လေးနှစ်သားအရွယ် သားလေးကို အာကာသယာဉ်မှူး ဓာတ်ပုံရိုက်ရာမှာ ခေါ်ဆောင်လာတဲ့ အာကာသယာဉ်မှူး အမျိုးသမီး

ကလေးမွေးလိုက်ရင် မိန်းမတွေကတုံးသွားရောဆိုတဲ့ စကားတွေများ ကြားရင်တော့ ဒီ အာကာသမေမေက ” ဟဟ ပဲ ရမယ်” ဆိုတဲ့ တစ်ခွန်းပဲ ပြန်ပြောပါလိမ့်မယ်.. 

ကလေးမွေးလိုက်ရင် မိန်းမတွေကတုံးသွားရောဆိုတဲ့ စကားတွေကို ဒီအာကာသယာဉ်မှူးမေမေကတော့ ရယ်နေလိမ့်မယ်။

Anne McClain ဆိုတာ ၂၁ကြိမ်မြောက် အာကာသယာဉ်မှူးကျောင်းဆင်း၊ အမေရိကန်စစ်တပ်ဗိုလ်မှူး၊ တိုက်လေယာဉ်မှူး၊ လေကြောင်းဆိုင်ရာ အင်ဂျင်နီယာ တစ်ယောက်ပါ။ သူဟာ၂၀၁၇ နိုဝင်ဘာလမှာ နာဆာကလွှတ်တင်လိုက်တဲ့ အာကာသခရီးမှာ လိုက်ပါသွားတဲ့ အာကာသယာဉ်မှူးတစ်ယောက်လည်း ဖြစ်ပါတယ်။

နာဆာထုံးစံအတိုင်း အာကသာယာဉ်တစ်စီး မထွက်ခင် လေ့ကျင့်ရေးဆင်းနေတဲ့ အာကာသယာဉ်မှူးတွေရဲ့ ပရော်ဖက်ရှင်နယ် ပုံတွေကို ရိုက်ပေးနေကျဆိုတော့ သူ့ခရီးစဉ်မစခင်မှာ Anne တစ်ယောက်လည်း အာကာသဝတ်စုံနဲ့ ပို့စ်တွေပေးရတာ အဆန်းတော့ မဟုတ်လေဘူး။ အဆန်းမဟုတ်ပေမဲ့ နာမည်ကြီးသွားတာကတော့ သူ့ရဲ့ ပရော်ဖက်ရှင်နယ် အာကာသယာဉ်မှူး ဓာတ်ပုံရိုက်တာကို သူ့ရဲ့ လေးနှစ်သားအရွယ် သားလေးကို ခေါ်လာလို့ပါ။

Related article >>> အမေရိကန်နိုင်ငံရဲ့ သမ္မတကတော်ဖြစ်ခဲ့တဲ့ Barbra Bush တစ်ယောက် ယမန်နေ့က ဆုံးပါးသွားခဲ့

လေးနှစ်အရွယ် သားလေးနဲ့
ချစ်စရာမြင်ကွင်း

သူလေ့ကျင့်ရေးဆင်းနေတဲ့ ကာလမှာ အခက်ခဲဆုံးအရာကတော့ လေးနှစ်အရွယ် သားလေးကို အိမ်မှာ ထားခဲ့ရတာပါတဲ့။ တွစ်တာမှာ သူ့ကို အာကာသခရီးထွက်ရတာနဲ့၊ အိမ်မှာနေရတာ ဘယ်ဟာပိုခက်သလဲမေးတော့ ဒီမေးခွန်းကို သူလွယ်လွယ်နဲ့ မဖြေနိုင်ဘူးလို့ ဆိုပါတယ်။

အာကာသနဲ့ အိမ် ရွေးချယ်ရခက်ခဲခဲ့တဲ့ သူမ

“သားလေးနဲ့နေရတာကတော့ ရင်ထဲငြိမ်းချမ်းရတယ်၊ အလုပ်သွားရတာကျပြန်တော့ ကျွန်မရဲ့ ရည်မှန်းချက်၊ ကျွန်မဘဝအတွက် သင်ခန်းစာတွေပေးတဲ့ အရာဖြစ်နေတယ်။ ဒီတော့ ရေရှည်မှာ မိသားစုအတွက် ကောင်းမယ့်အရာကို ရွေးလုပ်ရတာပါပဲ။ မှန်တဲ့လမ်းရွေးတယ်ဆိုပေမဲ့ သားလေးနဲ့ နေ့တိုင်း မနက်စာတူတူ မစားပေးနိုင်တာတော့ ရင်ထဲမကောင်းတာ အမှန်ပဲ။ ဒါကိုမိဘတွေအကုန် နားလည်ပါလိမ့်မယ်” လို့ Anne ကဆိုပါတယ်။

သားလေးရဲ့ အနမ်း

သားသားလေးက သူ့မေမေက အာကာသယာဉ်မှူးဆိုတာကို ကောင်းကောင်းကြီး နားလည်လက်ခံထားပါတယ်။ သူ့ဆရာမက မေမေဘာလုပ်လဲမေးရင် အင်ဂျင်နီယာလို့ ဖြေတတ်ပါတယ်တဲ့။

အင်ဂျင်နီယာကြီးဆိုတဲ့ မေမေ

ဒီလို အာကာသယာဉ်မှူး ဓာတ်ပုံရိုက်တဲ့အခါမှာ သူ့သားလေးကိုခေါ်လာတာ ချစ်စရာလေး ဖြစ်နေပြီး လူတွေက သဘောကျပေမဲ့ ဓာတ်ပုံဆရာတွေအတွက် ဒါက ပထမဆုံးအကြိမ် တွေ့ဖူးတာတော့ မဟုတ်ဘူးတဲ့။ တချို့တွေဆို သူတို့အိမ်မွေး တိရစ္ဆာန်လေးတွေတောင် ခေါ်လာတတ်သတဲ့။ အောက်ကပုံကိုသာရှု။

အမယ်.. သူတို့က <3

အာကာသယာဉ်မှူးလုပ်ရတာလည်း ပျော်စရာကြီးနော်။ အဲ့လို လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်ရှိတဲ့ လုပ်ငန်းခွင်မျိုးလဲ အားကျမိပါတယ်။ (ခက်ခက်ခဲခဲ အလုပ်ကိုတော့ အားမကျရေးချ မကျပါ။ ဤကားစကားချပ် 😀 )

Related article >>> ကျွန်မသာအမေတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင်

အက်ဒမင်ကတော့ ဒီပုံလေးတွေကြည့်ပြီး သားသားမီးမီးတို့ရဲ့ မေမေတွေလည်း ယောက်ျားတွေနဲ့ ရင်ပေါင်တန်းပြီး ဒီလိုခက်ခဲ ကြမ်းတမ်းတဲ့ အလုပ်ကို လုပ်ဖို့ဆိုတာ ဖြစ်နိုင်တာပဲလို့ ပိုပြီးယုံကြည်သွားတယ်။ မိန်းမအာကာသယာဉ်မှူး ဆိုတာနဲ့တင် မိုက်လှပြီ။ ခုတော့ မေမေအာကာသယာဉ်မှူးဆိုတော့ တို့မိန်းမတွေ ဘယ်လောက်ကြံ့ခိုင်သလဲ သူကစံပြပဲလေ။ သူ့သားသားလေးဆိုလည်း မေမေ့အတွက် ဘယ်လောက် ဂုဏ်ယူလိုက်မလဲ။ အက်ဒမင်လည်း မိန်းမတစ်ယောက်အနေနဲ့ ဂုဏ်ယူမိပါတယ်။

ဒီလိုပြောလို့ အလုပ်မလုပ်တဲ့ မေမေတွေက မတော်ဘူးမဟုတ်ဘူးနော်။ လူကလေးတစ်ယောက်ကို လူတစ်လုံးသူတစ်လုံးဖြစ်အောင် ပျိုးထောင်ပေးနိုင်တာနဲ့ကို မေမေတွေက စူပါဝူးမန်းလို့ ခေါ်ထိုက်နေပါပြီ။ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ ကလေးတို့မေမေပဲဖြစ်ဖြစ် တို့ယောင်းလေးတွေလည်း ကိုယ့်စွမ်းအားနဲ့ ကျရာနေရာကနေ ဂုဏ်ယူစရာမိန်းမသားကလေးတွေ ဖြစ်နိုင်ပါစေကွယ်။

Khine (For Her Myanmar)

Ref

Insider | Independent

No Comments Yet

Comments are closed