Celebrity News Women News

Elizabeth Taylor (သို႔မဟုတ္) တစ္ေခတ္တစ္ခါက သတင္းႀကီးတဲ့ ေရႊမင္းသမီးရဲ႕ အေၾကာင္းမလွေသာဘဝဇာတ္လမ္း

ဘယ္လိုဘဝကို ျဖတ္သန္းခဲ့ရတာပါလိမ့္…

ေယာင္းတို႔ေရ…Elizabeth Taylor ဟာဆိုရင္ေတာ့ တစ္ေခတ္တစ္ခါက အင္မတန္နာမည္ႀကီးခဲ့တဲ့ မင္းသမီးႀကီးေပါ့။ ရုပ္ရည္ေခ်ာေမာလြန္းတဲ့အျပင္ ပီျပင္တဲ့သရုပ္ေဆာင္ခ်က္ေတြေၾကာင့္ ရုပ္ရွင္ဆုေပါင္းမ်ားစြာရရွိခဲ့သူတစ္ေယာက္ဆိုလည္း မမွားပါဘူး။ ဒါေပမဲ့ လူတိုင္းအားက်ခဲ့ရတဲ့ သူ(မ)ရဲ႕ ဘဝက ထင္သလိုမလွပခဲ့ပါဘူး။

Elizabeth ကို ၁၉၃၂ ခုႏွစ္၊ အဂၤလန္ႏိုင္ငံ၊ လန္ဒန္ၿမိဳ႕မွာ ေမြးဖြားခဲ့ပါတယ္။ သူ(မ)ရဲ႕ ငယ္ဘဝက သာမန္လူေတြေလာက္ေတာင္ ေပ်ာ္ရႊင္စရာမေကာင္းခဲ့ပါဘူး။ အသက္ (၉) ႏွစ္အရြယ္တည္းက ကင္မရာေရွ႕မွာ သရုပ္ေဆာင္ခဲ့ရတဲ့ သူ(မ)ဟာ အရက္သမားဖခင္ရဲ႕ မူးလာတိုင္း ေဒါသတႀကီးရိုက္ႏွက္ျခင္းကို ခံခဲ့ရပါတယ္။

ငယ္စဥ္တည္းက စီးပြားေရးသမား ရုပ္ရွင္ထုတ္လုပ္သူေတြရဲ႕ အသံုးခ်ျခင္းကို ခံရတဲ့အျပင္ တစ္ခါကမ်ားဆိုရင္ စီးပြားေရးသမားတစ္ေယာက္ရဲ႕ ရိုင္းရိုင္းစိုင္းစိုင္း ေအာ္ေဟာက္ေျပာဆိုတာကိုေတာင္ ခံခဲ့ရသူပါ။ အသက္ (၁၄) ႏွစ္မွာေတာ့ သူ(မ)ပါဝင္ထားတဲ့ ရုပ္ရွင္ဇာတ္ကားဟာ လွ်မ္းလွ်မ္းေတာက္ေပါက္ခဲ့ၿပီး Elizabeth Taylor ဆိုတဲ့ နာမည္ဟာလည္း တစ္ဟုန္ထိုးတက္သြားပါေတာ့တယ္။

Related article >>> Coco Chanel (သို႔မဟုတ္) အမ်ိဳးသမီးဖက္ရွင္ေလာကကို ကိုင္လႈပ္ခဲ့သူ

သူ(မ)အသက္ (၁၇)ႏွစ္မွာ မီလ်ံနာတစ္ေယာက္နဲ႔ လက္ထပ္ခဲ့ေပမဲ့ အိမ္ေထာင္သက္ ၾကာရွည္မခံခဲ့ပါဘူး။ ဒုတိယေျမာက္ ဒီေယာက္်ားနဲ႔ လက္ထပ္တဲ့အခ်ိန္မွာေတာ့ ခင္ပြန္းျဖစ္သူက ေလယာဥ္ပ်က္က်တဲ့ထဲ ပါၿပီး ကြယ္လြန္သြားခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ ခင္ပြန္းျဖစ္သူရဲ႕ သူငယ္ခ်င္းနဲ႔ လက္ထပ္ခဲ့ပါတယ္။

အဆင္မေျပမႈေပါင္းမ်ားစြာ ၾကံဳခဲ့ရၿပီး ဇာတ္သိမ္းမွာေတာ့ Elizabeth မွာ စုစုေပါင္းအိမ္ေထာင္ (၇) ဆက္ ရွိခဲ့တယ္ဆိုတဲ့ နာမည္တစ္ခု အဖတ္တင္က်န္ခဲ့ပါေတာ့တယ္။

သူ(မ)ရဲ႕ ေနာက္ဆံုးခင္ပြန္းျဖစ္သူဟာ ႏိုင္ငံေရးသမားျဖစ္တာေၾကာင့္ မဲဆြယ္တဲ့အခ်ိန္အတြင္းမွာ သူ(မ)အေနနဲ႔ ခရမ္းေရာင္ကို ဝတ္ဆင္ခြင့္မရခဲ့ပါဘူး။ အေၾကာင္းကေတာ့ ခရမ္းေရာင္က သစၥာတရားမဲ့တဲ့အေရာင္မို႔လို႔ပါတဲ့။

“ႏိုင္ငံေရးသမားတစ္ေယာက္ရဲ႕ မိန္းမျဖစ္ေနတဲ့အခ်ိန္မွာ ႏႈတ္ပိတ္ေနခဲ့ရတာေတြမ်ားတယ္။ စက္ရုပ္တစ္ရုပ္လိုပဲ” လို႔ Elizabeth က ေျပာျပခဲ့ပါတယ္။ သူမရဲ႕ အိမ္ေထာင္ေရးရႈပ္ေထြးမႈေတြေၾကာင့္ ေဝဖန္မႈမ်ားစြာကိုလည္း အႀကိမ္အဖန္မ်ားစြာခံခဲ့ရေပမဲ့ Elizabeth ကေတာ့ ၾကံ႕ၾကံ႕ခံႏိုင္ခဲ့ပါတယ္။

Related article >>> ကက္သရင္း ဂေရဟမ္ သို႔မဟုတ္ လႊမ္းမိုးမႈအရွိဆံုုး အာဂအမ်ိဳးသမီးတစ္ဦး

ေမြးရာပါ ပင္မေက်ာရိုးေကြးတဲ့ေရာဂါဟာ Elizabeth ဘဝရဲ႕အႀကီးမားဆံုးစမ္းသပ္မႈေတြထဲက တစ္ခုပါပဲ။ “မွန္ထဲၾကည့္လိုက္တိုင္း ေက်ာရိုးက ေကြးေကာက္ေနတာ ကၽြန္မျမင္ရတယ္။ ဆရာဝန္ေတြကေတာင္ ဘာမွမလုပ္ေပးႏိုင္ပါဘူးလို႔ လက္ေျမွာက္ရတဲ့အထိပဲ” လို႔ ေျပာခဲ့ဖူးပါတယ္။

အိမ္ေထာင္ေရးကံတင္မက က်န္းမာေရးကံကလည္း ဆိုးလြန္းတဲ့ သူ(မ)ပါပဲ။ တင္ပါးရိုးႏွစ္ခုလံုးကို အစားထိုးကုသခဲ့ရၿပီး ဦးေႏွာက္အက်ိတ္လည္း ခြဲထုတ္ခဲ့ရပါတယ္။ ႏွလံုးခြဲစိတ္မႈေတြလည္း လုပ္ခဲ့ရၿပီး သူ(မ)ရဲ႕ေနာက္ဆံုးခြဲစိတ္မႈက မေအာင္ျမင္ခဲ့တာေၾကာင့္ ၂၀၁၁ ခုႏွစ္ မတ္လမွာ ကြယ္လြန္ခဲ့ပါတယ္။

Related article >>> စိတ္က်န္းမာေရးေဆး႐ံုထဲက အံ့ၾသဖြယ္အမ်ိဳးသမီး နယ္လီ ဘလိုင္း

သတင္းႀကီးတဲ့ ေရႊမင္းသမီး Elizabeth Taylor ဟာ ေအာ္စကာႏွစ္ဆုပိုင္ရွင္ျဖစ္ၿပီး သူ(မ)ပါဝင္တဲ့ ရုပ္ရွင္ဇာတ္ကားေတြဟာ သမိုင္းမွာ နာမည္အေက်ာ္ၾကားဆံုး ရုပ္ရွင္စာရင္းဝင္ေတြ ျဖစ္ပါတယ္။ ဒါ့အျပင္ သူ(မ)က ေအအိုင္ဒီအက္စ္ေရာဂါသည္ေတြကို အားေပးသူတစ္ေယာက္ပါ။

ကြယ္လြန္ခ်ိန္မွာ အသက္ (၇၉) ႏွစ္ရွိၿပီျဖစ္တဲ့ မင္းသမီးႀကီးဟာ ဘယ္လိုအခက္အခဲေတြ ၾကံဳခဲ့ဆံုခဲ့ပါေစ သမိုင္းတစ္ေလွ်ာက္ေက်ာ္ၾကားခဲ့ၿပီး ဂႏၳဝင္တြင္ခဲ့တာ အမွန္ပါပဲ…

Stella (For Her Myanmar)

<<< Unicode >>>

ဘယ်လိုဘဝကို ဖြတ်သန်းခဲ့ရတာပါလိမ့်…

ယောင်းတို့ရေ…Elizabeth Taylor ဟာဆိုရင်တော့ တစ်ခေတ်တစ်ခါက အင်မတန်နာမည်ကြီးခဲ့တဲ့ မင်းသမီးကြီးပေါ့။ ရုပ်ရည်ချောမောလွန်းတဲ့အပြင် ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ရုပ်ရှင်ဆုပေါင်းများစွာရရှိခဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒါပေမဲ့ လူတိုင်းအားကျခဲ့ရတဲ့ သူ(မ)ရဲ့ ဘဝက ထင်သလိုမလှပခဲ့ပါဘူး။

Elizabeth ကို ၁၉၃၂ ခုနှစ်၊ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူ(မ)ရဲ့ ငယ်ဘဝက သာမန်လူတွေလောက်တောင် ပျော်ရွှင်စရာမကောင်းခဲ့ပါဘူး။ အသက် (၉) နှစ်အရွယ်တည်းက ကင်မရာရှေ့မှာ သရုပ်ဆောင်ခဲ့ရတဲ့ သူ(မ)ဟာ အရက်သမားဖခင်ရဲ့ မူးလာတိုင်း ဒေါသတကြီးရိုက်နှက်ခြင်းကို ခံခဲ့ရပါတယ်။

ငယ်စဉ်တည်းက စီးပွားရေးသမား ရုပ်ရှင်ထုတ်လုပ်သူတွေရဲ့ အသုံးချခြင်းကို ခံရတဲ့အပြင် တစ်ခါကများဆိုရင် စီးပွားရေးသမားတစ်ယောက်ရဲ့ ရိုင်းရိုင်းစိုင်းစိုင်း အော်ဟောက်ပြောဆိုတာကိုတောင် ခံခဲ့ရသူပါ။ အသက် (၁၄) နှစ်မှာတော့ သူ(မ)ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားဟာ လျှမ်းလျှမ်းတောက်ပေါက်ခဲ့ပြီး Elizabeth Taylor ဆိုတဲ့ နာမည်ဟာလည်း တစ်ဟုန်ထိုးတက်သွားပါတော့တယ်။

Related article >>> Coco Chanel (သို့မဟုတ်) အမျိုးသမီးဖက်ရှင်လောကကို ကိုင်လှုပ်ခဲ့သူ

သူ(မ)အသက် (၁၇)နှစ်မှာ မီလျံနာတစ်ယောက်နဲ့ လက်ထပ်ခဲ့ပေမဲ့ အိမ်ထောင်သက် ကြာရှည်မခံခဲ့ပါဘူး။ ဒုတိယမြောက် ဒီယောက်ျားနဲ့ လက်ထပ်တဲ့အချိန်မှာတော့ ခင်ပွန်းဖြစ်သူက လေယာဉ်ပျက်ကျတဲ့ထဲ ပါပြီး ကွယ်လွန်သွားခဲ့ပါတယ်။ ဒီနောက်မှာတော့ ခင်ပွန်းဖြစ်သူရဲ့ သူငယ်ချင်းနဲ့ လက်ထပ်ခဲ့ပါတယ်။

အဆင်မပြေမှုပေါင်းများစွာ ကြုံခဲ့ရပြီး ဇာတ်သိမ်းမှာတော့ Elizabeth မှာ စုစုပေါင်းအိမ်ထောင် (၇) ဆက် ရှိခဲ့တယ်ဆိုတဲ့ နာမည်တစ်ခု အဖတ်တင်ကျန်ခဲ့ပါတော့တယ်။

သူ(မ)ရဲ့ နောက်ဆုံးခင်ပွန်းဖြစ်သူဟာ နိုင်ငံရေးသမားဖြစ်တာကြောင့် မဲဆွယ်တဲ့အချိန်အတွင်းမှာ သူ(မ)အနေနဲ့ ခရမ်းရောင်ကို ဝတ်ဆင်ခွင့်မရခဲ့ပါဘူး။ အကြောင်းကတော့ ခရမ်းရောင်က သစ္စာတရားမဲ့တဲ့အရောင်မို့လို့ပါတဲ့။

“နိုင်ငံရေးသမားတစ်ယောက်ရဲ့ မိန်းမဖြစ်နေတဲ့အချိန်မှာ နှုတ်ပိတ်နေခဲ့ရတာတွေများတယ်။ စက်ရုပ်တစ်ရုပ်လိုပဲ” လို့ Elizabeth က ပြောပြခဲ့ပါတယ်။ သူမရဲ့ အိမ်ထောင်ရေးရှုပ်ထွေးမှုတွေကြောင့် ဝေဖန်မှုများစွာကိုလည်း အကြိမ်အဖန်များစွာခံခဲ့ရပေမဲ့ Elizabeth ကတော့ ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။

Related article >>> ကက်သရင်း ဂရေဟမ် သို့မဟုတ် လွှမ်းမိုးမှုအရှိဆုံး အာဂအမျိုးသမီးတစ်ဦး

မွေးရာပါ ပင်မကျောရိုးကွေးတဲ့ရောဂါဟာ Elizabeth ဘဝရဲ့အကြီးမားဆုံးစမ်းသပ်မှုတွေထဲက တစ်ခုပါပဲ။ “မှန်ထဲကြည့်လိုက်တိုင်း ကျောရိုးက ကွေးကောက်နေတာ ကျွန်မမြင်ရတယ်။ ဆရာဝန်တွေကတောင် ဘာမှမလုပ်ပေးနိုင်ပါဘူးလို့ လက်မြှောက်ရတဲ့အထိပဲ” လို့ ပြောခဲ့ဖူးပါတယ်။

အိမ်ထောင်ရေးကံတင်မက ကျန်းမာရေးကံကလည်း ဆိုးလွန်းတဲ့ သူ(မ)ပါပဲ။ တင်ပါးရိုးနှစ်ခုလုံးကို အစားထိုးကုသခဲ့ရပြီး ဦးနှောက်အကျိတ်လည်း ခွဲထုတ်ခဲ့ရပါတယ်။ နှလုံးခွဲစိတ်မှုတွေလည်း လုပ်ခဲ့ရပြီး သူ(မ)ရဲ့နောက်ဆုံးခွဲစိတ်မှုက မအောင်မြင်ခဲ့တာကြောင့် ၂၀၁၁ ခုနှစ် မတ်လမှာ ကွယ်လွန်ခဲ့ပါတယ်။

Related article >>> စိတ်ကျန်းမာရေးဆေးရုံထဲက အံ့သြဖွယ်အမျိုးသမီး နယ်လီ ဘလိုင်း

သတင်းကြီးတဲ့ ရွှေမင်းသမီး Elizabeth Taylor ဟာ အော်စကာနှစ်ဆုပိုင်ရှင်ဖြစ်ပြီး သူ(မ)ပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ သမိုင်းမှာ နာမည်အကျော်ကြားဆုံး ရုပ်ရှင်စာရင်းဝင်တွေ ဖြစ်ပါတယ်။ ဒါ့အပြင် သူ(မ)က အေအိုင်ဒီအက်စ်ရောဂါသည်တွေကို အားပေးသူတစ်ယောက်ပါ။

ကွယ်လွန်ချိန်မှာ အသက် (၇၉) နှစ်ရှိပြီဖြစ်တဲ့ မင်းသမီးကြီးဟာ ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ဆုံခဲ့ပါစေ သမိုင်းတစ်လျှောက်ကျော်ကြားခဲ့ပြီး ဂန္ထဝင်တွင်ခဲ့တာ အမှန်ပါပဲ…

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *