Women News

မိန္းမေကာင္း မိန္းမျမတ္ဆိုတာ??

ဘယ္အခ်က္ေတြေပၚ မူတည္ဆံုးျဖတ္ၾကမွာလဲ?

“မိန္းမေကာင္းမိန္းမျမတ္ဆုိတာ …” လို႔ အစခ်ီတဲ့ စာသားေတြကို လူမႈကြန္ရက္ေတြမွာ မၾကာခဏမွ်ေဝၾကတာကို ျမင္ဖူးၾကမွာပါ။ ေ႐ွးအစဥ္အလာ စာေပေတြမွာလည္း မိန္းမေကာင္းမိန္းမျမတ္ေတြမွာ ႐ွိသင့္ ရွိထိုက္တဲ့ အဂၤါရပ္ေတြအေၾကာင္း ေရးသားထားတာကိုလည္း ျမင္ဖူး ၾကားဖူးၾကမွာပါ။

သူတို႔ အဆုိအရ ဘာသာေရး ကိုင္း႐ိႈင္းရင္၊ မိဘကို ႐ိုေသေလးစားရင္၊ လင္ေယာက်္ားကို ႐ိုေသေလးစားရင္ မိန္းမေကာင္း မိန္းမျမတ္ တဲ့ …

အိမ္မႈကိစၥကၽြမ္းက်င္ႏုို္င္နင္းရင္၊ အေနအထိုင္ ပိရိေသဝပ္ရင္၊ မိန္းမေကာင္း မိန္းမျမတ္ တဲ့ ….

အဝတ္အစားလံုလံုၿခံဳၿခံဳဝတ္ရင္၊ ျမန္မာဆန္ဆန္ဝတ္စားဆင္ယင္ရင္ မိန္းမေကာင္း မိန္းမျမတ္ ပါတဲ့။

ဒါေၾကာင့္ ….

အျပင္ထြက္လြန္းတဲ့ မိန္းကေလးမ်ိဳး၊ အိမ္မႈကိစၥ စိတ္မဝင္စားတဲ့ မိန္းကေလးမ်ိဳး၊ အဝတ္အစား မလံုမျခံဳဝတ္တဲ့ မိန္းကေလးမ်ိဳး၊ အေနအထိုင္ လြတ္လပ္လြန္းတဲ့ မိန္းကေလးမ်ိဳးက မိန္းမေကာင္းစာရင္းမဝင္ဘဲ မိန္းမေပါ့ မိန္းမပ်က္စာရင္း ဝင္တယ္လို႔ သူတို႔က ယူဆၾကပါတယ္။

Related Article >>> မိန္းမဆိုတာေၾကာက္တတ္တယ္ဆိုတာ မွန္ရဲ႕လား

ဒီလို သမား႐ိုးက်အျမင္ေတြကို ေဘးအသာခ်ၿပီး အက္ဒ္မင္တို႔ ႐ိုး႐ိုးေလး စဥ္းစားၾကည့္ရေအာင္ပါ။

မိန္းမေကာင္း မိန္းမျမတ္ဆိုတာ ဘာလဲ?

ဘယ္လို မိန္းမမ်ိဳးကို ျမင့္ျမတ္တယ္လုိ႔ ေခၚႏိုင္တာလဲ?

ဘယ္လုိ လူသားမ်ိဳးကိုေရာ ျမင့့္ျမတ္တယ္ ေခၚဆိုၾကတာလဲ?

လူတစ္ေယာက္ရဲ႕ ျမင့္ျမတ္မႈကို သူရဲ႕ ေနထိုင္မႈပံုစံေတြနဲ႔ တုိင္းတာတာ မွန္ကန္ပါရဲ႕လား?

ဣေႁႏၵနဲ႔ သိုသိုသိပ္သိပ္ ေနထုိင္ျခင္း၊ အေနအထိုင္ လြတ္လပ္ျခင္းဆုိတာ လူတစ္ဦးတစ္ေယာက္ခ်င္းစီရဲ႕ မတူညီတဲ့ေနထိုင္မႈပံုစံေတြပဲ မဟုတ္လား ေယာင္းတို႔ေရ…

ဒါေတြကို ၾကည့္ၿပီး သူကေတာ့ ေကာင္းမြန္တဲ့သူ၊ သူကေတာ့ ဆိုးယုတ္တဲ့သူလို႔ တိုင္းတာလုိ႔ ရမယ္လို႔ အက္ဒ္မင္ကေတာ့ မထင္ပါဘူး။

Related Article >>> မိန္းမဆိုတာ ပါရမီျဖည့္ဖက္ သက္သက္ပဲလား?

ယေန႔အခ်ိန္ထိ ကမာၻ႕သမုိင္းမွာေရာ ျမန္မာ့သမုိင္းမွာပါ နာမည္ေက်ာ္ၾကား ထင္က်န္ရစ္သူေတြဟာ ေယာက်္ားပဲျဖစ္ပါေစ၊ မိန္းမပဲျဖစ္ပါေစ သူတို႔ ရဲ႕ လုပ္ရပ္ေတြေၾကာင့္ပဲ နာမည္ေက်ာ္လာတာပါ။

မာသာထရီဇာ၊ ဖေလာရင့္ ႏုိက္တင္ေဂး၊ မာဂရက္သက္ခ်ာ စသျဖင့္ ယေန႔အထိ လူေတြမေမ့ႏိုင္တဲ့ အမ်ိဳးသမီးႀကီးေတြ ေအာင္ျမင္ထင္႐ွားလာတာက သူတုိ႔ရဲ႕ အေနအထိုင္ ပံုပန္းသ႑ာန္ေၾကာင့္မဟုတ္ပါဘူး။ သူတို႔ရဲ႕ စိတ္ေနစိတ္ထား၊ စြန္႔လႊတ္အနစ္နာခံမႈ၊ ဇြဲသတၱိနဲ႔ ႀကိဳးစားမႈ စတဲ့ အရည္အခ်င္းေတြေၾကာင့္ပဲျဖစ္ပါတယ္။

ကမာၻ႕လူသားေတြရဲ႕ အက်ိဳး၊ ကိုယ့္တုိင္းျပည္နဲ႔ လူမ်ိဳးအက်ိဳး၊ ကိုယ့္ရပ္႐ြာေဒသအက်ိဳး၊ အနည္းဆံုး ကိုယ့္မိသားစု အက်ိဳး သယ္ပိုးႏိုင္မွသာလွ်င္ ျမင့္ျမတ္တဲ့ ေယာက်္ား (သို႔) မိန္းမ ျဖစ္ခြင့္ရမွာပါ။ ဒါမွမဟုတ္ လူသား တစ္ေယာက္ကစလုိ႔ လူသားအမ်ားႀကီးကို ဆိုးက်ိဳးေပးတဲ့သူမ်ိဳးဆိုရင္ေတာ့ ဆိုးယုတ္သူရယ္လုိ႔ သတ္မွတ္ရမွာပါ။

မိန္းမတစ္ေယာက္ဟာ အေနအထိုင္ ပိရိၿပီး အိမ္မႈကိစၥႏိုင္နင္းတဲ့ သူတစ္ေယာက္ ျဖစ္လို႔ရသလို အေပါင္းအသင္းေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါး သြားလာလည္ပတ္၊ လြတ္လပ္စြာ ေနထိုင္ဝတ္စားဆင္ယင္တတ္သူလည္း ျဖစ္လို႔ရပါတယ္။ ဒါဟာ သူ႔တို႔ရဲ႕ ေရြးခ်ယ္မႈသက္သက္ပါပဲ။

သူတုိ႔ဟာ ျမင့္ျမတ္သူလား၊ ဆိုးယုတ္သူလား ဆုိတာကေတာ့ သူ႔ရဲ႕ အက်င့္စာဂ၊ သူ႔ရဲ႕ ႀကိဳးစားအားထုတ္မႈ၊ စြန္႔လႊတ္စြန္႔စားမႈေတြနဲ႔သာ တိုင္းတာႏုိင္လုိ႔ ရႏိုင္ပါလိမ့္မယ္လို႔ အက္ဒ္မင္က ခံယူထားပါတယ္။

ေယာင္းတို႔အျမင္ကိုလည္း ေျပာျပေပးသြားပါဦးေနာ္..

Sugar Cane (For Her Myanmar)

<<< Unicode >>>

ဘယ်အချက်တွေပေါ် မူတည်ဆုံးဖြတ်ကြမှာလဲ?

“မိန်းမကောင်းမိန်းမမြတ်ဆိုတာ …” လို့ အစချီတဲ့ စာသားတွေကို လူမှုကွန်ရက်တွေမှာ မကြာခဏမျှဝေကြတာကို မြင်ဖူးကြမှာပါ။ ရှေးအစဉ်အလာ စာပေတွေမှာလည်း မိန်းမကောင်းမိန်းမမြတ်တွေမှာ ရှိသင့် ရှိထိုက်တဲ့ အင်္ဂါရပ်တွေအကြောင်း ရေးသားထားတာကိုလည်း မြင်ဖူး ကြားဖူးကြမှာပါ။

သူတို့ အဆိုအရ ဘာသာရေး ကိုင်းရှိုင်းရင်၊ မိဘကို ရိုသေလေးစားရင်၊ လင်ယောကျ်ားကို ရိုသေလေးစားရင် မိန်းမကောင်း မိန်းမမြတ် တဲ့ …

အိမ်မှုကိစ္စကျွမ်းကျင်နိုင်နင်းရင်၊ အနေအထိုင် ပိရိသေဝပ်ရင်၊ မိန်းမကောင်း မိန်းမမြတ် တဲ့ ….

အဝတ်အစားလုံလုံခြုံခြုံဝတ်ရင်၊ မြန်မာဆန်ဆန်ဝတ်စားဆင်ယင်ရင် မိန်းမကောင်း မိန်းမမြတ် ပါတဲ့။

ဒါကြောင့် ….

အပြင်ထွက်လွန်းတဲ့ မိန်းကလေးမျိုး၊ အိမ်မှုကိစ္စ စိတ်မဝင်စားတဲ့ မိန်းကလေးမျိုး၊ အဝတ်အစား မလုံမခြုံဝတ်တဲ့ မိန်းကလေးမျိုး၊ အနေအထိုင် လွတ်လပ်လွန်းတဲ့ မိန်းကလေးမျိုးက မိန်းမကောင်းစာရင်းမဝင်ဘဲ မိန်းမပေါ့ မိန်းမပျက်စာရင်း ဝင်တယ်လို့ သူတို့က ယူဆကြပါတယ်။

Related Article >>> မိန်းမဆိုတာကြောက်တတ်တယ်ဆိုတာ မှန်ရဲ့လား

ဒီလို သမားရိုးကျအမြင်တွေကို ဘေးအသာချပြီး အက်ဒ်မင်တို့ ရိုးရိုးလေး စဉ်းစားကြည့်ရအောင်ပါ။

မိန်းမကောင်း မိန်းမမြတ်ဆိုတာ ဘာလဲ?

ဘယ်လို မိန်းမမျိုးကို မြင့်မြတ်တယ်လို့ ခေါ်နိုင်တာလဲ?

ဘယ်လို လူသားမျိုးကိုရော မြင့်မြတ်တယ် ခေါ်ဆိုကြတာလဲ?

လူတစ်ယောက်ရဲ့ မြင့်မြတ်မှုကို သူရဲ့ နေထိုင်မှုပုံစံတွေနဲ့ တိုင်းတာတာ မှန်ကန်ပါရဲ့လား?

ဣန္ဒြေနဲ့ သိုသိုသိပ်သိပ် နေထိုင်ခြင်း၊ အနေအထိုင် လွတ်လပ်ခြင်းဆိုတာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ မတူညီတဲ့နေထိုင်မှုပုံစံတွေပဲ မဟုတ်လား ယောင်းတို့ရေ…

ဒါတွေကို ကြည့်ပြီး သူကတော့ ကောင်းမွန်တဲ့သူ၊ သူကတော့ ဆိုးယုတ်တဲ့သူလို့ တိုင်းတာလို့ ရမယ်လို့ အက်ဒ်မင်ကတော့ မထင်ပါဘူး။

Related Article >>> မိန်းမဆိုတာ ပါရမီဖြည့်ဖက် သက်သက်ပဲလား?

ယနေ့အချိန်ထိ ကမ္ဘာ့သမိုင်းမှာရော မြန်မာ့သမိုင်းမှာပါ နာမည်ကျော်ကြား ထင်ကျန်ရစ်သူတွေဟာ ယောကျ်ားပဲဖြစ်ပါစေ၊ မိန်းမပဲဖြစ်ပါစေ သူတို့ ရဲ့ လုပ်ရပ်တွေကြောင့်ပဲ နာမည်ကျော်လာတာပါ။

မာသာထရီဇာ၊ ဖလောရင့် နိုက်တင်ဂေး၊ မာဂရက်သက်ချာ စသဖြင့် ယနေ့အထိ လူတွေမမေ့နိုင်တဲ့ အမျိုးသမီးကြီးတွေ အောင်မြင်ထင်ရှားလာတာက သူတို့ရဲ့ အနေအထိုင် ပုံပန်းသဏ္ဍာန်ကြောင့်မဟုတ်ပါဘူး။ သူတို့ရဲ့ စိတ်နေစိတ်ထား၊ စွန့်လွှတ်အနစ်နာခံမှု၊ ဇွဲသတ္တိနဲ့ ကြိုးစားမှု စတဲ့ အရည်အချင်းတွေကြောင့်ပဲဖြစ်ပါတယ်။

ကမ္ဘာ့လူသားတွေရဲ့ အကျိုး၊ ကိုယ့်တိုင်းပြည်နဲ့ လူမျိုးအကျိုး၊ ကိုယ့်ရပ်ရွာဒေသအကျိုး၊ အနည်းဆုံး ကိုယ့်မိသားစု အကျိုး သယ်ပိုးနိုင်မှသာလျှင် မြင့်မြတ်တဲ့ ယောကျ်ား (သို့) မိန်းမ ဖြစ်ခွင့်ရမှာပါ။ ဒါမှမဟုတ် လူသား တစ်ယောက်ကစလို့ လူသားအများကြီးကို ဆိုးကျိုးပေးတဲ့သူမျိုးဆိုရင်တော့ ဆိုးယုတ်သူရယ်လို့ သတ်မှတ်ရမှာပါ။

မိန်းမတစ်ယောက်ဟာ အနေအထိုင် ပိရိပြီး အိမ်မှုကိစ္စနိုင်နင်းတဲ့ သူတစ်ယောက် ဖြစ်လို့ရသလို အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး သွားလာလည်ပတ်၊ လွတ်လပ်စွာ နေထိုင်ဝတ်စားဆင်ယင်တတ်သူလည်း ဖြစ်လို့ရပါတယ်။ ဒါဟာ သူ့တို့ရဲ့ ရွေးချယ်မှုသက်သက်ပါပဲ။

သူတို့ဟာ မြင့်မြတ်သူလား၊ ဆိုးယုတ်သူလား ဆိုတာကတော့ သူ့ရဲ့ အကျင့်စာဂ၊ သူ့ရဲ့ ကြိုးစားအားထုတ်မှု၊ စွန့်လွှတ်စွန့်စားမှုတွေနဲ့သာ တိုင်းတာနိုင်လို့ ရနိုင်ပါလိမ့်မယ်လို့ အက်ဒ်မင်က ခံယူထားပါတယ်။

ယောင်းတို့အမြင်ကိုလည်း ပြောပြပေးသွားပါဦးနော်..

Sugar Cane (For Her Myanmar)

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *