ကင်ဝူဘင် ပထမဆုံးအကြိမ် ကင်ဆာကုထုံး အောင်မြင်စွာပြီးဆုံး

ကင်ဆာကုထုံးကြောင့် ကိုယ်အလေးချိန် ၁၀ ကီလိုဂရမ် ကျဆင်းသွားတဲ့ မင်းသားချောလေး ကင်ဝူဘင်

ရုပ်ကလည်းချော အောင်မြင်မှုတွေ လည်းရရှိနေပြီးတော့ မင်းသမီးချောလေး ရှင်မင်အာ ကို လည်း ချစ်သူရည်းစား အဖြစ် ပိုင်ဆိုင်ထားတဲ့ မင်းသားချောလေး ကင်ဝူဘင်မှာ ငယ်ငယ်ရွယ်ရွယ် နဲ့ ကင်ဆာ ရောဂါ ဖြစ်နေတာကြောင့် ကင်ဝူဘင်ရဲ့ ဖန်(fan) ယောင်းယောင်းတွေ စိတ်မကောင်းဖြစ်နေကြမှာ သေချာပါတယ်.. အခုပြောပြပေးမှာကတော့ ကင်ဝူဘင် ရဲ့ ကင်ဆာရောဂါ အခြေအနေပါ။

မင်းသားချောလေး ကင်ဝူဘင် ရဲ့ ကင်ဆာရောဂါ အတွက်လိုအပ်တဲ့ကုထုံး ကို အောင်မြင်စွာပြီးဆုံးခဲ့ပြီးတော့ ရောဂါအခြေအနေ ရလဒ် ကို စောင့်ကြည့်နေကြပါတယ် လို့ Sidus HQ အေဂျင်စီမှ တာဝန်ရှိသူ တစ်ယောက် က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပထဆုံးအကြိမ် ကင်ဆာကုထုံး ရဲ့ ရလဒ်ကို သိရပြီးမှ နောက်ထပ် ဘယ်လိုကုသမှုမျိုးတွေ လုပ်မယ်ဆိုတာ ကို ဆုံးဖြတ်ချက် ချမှာပါ ဆိုပြီး ထပ်စောင်းပြောကြားခဲ့ပါတယ်.. ကျွန်တော်တို့ အနေနဲ့ ကိုယ်တိုင်သတင်းထုတ်ပြန်ခဲ့ချင်ပင်မယ့်  မီဒီယာတွေ က အရင်သတင်း ထုတ်ပြန်လိုက်တာ မလို့ ပါ ဆိုပြီးတော့လည်း ပြောကြားလိုက်ပါသေးတယ်…။

Related Article >>> ၂၀၁၇ထဲမှာ လက်ထပ်သွားတဲ့ ကိုရီးယားမင်းသား ၈ယောက်

ကင်ဝူဘင်မှာ ကင်ဆာကုထုံးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်တဲ့ ဆံပင်တွေ ကျွတ်တာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲတာ မျိုးတွေ မကြုံတွေ့ ရပင်မယ့် ကိုယ်အလေးချိန် (၁၀) ကီလိုဂရမ်တော့ ကျဆင်းသွားခဲ့ပါတယ်.. အခုလက်ရှိမှာတော့ လေ့ကျင့်ခန်း ကို ကောင်းကောင်းလုပ်နိုင်တဲ့အထိ ပြန်ပြီး ကောင်းမွန်လာပါပြီ…

အင်တာဗျူး တစ်ခုမှာလည်း မင်းသား ကန်ဟာနူး က” ကျွန်တော် သူ့ ကို ကျွန်တော့် နှလုံးသား ထဲ က ကို တွေးပြီး စိတ်ပူနေမိပါတယ်.. အခုအချိန်မှာ ကျွန်တော်အလိုချင်ဆုံး အရာ ကို ပြောပါဆိုရင် ဝူဘင် ကို မြန်မြန်သက်သာစေချင်တာ တစ်ခုပါပဲ လို့ ပြောကြားခဲ့ပါတယ်.. ကင်ဝူဘင်နဲ့  ကန်ဟာနူး တို့ နှစ်ယောက် က The Heirs ဇာတ်ကားမှာ အတူတူ တွဲဖက်သရုပ်ဆောင်ခဲ့ဖူးပါတယ်…။

Akari ( For Her Myanmar )

Source – https://www.koreadispatch.com/2017/07/29/kim-woo-bin-completed-the-first-round-of-chemotherapy/

No Comments Yet

Comments are closed