One Championship မွာ ပါဝင္ယွဥ္ၿပိဳင္ထိုးသတ္သြားမယ့္ ျမန္မာ့ပထမဆံုး MMA အမ်ိဳးသမီး ဖိုက္တာ အန္တိုနီယာ

အားေပးသင့္ပါတယ္ေ္နာ္.. ျမန္မာမွန္ရင္ေပါ့.. 😛

ေယာင္းတို႔ေရ.. One Championship ဆိုတာကိုေတာ့ ေအာင္လအန္ဆန္းကို အေၾကာင္းျပဳၿပီး ၾကားဖူးေနၾကမွာေပါ့ေနာ္.. ဒီေန႔ က်င္းပမယ့္ One Championship ၿပိဳင္ပြဲမွာ ေအာင္လအန္ဆန္းလိုပဲ ျမန္မာ့ဂုဏ္ေဆာင္ေပးေနတဲ့ အမ်ိဳးသမီးအားကစားမယ္ တစ္ေယာက္ ပါဝင္ယွဥ္ၿပိဳင္မယ္ဆိုတာေရာ ေယာင္းတို႔ သိၿပီးၾကၿပီလား??

သူ(မ)နာမည္ကေတာ့ အန္တိုနီယာလို႔ ေခၚပါတယ္ ေယာင္းတို႔ေရ.. အျပည့္အစံုဆိုရင္ေတာ့ ဘိုဇီနာ အန္တိုနီယာေပါ့.. သူ(မ)က ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕မွာ ေနထိုင္တဲ့ ကယန္းတိုင္းရင္းသူတစ္ဦးလည္း ျဖစ္ပါတယ္။ ကယန္းတိုင္းရင္းသူဆိုတာ ေယာင္းတို႔လည္း သိၾကမွာပါ.. လည္ပင္းမွာ ကြင္းေတြ အမ်ားႀကီးစြပ္တဲ့ ဓေလ့နဲ႔ တုိင္းရင္းသားေတြေလ…

အန္တိုနီယာက သူမအသက္ ၁၆ႏွစ္အရြယ္ကတည္းက ကိုယ္ခံပညာ သိုင္းေပါင္းစုံ ပညာရပ္ေတြကို ေလ့လာခဲ့ပါတယ္တဲ့… အသက္ ၂၃ ႏွစ္ရွိၿပီ ျဖစ္တဲ့ သူ(မ)ဟာ ငယ္ငယ္တုန္းကတည္းက ေဘာလံုးအသင္းမွာပါတယ္လို႔ အိမ္ကို ေျပာၿပီး တကယ္တမ္းေတာ့ သူ(မ) ဝါသနာပါရာ၊ စိတ္အားထက္သန္ရာ လက္ေဝွ႕ကိုသာ စြမ္းစြမ္းတမံ ေလ့က်င့္သင္ယူခဲ့ပါတယ္။

Related Article >>>>>တစ္အုပ္ဆို ဆိုသေလာက္ ခံစားမႈရသေတြ ထင္က်န္ေနေစတဲ့ ကေလာင္သြားပိုင္ရွင္ ဂ်ာနယ္ေက်ာ္မမေလး

ျမန္မာ့ရိုးရာ လက္ေဝွ႕ခ်န္ပီယံ ႏွစ္ႀကိမ္ ျဖစ္ထားတဲ့ အန္တိုနီယာဟာ MMA ေလာကကို ဝင္လာတာက ၂၀၁၈ ေဖေဖာ္ဝါရီလမွပါ။ ပထမဆံုး ၿပိဳင္ပြဲမွာပဲ ၿပိဳင္ဘက္ကစားသမားကို ၂၄စကၠန္႔အတြင္း အလဲထိုးႏိုင္ခဲ့တာမို႔ အမ်ိဳးသမီး One Championship ၿပိဳင္ပြဲမွာ ပြဲသိမ္းအျမန္ဆံုး ပြဲစဥ္အေနနဲ႔ မွတ္တမ္းဝင္ခဲ့ပါတယ္။ (ျမန္မာ့အားကစားသမားမ်ားသည္ အခ်ဥ္ေတာ့မဟုတ္ 😛 )

အဲ.. ဒီၿပိဳင္ပြဲၿပီးလို႔ ေနာက္ စက္တင္ဘာမွာေတာ့ Rika “Tiny Doll” Ishige နဲ႔ ထိုင္းမွာ ထိုးသတ္ခဲ့ၿပီး ပထမဆံုး အခ်ီမွာတည္းက ဒိုင္ပြဲရပ္နဲ႔ ရံႈးနိမ့္ခဲ့ရပါတယ္။ MMA ေလာကမွာ အေတြ႕အၾကံဳႏုေနေသးတာမို႔ ႐ံႈးနိမ့္ခဲ့ရေပမဲ့ သူ(မ)က ဆက္ၿပီးႀကိဳးစားဦးမယ္၊ ဒီထက္ပိုၿပီးေတာ့ သူ(မ) လုပ္ႏုိင္ဦးမယ္လို႔လည္း သူ(မ) ယံုၾကည္ေနပါတယ္။

ဒီညကေတာ့ သူ(မ)ရဲ႕ ယံုၾကည္မႈနဲ႔ သူ(မ)ရဲ႕ ႀကိဳးစားမႈေတြကို သက္ေသျပဖို႔ အခြင့္ေကာင္းပါပဲ.. ဒီေန႔ (၈.၃.၂၀၁၉) မွာ က်င္းပမယ့္ One Championship မွာ သူ(မ)နဲ႔ ယွဥ္ၿပိဳင္ထိုးသတ္ရမယ့္သူကေတာ့ မေလးရွားႏိုင္ငံမွ Audrey Laura Boniface ျဖစ္ပါတယ္။ သုဝဏၰမိုးလံုေလလံု အားကစားကြင္းမွာ က်င္းပမယ့္ ဒီပြဲကို ညေန ၆နာရီကတည္းက ေစာင့္ၾကည့္ႏုိင္ပါတယ္ ေယာင္းတို႔ေရ…

Related Article>>>>>>မိန္းကေလးျဖစ္ေနလုိ႔ အေလွ်ာ့ေပးရမယ္တဲ့လား

လက္မွတ္ေတြကိုေတာ့ ဒီ လင့္ခ္ >>> http://bit.ly/onevalor19 ေလးမွာ ဝယ္လို႔ရပါတယ္ေနာ္…

ကဲ… ကိုယ္ေတြ အတူတူ အားေပးလိုက္ၾကရေအာင္လား…

Phyu Thant (For Her Myanmar)

References : Bozhena Antoniyar , The Myanmar Times , One Championship

<<< Unicode >>>

အားပေးသင့်ပါတယ်ေ်နာ်.. မြန်မာမှန်ရင်ပေါ့.. 😛

ယောင်းတို့ရေ.. One Championship ဆိုတာကိုတော့ အောင်လအန်ဆန်းကို အကြောင်းပြုပြီး ကြားဖူးနေကြမှာပေါ့နော်.. ဒီနေ့ ကျင်းပမယ့် One Championship ပြိုင်ပွဲမှာ အောင်လအန်ဆန်းလိုပဲ မြန်မာ့ဂုဏ်ဆောင်ပေးနေတဲ့ အမျိုးသမီးအားကစားမယ် တစ်ယောက် ပါဝင်ယှဉ်ပြိုင်မယ်ဆိုတာရော ယောင်းတို့ သိပြီးကြပြီလား??

သူ(မ)နာမည်ကတော့ အန်တိုနီယာလို့ ခေါ်ပါတယ် ယောင်းတို့ရေ.. အပြည့်အစုံဆိုရင်တော့ ဘိုဇီနာ အန်တိုနီယာပေါ့.. သူ(မ)က ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ နေထိုင်တဲ့ ကယန်းတိုင်းရင်းသူတစ်ဦးလည်း ဖြစ်ပါတယ်။ ကယန်းတိုင်းရင်းသူဆိုတာ ယောင်းတို့လည်း သိကြမှာပါ.. လည်ပင်းမှာ ကွင်းတွေ အများကြီးစွပ်တဲ့ ဓလေ့နဲ့ တိုင်းရင်းသားတွေလေ…

အန်တိုနီယာက သူမအသက် ၁၆နှစ်အရွယ်ကတည်းက ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပညာရပ်တွေကို လေ့လာခဲ့ပါတယ်တဲ့… အသက် ၂၃ နှစ်ရှိပြီ ဖြစ်တဲ့ သူ(မ)ဟာ ငယ်ငယ်တုန်းကတည်းက ဘောလုံးအသင်းမှာပါတယ်လို့ အိမ်ကို ပြောပြီး တကယ်တမ်းတော့ သူ(မ) ဝါသနာပါရာ၊ စိတ်အားထက်သန်ရာ လက်ဝှေ့ကိုသာ စွမ်းစွမ်းတမံ လေ့ကျင့်သင်ယူခဲ့ပါတယ်။

Related Article >>>>>တစ်အုပ်ဆို ဆိုသလောက် ခံစားမှုရသတွေ ထင်ကျန်နေစေတဲ့ ကလောင်သွားပိုင်ရှင် ဂျာနယ်ကျော်မမလေး

မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံ နှစ်ကြိမ် ဖြစ်ထားတဲ့ အန်တိုနီယာဟာ MMA လောကကို ဝင်လာတာက ၂၀၁၈ ဖေဖော်ဝါရီလမှပါ။ ပထမဆုံး ပြိုင်ပွဲမှာပဲ ပြိုင်ဘက်ကစားသမားကို ၂၄စက္ကန့်အတွင်း အလဲထိုးနိုင်ခဲ့တာမို့ အမျိုးသမီး One Championship ပြိုင်ပွဲမှာ ပွဲသိမ်အမြန်ဆုံး ပွဲစဉ်အနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။ (မြန်မာ့အားကစားသမားများသည် အချဉ်တော့မဟုတ် 😛 )

အဲ.. ဒီပြိုင်ပွဲပြီးလို့ နောက် စက်တင်ဘာမှာတော့ Rika “Tiny Doll” Ishige နဲ့ ထိုင်းမှာ ထိုးသတ်ခဲ့ပြီး ပထမဆုံး အချီမှာတည်းက ဒိုင်ပွဲရပ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ MMA လောကမှာ အတွေ့အကြုံနုနေသေးတာမို့ ရှုံးနိမ့်ခဲ့ရပေမဲ့ သူ(မ)က ဆက်ပြီးကြိုးစားဦးမယ်၊ ဒီထက်ပိုပြီးတော့ သူ(မ) လုပ်နိုင်ဦးမယ်လို့လည်း သူ(မ) ယုံကြည်နေပါတယ်။

ဒီညကတော့ သူ(မ)ရဲ့ ယုံကြည်မှုနဲ့ သူ(မ)ရဲ့ ကြိုးစားမှုတွေကို သက်သေပြဖို့ အခွင့်ကောင်းပါပဲ.. ဒီနေ့ (၈.၃.၂၀၁၉) မှာ ကျင်းပမယ့် One Championship မှာ သူ(မ)နဲ့ ယှဉ်ပြိုင်ထိုးသတ်ရမယ့်သူကတော့ မလေးရှားနိုင်ငံမှ Audrey Laura Boniface ဖြစ်ပါတယ်။ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းမှာ ကျင်းပမယ့် ဒီပွဲကို ညနေ ၆နာရီကတည်းက စောင့်ကြည့်နိုင်ပါတယ် ယောင်းတို့ရေ…

Related Article>>> မိန်းကလေးဖြစ်နေလို့ အလျှော့ပေးရမယ်တဲ့လား

လက်မှတ်တွေကိုတော့ ဒီ လင့်ခ် >>> http://bit.ly/onevalor19 လေးမှာ ဝယ်လို့ရပါတယ်နော်… ကဲ… ကိုယ်တွေ အတူတူ အားပေးလိုက်ကြရအောင်လား…

Phyu Thant (For Her Myanmar)

References : Bozhena Antoniyar , The Myanmar Times , One Championship

No Comments Yet

Comments are closed