Women News

အရိုးကြဲေအာင္ရိုက္မွ အသည္းစြဲေအာင္ ခ်စ္တယ္တဲ့လား?

ဒါမ်ိဳး မိမိလက္မခံပါ…

အ႐ိုးကြဲေအာင္ ႐ိုက္မွ အသည္းစြဲေအာင္ ခ်စ္တယ္ဆုိတဲ့ ျမန္မာစကားပံုကို ျမန္မာလူမ်ိဳးတိုင္းၾကားဖူးၾကပါတယ္။ စသလိုလို ေနာက္သလုိလို ေျပာၾကတဲ့ လူေတြ ႐ွိသလုိ၊ တကယ္အတည္မွတ္ယူေနသူေတြလည္း ႐ွိၾကပါတယ္။

အဲဒီစကားပံုရဲ႕ ေနာက္မွာ နာက်င္မႈေတြကို ႀကိတ္မွိတ္ခံစားေနရတဲ့ အမ်ိဳးသမီးေတြ ဘယ္ေလာက္မ်ားမ်ားေနၿပီလဲ ဆိုတာ စဥ္းစားမိသူေတြကေတာ့ ခပ္႐ွား႐ွားျဖစ္ပါလိမ့္မယ္။ တရားဝင္ျပဳစုထားတဲ့ စာရင္းဇယားေတြမ႐ွိေပမဲ့ အိမ္တြင္းအၾကမ္းဖက္မႈလို႔ ေခၚဆုိၾကတဲ့ လင္ေယာက်္ားေတြ၊ ခ်စ္သူေတြရဲ႕ ႐ုိက္ႏွက္မႈကို ခံစားေနရတဲ့ အမ်ိဳးသမီးမ်ားစြာကိုလည္း ပတ္ဝန္းက်င္မွာ ျမင္ေနေတြ႕ေနၾကပါတယ္။

Related Article >>> ၾကားသံုးၾကား ဝင္မပါရတဲ့… အခ်ိန္တိုင္း မွန္ေနရဲ႕လား?

ခက္တာက လူအမ်ားက ဒီအျဖစ္ကို ျဖစ္႐ိုးျဖစ္စဥ္တစ္ခုလုိ႔ သတ္မွတ္ထားၾကတဲ့ အျဖစ္ပါ။ လင္ေယာက်္ားက သူ႔မိန္းမျဖစ္သူကို ႐ိုက္ႏွက္တာ ဘာမွမဆန္းဘူးလို႔ ယူဆၾကတာပါ။ အမ်ိဳးသမီးတစ္ေယာက္က သူ ႐ိုက္ႏွက္ခံရပါတယ္လို႔ ရင္ဖြင့္ရင္ သူ႔မိခင္ အရင္းကေတာင္ ကိုယ့္ေယာက်္ားက ႐ိုက္တာပဲ သည္းခံ၊ အခ်ိန္တန္ေတာ့လည္း ျပန္အဆင္ေျပသြားမွာပဲ ဆိုတာမ်ိဳး ျပန္ေျပာတတ္ၾကပါတယ္။

ေခတ္ေတြ အမ်ိဳးမ်ိဳးေျပာင္းလာ၊ နည္းပညာေတြ တိုးတက္လာေပမဲ့ မိန္းမေတြအေပၚ လက္ပါတတ္တဲ့ ေယာက်္ားမ်ိဳးကလည္း ႐ွိေနဆဲပါ။ ဒီလုိ ကိုယ္ထိလက္ေရာက္ ေျဖ႐ွင္းလုိက္မွ ေက်နပ္တဲ့ ေယာက်္ားမ်ိဳးဆိုတာ ဆင္းရဲ၊ ခ်မ္းသာ၊ ပညာတတ္၊ ပညာမဲ့၊ ၿမိဳ႕ေန၊ ေတာေန လူတန္းစားအလႊာတိုင္းမွာ ႐ွိတတ္သလုိ ႏိုင္ငံမေရြး၊ လူမ်ိဳးမေ႐ြး၊ ဘာသာမေ႐ြး ႐ွိေနတတ္ပါတယ္။

ႏႈတ္ဆိတ္မေနသင့္ေတာ့ပါ

ဒါေၾကာင့္ ဒီဘက္ေခတ္မွာ အမ်ိဳးသမီးေတြ အၾကမ္းဖက္ခံေနရတာကို ရပ္တန္႔ဖုိ႔ အသိေပး၊ ပညာေပးမႈေတြလုပ္လာၾကပါတယ္။ လူေတြကိုယ္တုိင္က အမ်ိဳးသမီးတစ္ဦးဟာ လင္ေယာက်္ား၊ ခ်စ္သူရည္းစားက ႐ုိက္ႏွက္ခံရတဲ့အခါ ဒါဟာ ျဖစ္႐ိုးျဖစ္စဥ္တစ္ခုလို႔ မသတ္မွတ္ဘဲ တားဆီးသင့္တဲ့ မတရားမႈတစ္ခုလုိ႔ သေဘာထားရမွာပါ။

ေနာက္တစ္ခုက ကာယကံ႐ွင္အမ်ိဳးသမီးေတြဘက္က ေျပာင္းလဲရမယ့္ အရာေတြပါ။ တခ်ိဳ႕အမ်ိဳးသမီးေတြက ဒီလို အၾကမ္းဖက္မႈကို မႀကိဳက္သလို ဒီလို ေယာက်္ားမ်ိဳးနဲ႔ ျပတ္စဲလုိပါတယ္။ ဒါေပမဲ့ အေျခအေန အေၾကာင္းေၾကာင္းေၾကာင့္ ႐ုန္းမထြက္ႏုိ္င္သူေတြပါ။ ဥပမာ – သူ႔မွာ ကိုယ္ပိုင္ရပ္တည္ဖို႔ အဆင္မေျပတာ၊ သူနဲ႔ ေဝးရာကို သြားရင္ အသတ္ခံရမယ္လို႔ ၿခိမ္းေျခာက္ခံထားရတာမ်ိဳးေပါ့။

Related Article >>> ကာမပိုင္ လင္ေယာက္်ား ဆိုေပမဲ့ ကိုယ့္ကာမကို ကိုယ္သာပိုင္ပါတယ္

ဒီလုိ အေျခအေနအမ်ိဳးမွာဆုိရင္ ဒီမိန္းကေလးကို ပတ္ဝန္းက်င္က ကူညီေဖးမေပးဖို႔ သိပ္လိုအပ္ပါတယ္။ ဒီလုိ အေျခအေနမ်ိဳးမဟုတ္ဘဲ တျခား အေျခအေနမ်ိဳး ႐ွိေနပါေသးတယ္။ ဘယ္လိုမ်ိဳးလဲဆိုေတာ့ လင္မယားႏွစ္ေယာက္ ရန္ျဖစ္လို႔ ေယာက္်ားျဖစ္သူက ရိုက္ႏွက္တဲ့အခါမွာ ေဘးပတ္ဝန္းက်င္က မေနႏိုင္ဘဲ ကူညီေပးၾကတဲ့အခါမ်ိဳးမွာ ျဖစ္တတ္ပါတယ္။ ရိုက္ခံရသူ အမ်ိဳးသမီးကိုယ္တိုင္က သူ႕ေယာက္်ား သူ႕ကို ရိုက္ႏွက္ေနျခင္းဟာ သူတို႔လင္မယားကိစၥသာ ျဖစ္ေနတာမို႔ အျပင္လူက ဝင္ကူၿပီး သူ႕ေယာက္်ားကို ရန္လုပ္တာမ်ိဳးကို လက္မခံတာပါ။ ဒီအေျခအေနမ်ိဳးမွာ ဝင္ကူညီတဲ့သူက အလကားေနရင္း အရိုက္ခံရသူ အမ်ိဳးသမီးရဲ႕ ရန္မူျခင္း၊ ရန္ေစာင္ျခင္းကို ခံရပါေတာ့တယ္။ ဒါဟာလည္း လင္မယားေတြ ရန္ျဖစ္ၾကရင္ ပတ္ဝန္းက်င္က ဝင္မကူျဖစ္ၾကျခင္းရဲ႕ အေၾကာင္းရင္း တစ္ခု ျဖစ္မယ္လို႔ ထင္ပါတယ္။

အျပင္ေလာကမွာ ဒီအျဖစ္အပ်က္ေတြလည္းအမ်ားႀကီးပါ။ ကိုယ္တုိင္က အၾကမ္းဖက္ခံ၊ ႏွိပ္စက္႐ိုက္ႏွက္ခံေနရေပမဲ့ ဒီေယာက်ာ္းကို မမုန္းႏိုင္၊ မျပတ္ႏုိင္ဘဲ ခ်စ္ခင္စြဲလမ္းေနတဲ့ အမ်ိဳးသမီးေတြကို ျမင္ဖူး၊ ေတြ႕ဖူးၾကမွာပါ။

ဒီလုိအမ်ိဳးသမီးေတြကိုေတာ့ ပတ္ဝန္းက်င္က အကူအညီေပးဖုိ႔ထက္ သူကိုယ္တုိင္က ဒီအေျခအေနကေန ႐ုန္းထြက္ခ်င္မွပဲ ျဖစ္မွာပါ။ တစ္ေန႔က် သူေျပာင္းလဲခ်င္၊ ေျပာင္းလဲလာမွာပါလုိ႔မ်ား မေတြးေစခ်င္ပါဘူးေနာ္။ ဒီလို လက္ပါတတ္သူေတြက တစ္သက္လံုး လက္ပါေနေတာ့မွာပါ။

ဒါေၾကာင့္ ဒီလုိအေျခအေနေတြကေန သတိၱ႐ွိ႐ွိ ႐ုန္းထြက္ရဲၿပီး ကိုယ့္ကို ခ်စ္ခင္ၾကင္နာစြာ ဆက္ဆံတတ္တဲ့ခ်စ္သူမ်ိဳးကိုပဲ လက္တြဲႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးရင္း ……

Sugar Cane (For Her Myanmar)

<<< Unicode >>>

ဒါမျိုး မိမိလက်မခံပါ…

အရိုးကွဲအောင် ရိုက်မှ အသည်းစွဲအောင် ချစ်တယ်ဆိုတဲ့ မြန်မာစကားပုံကို မြန်မာလူမျိုးတိုင်းကြားဖူးကြပါတယ်။ စသလိုလို နောက်သလိုလို ပြောကြတဲ့ လူတွေ ရှိသလို၊ တကယ်အတည်မှတ်ယူနေသူတွေလည်း ရှိကြပါတယ်။

အဲဒီစကားပုံရဲ့ နောက်မှာ နာကျင်မှုတွေကို ကြိတ်မှိတ်ခံစားနေရတဲ့ အမျိုးသမီးတွေ ဘယ်လောက်များများနေပြီလဲ ဆိုတာ စဉ်းစားမိသူတွေကတော့ ခပ်ရှားရှားဖြစ်ပါလိမ့်မယ်။ တရားဝင်ပြုစုထားတဲ့ စာရင်းဇယားတွေမရှိပေမဲ့ အိမ်တွင်းအကြမ်းဖက်မှုလို့ ခေါ်ဆိုကြတဲ့ လင်ယောကျ်ားတွေ၊ ချစ်သူတွေရဲ့ ရိုက်နှက်မှုကို ခံစားနေရတဲ့ အမျိုးသမီးများစွာကိုလည်း ပတ်ဝန်းကျင်မှာ မြင်နေတွေ့နေကြပါတယ်။

Related Article >>> ကြားသုံးကြား ဝင်မပါရတဲ့… အချိန်တိုင်း မှန်နေရဲ့လား?

ခက်တာက လူအများက ဒီအဖြစ်ကို ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ သတ်မှတ်ထားကြတဲ့ အဖြစ်ပါ။ လင်ယောကျ်ားက သူ့မိန်းမဖြစ်သူကို ရိုက်နှက်တာ ဘာမှမဆန်းဘူးလို့ ယူဆကြတာပါ။ အမျိုးသမီးတစ်ယောက်က သူ ရိုက်နှက်ခံရပါတယ်လို့ ရင်ဖွင့်ရင် သူ့မိခင် အရင်းကတောင် ကိုယ့်ယောကျ်ားက ရိုက်တာပဲ သည်းခံ၊ အချိန်တန်တော့လည်း ပြန်အဆင်ပြေသွားမှာပဲ ဆိုတာမျိုး ပြန်ပြောတတ်ကြပါတယ်။

ခေတ်တွေ အမျိုးမျိုးပြောင်းလာ၊ နည်းပညာတွေ တိုးတက်လာပေမဲ့ မိန်းမတွေအပေါ် လက်ပါတတ်တဲ့ ယောကျ်ားမျိုးကလည်း ရှိနေဆဲပါ။ ဒီလို ကိုယ်ထိလက်ရောက် ဖြေရှင်းလိုက်မှ ကျေနပ်တဲ့ ယောကျ်ားမျိုးဆိုတာ ဆင်းရဲ၊ ချမ်းသာ၊ ပညာတတ်၊ ပညာမဲ့၊ မြို့နေ၊ တောနေ လူတန်းစားအလွှာတိုင်းမှာ ရှိတတ်သလို နိုင်ငံမရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး ရှိနေတတ်ပါတယ်။

နှုတ်ဆိတ်မနေသင့်တော့ပါ

ဒါကြောင့် ဒီဘက်ခေတ်မှာ အမျိုးသမီးတွေ အကြမ်းဖက်ခံနေရတာကို ရပ်တန့်ဖို့ အသိပေး၊ ပညာပေးမှုတွေလုပ်လာကြပါတယ်။ လူတွေကိုယ်တိုင်က အမျိုးသမီးတစ်ဦးဟာ လင်ယောကျ်ား၊ ချစ်သူရည်းစားက ရိုက်နှက်ခံရတဲ့အခါ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ မသတ်မှတ်ဘဲ တားဆီးသင့်တဲ့ မတရားမှုတစ်ခုလို့ သဘောထားရမှာပါ။

နောက်တစ်ခုက ကာယကံရှင်အမျိုးသမီးတွေဘက်က ပြောင်းလဲရမယ့် အရာတွေပါ။ တချို့အမျိုးသမီးတွေက ဒီလို အကြမ်းဖက်မှုကို မကြိုက်သလို ဒီလို ယောကျ်ားမျိုးနဲ့ ပြတ်စဲလိုပါတယ်။ ဒါပေမဲ့ အခြေအနေ အကြောင်းကြောင်းကြောင့် ရုန်းမထွက်နိုင်သူတွေပါ။ ဥပမာ – သူ့မှာ ကိုယ်ပိုင်ရပ်တည်ဖို့ အဆင်မပြေတာ၊ သူနဲ့ ဝေးရာကို သွားရင် အသတ်ခံရမယ်လို့ ခြိမ်းခြောက်ခံထားရတာမျိုးပေါ့။

Related Article >>> ကာမပိုင် လင်ယောက်ျား ဆိုပေမဲ့ ကိုယ့်ကာမကို ကိုယ်သာပိုင်ပါတယ်

ဒီလို အခြေအနေအမျိုးမှာဆိုရင် ဒီမိန်းကလေးကို ပတ်ဝန်းကျင်က ကူညီဖေးမပေးဖို့ သိပ်လိုအပ်ပါတယ်။ ဒီလို အခြေအနေမျိုးမဟုတ်ဘဲ တခြား အခြေအနေမျိုး ရှိနေပါသေးတယ်။ ဘယ်လိုမျိုးလဲဆိုတော့ လင်မယားနှစ်ယောက် ရန်ဖြစ်လို့ ယောက်ျားဖြစ်သူက ရိုက်နှက်တဲ့အခါမှာ ဘေးပတ်ဝန်းကျင်က မနေနိုင်ဘဲ ကူညီပေးကြတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ ရိုက်ခံရသူ အမျိုးသမီးကိုယ်တိုင်က သူ့ယောက်ျား သူ့ကို ရိုက်နှက်နေခြင်းဟာ သူတို့လင်မယားကိစ္စသာ ဖြစ်နေတာမို့ အပြင်လူက ဝင်ကူပြီး သူ့ယောက်ျားကို ရန်လုပ်တာမျိုးကို လက်မခံတာပါ။ ဒီအခြေအနေမျိုးမှာ ဝင်ကူညီတဲ့သူက အလကားနေရင်း အရိုက်ခံရသူ အမျိုးသမီးရဲ့ ရန်မူခြင်း၊ ရန်စောင်ခြင်းကို ခံရပါတော့တယ်။ ဒါဟာလည်း လင်မယားတွေ ရန်ဖြစ်ကြရင် ပတ်ဝန်းကျင်က ဝင်မကူဖြစ်ကြခြင်းရဲ့ အကြောင်းရင်း တစ်ခု ဖြစ်မယ်လို့ ထင်ပါတယ်။

အပြင်လောကမှာ ဒီအဖြစ်အပျက်တွေလည်းအများကြီးပါ။ ကိုယ်တိုင်က အကြမ်းဖက်ခံ၊ နှိပ်စက်ရိုက်နှက်ခံနေရပေမဲ့ ဒီယောကျာ်းကို မမုန်းနိုင်၊ မပြတ်နိုင်ဘဲ ချစ်ခင်စွဲလမ်းနေတဲ့ အမျိုးသမီးတွေကို မြင်ဖူး၊ တွေ့ဖူးကြမှာပါ။

ဒီလိုအမျိုးသမီးတွေကိုတော့ ပတ်ဝန်းကျင်က အကူအညီပေးဖို့ထက် သူကိုယ်တိုင်က ဒီအခြေအနေကနေ ရုန်းထွက်ချင်မှပဲ ဖြစ်မှာပါ။ တစ်နေ့ကျ သူပြောင်းလဲချင်၊ ပြောင်းလဲလာမှာပါလို့များ မတွေးစေချင်ပါဘူးနော်။ ဒီလို လက်ပါတတ်သူတွေက တစ်သက်လုံး လက်ပါနေတော့မှာပါ။

ဒါကြောင့် ဒီလိုအခြေအနေတွေကနေ သတ္တိရှိရှိရုန်းထွက်ရဲပြီး ကိုယ့်ကို ချစ်ခင်ကြင်နာစွာဆက်ဆံတတ်တဲ့ချစ်သူမျိုးကိုပဲ လက်တွဲနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ……

Sugar Cane (For Her Myanmar)

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *