Women News

စိတ္က်န္းမာေရးေဆး႐ံုထဲက အံ့ၾသဖြယ္အမ်ိဳးသမီး နယ္လီ ဘလိုင္း

ေတာ္႐ံုရဲရင့္မႈ နဲ႔ေတာ့ ဒီအေျခအေနဆိုးကိုမေက်ာ္ျဖတ္ႏုိင္ဘူး 

၁၈၈၇ ခုႏွစ္ခန္႔ အခ်ိန္ကာလမွာေပါ့။ တစ္ရက္မွာ ရဲေတြကို အမ်ိဳးသမီးေဘာ္ဒါေဆာင္တစ္ခုက အကူအညီေတာင္းလုိ႔ လာေရာက္ၾကရပါတယ္။ အေၾကာင္းက အမ်ိဳးသမီးတစ္ေယာက္ ဆူပူေသာင္းက်န္းေနလို႔တဲ့။

ဒီအမ်ိဳးသမီးကို ရဲေတြက ဖမ္းခ်ဳပ္ၿပီး အမ်ိဳးသမီးပံုစံက မူမမွန္တာေၾကာင့္ ဆရာဝန္ေတြနဲ႔ စစ္ေဆးခဲ့ပါတယ္။ ဆရာဝန္ေတြက အမ်ိဳးသမီးဟာ စိတ္ေဖာက္ျပန္ေနတယ္လုိ႔ အတည္ျပဳခဲ့တာေၾကာင့္ ရဲေတြက သူ႔ကို ဘလက္ခ္ဝဲလ္ ကၽြန္းမွာ ႐ွိတဲ့ စိတ္က်န္းမာေရးေဆး႐ံုကိုပို႔လုိက္ပါေတာ့တယ္။

ဒီေဆး႐ံုဟာ လူနာ တစ္ေထာင္ေက်ာ္ကို ကုသဖို႔အတြက္ ေဆာက္လုပ္ထားတာျဖစ္ေပမဲ့ နယ္လီ ဘလိုင္း ဆိုတဲ့ ထိုအမ်ိဳးသမီးေရာက္လာခ်ိန္မွာေတာ့ လူနာ ၁၆၀၀ ေက်ာ္ကို ကုသေပးေနတာပါ။

Related Article >>> အေမရိကန္သမၼတေနရာကို တက္လွမ္းဖို႔ ႀကိဳးစားလာတဲ့ ပထမဆံုး လူမည္းအမ်ိဳးသမီး

ဒီလို မ်ားျပားလြန္းတဲ့ လူနာေတြကို ကုသေပးမယ့္ ဆရာဝန္ကေတာ့ ၁၆ ေယာက္ပဲ ႐ွိပါတယ္။ ႐ွိတဲ့ ဆရာဝန္ေတြနဲ႔ သူနာျပဳေတြက စိတၱဇေဝဒနာ႐ွင္ေတြကို ကုသဖုိ႔အတြက္ လံုေလာက္တဲ့ ေလ့က်င့္မႈ မရ႐ွိထားပါဘူး။ ဒါေၾကာင့္ သူတုိ႔ရဲ႕ ၾကမ္းတမ္းရက္စက္တဲ့ ကုသမႈေတြဟာ လူနာေတြရဲ႕ ေဝဒနာေတြကို မေလ်ာ့ပါးေစဘဲ ပိုဆိုးရြားေစတာမ်ိဳးေတာင္ ႐ွိပါတယ္။

ေဆး႐ံုအတြင္းမွာ လူနာေတြဟာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားစြာကို ခံစားေနရ႐ွာပါတယ္။ သူတုိ႔ဟာ ပုပ္သိုးေနတဲ့ အစားအေသာက္ေတြကို မဝေရစာ စားေသာက္ေနရပါတယ္။ ေအးခ်မ္းလြန္းတဲ့ အခ်ိန္ေတြမွာေတာင္ ေရေအးေအးေတြနဲ႔ ေရခ်ိဳးရတာေတြ႐ွိပါတယ္။

ေရစိုေနတဲ့ အဝတ္ေတြနဲ႔ နာရီေပါင္းမ်ားစြာ ေနရတာမ်ိဳး႐ွိသလို လူနာေတြဟာ ခံု႐ွည္ေတြမွာ နာရီေပါင္းမ်ားစြာမလႈပ္မယွက္ ေနရတာမ်ိဳးေတာင္ႀကံဳရပါတယ္။ ဒါတင္မက ႐ုပ္ပိုင္းဆိုင္ရာ၊ လိင္ပိုင္းဆိုင္ရာ ႏွိပ္စက္ ထိပါး ခံေနရတဲ့ အျဖစ္ဆိုးေတြေတာင္ ႐ိွေနခဲ့ပါတယ္။

ဒီ အျဖစ္အပ်က္ေတြက နယ္လီဘလိုင္းကို တုန္လႈပ္ေခ်ာက္ခ်ားေစခဲ့ပါတယ္။ တကယ္ေတာ့ နယ္လီဘလိုင္း က ႐ူးသြပ္ေနသူမဟုတ္ဘဲ သတင္းေထာက္တစ္ေယာက္ပဲျဖစ္ပါတယ္။ သူ႔ရဲ႕ အယ္ဒီတာက တာဝန္ေပးတာေၾကာင့္ ဘလက္ခ္ဝဲလ္ စိတ္က်န္းမာေရးေဆး႐ံုရဲ႕ အေျခအေနေတြကို စံုစမ္းဖို႔ အေယာင္ေဆာင္လာေရာက္ခဲ့တာျဖစ္ပါတယ္။

နယ္လီ ဘလိုင္းကို အတုန္လႈပ္ေစဆံုးျဖစ္ရပ္က ဒီ ေဆး႐ံုထဲမွာ လူေကာင္းေတြ မ်ားစြာ႐ွိေနတာပါ။ သူတို႔ေတြက အဂၤလိပ္စကားမေျပာတတ္တဲ့ ႏိုင္ငံျခားသား ေ႐ႊ႕ေျပာင္းသြားလာသူေတြပါ။

သူတုိ႔ဟာ လူေကာင္းပကတိျဖစ္ေပမဲ့ ဆိုးရြားလြန္းတဲ့ ေဆး႐ံုအေျခအေနေတြေၾကာင့္ တစ္စတစ္စ စိတ္က်န္းမာေရး ခ်ိဳ႕ယြင္းလာတာကို စိတ္မေကာင္းစြာေတြ႕ခဲ့ရပါတယ္။

ဒီလုိနဲ႔ နယ္လီဘလိုင္း စိတ္က်န္းမာေရးေဆး႐ံုုေရာက္တာ ဆယ္ရက္ျပည့္သြားတဲ့အခ်ိန္မွာပဲ သူ႔ရဲ႕ ဂ်ာနယ္တိုက္က မူလစီစဥ္ထားတဲ့အတိုင္း သူ႔ကိုလာေခၚထုတ္လုိ္က္ပါတယ္။ ေနာက္ေန႔ေတြမွာေတာ့ ဘလက္ခ္ဝဲလ္ စိတ္က်န္းမာေရးေဆး႐ံု က လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြအေၾကာင္း ပီပီျပင္ျပင္ေရးသားခဲ့တဲ့ နယ္လီဘလိုင္း ရဲ႕ ေဆာင္းပါေတြ အခန္းဆက္အစီအစဥ္နဲ႔ ဆက္တုိက္ ထြက္႐ွိလုိ႔ လာပါေတာ့တယ္။ နယ္လီ ဘလိုင္း ရဲ႕ ရဲရင့္စြာ သြားေရာက္ေလ့လာခဲ့မႈေၾကာင့္ ဘလက္ခ္ဝဲလ္ စိတ္က်န္းမာေရးေဆး႐ံု ကလူမဆန္တဲ့ ရက္စက္မႈေတြဟာ ဘူးေပၚသလုိ ေပၚလာပါေတာ့တယ္။

Related Article >>> ပက္စီကုမၸဏီရဲ႕ ပထမဆံုးအမ်ိဳးသမီး CEO အင္ဒရာႏူးရီ

တာဝန္႐ွိသူေတြသိသြားၿပီးတဲ့ေနာက္ ဘလက္ခ္ဝဲလ္ စိတ္က်န္းမာေရးေဆး႐ံု  ကို ခ်က္ခ်င္းစံုစမ္းစစ္ေဆးမႈေတြျပဳလုပ္ပါေတာ့တယ္။ ေဆး႐ံုက တာဝန္႐ွိသူေတြက သူတုိ႔အေၾကာင္းေပၚေပါက္သြားခဲ့တာေၾကာင့္ စံုစမ္းစစ္ေဆးသူေတြမလာခင္ကတည္းက  ေျပာင္းလဲေရးေတြလုပ္ထားခဲ့ၿပီး အျပစ္ဆိုစရာမ႐ွိတဲ့ ေဆး႐ံုကိုသာ တာဝန္႐ွိသူေတြ ေတြ႕ခဲ့ရပါတယ္။

ဒါေပမဲ့ နယ္လီ ရဲ႕ အားထုတ္မႈက အလကားမျဖစ္ခဲ့ပါဘူး။ သူ႔ေတြ႕႐ွိမႈအရ စိတ္ေဝဒနာ႐ွင္မဟုတ္တဲ့ လူနာေတြကို တျခားမွာေျပာင္းလဲကုသေပးတာ၊ ႏိုင္ငံျခားသားေတြအတြက္ စကားျပန္ေတြငွားၿပီး လုိအပ္တာေတြစီစဥ္ေပးတာ၊ ရက္စက္တဲ့ ဝန္ထမ္းေတြကို အလုပ္ျဖဳတ္တာ၊ စိတ္က်န္းမာေရးေဆး႐ံု ုေတြအတြက္ တိက်ခိုင္မာတဲ့ ဥပေဒေတြကို လႊတ္ေတာ္မွာ အတည္ျပဳတာေတြအထိ ေျပာင္းလဲမႈေတြျဖစ္ေပၚခဲ့ပါတယ္။

ဒီလုိ ေျပာင္းလဲမႈေတြရေအာင္ ရဲရင့္စြာထုတ္ေဖာ္ေပးခဲ့တဲ့ နယ္လီဘလိုင္းဟာလည္း ထင္႐ွားေက်ာ္ၾကားလာခဲ့ပါတယ္။ သူ႔ရဲ႕ ေျခာက္ပိုင္း႐ွိတဲ့ေဆာင္းပါးကို စုစည္းထုတ္ေဝထားတဲ့ စိတၱဇေဆး႐ံုအတြင္းမွာ ဆယ္ရက္တာ (Ten Days in Mad House)၊ ကမာၻပတ္လည္ ရက္ ၈၀ (Around the World in 80 days) စတဲ့ စာအုပ္ေတြက ေရာင္းအားေကာင္းခဲ့သလို နယ္လီ ဟာလည္း ထိပ္တန္းစာေရးဆရာမျဖစ္လာခဲ့ပါတယ္။

အမ်ိဳးသမီးေတြကို ဘယ္လုိပဲခြဲျခားဆက္ဆံခဲ့ပါေစ ရဲရင့္တဲ့အမ်ိဳးသမီး၊ အေျပာင္းအလဲေတြကို စတင္ေဖာ္ေဆာင္ခဲ့တဲ့အမ်ိဳးသမီးေတြက ေခတ္တိုင္းမွာ႐ွိခဲ့ပါတယ္။ အဲ့ဒီထဲက တစ္ေယာက္ျဖစ္တဲ့ နယ္လီ ဘလိုင္း ကို ဒီေဆာင္းပါးနဲ႔ ဂုဏ္ျပဳရင္း ……

Sugar Cane (For Her Myanmar)

References : biography, womenshistory

<<<Unicode>>>

တော်ရုံရဲရင့်မှု နဲ့တော့ ဒီအခြေအနေဆိုးကိုမကျော်ဖြတ်နိုင်ဘူး

၁၈၈၇ ခုနှစ်ခန့် အချိန်ကာလမှာပေါ့။ တစ်ရက်မှာ ရဲတွေကို အမျိုးသမီးဘော်ဒါဆောင်တစ်ခုက အကူအညီတောင်းလို့ လာရောက်ကြရပါတယ်။ အကြောင်းက အမျိုးသမီးတစ်ယောက် ဆူပူသောင်းကျန်းနေလို့တဲ့။

ဒီအမျိုးသမီးကို ရဲတွေက ဖမ်းချုပ်ပြီး အမျိုးသမီးပုံစံက မူမမှန်တာကြောင့် ဆရာဝန်တွေနဲ့ စစ်ဆေးခဲ့ပါတယ်။ ဆရာဝန်တွေက အမျိုးသမီးဟာ စိတ်ဖောက်ပြန်နေတယ်လို့ အတည်ပြုခဲ့တာကြောင့် ရဲတွေက သူ့ကို ဘလက်ခ်ဝဲလ် ကျွန်းမှာ ရှိတဲ့ စိတ်ကျန်းမာရေးဆေးရုံကိုပို့လိုက်ပါတော့တယ်။

ဒီဆေးရုံဟာ လူနာ တစ်ထောင်ကျော်ကို ကုသဖို့အတွက် ဆောက်လုပ်ထားတာဖြစ်ပေမဲ့ နယ်လီ ဘလိုင်း ဆိုတဲ့ ထိုအမျိုးသမီးရောက်လာချိန်မှာတော့ လူနာ ၁၆၀၀ ကျော်ကို ကုသပေးနေတာပါ။

Related Article >>> အမေရိကန်သမ္မတနေရာကို တက်လှမ်းဖို့ ကြိုးစားလာတဲ့ ပထမဆုံး လူမည်းအမျိုးသမီး

ဒီလို များပြားလွန်းတဲ့ လူနာတွေကို ကုသပေးမယ့် ဆရာဝန်ကတော့ ၁၆ ယောက်ပဲ ရှိပါတယ်။ ရှိတဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေက စိတ္တဇဝေဒနာရှင်တွေကို ကုသဖို့အတွက် လုံလောက်တဲ့ လေ့ကျင့်မှု မရရှိထားပါဘူး။ ဒါကြောင့် သူတို့ရဲ့ ကြမ်းတမ်းရက်စက်တဲ့ ကုသမှုတွေဟာ လူနာတွေရဲ့ ဝေဒနာတွေကို မလျော့ပါးစေဘဲ ပိုဆိုးရွားစေတာမျိုးတောင် ရှိပါတယ်။

ဆေးရုံအတွင်းမှာ လူနာတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုများစွာကို ခံစားနေရရှာပါတယ်။ သူတို့ဟာ ပုပ်သိုးနေတဲ့ အစားအသောက်တွေကို မဝရေစာ စားသောက်နေရပါတယ်။ အေးချမ်းလွန်းတဲ့ အချိန်တွေမှာတောင် ရေအေးအေးတွေနဲ့ ရေချိုးရတာတွေရှိပါတယ်။

ရေစိုနေတဲ့ အဝတ်တွေနဲ့ နာရီပေါင်းများစွာ နေရတာမျိုးရှိသလို လူနာတွေဟာ ခုံရှည်တွေမှာ နာရီပေါင်းများစွာမလှုပ်မယှက် နေရတာမျိုးတောင်ကြုံရပါတယ်။ ဒါတင်မက ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ နှိပ်စက် ထိပါး ခံနေရတဲ့ အဖြစ်ဆိုးတွေတောင် ရှိနေခဲ့ပါတယ်။

ဒီ အဖြစ်အပျက်တွေက နယ်လီဘလိုင်းကို တုန်လှုပ်ချောက်ချားစေခဲ့ပါတယ်။ တကယ်တော့ နယ်လီဘလိုင်း က ရူးသွပ်နေသူမဟုတ်ဘဲ သတင်းထောက်တစ်ယောက်ပဲဖြစ်ပါတယ်။ သူ့ရဲ့ အယ်ဒီတာက တာဝန်ပေးတာကြောင့် ဘလက်ခ်ဝဲလ် စိတ်ကျန်းမာရေးဆေးရုံရဲ့ အခြေအနေတွေကို စုံစမ်းဖို့ အယောင်ဆောင်လာရောက်ခဲ့တာဖြစ်ပါတယ်။

နယ်လီ ဘလိုင်းကို အတုန်လှုပ်စေဆုံးဖြစ်ရပ်က ဒီ ဆေးရုံထဲမှာ လူကောင်းတွေ များစွာရှိနေတာပါ။ သူတို့တွေက အင်္ဂလိပ်စကားမပြောတတ်တဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းသွားလာသူတွေပါ။

သူတို့ဟာ လူကောင်းပကတိဖြစ်ပေမဲ့ ဆိုးရွားလွန်းတဲ့ ဆေးရုံအခြေအနေတွေကြောင့် တစ်စတစ်စ စိတ်ကျန်းမာရေး ချို့ယွင်းလာတာကို စိတ်မကောင်းစွာတွေ့ခဲ့ရပါတယ်။

ဒီလိုနဲ့ နယ်လီဘလိုင်း စိတ်ကျန်းမာရေးဆေးရုံရောက်တာ ဆယ်ရက်ပြည့်သွားတဲ့အချိန်မှာပဲ သူ့ရဲ့ ဂျာနယ်တိုက်က မူလစီစဉ်ထားတဲ့အတိုင်း သူ့ကိုလာခေါ်ထုတ်လိုက်ပါတယ်။ နောက်နေ့တွေမှာတော့ ဘလက်ခ်ဝဲလ် စိတ်ကျန်းမာရေးဆေးရုံ က လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်း ပီပီပြင်ပြင်ရေးသားခဲ့တဲ့ နယ်လီဘလိုင်း ရဲ့ ဆောင်းပါတွေ အခန်းဆက်အစီအစဉ်နဲ့ ဆက်တိုက် ထွက်ရှိလို့ လာပါတော့တယ်။ နယ်လီ ဘလိုင်း ရဲ့ ရဲရင့်စွာ သွားရောက်လေ့လာခဲ့မှုကြောင့် ဘလက်ခ်ဝဲလ် စိတ်ကျန်းမာရေးဆေးရုံ ကလူမဆန်တဲ့ ရက်စက်မှုတွေဟာ ဘူးပေါ်သလို ပေါ်လာပါတော့တယ်။

Related Article >>> ပက်စီကုမ္ပဏီရဲ့ ပထမဆုံးအမျိုးသမီး CEO

အင်ဒရာနူးရီတာဝန်ရှိသူတွေသိသွားပြီးတဲ့နောက် ဘလက်ခ်ဝဲလ် စိတ်ကျန်းမာရေးဆေးရုံ  ကို ချက်ချင်းးစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပါတော့တယ်။ ဆေးရုံက တာဝန်ရှိသူတွေက သူတို့အကြောင်းပေါ်ပေါက်သွားခဲ့တာကြောင့် စုံစမ်းစစ်ဆေးသူတွေမလာခင်ကတည်းက  ပြောင်းလဲရေးတွေလုပ်ထားတာကြောင့် အပြစ်ဆိုစရာမရှိတဲ့ ဆေးရုံကိုသာ တာဝန်ရှိသူတွေ တွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ နယ်လီ ရဲ့ အားထုတ်မှုက အလကားမဖြစ်ခဲ့ပါဘူး။ သူ့တွေ့ရှိမှုအရ စိတ်ဝေဒနာရှင်မဟုတ်တဲ့ လူနာတွေကို တခြားမှာပြောင်းလဲကုသပေးတာ၊ နိုင်ငံခြားသားတွေအတွက် စကားပြန်တွေငှားပြီး လိုအပ်တာတွေစီစဉ်ပေးတာ၊ ရက်စက်တဲ့ ဝန်ထမ်းတွေကို အလုပ်ဖြုတ်တာ၊ စိတ်ကျန်းမာရေးဆေးရုံ ုတွေအတွက် တိကျခိုင်မာတဲ့ ဥပဒေတွေကို လွှတ်တော်မှာ အတည်ပြုတာတွေအထိ ပြောင်းလဲမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

ဒီလို ပြောင်းလဲမှုတွေရအောင် ရဲရင့်စွာထုတ်ဖော်ပေးခဲ့တဲ့ နယ်လီဘလိုင်းဟာလည်း ထင်ရှားကျော်ကြားလာခဲ့ပါတယ်။ သူ့ရဲ့ ခြောက်ပိုင်းရှိတဲ့ဆောင်းပါးကို စုစည်းထုတ်ဝေထားတဲ့ စိတ္တဇဆေးရုံအတွင်းမှာ ဆယ်ရက်တာ (Ten Days in Mad House)၊ ကမ္ဘာပတ်လည် ရက် ၈၀ (Around the World in 80 days) စတဲ့ စာအုပ်တွေက ရောင်းအားကောင်းခဲ့သလို နယ်လီ ဟာလည်း ထိပ်တန်းစာရေးဆရာမဖြစ်လာခဲ့ပါတယ်။

အမျိုးသမီးတွေကို ဘယ်လိုပဲခွဲခြားဆက်ဆံခဲ့ပါစေ ရဲရင့်တဲ့အမျိုးသမီး၊ အပြောင်းအလဲတွေကို စတင်ဖော်ဆောင်ခဲ့တဲ့အမျိုးသမီးတွေက ခေတ်တိုင်းမှာရှိခဲ့ပါတယ်။ အဲ့ဒီထဲက တစ်ယောက်ဖြစ်တဲ့ နယ်လီ ဘလိုင်း ကို ဒီဆောင်းပါးနဲ့ ဂုဏ်ပြုရင်း ……

Sugar Cane (For Her Myanmar)

References : biography, womenshistory

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *