လူေျပာမ်ားေနၾကတဲ့ ကာမလိမ္လည္မႈအေၾကာင္း

Facebook ေပၚမွာ ဒီဥပေဒအေၾကာင္း ေျပာေနၾကတာအားလံုးမွန္ရဲ႕လားဆိုေတာ့ 

ဒီရက္ပိုင္း လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔လာတဲ့ ကိစၥတစ္ခုနဲ႔ ပတ္သက္ၿပီး ကာမလိမ္လည္ရယူမႈအေၾကာင္း ေတာ္ေတာ္ေလး လူေျပာမ်ားလာၾကပါတယ္။ ၾကားသိဖူးသမွ်အေပၚ အေျခခံၿပီး ေျပာၾကတာ႐ွိသလို ဥပေဒပညာ႐ွင္ေတြကိုယ္တိုင္ ႐ွင္းလင္းေျပာျပတာေတြလည္း ႐ွိပါတယ္။

ဒီအခါ သူ႔အျမင္ ကိုယ့္အျမင္ဖလွယ္ၾက၊ ေျပာၾကဆိုၾကေတာ့ ဒီအဆိုေတြမွာ မွန္တာလည္း႐ွိသလို အခ်က္အလက္ မျပည့္စံုတာမ်ိဳးေတြလည္း ေတြ႕ရပါတယ္။ ေနာက္တစ္ခုက ဒီဥပေဒကလည္း အားလံုး သိသင့္တဲ့ ဥပေဒျဖစ္တယ္လို႔ ထင္တာမို႔ အက္ဒ္မင္က ကာမလိမ္လည္မႈ အေၾကာင္းကို ႐ွာေဖြေလ့လာဖတ္႐ႈၾကည့္ၿပီး ေယာင္းတို႔အတြက္ မွ်ေဝတင္ဆက္ေပးလိုက္ပါတယ္။

ကာမလိမ္လည္မႈလို႔ အမ်ားသူငါ ေျပာဆိုေနၾကတဲ့ ဥပေဒဟာ လိမ္လည္မႈ ဥပေဒပုဒ္မ ၄၁၅ နဲ႔ ၄၁၇ ရဲ႕ေအာက္မွာ ႐ွိပါတယ္။ ဥပေဒပုဒ္မ ၄၁၅ က ျပစ္မႈက်ဴးလြန္ျခင္း အမ်ိဳးအစားကို သတ္မွတ္ထားတာျဖစ္ၿပီး ဥပေဒပုဒ္မ ၄၁၇ ကေတာ့ ျပစ္ဒဏ္အမ်ိဳးအစားကို ႐ွင္းျပထားတာ ျဖစ္ပါတယ္။

ပုဒ္မ ၄၁၅

သူ႔ရဲ႕ရည္႐ြယ္ခ်က္က ကာမလိမ္လည္မႈသီးသန္႔ ရည္႐ြယ္ထားတာမဟုတ္ပါဘူး။ အေယာင္ေဆာင္မႈ၊ လိမ္လည္မႈ၊ လွည့္ျဖားမႈ၊ ေသြးေဆာင္ျဖားေယာင္းမႈ၊ ကာမကို လိမ္လည္ရယူမႈ အစ႐ွိသျဖင့္ လိမ္လည္ျခင္း (Cheating) နဲ႔ ပတ္သက္တဲ့ ျပစ္မႈအားလံုးကို ထည့္သြင္းထားတာပါ။

Related Article >>> ျမန္မာမိန္းကေလးတိုင္း သိထားရမယ့္ ဥပေဒပုဒ္မ ၅၀၉

ပုဒ္မ ၄၁၇ (အခုေတာ့ ေထာင္ဒဏ္ကို သံုးႏွစ္အထိတိုးျမွင့္လုိက္ၿပီလုိ႔သိရပါတယ္)

အကယ္၍ အမ်ိဳးသားတစ္ဦးက အမ်ိဳးသမီးတစ္ဦးကို လက္ထပ္ပါမယ္လို႔ ယံုၾကည္ေအာင္ေျပာဆုိၿပီး ကာမရယူခဲ့ျခင္းဟာ လိမ္လည္မႈေျမာက္တာေၾကာင့္ ၄၁၇ နဲ႔ တရားစြဲႏိုင္ပါတယ္တဲ့။ ဒီလိုတရားစြဲလို႔ရတာကိုလည္း ဥပေဒမွာ စီရင္ထံုးေတြနဲ႔ ႐ွင္းလင္းေျပာျပထားပါတယ္။ အခ်ိဳ႕သူေတြထင္ေနၾကသလို ေယာက်္ားနဲ႔ မိန္းမ အတူေနဖူးတုိင္း ကာမလိမ္လည္မႈ ပုဒ္မ ၄၁၇ နဲ႔ တရားစြဲလို႔ရတယ္ ဆိုတာမ်ိဳး မဟုတ္ပါဘူးေနာ္.. ဒီထင္ေၾကးက မွားယြင္းပါတယ္။ အတူေနဖူးတိုင္း တရားစြဲဆိုလုိ႔မရဘဲ ေကာင္ေလးက လက္ထပ္ပါ့မယ္လုိ႔ ေျပာဆုိၿပီး ကာမကိုရယူခဲ့ဖူးၿပီး ကတိပ်က္ကြက္တာမ်ိဳးမွ တရားစြဲလုိ႔ရတယ္လို႔ ဆိုပါတယ္။

Related Article >>> အေျပာင္းအလဲတစ္ခုအတြက္ စကားသံေလးေတြလိုအပ္ပါတယ္

ေနာက္တစ္ခုက အမ်ိဳးသမီးေတြကပဲ အမ်ိဳးသားေတြကို တရားစြဲလုိ႔ရတာလား အမ်ိဳးသားေတြကေရာ တရားစြဲလုိ႔မရဘူးလားလို႔ ေမးၾကတာေတြ ႐ွိပါတယ္။ ပုဒ္မ ၄၁၇ မွာ အမ်ိဳးသမီးက စြဲရမယ္၊ အမ်ိဳးသားက စြဲရမယ္လုိ႔ မျပ႒ာန္းထားတဲ့အတြက္ အမ်ိဳးသားဘက္က နစ္နာမႈေတြ ခံစားခဲ့ရတာမ်ိဳး႐ွိရင္ အမ်ိဳးသမီးကို စြဲႏိုင္တယ္လို႔ ဥပေဒပညာ႐ွင္ေတြက ေျဖၾကားထားတာကိုလည္း ေတြ႔ျမင္ရပါတယ္။

အခ်ိဳ႕ ဥပေဒပညာ႐ွင္အခ်ိဳ႕ရဲ႕ အႀကံေပးစကားေတြအရ ကာမလိမ္လည္မႈလိုိ အမႈမ်ိဳးနဲ႔ တရားစြဲတာမ်ိဳးဟာ တရားစြဲသူဘက္က ႐ံႈးႏိုင္ေျခပိုမ်ားတယ္ဆုိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီလိုကိစၥမ်ိဳးမွာ သက္ေသတိတိက်က်ျပႏုိင္ဖုိ႔ဆိုတာ ခဲယဥ္းလုိ႔ပါတဲ့။

ေယာက်္ားေလးဘက္က မိန္းကေလးကိုယူပါမယ္လုိ႔ ကတိစကားေပးတာဟာ ရပ္သိရြာသိျဖစ္ခဲ့တဲ့အေျခအေနမ်ိဳးဆိုရင္ သက္ေသျပရလြယ္ကူေပမဲ့ ေယာက်ားေလးနဲ႔ မိန္းကေလး ႏွစ္ဦးတည္းသိတာမ်ိဳးဆိုရင္ သက္ေသျပရခက္ခဲသြားၿပီလုိ႔ ဆိုပါတယ္။

