ေဟာလိဝုဒ္ကို တုန္လႈပ္ေစခဲ့တဲ့ အမ်ိဳးသမီးသတင္းေထာက္ႏွစ္ဦး Jodi Kantor and Megan Twohey

ေဟာလိဝုဒ္တင္မက တစ္ကမာၻလံုး တုန္လႈပ္သြားေအာင္ လုပ္ႏုိင္ခဲ့ပါတယ္ေလ

<<<Zawgyi>>>

၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလ၊ ငါးရက္ေန႔မွာ နယူးေယာက္တိုင္းမ္ သတင္းစာကေန သတင္းတစ္ပုဒ္တင္ခဲ့ပါတယ္။ အဲဒီ သတင္းေၾကာင့္ ေဟာလီးဝုဒ္ရဲ႕ ဂုဏ္သိကၡာ႐ွိထုတ္လုပ္သူတစ္ဦး၊ ႏုိင္ငံေရးပါတီေတြကို ေငြလွဴဒါန္းႏိုင္တဲ့ မ်က္ႏွာႀကီးသူေဌးတစ္ဦးျဖစ္တဲ့ ဟာေဗးဝိုင္းစတိုင္း ဟာ သူ႔ကိုယ္ပိုင္ကုမၸဏီကေန အထုတ္ခံလုိက္ရသလို လက္႐ွိမွာ တရားရင္ဆုိင္ေနရကာ မၾကာခင္မွာ ေထာင္နန္းစံရမယ့္ အလားအလာေတြ႐ွိေနပါၿပီ။

ဒီသတင္းကို ေရးသားခဲ့သူႏွစ္ဦးကေတာ့ နယူးေယာက္တိုင္း သတင္းစာက အမ်ိဳးသမီး သတင္းေထာက္ႏွစ္ဦးျဖစ္တဲ့ မီဂန္ နဲ႔ ဂ်ိဳဒီ တို႔ပဲျဖစ္ပါတယ္။ တကယ္ေတာ့ သူတို႔ ဒီသတင္းကို ထုတ္ေဖာ္မေရးသားခင္ကတည္းက ဟာေဗးရဲ႕ မေကာင္းသတင္းဟာ ေဟာလိဝုဒ္မွာ လူတိုင္းသိတဲ့လွ်ိဳ႕ဝွက္ခ်က္တစ္ခုျဖစ္ခဲ့ပါတယ္။

Related Article >>> လူေျပာမ်ားေနၾကတဲ့ ကာမလိမ္လည္မႈအေၾကာင္း

သူဟာ မိန္းမေတြနဲ႔ ပတ္သက္လာရင္ ဇ ႐ွိတယ္လို႔ ေဟာလိဝုဒ္အသိုင္းအဝိုင္းကလူေတြသိၾကေပမဲ့ ဟာေဗးရဲ႕ အ႐ွိန္အဝါေၾကာင့္ ဒီကိစၥကို ဘယ္သူမွ တရားဝင္ထုတ္ေဖာ္မေျပာၾကားရဲၾကပါဘူး။ နယူးေယာက္တုိင္းမ္ သတင္းစာက အမ်ိဳးသမီးသတင္းေထာက္ မီဂန္နဲ႔ ဂ်ိဳဒီ တို႔ဟာ ဟာေဗးရဲ႕အေၾကာင္းကို ေဖာ္ထုတ္ဖို႔အတြက္ အမ်ိဳးသမီးမ်ားစြာနဲ႔ ေတြ႕ဆံုကာ စံုစမ္းေထာက္လွမ္းသတင္းယူမႈေတြ လုပ္ေဆာင္ခဲ့ပါတယ္။

မီဂန္ နဲ႔ ဂ်ိဳဒီ

သူတို႔အဆုိအရ အမ်ိဳးသမီးေတြဟာ သူတုိ႔ အျဖစ္အပ်က္ကို ရဲရဲဝံ့ဝံ့ ေျပာခ်င္သူေတြ႐ွိသလို တခ်ိဳ႕ကလည္း မေျပာရဲသူေတြ၊ ေျပာျပေပမဲ့ သူတို႔အမည္ရင္းကို မေဖာ္ဖို႔ေတာင္းဆုိသူေတြနဲ႔ ၾကံဳခဲ့ရပါတယ္။

စိတ္မေကာင္းစရာက ဟာေဗးရဲ႕ လိင္ေစာ္ကားမႈကိုခံခဲ့ရတဲ့ အမ်ိဳးသမီးတခ်ိဳ႕ဟာ ဒီကိစၥကို ျဖစ္႐ိုးျဖစ္စဥ္ တစ္ခုအေနနဲ႔ သေဘာထားေနၾကတာကို အံ့ၾသဖြယ္ေတြ႕ခဲ့ရတယ္လုိ႔ သတင္းေထာက္ႏွစ္ဦးက ေျပာၾကားခဲ့ပါတယ္။

စံုစမ္းမႈေတြလုပ္ခ်ိန္ သူတို႔အေၾကာင္းကိုမွ်ေဝခ်င္တဲ့အမ်ိဳးသမီးေတြၾကားမွာ အင္ဂ်လီနာဂ်ိဳလီ နဲ႔ ဂြင္းနက္ပက္ထ႐ိုး တို႔လို လက္႐ွိကမာၻေက်ာ္မင္းသမီးေတြလည္း ပါဝင္ၾကပါတယ္။

ဟာေဗးဟာ ေဟာလီးဝုဒ္မွာ ႏွစ္ေပါင္းသံုးဆယ္ဝန္းက်င္ေလာက္ လိင္ေစာ္ကားမႈေတြကို ျပဳလုပ္ခဲ့ၿပီး သူ႔ရဲ႕ သားေကာင္ေတြက မင္းသမီးေပါက္စေတြ၊ မင္းသမီးျဖစ္လုိသူေတြနဲ႔ သူ႕ရဲ႕ဝန္ထမ္းေတြပါ။

သူလုပ္ေနက်ပံုစံက အလုပ္ကိစၥစကားေျပာမလိုနဲ႔ သူေနတဲ့ဟိုတယ္ကို သူသေဘာက်တဲ့အမ်ိဳးသမီးကို ဖိတ္ေခၚပါတယ္။ ၿပီးရင္ သူ႔ေဟာ္တယ္ခန္းထဲမွာ အမ်ိဳးသမီးကို မက္လံုးေပးကာ သူ႔အလိုျဖည့္ေစခဲ့သလုိ ၿခိမ္းေျခာက္ကာ၊ အဓမၼျပဳက်င့္တာမ်ိဳးလည္း လုပ္တတ္ပါတယ္။

ဒါေတြကို ၾကံဳခဲ့ရသူေတြ၊ သိျမင္ေနသူေတြကလည္း ဟာေဗးရဲ႕ အရွိန္အဝါေၾကာင့္ ႏႈတ္ဆိတ္ေနဖို႔ ဆံုးျဖတ္ခဲ့ၾကပါတယ္။ တကယ္လို႔မ်ား ႏႈတ္ဆိတ္မေနခဲ့ဘူးဆိုရင္လည္း ဟာေဗးက ေငြအား၊ အ႐ွိန္အဝါအားနဲ႔ဖိကာ ႏႈတ္ပိတ္ခဲ့ပါတယ္။ ဒါေၾကာင့္ ဟာေဗးရဲ႕ မေကာင္းသတင္းကို လူတိုင္းသိေနခဲ့တာေတာင္၊ သူဟာ ေဟာလိဝုဒ္မွာ အ႐ွိန္အဝါႀကီးေနဆဲျဖစ္ေနတာပါ။

လိင္ေစာ္ကားမႈ၊ မုဒိမ္းမႈေတြနဲ႔ ဖမ္းဆီးခံလိုက္ရတဲ့ ဟာေဗး ဝိုင္းစတိန္း

Related Article >>> အက္ဆစ္နဲ႔ပက္ခံရသူ အမ်ိဳးသမီးေလးေတြရဲ႕ အႏုပညာျပခန္း

ဒါေပမဲ့ နယူးေယာက္တိုင္းမ္ သတင္းစာ နဲ႔ နယူးေယာက္ကာ ဝက္ဘ္ဆိုက္ဒ္တုိ႔က တစ္ခ်ိန္တည္းလိုလို သူ႔အေၾကာင္းကို ေဖာ္ထုတ္ခဲ့ၾကတာေၾကာင့္ သူဟာလည္း သူနဲ႔ ထုိက္တန္တဲ့ေနရာကို ရသြားၿပီျဖစ္ပါတယ္။

အမ်ိဳးသမီးသတင္းေထာက္ မီဂန္နဲ႔ ဂ်ိဳဒီတို႔ဟာလည္း သူတို႔ရဲ႕ လုပ္ရပ္ေၾကာင့္ ပူလစ္ဇာ စာေပဆုုကို ရသြားခဲ့ပါတယ္။ သူတုိ႔က အစျပဳလုိုက္တဲ့ ဒီသတင္းဟာ #Metoo Campaign နဲ႔ အတူ ကမာၻတစ္ဝွမ္းလံုးကို႐ိုက္ခတ္မႈေတြ ႐ွိခဲ့ၿပီး ေဒသနယ္ပယ္ အသီးသီးက လိင္ေစာ္ကားမႈျပဳလုပ္သူေတြကို အမ်ိဳးသမီးေတြက ရဲဝံ့စြာေဖာ္ထုတ္လာၾကပါတယ္။

အမ်ိဳးသမီးတိုင္း လိင္ေစာ္ကားလုိသူေတြရန္က ကင္းေဝးၾကပါေစ၊ အမ်ိဳးသမီးေတြကို သူတို႔အလိုဆႏၵအတြက္ အသံုးခ်လုိသူတို႔လည္း ဒီကမာၻေပၚကေန ေပ်ာက္ကြယ္ၾကပါေစလို႔…

Sugar Cane (For Her Myanmar)

<<<Unicode>>>

ဟောလိဝုဒ်တင်မက တစ်ကမ္ဘာလုံး တုန်လှုပ်သွားအောင် လုပ်နိုင်ခဲ့ပါတယ်လေ

၂၀၁၇ ခုနှစ် အောက်တိုဘာလ၊ ငါးရက်နေ့မှာ နယူးယောက်တိုင်းမ် သတင်းစာကနေ သတင်းတစ်ပုဒ်တင်ခဲ့ပါတယ်။ အဲဒီ သတင်းကြောင့် ဟောလီးဝုဒ်ရဲ့ ဂုဏ်သိက္ခာရှိထုတ်လုပ်သူတစ်ဦး၊ နိုင်ငံရေးပါတီတွေကို ငွေလှူဒါန်းနိုင်တဲ့ မျက်နှာကြီးသူဌေးတစ်ဦးဖြစ်တဲ့ ဟာဗေးဝိုင်းစတိုင်း ဟာ သူ့ကိုယ်ပိုင်ကုမ္ပဏီကနေ အထုတ်ခံလိုက်ရသလို လက်ရှိမှာ တရားရင်ဆိုင်နေရကာ မကြာခင်မှာ ထောင်နန်းစံရမယ့် အလားအလာတွေရှိနေပါပြီ။

ဒီသတင်းကို ရေးသားခဲ့သူနှစ်ဦးကတော့ နယူးယောက်တိုင်း သတင်းစာက အမျိုးသမီး သတင်းထောက်နှစ်ဦးဖြစ်တဲ့ မီဂန် နဲ့ ဂျိုဒီ တို့ပဲဖြစ်ပါတယ်။ တကယ်တော့ သူတို့ ဒီသတင်းကို ထုတ်ဖော်မရေးသားခင်ကတည်းက ဟာဗေးရဲ့ မကောင်းသတင်းဟာ ဟောလိဝုဒ်မှာ လူတိုင်းသိတဲ့လျှို့ဝှက်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။

Related Article >>> လူပြောများနေကြတဲ့ ကာမလိမ်လည်မှုအကြောင်း

သူဟာ မိန်းမတွေနဲ့ ပတ်သက်လာရင် ဇ ရှိတယ်လို့ ဟောလိဝုဒ်အသိုင်းအဝိုင်းကလူတွေသိကြပေမဲ့ ဟာဗေးရဲ့ အရှိန်အဝါကြောင့် ဒီကိစ္စကို ဘယ်သူမှ တရားဝင်ထုတ်ဖော်မပြောကြားရဲကြပါဘူး။ နယူးယောက်တိုင်းမ် သတင်းစာက အမျိုးသမီးသတင်းထောက် မီဂန်နဲ့ ဂျိုဒီ တို့ဟာ ဟာဗေးရဲ့အကြောင်းကို ဖော်ထုတ်ဖို့အတွက် အမျိုးသမီးများစွာနဲ့ တွေ့ဆုံကာ စုံစမ်းထောက်လှမ်းသတင်းယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

မီဂန် နဲ့ ဂျိုဒီ

သူတို့အဆိုအရ အမျိုးသမီးတွေဟာ သူတို့ အဖြစ်အပျက်ကို ရဲရဲဝံ့ဝံ့ ပြောချင်သူတွေရှိသလို တချို့ကလည်း မပြောရဲသူတွေ၊ ပြောပြပေမဲ့ သူတို့အမည်ရင်းကို မဖော်ဖို့တောင်းဆိုသူတွေနဲ့ ကြုံခဲ့ရပါတယ်။

စိတ်မကောင်းစရာက ဟာဗေးရဲ့ လိင်စော်ကားမှုကိုခံခဲ့ရတဲ့ အမျိုးသမီးတချို့ဟာ ဒီကိစ္စကို ဖြစ်ရိုးဖြစ်စဉ် တစ်ခုအနေနဲ့ သဘောထားနေကြတာကို အံ့သြဖွယ်တွေ့ခဲ့ရတယ်လို့ သတင်းထောက်နှစ်ဦးက ပြောကြားခဲ့ပါတယ်။

စုံစမ်းမှုတွေလုပ်ချိန် သူတို့အကြောင်းကိုမျှဝေချင်တဲ့အမျိုးသမီးတွေကြားမှာ အင်ဂျလီနာဂျိုလီ နဲ့ ဂွင်းနက်ပက်ထရိုး တို့လို လက်ရှိကမ္ဘာကျော်မင်းသမီးတွေလည်း ပါဝင်ကြပါတယ်။

ဟာဗေးဟာ ဟောလီးဝုဒ်မှာ နှစ်ပေါင်းသုံးဆယ်ဝန်းကျင်လောက် လိင်စော်ကားမှုတွေကို ပြုလုပ်ခဲ့ပြီး သူ့ရဲ့ သားကောင်တွေက မင်းသမီးပေါက်စတွေ၊ မင်းသမီးဖြစ်လိုသူတွေနဲ့ သူ့ရဲ့ဝန်ထမ်းတွေပါ။

သူလုပ်နေကျပုံစံက အလုပ်ကိစ္စစကားပြောမလိုနဲ့ သူနေတဲ့ဟိုတယ်ကို သူသဘောကျတဲ့အမျိုးသမီးကို ဖိတ်ခေါ်ပါတယ်။ ပြီးရင် သူ့ဟော်တယ်ခန်းထဲမှာ အမျိုးသမီးကို မက်လုံးပေးကာ သူ့အလိုဖြည့်စေခဲ့သလို ခြိမ်းခြောက်ကာ၊ အဓမ္မပြုကျင့်တာမျိုးလည်း လုပ်တတ်ပါတယ်။

ဒါတွေကို ကြုံခဲ့ရသူတွေ၊ သိမြင်နေသူတွေကလည်း ဟာဗေးရဲ့ အရှိန်အဝါကြောင့် နှုတ်ဆိတ်နေဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ တကယ်လို့များ နှုတ်ဆိတ်မနေခဲ့ဘူးဆိုရင်လည်း ဟာဗေးက ငွေအား၊ အရှိန်အဝါအားနဲ့ဖိကာ နှုတ်ပိတ်ခဲ့ပါတယ်။ ဒါကြောင့် ဟာဗေးရဲ့ မကောင်းသတင်းကို လူတိုင်းသိနေခဲ့တာတောင်၊ သူဟာ ဟောလိဝုဒ်မှာ အရှိန်အဝါကြီးနေဆဲဖြစ်နေတာပါ။

လိင်စော်ကားမှု၊ မုဒိမ်းမှုတွေနဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ဟာဗေး ဝိုင်းစတိန်း

Related Article >>> အက်ဆစ်နဲ့ပက်ခံရသူ အမျိုးသမီးလေးတွေရဲ့ အနုပညာပြခန်း

ဒါပေမဲ့ နယူးယောက်တိုင်းမ် သတင်းစာ နဲ့ နယူးယောက်ကာ ဝက်ဘ်ဆိုက်ဒ်တို့က တစ်ချိန်တည်းလိုလို သူ့အကြောင်းကို ဖော်ထုတ်ခဲ့ကြတာကြောင့် သူဟာလည်း သူနဲ့ ထိုက်တန်တဲ့နေရာကို ရသွားပြီဖြစ်ပါတယ်။

အမျိုးသမီးသတင်းထောက် မီဂန်နဲ့ ဂျိုဒီတို့ဟာလည်း သူတို့ရဲ့ လုပ်ရပ်ကြောင့် ပူလစ်ဇာ စာပေဆုကို ရသွားခဲ့ပါတယ်။ သူတို့က အစပြုလိုက်တဲ့ ဒီသတင်းဟာ #Metoo Campaign နဲ့ အတူ ကမ္ဘာတစ်ဝှမ်းလုံးကိုရိုက်ခတ်မှုတွေ ရှိခဲ့ပြီး ဒေသနယ်ပယ် အသီးသီးက လိင်စော်ကားမှုပြုလုပ်သူတွေကို အမျိုးသမီးတွေက ရဲဝံ့စွာဖော်ထုတ်လာကြပါတယ်။

အမျိုးသမီးတိုင်း လိင်စော်ကားလိုသူတွေရန်က ကင်းဝေးကြပါစေ၊ အမျိုးသမီးတွေကို သူတို့အလိုဆန္ဒအတွက် အသုံးချလိုသူတို့လည်း ဒီကမ္ဘာပေါ်ကနေ ပျောက်ကွယ်ကြပါစေလို့…

Sugar Cane (For Her Myanmar)

References : varietynytimesnewyorker

No Comments Yet

Comments are closed