Women News

ေအာင္ျမင္တဲ့ အမ်ိဳးသမီးေတြ ေပးတဲ့ ဘဝသင္ခန္းစာ (၅)ခု

သူတို႔ေတြ ဘဝနဲ႔ရင္းၿပီးရခဲ့တဲ့ သင္ခန္းစာေတြက ဘာေတြလဲဆုိေတာ့ ….

>>> Zawgyi >>>

ဘဝဆုိတာ အသိပညာေတြ၊ အေတြးအေခၚေတြနဲ႔ သင္ခန္းစာေတြကို ပို႔ခ်ရာ တကၠသိုလ္ႀကီးလုိ႔ဆိုၾကပါတယ္။ ဒီဘဝတကၠသိုလ္ႀကီးမွာ ေအာင္ျမင္မႈေတြရခဲ့တဲ့ နယ္ပယ္အသီးသီးက ထင္႐ွားသူအမ်ိဳးသမီးအခ်ိဳ႕ဟာ သူတို႔ကိုယ္တိုင္ရခဲ့တဲ့ ဘဝသင္ခန္းစာ ငါးခုကို ဒီလိုမွ်ေဝေပးခဲ့ပါတယ္။

၁။ လူအမ်ားစုက သူတုိ႔ ဘာျဖစ္ခ်င္တယ္ဆုိတာကို မေျပာရဲၾကဘူး။ ဒါေၾကာင့္ သူတို႔ လိုခ်င္တာမွန္သမွ်ကို မရၾကတာပဲ။ 

မက္ေဒါနား

ဒီစကားကိုေျပာခဲ့သူက နာမည္ေက်ာ္အဆိုေတာ္ မက္ေဒါနားပဲ ျဖစ္ပါတယ္။ မိဘေတြက ဘာျဖစ္ေစခ်င္တာ၊ ဆရာသမားနဲ႔ မိတ္ေဆြေတြက ဘာျဖစ္သင့္တယ္လုိ႔တိုက္တြန္းၾကတာေတြကို မလြန္ဆန္ႏုိင္သမွ် ကိုယ္ျဖစ္ခ်င္တာ ကိုယ္လိုခ်င္တာေတြနဲ႔ ေဝးေနဦးမွာမုိ႔ ကိုယ္ျဖစ္ခ်င္တာကိုရဲရဲရင့္ရင့္လုပ္ရဲတဲ့ သတၱိကိုေမြးၾကပါလို႔ သူကတိုက္တြန္းခဲ့ပါတယ္။

၂။ ကိုယ္လုပ္ရမွာ ေၾကာက္တဲ့ အလုပ္ကို ေန႔တုိင္း လုပ္ပါ။

အယ္လီနာ႐ုစဗဲ့

ဒါကေတာ့ အေမရိကန္သမၼကေတာ္ အယ္လီနာ႐ုစဗဲ့ရဲ႕စကား ျဖစ္ပါတယ္။ ကိုယ္က အဂၤလိပ္စကားေျပာရမွာ ေၾကာက္လန္႔ေနသူလား။ ဒါဆိုရင္ အဂၤလိပ္စကား ကၽြမ္းက်င္ေအာင္ ေလ့က်င့္ပါ။ လူအမ်ားနဲ႔ မိတ္ေဆြဖြဲ႕ရမွာ ႐ွက္႐ြံ႕ေၾကာက္လန္႔ေနသလား။ ဒါဆိုရင္ မိတ္ေဆြဖြဲ႕တဲ့ေနရာမွာ ကၽြမ္းက်င္သူျဖစ္ေအာင္ႀကိဳးစားပါ။ ဒီလိုဆုိရင္ ကိုယ့္အရည္အေသြးေတြက ပိုပိုတုိးတက္လာမွာပဲေလ။

Related Article >>> ေအာင္ျမင္တဲ့ အမ်ိဳးသမီးေတြ သူတို႔ပိတ္ရက္ေတြကို ဘယ္လုိအသံုးခ်ၾကသလဲ?

၃။ ဘဝရဲ႕ ဒုကၡေတြဆုိတာ ဘဝရဲ႕ လက္ေဆာင္ေတြပါပဲ။ တုံ႔ျပန္တုိက္ခိုက္ဖုိ႔ မႀကိဳးစားပါနဲ႔။ ဘယ္လုိဆက္ရပ္တည္မလဲ ဆိုတဲ့ နည္းလမ္းသစ္ကိုသာ ႐ွာပါ။

ေအာ္ပရာဝင္းဖေရး

ဒါကေတာ့ ကမာၻေက်ာ္အမ်ိဳးသမီး ေအာ္ပရာဝင္းဖေရးရဲ႕ ဘဝသင္ခန္းစာတစ္ခုပါပဲ။ ၾကမ္းတမ္းလြန္းတဲ့ ဘဝကေန ကမာၻေက်ာ္ျဖစ္လာေအာင္ ႀကိဳးစားခဲ့သူလုိ႔ လူအမ်ားသိထားတဲ့ သူ႕မွာ ဘဝနဲ႔ပတ္သက္တဲ့ ၾကမ္းတမ္းတဲ့သင္ခန္းစာေတြ မ်ားလြန္းပါတယ္။ ဘဝရဲ႕ ဒုကၡေတြကို အရံႈးမေပးဘဲ အၿမဲတေစႀကိဳးစားေနမယ္ဆိုရင္ေတာ့ ေအာင္ျမင္မႈဟာ မေဝးလွဘူးဆိုတာ သူက သက္ေသျပထားတာပါပဲ။

၄။ လူေတြက က်႐ံႈးတတ္ပါတယ္။ ေတာ္လြန္းလို႔၊ ထက္ျမက္လြန္းလို႔၊ ေအာင္ျမင္လြန္းလုိ႔ မ႐ံႈးနိမ့္ေတာ့ဘူးဆုိတာ ဘယ္ေတာ့မွမ႐ွိပါဘူး။ က်႐ံႈးမႈဆိုတာ ျဖစ္တတ္တဲ့ အရာပါ။

ဘီယြန္းေဆး

နာမည္ႀကီးအဆိုေတာ္ ဘီယြန္းေဆးရဲ႕ ဘဝသင္ခန္းစာျဖစ္ပါတယ္။ လူတုိင္း ႐ံႈးနိမ့္ဖူးတယ္။ လူတုိင္းအမွားေတြလုပ္ဖူးတယ္။ ႐ံႈးနိမ့္မႈေတြ၊ က်႐ံႈးမႈေတြကို ဘယ္လိုတံု႔ျပန္အႏုိင္ယူျပလဲဆိုတာေၾကာင့္သာ လူေတြကကြဲျပားသြားပါသတဲ့။

၅။ ကိုယ္ ႏွစ္နဲ႔ခ်ီ အခ်ိန္ယူတည္ေဆာက္ထားတဲ့ အရာတစ္ခုဟာ တစ္ညတည္းနဲ႔ ပ်က္စီးသြားႏုိင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ တည္ေဆာက္ေနဖို႔ေတာ့ လိုပါတယ္။ 

မာသာထရီဇာ

ကမာၻ႕ၿငိမ္းခ်မ္းေရး ႏုိဘယ္လ္ဆုရွင္ မာသာထရီဇာက သူရ႐ွိခဲ့တဲ့ ဘဝသင္ခန္းစာတစ္ခုကို ဒီလုိမွ်ေဝေပးခဲ့တာပါ။ ေလာကဓံတရားဆုိတာ အခ်ိန္မေရြးေရာက္လာၿပီး ကိုယ္တည္ေဆာက္ခဲ့သမွ်ကို ဖ်က္ဆီးသြားႏုိင္ပါတယ္။ ဒါေပမဲ့ အဲဒါေၾကာင့္ေတာ့ ကိုယ့္ႀကိဳးစားအားထုတ္မႈကို မရပ္လိုက္ပါနဲ႔ေနာ္။

ဒီသင္ခန္းစာေတြက ေအာင္ျမင္မႈရ႐ွိထားတဲ့ အမ်ိဳးသမီးေတြရဲ႕ ဘဝထဲက သင္ခန္းစာေတြပါ။ လူတုိင္းမွာလည္း သူတုိ႔ကို ဘဝကေပးထားတဲ့ သင္ခန္းစာေတြရွိမွာပါပဲ။ ေယာင္းတုိ႔ရဲ႕ ကိုယ္ပိုင္ဘဝသင္ခန္းစာေတြ႐ွိရင္ မွ်ေဝေပးခဲ့ပါဦး။

Sugar Cane(For Her Myanmar)

References : get-a-wingmancareergirldaily

>> Unicode >>>

သူတို့တွေ ဘဝနဲ့ရင်းပြီးရခဲ့တဲ့ သင်ခန်းစာတွေက ဘာတွေလဲဆိုတော့ ….

ဘဝဆိုတာ အသိပညာတွေ၊ အတွေးအခေါ်တွေနဲ့ သင်ခန်းစာတွေကို ပို့ချရာ တက္ကသိုလ်ကြီးလို့ဆိုကြပါတယ်။ ဒီဘဝတက္ကသိုလ်ကြီးမှာ အောင်မြင်မှုတွေရခဲ့တဲ့ နယ်ပယ်အသီးသီးက ထင်ရှားသူအမျိုးသမီးအချို့ဟာ သူတို့ကိုယ်တိုင်ရခဲ့တဲ့ ဘဝသင်ခန်းစာ ငါးခုကို ဒီလိုမျှဝေပေးခဲ့ပါတယ်။

၁။ လူအများစုက သူတို့ ဘာဖြစ်ချင်တယ်ဆိုတာကို မပြောရဲကြဘူး။ ဒါကြောင့် သူတို့ လိုချင်တာမှန်သမျှကို မရကြတာပဲ။ 

မက်ဒေါနား

ဒီစကားကိုပြောခဲ့သူက နာမည်ကျော်အဆိုတော် မက်ဒေါနားပဲ ဖြစ်ပါတယ်။ မိဘတွေက ဘာဖြစ်စေချင်တာ၊ ဆရာသမားနဲ့ မိတ်ဆွေတွေက ဘာဖြစ်သင့်တယ်လို့တိုက်တွန်းကြတာတွေကို မလွန်ဆန်နိုင်သမျှ ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာတွေနဲ့ ဝေးနေဦးမှာမို့ ကိုယ်ဖြစ်ချင်တာကိုရဲရဲရင့်ရင့်လုပ်ရဲတဲ့ သတ္တိကိုမွေးကြပါလို့ သူကတိုက်တွန်းခဲ့ပါတယ်။

၂။ ကိုယ်လုပ်ရမှာ ကြောက်တဲ့ အလုပ်ကို နေ့တိုင်း လုပ်ပါ။

အယ်လီနာရုစဗဲ့

ဒါကတော့ အမေရိကန်သမ္မကတော် အယ်လီနာရုစဗဲ့ရဲ့စကား ဖြစ်ပါတယ်။ ကိုယ်က အင်္ဂလိပ်စကားပြောရမှာ ကြောက်လန့်နေသူလား။ ဒါဆိုရင် အင်္ဂလိပ်စကား ကျွမ်းကျင်အောင် လေ့ကျင့်ပါ။ လူအများနဲ့ မိတ်ဆွေဖွဲ့ရမှာ ရှက်ရွံ့ကြောက်လန့်နေသလား။ ဒါဆိုရင် မိတ်ဆွေဖွဲ့တဲ့နေရာမှာ ကျွမ်းကျင်သူဖြစ်အောင်ကြိုးစားပါ။ ဒီလိုဆိုရင် ကိုယ့်အရည်အသွေးတွေက ပိုပိုတိုးတက်လာမှာပဲလေ။

Related Article >>> အောင်မြင်တဲ့ အမျိုးသမီးတွေ သူတို့ပိတ်ရက်တွေကို ဘယ်လိုအသုံးချကြသလဲ?

၃။ ဘဝရဲ့ ဒုက္ခတွေဆိုတာ ဘဝရဲ့ လက်ဆောင်တွေပါပဲ။ တုံ့ပြန်တိုက်ခိုက်ဖို့ မကြိုးစားပါနဲ့။ ဘယ်လိုဆက်ရပ်တည်မလဲ ဆိုတဲ့ နည်းလမ်းသစ်ကိုသာ ရှာပါ။

အော်ပရာဝင်းဖရေး

ဒါကတော့ ကမ္ဘာကျော်အမျိုးသမီး အော်ပရာဝင်းဖရေးရဲ့ ဘဝသင်ခန်းစာတစ်ခုပါပဲ။ ကြမ်းတမ်းလွန်းတဲ့ ဘဝကနေ ကမ္ဘာကျော်ဖြစ်လာအောင် ကြိုးစားခဲ့သူလို့ လူအများသိထားတဲ့ သူ့မှာ ဘဝနဲ့ပတ်သက်တဲ့ ကြမ်းတမ်းတဲ့သင်ခန်းစာတွေ များလွန်းပါတယ်။ ဘဝရဲ့ ဒုက္ခတွေကို အရှုံးမပေးဘဲ အမြဲတစေကြိုးစားနေမယ်ဆိုရင်တော့ အောင်မြင်မှုဟာ မဝေးလှဘူးဆိုတာ သူက သက်သေပြထားတာပါပဲ။

၄။ လူတွေက ကျရှုံးတတ်ပါတယ်။ တော်လွန်းလို့၊ ထက်မြက်လွန်းလို့၊ အောင်မြင်လွန်းလို့ မရှုံးနိမ့်တော့ဘူးဆိုတာ ဘယ်တော့မှမရှိပါဘူး။ ကျရှုံးမှုဆိုတာ ဖြစ်တတ်တဲ့ အရာပါ။

ဘီယွန်းဆေး

နာမည်ကြီးအဆိုတော် ဘီယွန်းဆေးရဲ့ ဘဝသင်ခန်းစာဖြစ်ပါတယ်။ လူတိုင်း ရှုံးနိမ့်ဖူးတယ်။ လူတိုင်းအမှားတွေလုပ်ဖူးတယ်။ ရှုံးနိမ့်မှုတွေ၊ ကျရှုံးမှုတွေကို ဘယ်လိုတုံ့ပြန်အနိုင်ယူပြလဲဆိုတာကြောင့်သာ လူတွေကကွဲပြားသွားပါသတဲ့။

၅။ ကိုယ် နှစ်နဲ့ချီ အချိန်ယူတည်ဆောက်ထားတဲ့ အရာတစ်ခုဟာ တစ်ညတည်းနဲ့ ပျက်စီးသွားနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တည်ဆောက်နေဖို့တော့ လိုပါတယ်။ 

မာသာထရီဇာ

ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် မာသာထရီဇာက သူရရှိခဲ့တဲ့ ဘဝသင်ခန်းစာတစ်ခုကို ဒီလိုမျှဝေပေးခဲ့တာပါ။ လောကဓံတရားဆိုတာ အချိန်မရွေးရောက်လာပြီး ကိုယ်တည်ဆောက်ခဲ့သမျှကို ဖျက်ဆီးသွားနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါကြောင့်တော့ ကိုယ့်ကြိုးစားအားထုတ်မှုကို မရပ်လိုက်ပါနဲ့နော်။

ဒီသင်ခန်းစာတွေက အောင်မြင်မှုရရှိထားတဲ့ အမျိုးသမီးတွေရဲ့ ဘဝထဲက သင်ခန်းစာတွေပါ။ လူတိုင်းမှာလည်း သူတို့ကို ဘဝကပေးထားတဲ့ သင်ခန်းစာတွေရှိမှာပါပဲ။ ယောင်းတို့ရဲ့ ကိုယ်ပိုင်ဘဝသင်ခန်းစာတွေရှိရင် မျှဝေပေးခဲ့ပါဦး။

Sugar Cane(For Her Myanmar)

References : get-a-wingmancareergirldaily

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *