သတၱိေလးသာ လိုတာပါ။

“ ကၽြန္မ ႐ွက္လို႔ ဘယ္သူ႔ကိုမွ မေျပာဘဲ ၿမိဳသိပ္ထားတာပါ။ ဟို လူႀကီးက ကၽြန္မကို မဖြယ္မရာ လုပ္တယ္၊ မၾကားဝံ့တဲ့ စကားေတြ ေျပာတယ္။ သူ႔ကို မုန္းတယ္ ဒါေပမဲ့ ဘာမွ ျပန္မလုပ္ရဲဘူး လူအသိလည္း မခံရဲဘူး”

အမ်ိဳးသမီးတို႔ရဲ႕ သီးသန္႔စကားဝိုင္းေလးေတြမွာ ဒီလို စကားေတြနဲ႔ အလားသ႑ာန္တူ ရင္ဖြင့္စကားေလးေတြ ၾကားဖူးၾကပါလိမ့္မယ္။ ဒါမွမဟုတ္ ဘယ္သူ႕ကိုမွ မေျပာရဲဘဲ ၿမိဳသိပ္ထားရတဲ့ အျဖစ္ေတြ မိန္းကေလးအမ်ားစုမွာ ျဖစ္ေနၾကပါတယ္။

Sexual Harassment နဲ႔ ၾကံဳေတြ႕ဖူးတဲ့ မိန္းကေလးေတြ ဘယ္ေလာက္မ်ားမ်ား႐ွိသလဲ?

သူတုိ႔ထဲက ဘယ္ႏွစ္ေယာက္ကမ်ား က်ဴးလြန္သူကို အေရးယူဖူးလဲ?

ဘယ္သူေတြကေရာ အခုလို ႐ွက္လုိ႔ ႏႈတ္ဆိတ္ေနၾကတာလဲ ဆိုတဲ့ အတိအက်ေကာက္ယူထားတဲ့ စစ္တမ္းေတြမ႐ွိေပမဲ့ အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားၾကံဳဖူးၾကပါလိမ့္မယ္။ ကိုယ္တုိင္မၾကံဳရင္ေတာင္ သူမ်ားျဖစ္တာကို ၾကားၾကရမယ္ထင္ပါတယ္။

ဒီလို လိင္ပိုင္းဆုိင္ရာ ေစာ္ကားခံရရင္ ဘာလုိ႔ မိန္းကေလးေတြ ႏႈတ္ဆိတ္ေနၾကတာလဲ?

က်ဴးလြန္သူကို ေၾကာက္လုိ႔လား?

ဒါမွမဟုတ္ ပတ္ဝန္းက်င္ကို ႐ွက္လို႔လား?

ဒါကိုေတာ့ အက္ဒ္မင္တစ္ေယာက္တည္းရဲ႕ အျမင္နဲ႔ ေျဖရရင္ ပတ္ဝန္းက်င္ကို ႐ွက္လုိ႔ျဖစ္ပါလိမ့္မယ္။

Related Article >>> အမ်ိဴးသားေတြ ဝင္ခြင့္မရွိဘဲ အမ်ိဳး သမီးေတြပဲႀကီးစိုးတဲ့ရြာ Umoja

က်ဴးလြန္သူေတြ ပစ္မွတ္ထားတာကလည္း ဆယ္ေက်ာ္သက္ နဲ႔ ႏွစ္ဆယ္ဝန္းက်င္အမ်ိဳးသမီးေတြျဖစ္ပါတယ္။ အမ်ားအားျဖင့္ ဒီအ႐ြယ္ေလးေတြက အေတြ႕အႀကံဳနည္းၿပီး ႐ွက္တတ္ေၾကာက္တတ္တာမုိ႔ က်ဴးလြန္ရလြယ္ကူသလို လူသိ႐ွင္ၾကားျဖစ္တာလည္း နည္းပါတယ္။

အမ်ိဳးသမီးေလးေတြ ႐ွက္လို႔ ၿငိမ္ခံေနေလေလ၊ က်ဴးလြန္သူေတြ ဒီလို ေနာက္ထပ္က်ဴးလြန္ဖို႔ အားေပးသလုိျဖစ္ေနေလေလပါ။ ဒီျပႆနာကို ေျဖ႐ွင္းဖုိ႔အတြက္ မိန္းကေလးေတြ မ႐ွက္ၾက၊ မေၾကာက္ၾကဘဲ ေျဖ႐ွင္းရဲ၊ က်ဴးလြန္သူကို ေနာက္မလုပ္ရဲေအာင္ ေဖာ္ထုတ္ရဲ ဖို႔ လိုအပ္ပါတယ္။

ဆိုေပမဲ့လို႔ တကယ္တန္းေတာ့ မိန္းကေလးေတြရဲ႕ ႐ွိရင္းစြဲ႐ွက္ေၾကာက္စိတ္ကို ေဖ်ာက္ဖို႔ မလြယ္ကူပါဘူး။ မိန္းကေလးေတြရဲ႕စိတ္ထဲမွာ နဂိုကတည္းက ႐ွက္တတ္၊ ေၾကာက္တတ္တဲ့ စိတ္အခံ႐ွိေနမယ္၊ လူႀကီးမိဘေတြကလည္း မိန္းကေလးဆိုတာ ဘယ္လုိေနရထိုင္ရမယ္၊ သူမ်ားစတယ္ဆိုတာ ကိုယ္အေနအထိုင္မတတ္လို႔ ဆိုတဲ့ ေ႐ွးေဟာင္းနည္းလမ္းေတြနဲ႔ ဆံုးမေနမယ္ ဆုိရင္ ဒီျဖစ္ရပ္ေတြနဲ႔ ႀကံဳလာသည့္တဲ့အခါ ကိုယ့္ဂုဏ္သိကၡာထိခုိက္မယ္လုိ႔ လြဲမွားစြာယူဆၿပီး လူသိမခံရဲဘဲ ၿငိမ္ေနၾကမွာပါ။

ဒီအတြက္ အက္ဒ္မင္တို႔ အမ်ိဳးသမီးေတြကိုယ္တိုင္က ကိုယ့္ပတ္ဝန္းက်င္ကို တစ္စ တစ္စ ေျပာင္းလဲဖို႔ လိုအပ္ပါတယ္။ သမီးေတြ၊ ညီမေတြ၊ တူမေလးေတြကို ငယ္စဥ္ နားမလည္ေသးတဲ့ အ႐ြယ္ကတည္းက ကိုယ့္ရဲ႕ ခႏၶာကိုယ္ကို ကိုင္တြယ္သူရွိလာရင္ မခံဖို႔၊ မ႐ွက္ေၾကာက္ဘဲ လူႀကီးေတြကို တုိင္ဖုိ႔ သင္ေပးပါ။

Related Article >>> Black Hole ရဲ႕ ပထမဆံုးဓာတ္ပံုကို ခ်ျပႏိုင္ခဲ့တဲ့အမ်ိဳးသမီး (သို႔) Katie Bouman

“မိန္းကေလးဆုိတာ” ဆိုတဲ့ ေခါင္းစဥ္ေအာက္ကို သြပ္သြင္းၿပီး ႐ွက္ဖုိ႔၊ ေၾကာက္ဖို႔၊ အိေျႏၵႀကီးဖို႔ သင္ေပးတာထက္ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္တတ္တဲ့၊ ကိုယ့္ကို ထိပါးေစာ္ကားလာရင္ တံု႕ျပန္တတ္တဲ့ မိန္းကေလးမ်ိဳးျဖစ္ေအာင္ ပ်ိဳးေထာင္ေပးပါ။

မိန္းကေလးတစ္ေယာက္ရဲ႕ တန္ဖိုးဟာ သူ႕ရဲ႕ ရင္သား နဲ႔ အမ်ိဳးသမီးအဂၤါမွာ မတည္ပါဘူး။ ဒါေတြကို ကိုယ့္ခြင့္ျပဳခ်က္မရဘဲ ဘယ္သူမွ ထိကိုင္ခြင့္မ႐ွိပါဘူး။ က်ဴးလြန္ခံရသည့္တိုင္ေအာင္ ဒီလို က်ဴးလြန္ခံရျခင္းဟာ ကိုယ့္ ဂုဏ္သိကၡာ နဲ႔ အ႐ွက္တရားကို မယုတ္ေလ်ာ့ေစပါဘူး။

ဒီလုိ က်ဴးလြန္တတ္တဲ့ အမ်ိဳးသားေတြ ေနာက္ထပ္က်ဴးလြန္ဖို႔ အခြင့္အေရး မရေအာင္ အမ်ိဳးသမီးေတြက ရဲရင့္စြာ ေျဖ႐ွင္းရဲဖို႔ သိပ္ကို လိုအပ္ပါတယ္ ေယာင္းတို႔ေရ… ဒီလို ေျဖရွင္းႏုိင္ဖို႔အတြက္ တို႔ေတြ အဓိက လိုအပ္တာက ေျဖရွင္းရဲတဲ့ သတၱိကို ေမြးဖို႔ပါပဲလို႔..

Sugar Cane (For Her Myanmar)

<<< Unicode >>>

“ ကျွန်မ ရှက်လို့ ဘယ်သူ့ကိုမှ မပြောဘဲ မြိုသိပ်ထားတာပါ။ ဟို လူကြီးက ကျွန်မကို မဖွယ်မရာ လုပ်တယ်၊ မကြားဝံ့တဲ့ စကားတွေ ပြောတယ်။ သူ့ကို မုန်းတယ် ဒါပေမဲ့ ဘာမှ ပြန်မလုပ်ရဲဘူး လူအသိလည်း မခံရဲဘူး”

အမျိုးသမီးတို့ရဲ့ သီးသန့်စကားဝိုင်းလေးတွေမှာ ဒီလို စကားတွေနဲ့ အလားသဏ္ဍာန်တူ ရင်ဖွင့်စကားလေးတွေ ကြားဖူးကြပါလိမ့်မယ်။ ဒါမှမဟုတ် ဘယ်သူ့ကိုမှ မပြောရဲဘဲ မြိုသိပ်ထားရတဲ့ အဖြစ်တွေ မိန်းကလေးအများစုမှာ ဖြစ်နေကြပါတယ်။

Sexual Harassment နဲ့ ကြုံတွေ့ဖူးတဲ့ မိန်းကလေးတွေ ဘယ်လောက်များများရှိသလဲ?

သူတို့ထဲက ဘယ်နှစ်ယောက်ကများ ကျူးလွန်သူကို အရေးယူဖူးလဲ?

ဘယ်သူတွေကရော အခုလို ရှက်လို့ နှုတ်ဆိတ်နေကြတာလဲ ဆိုတဲ့ အတိအကျကောက်ယူထားတဲ့ စစ်တမ်းတွေမရှိပေမဲ့ အမျိုးသမီးတော်တော်များများကြုံဖူးကြပါလိမ့်မယ်။ ကိုယ်တိုင်မကြုံရင်တောင် သူများဖြစ်တာကို ကြားကြရမယ်ထင်ပါတယ်။

ဒီလို လိင်ပိုင်းဆိုင်ရာ စော်ကားခံရရင် ဘာလို့ မိန်းကလေးတွေ နှုတ်ဆိတ်နေကြတာလဲ?

ကျူးလွန်သူကို ကြောက်လို့လား?

ဒါမှမဟုတ် ပတ်ဝန်းကျင်ကို ရှက်လို့လား?

ဒါကိုတော့ အက်ဒ်မင်တစ်ယောက်တည်းရဲ့ အမြင်နဲ့ ဖြေရရင် ပတ်ဝန်းကျင်ကို ရှက်လို့ဖြစ်ပါလိမ့်မယ်။

Related Article >>> အမျိူးသားတွေ ဝင်ခွင့်မရှိဘဲ အမျိုး သမီးတွေပဲကြီးစိုးတဲ့ရွာ Umoja

ကျူးလွန်သူတွေ ပစ်မှတ်ထားတာကလည်း ဆယ်ကျော်သက် နဲ့ နှစ်ဆယ်ဝန်းကျင်အမျိုးသမီးတွေဖြစ်ပါတယ်။ အများအားဖြင့် ဒီအရွယ်လေးတွေက အတွေ့အကြုံနည်းပြီး ရှက်တတ်ကြောက်တတ်တာမို့ ကျူးလွန်ရလွယ်ကူသလို လူသိရှင်ကြားဖြစ်တာလည်း နည်းပါတယ်။

အမျိုးသမီးလေးတွေ ရှက်လို့ ငြိမ်ခံနေလေလေ၊ ကျူးလွန်သူတွေ ဒီလို နောက်ထပ်ကျူးလွန်ဖို့ အားပေးသလိုဖြစ်နေလေလေပါ။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် မိန်းကလေးတွေ မရှက်ကြ၊ မကြောက်ကြဘဲ ဖြေရှင်းရဲ၊ ကျူးလွန်သူကို နောက်မလုပ်ရဲအောင် ဖော်ထုတ်ရဲ ဖို့ လိုအပ်ပါတယ်။

ဆိုပေမဲ့လို့ တကယ်တန်းတော့ မိန်းကလေးတွေရဲ့ ရှိရင်းစွဲရှက်ကြောက်စိတ်ကို ဖျောက်ဖို့ မလွယ်ကူပါဘူး။ မိန်းကလေးတွေရဲ့စိတ်ထဲမှာ နဂိုကတည်းက ရှက်တတ်၊ ကြောက်တတ်တဲ့ စိတ်အခံရှိနေမယ်၊ လူကြီးမိဘတွေကလည်း မိန်းကလေးဆိုတာ ဘယ်လိုနေရထိုင်ရမယ်၊ သူများစတယ်ဆိုတာ ကိုယ်အနေအထိုင်မတတ်လို့ ဆိုတဲ့ ရှေးဟောင်းနည်းလမ်းတွေနဲ့ ဆုံးမနေမယ် ဆိုရင် ဒီဖြစ်ရပ်တွေနဲ့ ကြုံလာသည့်တဲ့အခါ ကိုယ့်ဂုဏ်သိက္ခာထိခိုက်မယ်လို့ လွဲမှားစွာယူဆပြီး လူသိမခံရဲဘဲ ငြိမ်နေကြမှာပါ။

ဒီအတွက် အက်ဒ်မင်တို့ အမျိုးသမီးတွေကိုယ်တိုင်က ကိုယ့်ပတ်ဝန်းကျင်ကို တစ်စ တစ်စ ပြောင်းလဲဖို့ လိုအပ်ပါတယ်။ သမီးတွေ၊ ညီမတွေ၊ တူမလေးတွေကို ငယ်စဉ် နားမလည်သေးတဲ့ အရွယ်ကတည်းက ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ကိုင်တွယ်သူရှိလာရင် မခံဖို့၊ မရှက်ကြောက်ဘဲ လူကြီးတွေကို တိုင်ဖို့ သင်ပေးပါ။

Related Article >>> Black Hole ရဲ့ ပထမဆုံးဓာတ်ပုံကို ချပြနိုင်ခဲ့တဲ့အမျိုးသမီး (သို့) Katie Bouman

“မိန်းကလေးဆိုတာ” ဆိုတဲ့ ခေါင်းစဉ်အောက်ကို သွပ်သွင်းပြီး ရှက်ဖို့၊ ကြောက်ဖို့၊ အိန္ဒြေကြီးဖို့ သင်ပေးတာထက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်တဲ့၊ ကိုယ့်ကို ထိပါးစော်ကားလာရင် တုံ့ပြန်တတ်တဲ့ မိန်းကလေးမျိုးဖြစ်အောင် ပျိုးထောင်ပေးပါ။

မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးဟာ သူ့ရဲ့ ရင်သား နဲ့ အမျိုးသမီးအင်္ဂါမှာ မတည်ပါဘူး။ ဒါတွေကို ကိုယ့်ခွင့်ပြုချက်မရဘဲ ဘယ်သူမှ ထိကိုင်ခွင့်မရှိပါဘူး။ ကျူးလွန်ခံရသည့်တိုင်အောင် ဒီလို ကျူးလွန်ခံရခြင်းဟာ ကိုယ့် ဂုဏ်သိက္ခာ နဲ့ အရှက်တရားကို မယုတ်လျော့စေပါဘူး။

ဒီလို ကျူးလွန်တတ်တဲ့ အမျိုးသားတွေ နောက်ထပ်ကျူးလွန်ဖို့ အခွင့်အရေး မရအောင် အမျိုးသမီးတွေက ရဲရင့်စွာ ဖြေရှင်းရဲဖို့ သိပ်ကို လိုအပ်ပါတယ် ယောင်းတို့ရေ…ဒီလို ဖြေရှင်းနိုင်ဖို့အတွက် တို့တွေ အဓိက လိုအပ်တာက ဖြေရှင်းရဲတဲ့ သတ္တိကို မွေးဖို့ပါပဲလို့..

Sugar Cane (For Her Myanmar)

No Comments Yet

Comments are closed