ဘတ္စ္ကားထိုင္ခံုေနရာက စတင္ခဲ့တဲ့ လူမည္းအမ်ိဳးသမီး Rosa Parks ရဲ႕ လူမည္းအခြင့္အေရးေတာင္းဆိုမႈ

ဘတ္စ္ကားေပၚတက္လာတဲ့ အမ်ိဳးသားတစ္ဦးက ထိုင္စီးေနတဲ့ အမ်ိဳးသမီးတစ္ဦးကို သူထိုင္စရာမ႐ွိုလို႔ ထေပးရမယ္လုိ႔ အမိန္႔ေပးလုိက္ပါတယ္။ အမ်ိဳးသမီးကလည္း ႐ွင္းပါတယ္။ ထမေပးႏို္င္ဘူး လုိ႔ ျပတ္ျပတ္သားသားျငင္းလုိက္ပါတယ္။ ဒီလုိျငင္းဆန္လုိက္တဲ့အတြက္ အမ်ိဳးသမီးဟာ ဥပေဒကိုေဖာက္ဖ်က္တယ္ဆုိၿပီးအဖမ္းခံလုိက္ရပါတယ္။

ဘတ္စ္ကားေပၚတက္လာတဲ့ အမ်ိဳးသားတစ္ဦးက ထိုင္စီးေနတဲ့ အမ်ိဳးသမီးတစ္ဦးကို သူထိုင္စရာမ႐ွိုလို႔ ထေပးရမယ္လုိ႔ အမိန္႔ေပးလုိက္ပါတယ္။ အမ်ိဳးသမီးကလည္း ႐ွင္းပါတယ္။ ထမေပးႏို္င္ဘူး လုိ႔ ျပတ္ျပတ္သားသားျငင္းလုိက္ပါတယ္။ ဒီလုိျငင္းဆန္လုိက္တဲ့အတြက္ အမ်ိဳးသမီးဟာ ဥပေဒကိုေဖာက္ဖ်က္တယ္ဆုိၿပီးအဖမ္းခံလုိက္ရပါတယ္။

မထင္မွတ္ထားတဲ့ ဒီအျဖစ္အပ်က္ဟာ ေနာက္ပိုင္းမွာ လူမ်ိဳးေရးလႈပ္႐ွားမႈအျဖစ္ေျပာင္းလဲလာသလုိ ထိုင္ခံုကေနထေပးဖို႔ ျငင္းဆန္းခဲ့တဲ့ ႐ိုဆာပက္ခ္ဟာ ထင္႐ွားတဲ့သူတစ္ဦးျဖစ္လာပါတယ္။ ဒီအျဖစ္အပ်က္အေၾကာင္းကို ႐ိုဆာက သူ႔ဘဝမွတ္တမ္းထဲမွာ ဒီလုိေရးသားထားပါတယ္။
“လူေတြက ကၽြန္မထိုင္ခံုကေနထမေပးတာ ပင္ပန္းေနလို႔ လို႔ထင္ၾကပါတယ္။ တကယ္ေတာ့ ကၽြန္မ မပင္ပန္းပါဘူး။ ကိုယ္ခႏၶာအားျဖင့္မပင္ပန္းေပမဲ့ စိတ္ပိုင္းဆိုင္ရာမွာေတာ့ ေခါင္းငံု႔ခံေနရတာကို ပင္ပန္းေနပါၿပီ” တဲ့။

႐ိုဆာပက္ခ္ အဖမ္းခံရစဥ္က

Related Article >>> ပက္စီကုမၸဏီရဲ႕ ပထမဆံုးအမ်ိဳးသမီး CEO အင္ဒရာႏူးရီ

ဒီအျဖစ္အပ်က္ျဖစ္ပြားခဲ့ရာကာလနဲ႔ ေဒသကိုေျပာျပရမယ္ဆုိရင္ေတာ့ အေမရိကန္ျပည္ေထာင္စုမွာျဖစ္ၿပီး ၁၉၅၀ ဝန္းက်င္ျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာ လူမည္းေတြဟာ ကၽြန္အျဖစ္ကလြတ္ေျမာက္လာေပမဲ့ ေနရာအမ်ိဳးမ်ိဳးမွာ လူျဖဴေတြရဲ႕ ဖိႏွိပ္မႈ၊ ခြဲျခားဆက္ဆံမႈကိုခံေနရဆဲပါ။

ဘယ္ေလာက္အထိေတာင္ခြဲျခားသလဲဆုိရင္ ဘတ္စကားေပၚမွာ လူျဖဴ၊ လူမည္းေတြအတြက္ သီးသန္႔ေနရာေတြခြဲထားသည္အထိပါ။ လူျဖဴတစ္ေယာက္က လူျဖဴေတြရဲ႕ေနရာမွာ ထုိင္ခံုေတြလူျပည့္ေနတယ္ဆိုရင္ လူမည္းေတြရဲ႕ေနရာမွာ ထိုင္ခြင့္႐ွိပါတယ္။ ဒါတင္မက လူမည္းေတြေနရာမွာ ထုိင္ေနတဲ့သူ႐ွိတယ္ဆုိရင္ေတာင္ ဖယ္ခုိင္းၿပီး ထုိင္ပိုင္ခြင့္႐ွိပါတယ္။ လူမည္းေတြကေတာ့ လူျဖဴေတြရဲ႕ထုိင္ခံုေနရာလြတ္ေနရင္ေတာင္ မထိုင္ရပါဘူး။ ထိုင္စရာမ႐ွိရင္ မတ္တပ္ရပ္လုိက္ရပါတယ္။

႐ိုဆာဟာ ဒီလုိမတရားတဲ့ စည္းကမ္းေတြကို ဆန္႔က်င္ခဲ့တာေၾကာင့္ အဖမ္းခံရတာပါ။ တရား႐ံုးက ႐ိုဆာ့ကို ဒဏ္ေငြခ်မွတ္ခဲ့ေပမဲ့ ဒီဒဏ္ေငြကိုလည္း ေပးဖို႔ ျငင္းဆန္ခဲ့ပါတယ္။ သူဟာ မတရားတဲ့ဥပေဒကို ဆန္႔က်င္ဖုိ႔အတြက္ အထက္တရား႐ံုးမွာ အယူခံဝင္ခဲ့ပါတယ္။

ေနာက္ေတာ့ ႐ိုဆာနဲ႔ သူ႔မိတ္ေဆြေတြ စုစည္းၿပီး ဒီဥပေဒေတြကိုဆန္႔က်င္ သပိတ္ေမွာက္ခဲ့ပါတယ္။ အာဖရိကန္ႏြယ္ဖြားအေမရိကန္ေတြဟာ ဒီလိုခြဲျခားမႈေတြ႐ွိေနေသးသမွ် ဘတ္စ္ကားေတြကို လံုးဝမစီးဘူးလို႔ ေၾကညာခဲ့ပါတယ္။

Related Article >>> ႏွိပ္စက္တဲ့ ေဆာ္ဒီမိသားစုကေန ထြက္ေျပးလာေပမယ့္ ခ်က္ခ်င္း ႏိုင္ငံေရး ခိုလႈံခြင့္ရသြားတဲ့ မယ္ကံေကာင္းေလး Rafah

တကယ္ေတာ့ ဆင္းရဲသားလူမည္းေတြအတြက္ ဘတ္စ္ကားမစီးရတာလြယ္ကူတာေတာ့မဟုတ္ပါဘူး။ သူတုိ႔မွာ ကိုယ္ပုိင္ကားလည္းမ႐ွိတာေၾကာင့္ အလုပ္ကို လမ္းေလွ်ာက္သြားရပါတယ္။ ေစ်းဝယ္ဖုိ႔ၿမိဳ႕ထဲကိုသြားမယ္ဆုိလည္း လမ္းေလွ်ာက္ရပါတယ္။

ဒါေပမဲ့ လူမည္းေတြဟာ ညီညီညြတ္ညြတ္နဲ႔ ဒီဒဏ္ေတြကို ႀကံ့ႀကံ့ခံခဲ့ၾကပါတယ္။ တစ္ႏွစ္ေက်ာ္ေလာက္ ဒီဒဏ္ကို ခံခဲ့ရၿပီးေနာက္မွာ အေမရိကန္တရား႐ံုးခ်ဳပ္က အယ္လ္ဘားမားျပည္နယ္ (႐ိုဆာတုိ႔ျပည္နယ္) က လူမ်ိဳးေရးခြဲျခားတဲ့ ဥပေဒေတြကို ဖ်က္သိမ္းလုိက္ပါတယ္။

ဒီကိစၥေတြအၿပီးမွာ ႐ိုဆာ့အေျခအေနကပိုအဆင္ေျပလာတာေတာ့မ႐ွိပါဘူး။ သူဟာ ၿခိမ္းေျခာက္မႈမ်ားစြာကို ရင္ဆိုင္ခဲ့ရပါတယ္။ ဒါတင္မကလူမည္းေခါင္းေဆာင္ေတြကို ဗံုးခြဲလုပ္ႀကံဖို႔ႀကိဳးစားလာၾကတာေၾကာင့္ ေနာက္ပိုင္းမွာေတာ့ ႐ိုဆာဟာ ဒတ္စ႐ိြဳက္ျပည္နယ္ကို ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။ သူဟာ ဒီလုိခံစားခဲ့ရေပမဲ့ လူမည္းေတြရဲ႕အခြင့္အေရးအတြက္ ေနာက္ဆံုးအခ်ိန္အထိလုပ္ေဆာင္သြားခဲ့ပါတယ္။

ဘြားဘြား ႐ိုဆာပက္ခ္

ဒါေၾကာင့္ ႐ိုဆာ့ကို ဆုေပါင္းမ်ားစြာခ်ီးျမင့္ခံခဲ့ရသလုိ လူမည္းေတြဟာလည္း သူ႔ရဲ႕ရဲရင့္မႈအတြက္ အၿမဲအမွတ္ရေနၾကပါတယ္။ ႐ိုဆာဟာ ၂၀၀၅ ခုႏွစ္မွာေသဆံုးခဲ့ေပမဲ့ အခုအခ်ိန္အထိ တရားမွ်တမႈနဲ႔ လြတ္လပ္မႈတုိ႔ရဲ႕သေကၤတျဖစ္ေနဆဲပါပဲ။

႐ိုဆာ ပက္ခ္ လို ရဲရင့္တဲ့အမ်ိဳးသမီးမ်ားစြာ ကမာၻေပၚမွာေပၚထြန္းလာဖုိ႔ေမွ်ာ္လင့္ရင္း …

Sugar Cane (For Her Myanmar)

References: britannicaducksters

ဘတ်စ်ကားပေါ်ကနေထပေးဖို့ ငြင်းဆန်လိုက်တာကြောင့် အဖမ်းခံခဲ့ရတဲ့သူပေါ့

ဘတ်စ်ကားပေါ်တက်လာတဲ့ အမျိုးသားတစ်ဦးက ထိုင်စီးနေတဲ့ အမျိုးသမီးတစ်ဦးကို သူထိုင်စရာမရှိုလို့ ထပေးရမယ်လို့ အမိန့်ပေးလိုက်ပါတယ်။ အမျိုးသမီးကလည်း ရှင်းပါတယ်။ ထမပေးနိုင်ဘူး လို့ ပြတ်ပြတ်သားသားငြင်းလိုက်ပါတယ်။ ဒီလိုငြင်းဆန်လိုက်တဲ့အတွက် အမျိုးသမီးဟာ ဥပဒေကိုဖောက်ဖျက်တယ်ဆိုပြီးအဖမ်းခံလိုက်ရပါတယ်။

မထင်မှတ်ထားတဲ့ ဒီအဖြစ်အပျက်ဟာ နောက်ပိုင်းမှာ လူမျိုးရေးလှုပ်ရှားမှုအဖြစ်ပြောင်းလဲလာသလို ထိုင်ခုံကနေထပေးဖို့ ငြင်းဆန်းခဲ့တဲ့ ရိုဆာပက်ခ်ဟာ ထင်ရှားတဲ့သူတစ်ဦးဖြစ်လာပါတယ်။ ဒီအဖြစ်အပျက်အကြောင်းကို ရိုဆာက သူ့ဘဝမှတ်တမ်းထဲမှာ ဒီလိုရေးသားထားပါတယ်။
“လူတွေက ကျွန်မထိုင်ခုံကနေထမပေးတာ ပင်ပန်းနေလို့ လို့ထင်ကြပါတယ်။ တကယ်တော့ ကျွန်မ မပင်ပန်းပါဘူး။ ကိုယ်ခန္ဓာအားဖြင့်မပင်ပန်းပေမဲ့ စိတ်ပိုင်းဆိုင်ရာမှာတော့ ခေါင်းငုံ့ခံနေရတာကို ပင်ပန်းနေပါပြီ” တဲ့။

ရိုဆာပက်ခ် အဖမ်းခံရစဉ်က

Related Article >>> ပက်စီကုမ္ပဏီရဲ့ ပထမဆုံးအမျိုးသမီး CEO အင်ဒရာနူးရီ

ဒီအဖြစ်အပျက်ဖြစ်ပွားခဲ့ရာကာလနဲ့ ဒေသကိုပြောပြရမယ်ဆိုရင်တော့ အမေရိကန်ပြည်ထောင်စုမှာဖြစ်ပြီး ၁၉၅၀ ဝန်းကျင်ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လူမည်းတွေဟာ ကျွန်အဖြစ်ကလွတ်မြောက်လာပေမဲ့ နေရာအမျိုးမျိုးမှာ လူဖြူတွေရဲ့ ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုကိုခံနေရဆဲပါ။

ဘယ်လောက်အထိတောင်ခွဲခြားသလဲဆိုရင် ဘတ်စကားပေါ်မှာ လူဖြူ၊ လူမည်းတွေအတွက် သီးသန့်နေရာတွေခွဲထားသည်အထိပါ။ လူဖြူတစ်ယောက်က လူဖြူတွေရဲ့နေရာမှာ ထိုင်ခုံတွေလူပြည့်နေတယ်ဆိုရင် လူမည်းတွေရဲ့နေရာမှာ ထိုင်ခွင့်ရှိပါတယ်။ ဒါတင်မက လူမည်းတွေနေရာမှာ ထိုင်နေတဲ့သူရှိတယ်ဆိုရင်တောင် ဖယ်ခိုင်းပြီး ထိုင်ပိုင်ခွင့်ရှိပါတယ်။ လူမည်းတွေကတော့ လူဖြူတွေရဲ့ထိုင်ခုံနေရာလွတ်နေရင်တောင် မထိုင်ရပါဘူး။ ထိုင်စရာမရှိရင် မတ်တပ်ရပ်လိုက်ရပါတယ်။

ရိုဆာဟာ ဒီလိုမတရားတဲ့ စည်းကမ်းတွေကို ဆန့်ကျင်ခဲ့တာကြောင့် အဖမ်းခံရတာပါ။ တရားရုံးက ရိုဆာ့ကို ဒဏ်ငွေချမှတ်ခဲ့ပေမဲ့ ဒီဒဏ်ငွေကိုလည်း ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ သူဟာ မတရားတဲ့ဥပဒေကို ဆန့်ကျင်ဖို့အတွက် အထက်တရားရုံးမှာ အယူခံဝင်ခဲ့ပါတယ်။

နောက်တော့ ရိုဆာနဲ့ သူ့မိတ်ဆွေတွေ စုစည်းပြီး ဒီဥပဒေတွေကိုဆန့်ကျင် သပိတ်မှောက်ခဲ့ပါတယ်။ အာဖရိကန်နွယ်ဖွားအမေရိကန်တွေဟာ ဒီလိုခွဲခြားမှုတွေရှိနေသေးသမျှ ဘတ်စ်ကားတွေကို လုံးဝမစီးဘူးလို့ ကြေညာခဲ့ပါတယ်။

Related Article >>> နှိပ်စက်တဲ့ ဆော်ဒီမိသားစုကနေ ထွက်ပြေးလာပေမယ့် ချက်ချင်း နိုင်ငံရေး ခိုလှုံခွင့်ရသွားတဲ့ မယ်ကံကောင်းလေး Rafah

တကယ်တော့ ဆင်းရဲသားလူမည်းတွေအတွက် ဘတ်စ်ကားမစီးရတာလွယ်ကူတာတော့မဟုတ်ပါဘူး။ သူတို့မှာ ကိုယ်ပိုင်ကားလည်းမရှိတာကြောင့် အလုပ်ကို လမ်းလျှောက်သွားရပါတယ်။ ဈေးဝယ်ဖို့မြို့ထဲကိုသွားမယ်ဆိုလည်း လမ်းလျှောက်ရပါတယ်။

ဒါပေမဲ့ လူမည်းတွေဟာ ညီညီညွတ်ညွတ်နဲ့ ဒီဒဏ်တွေကို ကြံ့ကြံ့ခံခဲ့ကြပါတယ်။ တစ်နှစ်ကျော်လောက် ဒီဒဏ်ကို ခံခဲ့ရပြီးနောက်မှာ အမေရိကန်တရားရုံးချုပ်က အယ်လ်ဘားမားပြည်နယ် (ရိုဆာတို့ပြည်နယ်) က လူမျိုးရေးခွဲခြားတဲ့ ဥပဒေတွေကို ဖျက်သိမ်းလိုက်ပါတယ်။

ဒီကိစ္စတွေအပြီးမှာ ရိုဆာ့အခြေအနေကပိုအဆင်ပြေလာတာတော့မရှိပါဘူး။ သူဟာ ခြိမ်းခြောက်မှုများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါတင်မကလူမည်းခေါင်းဆောင်တွေကို ဗုံးခွဲလုပ်ကြံဖို့ကြိုးစားလာကြတာကြောင့် နောက်ပိုင်းမှာတော့ ရိုဆာဟာ ဒတ်စရွိုက်ပြည်နယ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ သူဟာ ဒီလိုခံစားခဲ့ရပေမဲ့ လူမည်းတွေရဲ့အခွင့်အရေးအတွက် နောက်ဆုံးအချိန်အထိလုပ်ဆောင်သွားခဲ့ပါတယ်။

ဘွားဘွား ရိုဆာပက်ခ်

ဒါကြောင့် ရိုဆာ့ကို ဆုပေါင်းများစွာချီးမြင့်ခံခဲ့ရသလို လူမည်းတွေဟာလည်း သူ့ရဲ့ရဲရင့်မှုအတွက် အမြဲအမှတ်ရနေကြပါတယ်။ ရိုဆာဟာ ၂၀၀၅ ခုနှစ်မှာသေဆုံးခဲ့ပေမဲ့ အခုအချိန်အထိ တရားမျှတမှုနဲ့ လွတ်လပ်မှုတို့ရဲ့သင်္ကေတဖြစ်နေဆဲပါပဲ။

ရိုဆာ ပက်ခ် လို ရဲရင့်တဲ့အမျိုးသမီးများစွာ ကမ္ဘာပေါ်မှာပေါ်ထွန်းလာဖို့မျှော်လင့်ရင်း …

Sugar Cane (For Her Myanmar)

References: britannicaducksters

Photo credit : vox , defender

No Comments Yet

Comments are closed