ေယာင္းတုိ႔ကို အက္ဒ္မင့္အေနနဲ႔ အႀကံေပးရမယ္ဆုိရင္ေတာ့ ဘယ္လုိပုဒ္မနဲ႔ တရားစြဲလို႔ရသည္ျဖစ္ေစ၊ မရသည္ ျဖစ္ေစ ကိုယ့္ကိုျဖားေယာင္းေသြးေဆာင္ၿပီး ကာမရယူၿပီးကာမွ ကတိဖ်က္ခံရမယ္ဆိုရင္ အရင္ဆံုး စိတ္ပိုင္းဆိုင္ရာထိခုိက္ခံစားရမွာ ကိုယ္တုိင္ပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ဘယ္သူ႔ကိုမွ အယံုမလြယ္ၾကဖို႔ သတိေလး ေပးလိုက္ပါရေစေနာ္။

Sugar Cane (For Her Myanmar)

<<< Unicode >>>

Facebook ပေါ်မှာ ဒီဥပဒေအကြောင်း ပြောနေကြတာအားလုံးမှန်ရဲ့လားဆိုတော့ 

ဒီရက်ပိုင်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး ကာမလိမ်လည်ရယူမှုအကြောင်း တော်တော်လေး လူပြောများလာကြပါတယ်။ ကြားသိဖူးသမျှအပေါ် အခြေခံပြီး ပြောကြတာရှိသလို ဥပဒေပညာရှင်တွေကိုယ်တိုင် ရှင်းလင်းပြောပြတာတွေလည်း ရှိပါတယ်။

ဒီအခါ သူ့အမြင် ကိုယ့်အမြင်ဖလှယ်ကြ၊ ပြောကြဆိုကြတော့ ဒီအဆိုတွေမှာ မှန်တာလည်းရှိသလို အချက်အလက် မပြည့်စုံတာမျိုးတွေလည်း တွေ့ရပါတယ်။ နောက်တစ်ခုက ဒီဥပဒေကလည်း အားလုံး သိသင့်တဲ့ ဥပဒေဖြစ်တယ်လို့ ထင်တာမို့ အက်ဒ်မင်က ကာမလိမ်လည်မှု အကြောင်းကို ရှာဖွေလေ့လာဖတ်ရှုကြည့်ပြီး ယောင်းတို့အတွက် မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

ကာမလိမ်လည်မှုလို့ အများသူငါ ပြောဆိုနေကြတဲ့ ဥပဒေဟာ လိမ်လည်မှု ဥပဒေပုဒ်မ ၄၁၅ နဲ့ ၄၁၇ ရဲ့အောက်မှာ ရှိပါတယ်။ ဥပဒေပုဒ်မ ၄၁၅ က ပြစ်မှုကျူးလွန်ခြင်း အမျိုးအစားကို သတ်မှတ်ထားတာဖြစ်ပြီး ဥပဒေပုဒ်မ ၄၁၇ ကတော့ ပြစ်ဒဏ်အမျိုးအစားကို ရှင်းပြထားတာ ဖြစ်ပါတယ်။


ပုဒ်မ ၄၁၅

သူ့ရဲ့ရည်ရွယ်ချက်က ကာမလိမ်လည်မှုသီးသန့် ရည်ရွယ်ထားတာမဟုတ်ပါဘူး။ အယောင်ဆောင်မှု၊ လိမ်လည်မှု၊ လှည့်ဖြားမှု၊ သွေးဆောင်ဖြားယောင်းမှု၊ ကာမကို လိမ်လည်ရယူမှု အစရှိသဖြင့် လိမ်လည်ခြင်း (Cheating) နဲ့ ပတ်သက်တဲ့ ပြစ်မှုအားလုံးကို ထည့်သွင်းထားတာပါ။

Related Article >>> မြန်မာမိန်းကလေးတိုင်း သိထားရမယ့် ဥပဒေပုဒ်မ ၅၀၉


ပုဒ်မ ၄၁၇ (အခုတော့ ထောင်ဒဏ်ကို သုံးနှစ်အထိတိုးမြှင့်လိုက်ပြီလို့သိရပါတယ်)

အကယ်၍ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို လက်ထပ်ပါမယ်လို့ ယုံကြည်အောင်ပြောဆိုပြီး ကာမရယူခဲ့ခြင်းဟာ လိမ်လည်မှုမြောက်တာကြောင့် ၄၁၇ နဲ့ တရားစွဲနိုင်ပါတယ်တဲ့။ ဒီလိုတရားစွဲလို့ရတာကိုလည်း ဥပဒေမှာ စီရင်ထုံးတွေနဲ့ ရှင်းလင်းပြောပြထားပါတယ်။ အချို့သူတွေထင်နေကြသလို ယောကျ်ားနဲ့ မိန်းမ အတူနေဖူးတိုင်း ကာမလိမ်လည်မှု ပုဒ်မ ၄၁၇ နဲ့ တရားစွဲလို့ရတယ် ဆိုတာမျိုး မဟုတ်ပါဘူးနော်.. ဒီထင်ကြေးက မှားယွင်းပါတယ်။ အတူနေဖူးတိုင်း တရားစွဲဆိုလို့မရဘဲ ကောင်လေးက လက်ထပ်ပါ့မယ်လို့ ပြောဆိုပြီး ကာမကိုရယူခဲ့ဖူးပြီး ကတိပျက်ကွက်တာမျိုးမှ တရားစွဲလို့ရတယ်လို့ ဆိုပါတယ်။

Related Article >>> အပြောင်းအလဲတစ်ခုအတွက် စကားသံလေးတွေလိုအပ်ပါတယ်

နောက်တစ်ခုက အမျိုးသမီးတွေကပဲ အမျိုးသားတွေကို တရားစွဲလို့ရတာလား အမျိုးသားတွေကရော တရားစွဲလို့မရဘူးလားလို့ မေးကြတာတွေ ရှိပါတယ်။ ပုဒ်မ ၄၁၇ မှာ အမျိုးသမီးက စွဲရမယ်၊ အမျိုးသားက စွဲရမယ်လို့ မပြဋ္ဌာန်းထားတဲ့အတွက် အမျိုးသားဘက်က နစ်နာမှုတွေ ခံစားခဲ့ရတာမျိုးရှိရင် အမျိုးသမီးကို စွဲနိုင်တယ်လို့ ဥပဒေပညာရှင်တွေက ဖြေကြားထားတာကိုလည်း တွေ့မြင်ရပါတယ်။

အချို့ ဥပဒေပညာရှင်အချို့ရဲ့ အကြံပေးစကားတွေအရ ကာမလိမ်လည်မှုလို အမှုမျိုးနဲ့ တရားစွဲတာမျိုးဟာ တရားစွဲသူဘက်က ရှုံးနိုင်ခြေပိုများတယ်ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုကိစ္စမျိုးမှာ သက်သေတိတိကျကျပြနိုင်ဖို့ဆိုတာ ခဲယဉ်းလို့ပါတဲ့။

ယောကျ်ားလေးဘက်က မိန်းကလေးကိုယူပါမယ်လို့ ကတိစကားပေးတာဟာ ရပ်သိရွာသိဖြစ်ခဲ့တဲ့အခြေအနေမျိုးဆိုရင် သက်သေပြရလွယ်ကူပေမဲ့ ယောကျားလေးနဲ့ မိန်းကလေး နှစ်ဦးတည်းသိတာမျိုးဆိုရင် သက်သေပြရခက်ခဲသွားပြီလို့ ဆိုပါတယ်။

ယောင်းတို့ကို အက်ဒ်မင့်အနေနဲ့ အကြံပေးရမယ်ဆိုရင်တော့ ဘယ်လိုပုဒ်မနဲ့ တရားစွဲလို့ရသည်ဖြစ်စေ၊ မရသည် ဖြစ်စေ ကိုယ့်ကိုဖြားယောင်းသွေးဆောင်ပြီး ကာမရယူပြီးကာမှ ကတိဖျက်ခံရမယ်ဆိုရင် အရင်ဆုံး စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရမှာ ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူ့ကိုမှ အယုံမလွယ်ကြဖို့ သတိလေး ပေးလိုက်ပါရစေနော်။

Sugar Cane (For Her Myanmar)

No Comments Yet

Comments are closed