“ပထမေျခလွမ္းကို စလိုက္ဖို႔ ဘယ္ေတာ့မွမေၾကာက္ပါနဲ႔”ဆိုတဲ့ အမ်ိဳးသမီး CEO ညီအစ္မ (သို႔) Lady B Myanmar ပဲ့ကိုင္ရွင္ ဝင့္နဲ႔လြင္

Lady B ဆိုၿပီး ေပၚေပါက္လာေအာင္  သူတို႔ဘယ္လိုအသက္သြင္းခဲ့ၾကတာလဲဆိုေတာ့ …

ေယာင္းတို႔ေရ … ဒီေန႔ေခတ္မွာ ဦးေဆာင္သူအမ်ိဳးသမီးေတြ နယ္ပယ္ေပါင္းစံုကေန ေပၚထြက္ေနပါၿပီ။ ဒီထဲကမွ Lady B Myanmar ရဲ႕ ပဲ့ကိုင္သူအမ်ိဳးသမီးေတြျဖစ္တဲ့ မဝင့္နဲ႔မလြင္တို႔ ညီအစ္မနဲ႔အတူ ၾကံဳတုန္းဆံုတုန္း အေမးအေျဖေလးလုပ္ျဖစ္ခဲ့တာကို ေယာင္းတို႔အတြက္ မွ်ေဝေပးလိုက္ရပါတယ္ေနာ္။

Q : အစ္မတို႔ႏွစ္ေယာက္နဲ႔ Lady B အေၾကာင္းေလးမိတ္ဆက္ေပးပါဦး။

W : အစ္မကေတာ့ ဝင့္ပါ။ ဆယ္တန္းၿပီးေတာ့ အစ္မစကၤာပူမွာေက်ာင္းတက္တယ္။ တက္တဲ့ေက်ာင္းက Tourism Business။ အလုပ္ထြက္ၿပီးေနာက္ပိုင္း အြန္လိုင္းေရွာ့ပင္းေလးလုပ္မယ္ဆိုၿပီး စဥ္းစားေနတုန္း တစ္ေန႔က်ေတာ့ ကိုယ္ႀကိဳက္တဲ့အိတ္ဒီဇိုင္းတစ္ခုေတြ႔တယ္။ ေတြ႔တဲ့အခါ ဒီလိုပံုစံေလးလိုခ်င္တယ္ ရမလား ဆိုၿပီးမွာတဲ့အခါက်ေတာ့ ကိုယ့္စိတ္တိုင္းက်မရဘူးေပါ့ေနာ္။ အဲ့ေတာ့ကိုယ့္လို အိတ္ crazy ေတြအတြက္ စိတ္တုိင္းက်ရႏိုင္မယ့္ ဒီဇိုင္းမ်ိဳး ကိုယ္တိုင္ထုတ္မယ္ဆိုၿပီး စက္ရုံေတြလိုက္ရွာၿပီး လုပ္ျဖစ္သြားတာပါ။

L : အစ္မနာမည္က လြင္ပါ။ Lady B ကို အစ္မတို႔ညီအစ္မစလုပ္ခဲ့တာေပါ့။ အဓိက အိတ္ကိုဝါသနာပါတာကေတာ့ မဝင့္။ သူ႔မွာအိတ္ဆို ေဈးႀကီးတာေရာ၊ ေဈးေပါတာေရာ အကုန္ရွိတယ္။ Lady B ကို စေထာင္တုန္းက စကာၤပူမွာအလုပ္လုပ္ေနတာ အစ္မက။ တစ္ရက္က်ေတာ့ သူကအစ္မကို လာေျပာတယ္။ အိတ္ဘရန္းဒ္ေလးလုပ္မယ္၊ နာမည္ကိုဒီလိုေပးထားတယ္၊ ဒီလိုဒီဇိုင္းေလးေတြေတာ့ထုတ္မယ္ဆိုၿပီး။ ဒီလိုနဲ႔ ဒီဇိုင္းေရာ အေရာင္ေရာ အေျခက်သြားတဲ့အခါ ရွိတဲ့ဘက္ဂ်က္ေလးနဲ႔ လုပ္ျဖစ္သြားတာေပါ့။

Q : Lady B ကို ဘယ္ႏွခုႏွစ္မွာ တည္ေထာင္ခဲ့တာလဲရွင့္ ?

A : စတည္ေထာင္ခဲ့တာကေတာ့ ၂၀၁၆၊ ေဖေဖာ္ဝါရီ (၁၄) ရက္မွာပါ။ ဗယ္လင္တိုင္းေဒးေပါ့။

Q : Lady B က ေလာေလာဆယ္ဘယ္လို product ေလးေတြထြက္ထားလဲ ေျပာျပေပးပါဦး ?

A : စထြက္ခဲ့တာကေတာ့ အိတ္နဲ႔ေပါ့ေနာ္။ ေနာက္ေတာ့ အိတ္မွာခ်ည္တဲ့ ပိုးပုဝါ twilly ေလးေတြထြက္တယ္။ အခုေတာ့ လြင္က ဖိနပ္ crazy ဆိုေတာ့ ဖိနပ္ပါ ထုတ္ေနပါၿပီ။

Q : လက္ရွိမွာဆိုင္ခြဲဘယ္ႏွဆိုင္ေလာက္ဖြင့္လွစ္ႏိုင္ခဲ့ၿပီလဲရွင့္?

A: ဆိုင္ခြဲက ေလာေလာဆယ္ (၄) ဆိုင္။ ရန္ကုန္မွာ တစ္ဆိုင္၊ မႏၱေလးမွာ တစ္ဆိုင္၊ ေတာင္ႀကီးတစ္ဆိုင္၊ ေနာက္ၿပီး မေကြးမွာတစ္ဆိုင္။ ရန္ကုန္မွာ ေနာက္တစ္ဆိုင္ထပ္ဖြင့္ဖို႔ရွိတယ္။ Junction Square အေရွ႕က အသစ္ဖြင့္မယ့္ Times City မွာ။ တာေမြမွာေတာ့ showroom ရွိတယ္။

Q : Lady B ရဲ႕ ရည္ရြယ္ခ်က္က … ?

A : အစ္မတို႔စလုပ္တုန္းက ျမန္မာျပည္မွာ အိတ္ကို ျပည္တြင္းဘရန္းဒ္ဆိုတာ သိပ္မရွိဘူး။ အစ္မအေနနဲ႔ ႏိုင္ငံျခားကအိတ္ေတြလို ကြာလတီေကာင္းၿပီး ေဈးအသင့္အတင့္ရွိတဲ့ ျပည္တြင္းဘရန္းဒ္အိတ္ေတြကို ကိုင္ေစခ်င္တယ္။ ဒါေၾကာင့္ပါ။

Q : ကိုယ္္ပိုင္ဘရန္းဒ္တစ္ခုရယ္လို႔ ျဖစ္လာေအာင္ ႀကိဳးစားခဲ့တဲ့အခါမွာ ဘယ္လိုအခက္အခဲေတြနဲ႔ ၾကံဳေတြ႔ခဲ့ရလဲရွင့္ ?

A : အခက္အခဲေတြကေတာ့ အမ်ားႀကီးပဲ။ စီးပြားေရးလုပ္တယ္ဆိုတာ အခက္အခဲေတာ့ရွိတာေပါ့ေနာ္။ ဒါေပမဲ့ကိုယ္ပိုင္ဘရန္းဒ္ျဖစ္ေနေတာ့ ဖိအားပိုမ်ားတယ္။ အစ္မတို႔ဘက္က ကြာလတီထိန္းရတာေရာ၊ ေငြေၾကးပို္င္းဆိုင္ရာမွာေရာ အခက္အခဲေတြအမ်ားႀကီးရွိခဲ့ပါတယ္။ မွတ္မွတ္ရရျဖစ္ေနတဲ့ အခက္အခဲတစ္ခုေတာ့ ပထမဆံုးဖိနပ္ထုတ္ေတာ့ အရမ္းေပါက္သြားတယ္။ ႀကိဳက္တဲ့သူေတြလည္းရွိသလို အဆိုးဘက္က ေဝဖန္တဲ့သူေတြလည္းရွိခဲ့တယ္။ တျခားႏိုင္ငံျခားဘရန္းဒ္တစ္ခုရဲ႕ ဒီဇိုင္းကို ေကာ္ပီကူးပါတယ္ဆိုၿပီး ေဝဖန္တိုက္ခိုက္သူေတြလည္း ရွိခဲ့တာေပါ့။

Q : ဒီအေျခအေနကို ေရာက္လာေအာင္ အမ်ားဆံုးေထာက္ပ့ံေပးခဲ့တာကေရာ ?

A : အေဖေပါ့။ အေဖက အစ္မတို႔ကိုအရမ္းျဖစ္ေစခ်င္တယ္။ အေဖက စီးပြားေရးလုပ္တာအရမ္းသေဘာက်တယ္။ အၾကံဉာဏ္ေတြေပးတယ္။ ပိုက္ဆံေခ်းေပးတယ္။ စိတ္ရႈပ္စရာေတြ မ်ားလာရင္ အေဖက စိတ္ကိုျပန္တြန္းတင္ေပးတယ္။ အေမကလည္း တိုက္ရိုက္ႀကီးမဟုတ္ေပမဲ့ ကေလးၾကည့္ေပးတာတို႔ ဘာတို႔လုပ္ေပးတတ္တာေလးေတြရွိတယ္။

Q : လုပ္ငန္းခြင္ဝင္ေနတဲ့အမ်ိဳးသမီးေတြအေနနဲ႔ ဘယ္လိုစိန္ေခၚမႈေတြ ၾကံဳေတြ႔ခဲ့ရလဲ ?

L : အစ္မထင္တာကေတာ့ leadership role မွာ ဦးေဆာင္ေနတဲ့ စံျပအမ်ိဳးသမီးေတြလည္း  အမ်ားႀကီးပဲ။ သူတို႔ေတြရွိေနတဲ့အခါက်ေတာ့ အားျဖစ္ေစတာေပါ့ေနာ္။ အရင္ေခတ္ကနဲ႔မတူဘဲ မိန္းကေလးေတြလုပ္ႏိုင္တယ္ဆိုတဲ့အျမင္လည္း တြင္က်ယ္လာေတာ့ စိန္ေခၚမႈေတြရွိေနေသးေပမဲ့ ပိုအခြင့္အေရးရွိလာတယ္လို႔ျမင္တယ္။

W : အစ္မအတြက္ အႀကီးမားဆံုးစိန္ေခၚမႈကေတာ့ ကေလးေမြးလိုက္တာပဲ။ ကိုယ္ဝန္ေဆာင္တဲ့အခ်ိန္ကစၿပီး ေဟာ္မုန္းအေျပာင္းအလဲေတြျဖစ္တယ္။ ကေလးေမြးၿပီးေတာ့လည္း ကေလးကိစၥနဲ႔ အလုပ္ကိုခ်က္ခ်င္းျပန္မလုပ္ႏိုင္ဘူး။ ကေလးငယ္ေသးေတာ့ အလုပ္ကို ထင္သေလာက္အခ်ိန္မေပးႏိုင္ဘူး။ အဲ့ဒါကေတာ့ စိန္ေခၚမႈတစ္ခုေပါ့ေနာ္။

Q : မိသားစုနဲ႔အလုပ္ၾကားမွာေကာ အခ်ိန္ဘယ္လိုခြဲထားလဲ ?

W : အစ္မကေတာ့ တစ္ရက္ကို အလုပ္ကိစၥရွိလို႔ ကေလးကိုေပးရမယ့္ အခ်ိန္ေလ်ာ့သြားရင္ ေနာက္တစ္ရက္မွာ ကေလးအတြက္ အခ်ိန္ပိုေပးတယ္။ တစ္လွည့္စီေပါ့။

L : အစ္မကေတာ့ တစ္ခ်ိဳ႕ေန႔ေတြဆို အရမ္းအလုပ္ရႈပ္တယ္။ တစ္ခါတေလ သံုးေလးရက္ဆက္တိုက္ျဖစ္သြားတာမ်ိဳးလည္းရွိတယ္။ အဲ့လိုမ်ိဳးဆို ကေလးကို လံုးဝလြတ္သြားတာေပါ့ေနာ္။ ဒါေပမဲ့ ေနာက္ေန႔ေတြမွာေတာ့ ကေလးနဲ႔ျပန္ေနတယ္။ တူတူေဆာ့ေပးတယ္။ အဲ့လိုေလး ေပ်ာ္ေအာင္ထားေပးရတာေပါ့။

Q : မိခင္ေတြအေနနဲ႔ ကိုယ္ပိုင္အခ်ိန္ေတြမွာေကာ ဘာေတြလုပ္ျဖစ္လဲ ?

W : အစ္မကေတာ့ gym ေဆာ့တယ္။ အိမ္မွာဆိုလည္း ႏွစ္နာရီသံုးနာရီေလာက္ အခ်ိန္ေပးၿပီး ေလ့က်င့္ခန္းလုပ္တယ္။ အဲ့လိုအခ်ိန္ေတြဆို စိတ္ဖိစီးမႈေတြ ေလ်ာ့သြားတယ္။ ေနာက္တစ္ခုက သူငယ္ခ်င္းေတြနဲ႔ သြားေတြ႔တာမ်ိဳးေပါ့။

L : အစ္မအတြက္ကေတာ့ အျပင္ထြက္ရင္ ကိုယ္ပိုင္အခ်ိန္ပဲ။ အိမ္မွာဆို သမီးကအစ္မကို အရမ္းကပ္တယ္။ အစ္မနားက မခြာဘူး။ အဲ့ေတာ့ အလုပ္ကိစၥနဲ႔ျဖစ္ျဖစ္၊ သူငယ္ခ်င္းေတြနဲ႔ျဖစ္ျဖစ္ အျပင္ထြက္ရင္ me time (ကိုယ့္အတြက္အခ်ိန္)ပါပဲ။ အခုသူလည္း နည္းနည္းႀကီးလာလို႔ လက္လႊတ္လို႔ရတဲ့အခ်ိန္ဆိုေတာ့ me time က လုပ္ယူလို႔ရေနပါၿပီ။

Q : Lady B နဲ႔ပတ္သက္ၿပီး ေနာက္ထပ္ဘာေတြဆက္လုပ္ဖို႔ရွိေသးလဲ ?

A : အစ္မတို႔ရဲ႕ ရည္ရြယ္ခ်က္က အိတ္တစ္ခုျဖစ္လာဖို႔ handmade ခ်ဳပ္ရတဲ့ေနရာေလးေတြအတြက္ ကိုယ့္ျမန္မာႏိုင္ငံမွာလုပ္ခ်င္တယ္။ Made in Myanmar product တစ္ခုျဖစ္လာေစခ်င္တယ္။ ႏိုင္ငံျခားကလူေတြအေနနဲ႔  ဒီလိုကြာလတီေကာင္းေကာင္း အိတ္တစ္လံုးကို ျမန္မာႏိုင္ငံကမွာလို႔ရတယ္ ဆိုတာမ်ိဳးျဖစ္ေစခ်င္တယ္။ ဒါေၾကာင့္ ႏွစ္ေတြၾကာလာရင္ စက္ရုံတစ္ခုဖြင့္ခ်င္တယ္။ အလုပ္သမားေတြကိုလည္း ေသခ်ာေလ့က်င့္ေပးခ်င္တယ္။

မဝင့္

Q : ကိုယ္ပိုင္လုပ္ငန္းတစ္ခုလုပ္ဖို႔ ႀကိဳးစားေနတဲ့ အမ်ိဳးသမီးေတြကို ဘာမ်ားအၾကံဉာဏ္ေပးခ်င္တာရွိလဲ ?

W : အဓိကကေတာ့ ပထမေျခလွမ္းကို စလိုက္ဖို႔ ဘယ္ေတာ့မွမေၾကာက္ပါနဲ႔။ နည္းနည္းပဲရွိရင္ နည္းနည္းေလးနဲ႔ပဲစလိုက္ပါ။ ဘယ္ေလာက္ပဲေသးေနပါေစဦးေတာ့ ကိုယ့္ product က သူမ်ားနဲ႔မတူဘူး၊ ကိုယ့္အိုင္ဒီယာက ေကာင္းတယ္ဆိုရင္ လူေတြက သေဘာက်ၾကမွာပဲ။ ရွိတဲ့ဘက္ဂ်က္ကေန အျမတ္ကို ေပါင္းၿပီးထပ္ခ်ဲ႕လိုက္လို႔ရပါတယ္။ ဒါေၾကာင့္ အရင္ဆံုး လုပ္ျဖစ္ေအာင္စလုပ္လိုက္ဖို႔ကပဲ အေရးအႀကီးဆံုးပါလို႔ ေျပာခ်င္ပါတယ္။

L : အစ္မအေတြးကေတာ့ မဝင့္နဲ႔ တူတယ္။ အစ္မတို႔ကိုယ္တိုင္လည္း အေတြးဝင္လာတဲ့အခ်ိန္မွာ ခ်က္ခ်င္း အေကာင္အထည္ေဖာ္ၿပီး စလုပ္လိုက္လို႔သာ Lady B ဆိုတာျဖစ္လာတာေလ။ ၿပီးေတာ့ ကိုယ့္ရဲ႕စိတ္ကလည္း customer ကို product ေကာင္းေကာင္းေပးဖို႔ ေတြးထားရမယ္။ နာမည္ေကာင္းတစ္ခုကို ထိန္းထားခ်င္ရင္ တစ္ပြဲတိုး သြားလုပ္လိုက္လို႔မရဘူးေပါ့ေနာ္။ ၿပီးေတာ့ အလြယ္တကူအရႈံးမေပးဖို႔ပါ။ အရမ္းစိတ္ဖိစီးလာရင္ ခရီးထြက္လိုက္တာမ်ိဳးနဲ႔ break ယူလိုက္ေပါ့။ ၿပီးမွအလုပ္ဆက္လုပ္ပါ။

ေယာင္းတို႔ေရ … ဒါကေတာ့ Lady B ရဲ႕ founder ႏွစ္ဦးျဖစ္တဲ့ မဝင့္နဲ႔မလြင္တို႔ညီအစ္မႏွစ္ေယာက္ ေျပာျပေပးသြားတဲ့ ေအာင္ျမင္မႈေျခလွမ္းအဆင့္ဆင့္ပါ။ သူတို႔ႏွစ္ေယာက္ရဲ႕ Success Story ေလးက ေယာင္းတို႔အတြက္ အတုယူစရာျဖစ္လိမ့္မယ္လို႔ Stella ထင္ပါတယ္။

ေယာင္းတို႔သိခ်င္တာေလးေတြရွိရင္လည္း ကြန္မန္႔မွာေမးသြားလို႔ရပါတယ္ေနာ္ …

Stella (For Her Myanmar)

<<<Unicode>>>

 

Lady B ဆိုပြီး ပေါ်ပေါက်လာအောင်  သူတို့ဘယ်လိုအသက်သွင်းခဲ့ကြတာလဲဆိုတော့ …

ယောင်းတို့ရေ … ဒီနေ့ခေတ်မှာ ဦးဆောင်သူအမျိုးသမီးတွေ နယ်ပယ်ပေါင်းစုံကနေ ပေါ်ထွက်နေပါပြီ။ ဒီထဲကမှ Lady B Myanmar ရဲ့ ပဲ့ကိုင်သူအမျိုးသမီးတွေဖြစ်တဲ့ မဝင့်နဲ့မလွင်တို့ ညီအစ်မနဲ့အတူ ကြုံတုန်းဆုံတုန်း အမေးအဖြေလေးလုပ်ဖြစ်ခဲ့တာကို ယောင်းတို့အတွက် မျှဝေပေးလိုက်ရပါတယ်နော်။

Q : အစ်မတို့နှစ်ယောက်နဲ့ Lady B အကြောင်းလေးမိတ်ဆက်ပေးပါဦး။

W : အစ်မကတော့ ဝင့်ပါ။ ဆယ်တန်းပြီးတော့ အစ်မစင်္ကာပူမှာကျောင်းတက်တယ်။ တက်တဲ့ကျောင်းက Tourism Business။ အလုပ်ထွက်ပြီးနောက်ပိုင်း အွန်လိုင်းရှော့ပင်းလေးလုပ်မယ်ဆိုပြီး စဉ်းစားနေတုန်း တစ်နေ့ကျတော့ ကိုယ်ကြိုက်တဲ့အိတ်ဒီဇိုင်းတစ်ခုတွေ့တယ်။ တွေ့တဲ့အခါ ဒီလိုပုံစံလေးလိုချင်တယ် ရမလား ဆိုပြီးမှာတဲ့အခါကျတော့ ကိုယ့်စိတ်တိုင်းကျမရဘူးပေါ့နော်။ အဲ့တော့ကိုယ့်လို အိတ် crazy တွေအတွက် စိတ်တိုင်းကျရနိုင်မယ့် ဒီဇိုင်းမျိုး ကိုယ်တိုင်ထုတ်မယ်ဆိုပြီး စက်ရုံတွေလိုက်ရှာပြီး လုပ်ဖြစ်သွားတာပါ။

L : အစ်မနာမည်က လွင်ပါ။ Lady B ကို အစ်မတို့ညီအစ်မစလုပ်ခဲ့တာပေါ့။ အဓိက အိတ်ကိုဝါသနာပါတာကတော့ မဝင့်။ သူ့မှာအိတ်ဆို ဈေးကြီးတာရော၊ ဈေးပေါတာရော အကုန်ရှိတယ်။ Lady B ကို စထောင်တုန်းက စကာၤပူမှာအလုပ်လုပ်နေတာ အစ်မက။ တစ်ရက်ကျတော့ သူကအစ်မကို လာပြောတယ်။ အိတ်ဘရန်းဒ်လေးလုပ်မယ်၊ နာမည်ကိုဒီလိုပေးထားတယ်၊ ဒီလိုဒီဇိုင်းလေးတွေတော့ထုတ်မယ်ဆိုပြီး။ ဒီလိုနဲ့ ဒီဇိုင်းရော အရောင်ရော အခြေကျသွားတဲ့အခါ ရှိတဲ့ဘက်ဂျက်လေးနဲ့ လုပ်ဖြစ်သွားတာပေါ့။

Q : Lady B ကို ဘယ်နှခုနှစ်မှာ တည်ထောင်ခဲ့တာလဲရှင့် ?

A : စတည်ထောင်ခဲ့တာကတော့ ၂၀၁၆၊ ဖေဖော်ဝါရီ (၁၄) ရက်မှာပါ။ ဗယ်လင်တိုင်းဒေးပေါ့။

Q : Lady B က လောလောဆယ်ဘယ်လို product လေးတွေထွက်ထားလဲ ပြောပြပေးပါဦး ?

A : စထွက်ခဲ့တာကတော့ အိတ်နဲ့ပေါ့နော်။ နောက်တော့ အိတ်မှာချည်တဲ့ ပိုးပုဝါ twilly လေးတွေထွက်တယ်။ အခုတော့ လွင်က ဖိနပ် crazy ဆိုတော့ ဖိနပ်ပါ ထုတ်နေပါပြီ။

Q : လက်ရှိမှာဆိုင်ခွဲဘယ်နှဆိုင်လောက်ဖွင့်လှစ်နိုင်ခဲ့ပြီလဲရှင့်?

A: ဆိုင်ခွဲက လောလောဆယ် (၄) ဆိုင်။ ရန်ကုန်မှာ တစ်ဆိုင်၊ မန္တလေးမှာ တစ်ဆိုင်၊ တောင်ကြီးတစ်ဆိုင်၊ နောက်ပြီး မကွေးမှာတစ်ဆိုင်။ ရန်ကုန်မှာ နောက်တစ်ဆိုင်ထပ်ဖွင့်ဖို့ရှိတယ်။ Junction Square အရှေ့က အသစ်ဖွင့်မယ့် Times City မှာ။ တာမွေမှာတော့ showroom ရှိတယ်။

Q : Lady B ရဲ့ ရည်ရွယ်ချက်က … ?

A : အစ်မတို့စလုပ်တုန်းက မြန်မာပြည်မှာ အိတ်ကို ပြည်တွင်းဘရန်းဒ်ဆိုတာ သိပ်မရှိဘူး။ အစ်မအနေနဲ့ နိုင်ငံခြားကအိတ်တွေလို ကွာလတီကောင်းပြီး ဈေးအသင့်အတင့်ရှိတဲ့ ပြည်တွင်းဘရန်းဒ်အိတ်တွေကို ကိုင်စေချင်တယ်။ ဒါကြောင့်ပါ။

Q : ကိုယ်ပိုင်ဘရန်းဒ်တစ်ခုရယ်လို့ ဖြစ်လာအောင် ကြိုးစားခဲ့တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရလဲရှင့် ?

A : အခက်အခဲတွေကတော့ အများကြီးပဲ။ စီးပွားရေးလုပ်တယ်ဆိုတာ အခက်အခဲတော့ရှိတာပေါ့နော်။ ဒါပေမဲ့ကိုယ်ပိုင်ဘရန်းဒ်ဖြစ်နေတော့ ဖိအားပိုများတယ်။ အစ်မတို့ဘက်က ကွာလတီထိန်းရတာရော၊ ငွေကြေးပိုင်းဆိုင်ရာမှာရော အခက်အခဲတွေအများကြီးရှိခဲ့ပါတယ်။ မှတ်မှတ်ရရဖြစ်နေတဲ့ အခက်အခဲတစ်ခုတော့ ပထမဆုံးဖိနပ်ထုတ်တော့ အရမ်းပေါက်သွားတယ်။ ကြိုက်တဲ့သူတွေလည်းရှိသလို အဆိုးဘက်က ဝေဖန်တဲ့သူတွေလည်းရှိခဲ့တယ်။ တခြားနိုင်ငံခြားဘရန်းဒ်တစ်ခုရဲ့ ဒီဇိုင်းကို ကော်ပီကူးပါတယ်ဆိုပြီး ဝေဖန်တိုက်ခိုက်သူတွေလည်း ရှိခဲ့တာပေါ့။

Q : ဒီအခြေအနေကို ရောက်လာအောင် အများဆုံးထောက်ပံ့ပေးခဲ့တာကရော ?

A : အဖေပေါ့။ အဖေက အစ်မတို့ကိုအရမ်းဖြစ်စေချင်တယ်။ အဖေက စီးပွားရေးလုပ်တာအရမ်းသဘောကျတယ်။ အကြံဉာဏ်တွေပေးတယ်။ ပိုက်ဆံချေးပေးတယ်။ စိတ်ရှုပ်စရာတွေ များလာရင် အဖေက စိတ်ကိုပြန်တွန်းတင်ပေးတယ်။ အမေကလည်း တိုက်ရိုက်ကြီးမဟုတ်ပေမဲ့ ကလေးကြည့်ပေးတာတို့ ဘာတို့လုပ်ပေးတတ်တာလေးတွေရှိတယ်။

Q : လုပ်ငန်းခွင်ဝင်နေတဲ့အမျိုးသမီးတွေအနေနဲ့ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံတွေ့ခဲ့ရလဲ ?

L : အစ်မထင်တာကတော့ leadership role မှာ ဦးဆောင်နေတဲ့ စံပြအမျိုးသမီးတွေလည်း  အများကြီးပဲ။ သူတို့တွေရှိနေတဲ့အခါကျတော့ အားဖြစ်စေတာပေါ့နော်။ အရင်ခေတ်ကနဲ့မတူဘဲ မိန်းကလေးတွေလုပ်နိုင်တယ်ဆိုတဲ့အမြင်လည်း တွင်ကျယ်လာတော့ စိန်ခေါ်မှုတွေရှိနေသေးပေမဲ့ ပိုအခွင့်အရေးရှိလာတယ်လို့မြင်တယ်။

W : အစ်မအတွက် အကြီးမားဆုံးစိန်ခေါ်မှုကတော့ ကလေးမွေးလိုက်တာပဲ။ ကိုယ်ဝန်ဆောင်တဲ့အချိန်ကစပြီး ဟော်မုန်းအပြောင်းအလဲတွေဖြစ်တယ်။ ကလေးမွေးပြီးတော့လည်း ကလေးကိစ္စနဲ့ အလုပ်ကိုချက်ချင်းပြန်မလုပ်နိုင်ဘူး။ ကလေးငယ်သေးတော့ အလုပ်ကို ထင်သလောက်အချိန်မပေးနိုင်ဘူး။ အဲ့ဒါကတော့ စိန်ခေါ်မှုတစ်ခုပေါ့နော်။

Q : မိသားစုနဲ့အလုပ်ကြားမှာကော အချိန်ဘယ်လိုခွဲထားလဲ ?

W : အစ်မကတော့ တစ်ရက်ကို အလုပ်ကိစ္စရှိလို့ ကလေးကိုပေးရမယ့် အချိန်လျော့သွားရင် နောက်တစ်ရက်မှာ ကလေးအတွက် အချိန်ပိုပေးတယ်။ တစ်လှည့်စီပေါ့။

L : အစ်မကတော့ တစ်ချို့နေ့တွေဆို အရမ်းအလုပ်ရှုပ်တယ်။ တစ်ခါတလေ သုံးလေးရက်ဆက်တိုက်ဖြစ်သွားတာမျိုးလည်းရှိတယ်။ အဲ့လိုမျိုးဆို ကလေးကို လုံးဝလွတ်သွားတာပေါ့နော်။ ဒါပေမဲ့ နောက်နေ့တွေမှာတော့ ကလေးနဲ့ပြန်နေတယ်။ တူတူဆော့ပေးတယ်။ အဲ့လိုလေး ပျော်အောင်ထားပေးရတာပေါ့။

Q : မိခင်တွေအနေနဲ့ ကိုယ်ပိုင်အချိန်တွေမှာကော ဘာတွေလုပ်ဖြစ်လဲ ?

W : အစ်မကတော့ gym ဆော့တယ်။ အိမ်မှာဆိုလည်း နှစ်နာရီသုံးနာရီလောက် အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်တယ်။ အဲ့လိုအချိန်တွေဆို စိတ်ဖိစီးမှုတွေ လျော့သွားတယ်။ နောက်တစ်ခုက သူငယ်ချင်းတွေနဲ့ သွားတွေ့တာမျိုးပေါ့။

L : အစ်မအတွက်ကတော့ အပြင်ထွက်ရင် ကိုယ်ပိုင်အချိန်ပဲ။ အိမ်မှာဆို သမီးကအစ်မကို အရမ်းကပ်တယ်။ အစ်မနားက မခွာဘူး။ အဲ့တော့ အလုပ်ကိစ္စနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် အပြင်ထွက်ရင် me time (ကိုယ့်အတွက်အချိန်)ပါပဲ။ အခုသူလည်း နည်းနည်းကြီးလာလို့ လက်လွှတ်လို့ရတဲ့အချိန်ဆိုတော့ me time က လုပ်ယူလို့ရနေပါပြီ။

Q : Lady B နဲ့ပတ်သက်ပြီး နောက်ထပ်ဘာတွေဆက်လုပ်ဖို့ရှိသေးလဲ ?

A : အစ်မတို့ရဲ့ ရည်ရွယ်ချက်က အိတ်တစ်ခုဖြစ်လာဖို့ handmade ချုပ်ရတဲ့နေရာလေးတွေအတွက် ကိုယ့်မြန်မာနိုင်ငံမှာလုပ်ချင်တယ်။ Made in Myanmar product တစ်ခုဖြစ်လာစေချင်တယ်။ နိုင်ငံခြားကလူတွေအနေနဲ့  ဒီလိုကွာလတီကောင်းကောင်း အိတ်တစ်လုံးကို မြန်မာနိုင်ငံကမှာလို့ရတယ် ဆိုတာမျိုးဖြစ်စေချင်တယ်။ ဒါကြောင့် နှစ်တွေကြာလာရင် စက်ရုံတစ်ခုဖွင့်ချင်တယ်။ အလုပ်သမားတွေကိုလည်း သေချာလေ့ကျင့်ပေးချင်တယ်။

မဝင့်

Q : ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီးတွေကို ဘာများအကြံဉာဏ်ပေးချင်တာရှိလဲ ?

W : အဓိကကတော့ ပထမခြေလှမ်းကို စလိုက်ဖို့ ဘယ်တော့မှမကြောက်ပါနဲ့။ နည်းနည်းပဲရှိရင် နည်းနည်းလေးနဲ့ပဲစလိုက်ပါ။ ဘယ်လောက်ပဲသေးနေပါစေဦးတော့ ကိုယ့် product က သူများနဲ့မတူဘူး၊ ကိုယ့်အိုင်ဒီယာက ကောင်းတယ်ဆိုရင် လူတွေက သဘောကျကြမှာပဲ။ ရှိတဲ့ဘက်ဂျက်ကနေ အမြတ်ကို ပေါင်းပြီးထပ်ချဲ့လိုက်လို့ရပါတယ်။ ဒါကြောင့် အရင်ဆုံး လုပ်ဖြစ်အောင်စလုပ်လိုက်ဖို့ကပဲ အရေးအကြီးဆုံးပါလို့ ပြောချင်ပါတယ်။

L : အစ်မအတွေးကတော့ မဝင့်နဲ့ တူတယ်။ အစ်မတို့ကိုယ်တိုင်လည်း အတွေးဝင်လာတဲ့အချိန်မှာ ချက်ချင်း အကောင်အထည်ဖော်ပြီး စလုပ်လိုက်လို့သာ Lady B ဆိုတာဖြစ်လာတာလေ။ ပြီးတော့ ကိုယ့်ရဲ့စိတ်ကလည်း customer ကို product ကောင်းကောင်းပေးဖို့ တွေးထားရမယ်။ နာမည်ကောင်းတစ်ခုကို ထိန်းထားချင်ရင် တစ်ပွဲတိုး သွားလုပ်လိုက်လို့မရဘူးပေါ့နော်။ ပြီးတော့ အလွယ်တကူအရှုံးမပေးဖို့ပါ။ အရမ်းစိတ်ဖိစီးလာရင် ခရီးထွက်လိုက်တာမျိုးနဲ့ break ယူလိုက်ပေါ့။ ပြီးမှအလုပ်ဆက်လုပ်ပါ။

ယောင်းတို့ရေ … ဒါကတော့ Lady B ရဲ့ founder နှစ်ဦးဖြစ်တဲ့ မဝင့်နဲ့မလွင်တို့ညီအစ်မနှစ်ယောက် ပြောပြပေးသွားတဲ့ အောင်မြင်မှုခြေလှမ်းအဆင့်ဆင့်ပါ။ သူတို့နှစ်ယောက်ရဲ့ Success Story လေးက ယောင်းတို့အတွက် အတုယူစရာဖြစ်လိမ့်မယ်လို့ Stella ထင်ပါတယ်။

ယောင်းတို့သိချင်တာလေးတွေရှိရင်လည်း ကွန်မန့်မှာမေးသွားလို့ရပါတယ်နော်

Stella (For Her Myanmar)

No Comments Yet

Comments are closed