးျပဳတာ၊ မိန္းမျဖစ္သူ သံုးစြဲသမွ် ေငြေၾကးကို စာရင္းအတိအက် ေရတြက္ၿပီး ျပန္တင္ျပခိုင္းတာ၊ ႏွစ္ေယာက္ဖြင့္ထားတဲ့ ဘဏ္အေကာင့္ကို password ေျပာင္းၿပီး ေယာက်ာ္းကပဲ ထိန္းသိမ္းထားတာမ်ိဳးစတဲ့ အခ်က္ေတြ အၾကံဳးဝင္ပါတယ္။

ဒီထဲမွာေလ.. ေယာက္်ား ရသမွ်ကို အကုန္လံုး လက္ထဲအပ္ခိုင္းၿပီး ကိုယ္သံုးေစခ်င္သေလာက္ပဲ (အသြားအျပန္ ကားခေလာက္ရံု) ထုတ္ေပးတဲ့ ဇနီးေတြလည္း အၾကံဳးဝင္ပါတယ္ေနာ္.. ဘယ္လို နည္းလမ္းပဲ သံုးသံုး၊ အႏုနည္း ျဖစ္ျဖစ္ အၾကမ္းနည္းျဖစ္ျဖစ္ ေနာက္ဆံုးမွာေတာ့ abuser (ျပဳလုပ္သူ)ဟာ အိမ္ေထာင္ေရးနဲ႔ ပတ္သက္တဲ့ ဆံုးျဖတ္ခ်က္တိုင္းမွာ အသာစီးရလာမွာျဖစ္ၿပီး victim(သားေကာင္) ျဖစ္တဲ့ ကိုယ့္မွာေတာ့ ပစၥည္းေသးေသးေလး ဝယ္ခ်င္တာေတာင္ ေယာက်ာ္းကို ျပန္ၿပီး လက္ျဖန္႔ေတာင္းရတဲ့ ဘဝ၊ ဘာမဆို သူ႔ကိုပဲ မွီခိုရတဲ့ ဘဝကို ေရာက္သြားႏိုင္ပါတယ္။

Related Article >>> မိန္းမဆိုတာ ပါရမီျဖည့္ဖက္ သက္သက္ပဲလား?

ဒါေၾကာင့္လည္း အိမ္တြင္းအၾကမ္းဖက္ခံရအခါ ကိုယ္ပိုင္ ဝင္ေငြ မရွာႏိုင္တဲ့ မိန္းမေတာ္ေတာ္မ်ားမ်ားဟာ ႏွိပ္စက္တဲ့ေယာကၽ္ားကို စြန္႔မခြာႏိုင္ၾကပါဘူး။ ဘာလို႔လဲဆို သူ႔ရဲ႕ ဘဝကို တစ္ေယာက္တည္း ရပ္တည္ဖို႔/ သားသမီးေတြကို ေကၽြးေမြးဖို႔ သူမမွာ ေငြေၾကး ဆိုတဲ့ အရင္းအႏီွး မရွိေတာ့လို႔ပါပဲ။ ဒီေယာက်ာ္းကိုပဲ ေငြေရးေၾကးေရးအရ ဆက္ၿပီး မီွခိုအားထားေနရပါတယ္။

ေနာက္ၿပီး ေငြေၾကးကို ကိုယ္ရွာႏိုင္သေလာက္ အျပည့္အဝ သံုးစြဲခြင့္မရွွိေတာ့တာေၾကာင့္ လူမႈဘဝမွာ သြားလာဆက္ဆံစရာ အေပါင္းအသင္းမရွိေတာ့ဘဲ တျဖည္းျဖည္း အထီးက်န္လာၿပီး ေနာက္ဆံုးမွာ အဆိပ္ေတာက္ျဖစ္ေနတဲ့ အိမ္ေထာင္ေရးမွာ ဆက္လက္ေနထိုင္ဖို႔ကလြဲၿပီး ေရြးခ်ယ္စရာ နည္းလမ္းမရွိေတာ့ပါဘူး။

financial abuse ဟာ မျပင္းထန္ဘူးလို႔ ထင္ရေပမဲ့ ဒါဟာ Physical abuse, emotional abuse, domestic abuse တို႔ရဲ႕ အစပဲ ျဖစ္တာမို႔ ေယာင္းတို႔ရဲ႕ လံုျခံဳေရးအတြက္ financial abuse အေၾကာင္း မျဖစ္မေန သိထားဖုိ႔ကို လိုအပ္ပါတယ္။

Relationship တိုင္းက ျပည့္စံုေနတာမ်ိဳးမဟုတ္ေတာ့ အၿမဲတက်က္က်က္ စကားမ်ားၿပီး သေဘာထားမတိုက္ဆိုင္မႈေတြလည္း မၾကာခဏရွိႏိုင္ပါတယ္။ ဒါေတြဟာ အေသးအမႊားေလးေတြမို႔ ႏွစ္ေယာက္ၾကားမွာ ညိႇယူလို႔ ရႏိုင္သလို သည္းခံလို႔လည္း ရပါေသးတယ္။

ဒါေပမဲ့ relationship တစ္ခုမွာ ကိုယ္ခ်စ္ရတဲ့သူက Abuser လို႔ ေခၚတဲ့ ညႇဥ္းပန္းႏွိပ္စက္တတ္သူ၊ အလြဲသံုးစားလုပ္တတ္သူ တစ္ဦး အျဖစ္ ေျပာင္းလဲလာရင္ေတာ့ ကိုယ့္ရဲ႕ အဖက္ဖက္က လံုျခံဳမႈအတြက္ အခ်ိန္မေႏွာင္းခင္မွာတင္ စြန္႔ခြာဖို႔ ႀကိဳးစားသင့္ပါတယ္ ေယာင္းတို႔ေရ…

By

Mia (For Her Myanmar)

Reference links: verywellmind.com nnedv.org

<<< Unicode >>>

ဘာအကြောင်းကြောင့်နဲ့မှ လက်သင့်မခံလိုက်ပါနဲ့.. 

ဒီတစ်ခေါက်မှာတော့ relationship တစ်ခုမှာ ဖြစ်တတ်ပြီး သတိထားသင့်တဲ့ Financial abuse အကြောင်း ပြောပြချင်ပါတယ် ယောင်းတို့ရေ… financial abuse ဆိုတာကတော့ ငွေကြေးပိုင်ဆိုင်မှုကို ထိန်းချုပ်ပြီး အိမ်ထောင်ဖက်/ချစ်သူရည်းစားကို လွှမ်းမိုးချုပ်ကိုင်တာကို ဆိုလိုပါတယ်။

အသိသာဆုံးဥပမာကို ပြောရရင်…..သမီးရည်းစား ဘဝကနေ အိမ်ထောင်သည် ဘဝရောက်သွားတဲ့အခါ ဇနီးဖြစ်သူကို အလုပ်က ထွက်ခိုင်းပြီး ယောကျ်ားဖြစ်သူရဲ့ “မှီခို”ဖြစ်အောင် လုပ်လိုက်တာမျိုးပေါ့။ ဒါဟာ financial abuse နည်းလမ်းတွေထဲက တစ်မျိုးပါပဲ။ ဒီလိုမျိုး လုပ်ခြင်းအားဖြင့် တစ်ဖက် partner ရဲ့ ငွေ ရှာနိုင်စွမ်း နဲ့ ငွေအသုံးပြုနိုင်စွမ်း ဆုံးရှုံးသွားပြီး ပေးတာလေးနဲ့ လောက်အောင် သုံးရတဲ့ဘဝရောက်သွားပါတယ်။

Financial abuseဟာ ပုံစံအမျိုးမျိုးနဲ့ ရှိနိုင်ပြီး တချို့သူတွေဟာ ပေါ်တင်ခြိမ်းခြောက်တာမို့ မြင်သာပေမဲ့ တချို့တွေကတော့ ညင်သာတဲ့ နည်းတွေကို သုံးလို့ သိပ်မသိသာပါဘူး။ ဘယ်လိုဟာတွေကို financial abuse လို့ ခေါ်လဲဆိုတော့…..

(၁) ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကို ခေါင်းပုံဖြတ်ခြင်း

ဘယ်လိုဟာမျိုးလဲဆိုတော့ မိမိရဲ့ ကိုယ်ပိုင် ငွေကြေးတွေကို သူက သိမ်းဆည်းထားပြီး သူပေးသလောက် ကိုယ်က အကန့်အသတ်နဲ့ပဲ သုံးရတာမျိုး၊ ကိုယ့်ကို အသိမပေးဘဲ ကိုယ်စုဆောင်း/ရလာတဲ့ ငွေကြေးပိုင်ဆိုင်မှုတွေကို သုံးချင်သလို သုံးပစ်တာ (ဥပမာ…ဇနီးသည်ရဲ့ လက်ဝတ်ရတနာတွေကို မသိမပေးဘဲ သွားရောင်းစားလိုက်တာမျိုး)၊ နောက်ပြီး ကိုယ့်ရဲ့ ငွေစုစာအုပ်၊ credit card တွေကို အတင်းအကျပ် သိမ်းဆည်းတာ၊ ခွင့်ပြုချက် မတောင်းဘဲ အလွဲသုံးစား လုပ်ပစ်တာမျိုးကို ဆိုလိုပါတယ်။

Related Article >>> ဆလိုဗက်ကီးယားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်လာတဲ့ သူ(မ)

(၂) အလုပ်အကိုင်နဲ့ ပတ်သက်ပြီး နှောင့်ယှက်ခြင်း

ဇနီးဖြစ်သူရဲ့ ဝင်ငွေ လာရာ လမ်းကြောင်းဖြစ်တဲ့ အလုပ်အကိုင်ကို ဝေဖန်ပြစ်တင်တာ၊ အလုပ်လုပ်ခြင်းကို အားမပေးတာ၊ အလုပ်ထွက်ဖို့ ဖိအားပေးတာ၊ ဘယ်အလုပ်တော့ လုပ်နိုင်တာ ဘာကဖြင့် မလုပ်ရဘူး ဆိုပြီး ချုပ်ချယ်ကန့်သတ်တာ၊ အလုပ်မလုပ်နိုင်အောင် ပုံစံမျိုးစုံနဲ့ လိုက်လံ ဒုက္ခပေးနှောင့်ယှက်တာမျိုးတွေ ပါဝင်ပါတယ်။

(၃) နှစ်ဦး ပိုင်ဆိုင်တဲ့ ငွေရေးကြေးရေးကို တစ်ဦးတည်းက ထိန်းချုပ်ထားခြင်း

ငွေကြေးသုံးစွဲဖို့ ကိစ္စတွေနဲ့ ပတ်သက်လာရင် ဆုံးဖြတ်ချက်တိုင်းကို ယောကျာ်းကပဲ လုပ်ပြီး မိန်းမရဲ့ အကြံဉာဏ်ကို မယူတာ/ မိန်းမက ဘာမှဝင်ပြောခွင့်မရှိတာ၊ ဇနီးရဲ့ ဝင်ငွေကိုတော့ မျှယူပြီး ကိုယ်ရလာတဲ့ ဝင်ငွေလစာကိုတော့ မမျှဝေဘဲ ကိုယ်ပဲအသုံးပြုတာ၊ မိန်းမဖြစ်သူ သုံးစွဲသမျှ ငွေကြေးကို စာရင်းအတိအကျ ရေတွက်ပြီး ပြန်တင်ပြခိုင်းတာ၊ နှစ်ယောက်ဖွင့်ထားတဲ့ ဘဏ်အကောင့်ကို password ပြောင်းပြီး ယောကျာ်းကပဲ ထိန်းသိမ်းထားတာမျိုးစတဲ့ အချက်တွေ အကြုံးဝင်ပါတယ်။

ဒီထဲမှာလေ.. ယောက်ျား ရသမျှကို အကုန်လုံး လက်ထဲအပ်ခိုင်းပြီး ကိုယ်သုံးစေချင်သလောက်ပဲ (အသွားအပြန် ကားခလောက်ရုံ) ထုတ်ပေးတဲ့ ဇနီးတွေလည်း အကြုံးဝင်ပါတယ်နော်.. ဘယ်လို နည်းလမ်းပဲ သုံးသုံး၊ အနုနည်း ဖြစ်ဖြစ် အကြမ်းနည်းဖြစ်ဖြစ် နောက်ဆုံးမှာတော့ abuser (ပြုလုပ်သူ)ဟာ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တိုင်းမှာ အသာစီးရလာမှာဖြစ်ပြီး victim(သားကောင်) ဖြစ်တဲ့ ကိုယ့်မှာတော့ ပစ္စည်းသေးသေးလေး ဝယ်ချင်တာတောင် ယောကျာ်းကို ပြန်ပြီး လက်ဖြန့်တောင်းရတဲ့ ဘဝ၊ ဘာမဆို သူ့ကိုပဲ မှီခိုရတဲ့ ဘဝကို ရောက်သွားနိုင်ပါတယ်။

Related Article >>> မိန်းမဆိုတာ ပါရမီဖြည့်ဖက် သက်သက်ပဲလား?

ဒါကြောင့်လည်း အိမ်တွင်းအကြမ်းဖက်ခံရအခါ ကိုယ်ပိုင် ဝင်ငွေ မရှာနိုင်တဲ့ မိန်းမတော်တော်များများဟာ နှိပ်စက်တဲ့ယောကျ်ားကို စွန့်မခွာနိုင်ကြပါဘူး။ ဘာလို့လဲဆို သူ့ရဲ့ ဘဝကို တစ်ယောက်တည်း ရပ်တည်ဖို့/ သားသမီးတွေကို ကျွေးမွေးဖို့ သူမမှာ ငွေကြေး ဆိုတဲ့ အရင်းအနှီး မရှိတော့လို့ပါပဲ။ ဒီယောကျာ်းကိုပဲ ငွေရေးကြေးရေးအရ ဆက်ပြီး မှီခိုအားထားနေရပါတယ်။

နောက်ပြီး ငွေကြေးကို ကိုယ်ရှာနိုင်သလောက် အပြည့်အဝ သုံးစွဲခွင့်မရှိတော့တာကြောင့် လူမှုဘဝမှာ သွားလာဆက်ဆံစရာ အပေါင်းအသင်းမရှိတော့ဘဲ တဖြည်းဖြည်း အထီးကျန်လာပြီး နောက်ဆုံးမှာ အဆိပ်တောက်ဖြစ်နေတဲ့ အိမ်ထောင်ရေးမှာ ဆက်လက်နေထိုင်ဖို့ကလွဲပြီး ရွေးချယ်စရာ နည်းလမ်းမရှိတော့ပါဘူး။

financial abuse ဟာ မပြင်းထန်ဘူးလို့ ထင်ရပေမဲ့ ဒါဟာ Physical abuse, emotional abuse, domestic abuse တို့ရဲ့ အစပဲ ဖြစ်တာမို့ ယောင်းတို့ရဲ့ လုံခြုံရေးအတွက် financial abuse အကြောင်း မဖြစ်မနေ သိထားဖို့ကို လိုအပ်ပါတယ်။

Relationship တိုင်းက ပြည့်စုံနေတာမျိုးမဟုတ်တော့ အမြဲတကျက်ကျက် စကားများပြီး သဘောထားမတိုက်ဆိုင်မှုတွေလည်း မကြာခဏရှိနိုင်ပါတယ်။ ဒါတွေဟာ အသေးအမွှားလေးတွေမို့ နှစ်ယောက်ကြားမှာ ညှိယူလို့ ရနိုင်သလို သည်းခံလို့လည်း ရပါသေးတယ်။

ဒါပေမဲ့ relationship တစ်ခုမှာ ကိုယ်ချစ်ရတဲ့သူက Abuser လို့ ခေါ်တဲ့ ညှဉ်းပန်းနှိပ်စက်တတ်သူ၊ အလွဲသုံးစားလုပ်တတ်သူ တစ်ဦး အဖြစ် ပြောင်းလဲလာရင်တော့ ကိုယ့်ရဲ့ အဖက်ဖက်က လုံခြုံမှုအတွက် အချိန်မနှောင်းခင်မှာတင် စွန့်ခွာဖို့ ကြိုးစားသင့်ပါတယ် ယောင်းတို့ရေ…

By

Mia (For Her Myanmar)

Reference links: verywellmind.com nnedv.org

Aye Mon Kyaw
Aye Mon Kyaw
ကၽြန္မကေတာ့ Miaပါ။ အမ်ိဳးသမီးေတြအတြက္ စိတ္ပိုင္းဆိုင္ရာနဲ႔ ရုပ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေရး စာေတြ၊ က်န္းမာေရးေတြ ေရးေပးမယ့္သူပါ။ foodieျဖစ္တာမို႔ ဟင္းခ်က္နည္းေတြလည္း ေရးေပးမွာေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *