ပါကစၥတန္ရဲ႕ သံမဏိအမ်ိဳးသမီး ဘနာဇီယာဘူတို

ႏိုင္ငံေရး ခရီးၾကမ္းႀကီးကို ခက္ခက္ခဲခဲ ျဖတ္ခဲ့ရေပမဲ့ ဇာတ္သိမ္းကေတာ့… 

ပါကစၥတန္ဟာ ဘာသာေရးအစြန္းေရာက္ေတြေၾကာင့္ အမ်ိဳးသမီးအခြင့္အေရးဆိုတာ မရွိတဲ့ႏိုင္ငံျဖစ္ၿပီး စစ္ေသြးႂကြ အၾကမ္းဖက္သမားေတြ ေပါမ်ားလြန္းတာေၾကာင့္လည္း မတည္မၿငိမ္ျဖစ္ေနတဲ့ ႏိုင္ငံတစ္ခု ျဖစ္ပါတယ္။

ဒီလို ေရခံေျမခံကအစ ေၾကာက္စရာေကာင္းတဲ့ ပါကစၥတန္ကို အႏၱရာယ္ေတြၾကားကေန ေျပာင္းလဲဖို႔ အမ်ိဳးသမီးတစ္ေယာက္ ႀကိဳးစားခဲ့ဖူးပါတယ္။သူမကေတာ့ ပါကစၥတန္ရဲ႕ ပထမဦးဆံုးနဲ႔ တစ္ဦးတည္းေသာ အမ်ိဳးသမီးဝန္ႀကီးခ်ဳပ္ ဘနာဇီယာဘူတိုပါပဲ။

ဘနာဇီယာဟာ ပါကစၥတန္သမိုင္းမွာ ဝန္ႀကီးခ်ဳပ္ ႏွစ္ႀကိမ္တိုင္တိုင္ျဖစ္ခဲ့ၿပီး အတိုက္အခံေခါင္းေဆာင္အျဖစ္ ႏွစ္ႀကိမ္ လုပ္ခဲ့သူပါ။ အက္ဒ္မင္တို႔ဆီမွာ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီမိုကေရစီရဲ႕ သေကၤတ ျဖစ္ခဲ့သလို ဘနာဇီယာဘူတိုဟာလည္း ပါကစၥတန္လူမ်ိဳးေတြအတြက္ ဒီမိုကေရစီ သေကၤတ တစ္ခုျဖစ္ခဲ့ပါတယ္။

သူ(မ)အေၾကာင္းကို ေျပာရရင္….

Related Article >>> မုဒိမ္းသမားကို သတ္ျဖတ္မႈအတြက္ ႀကိဳးေပးခံရသူ ေရဟာနီ ေဂ်ဘာရီ

ဘနာဇီယာ ဘူတိုကို ၁၉၅၃ခုႏွစ္ ဇြန္လ ၂၁ရက္မွာ ပါကစၥတန္၊ ကရာခ်ိေဒသမွာ ေမြးဖြားခဲ့ပါတယ္။ သူ(မ)ဟာ ႏိုင္ငံေရး ဩဇာရွိၿပီး ခ်မ္းသာတဲ့ မိသားစုမွာ ေမြးဖြားလာတဲ့သူတစ္ေယာက္ပါ။ မိခင္ျဖစ္သူကေတာ့ နာစရက္ ဘူတို ျဖစ္ၿပီး ဖခင္ျဖစ္သူကေတာ့ ေနာင္တစ္ခ်ိန္ ပါကစၥတန္ ႏိုင္ငံေရးမွာ အေရးပါလာမယ့္ ပါကစၥတန္လူထုပါတီ (Pakistan People’s Party) (PPP) ကို တည္ေထာင္ခဲ့သူ ဇာဖီကာအလီဘူတိုပါ။

ဆင္ဒီနဲ႔ ကာ့ဒ္ လူမ်ိဳး ေႏွာတာမို႔ ဘနာဇီယာဟာ အသားျဖဴျဖဴဝင္းဝင္းနဲ႔ အေတာ္ေလး လွပါတယ္။ ဩဇာရွိတဲ့ မိသားစုကလာတာမို႔ ဘနာဇီယာဟာ ေကာင္းမြန္တဲ့ပညာေရးကိုလည္း ရရွိခဲ့ပါတယ္။

ငယ္စဥ္က ဘနာဇီယာဘူတို

Harvard နဲ႔ Oxford တကၠသိုလ္မွာ ပညာသင္ၾကားခဲ့တာမို႔ မ်က္စိပြင့္ နားပြင့္ရွိသူ တစ္ေယာက္ ျဖစ္ခဲ့ၿပီး သူမဟာ က်ား/မ နဲ႔ လူမ်ိဳးေရး တန္းတူညီမွ်မႈ၊ တရားမၽွတမႈ၊ ဒီမိုကေရစီ ရရွိမႈ စတဲ့ လစ္ဘရယ္ အေတြးအေခၚေတြကို ေထာက္ခံသူ ျဖစ္ပါတယ္။

ဘနာဇီယာရဲ႕ ဖခင္ အလီဘူတိုဟာ ျပည္သူေတြခ်စ္တဲ့ ႏိုင္ငံေရးသမားမို႔ ၁၉၇၃မွာ ဝန္ႀကီးခ်ဳပ္အျဖစ္ ေရြးေကာက္တင္ေျမႇာက္ခံခဲ့ရပါတယ္။ ဒါေပမဲ့ ဘူတိုမိသားစုရဲ႕ က်ိန္စာဆိုးႀကီးဟာ ၁၉၇၇မွာ စတင္လာပါတယ္။

၁၉၇၇ခုႏွစ္မွာ စစ္တပ္အာဏာသိမ္းမႈ ျဖစ္ခဲ့ၿပီး ဖခင္ျဖစ္သူ အလီဘူတိုဟာ စစ္အာဏာရွင္ေတြရဲ႕ ႀကိဳးေပးသတ္ျဖတ္ျခင္းကို ခံခဲ့ရပါတယ္။ အဲဒီတုန္းက အာဏာသိမ္း စစ္ေခါင္းေဆာင္ဟာ ဇီယာအူဟက္ျဖစ္ပါတယ္။

ခင္ပြန္းျဖစ္သူ ႀကိဳးေပးခံရမႈေၾကာင့္ ငိုေႂကြးေနသူ နာစရက္ဘူတို

ဘနာဇီယာဟာ ႏိုင္ငံေရးသတၱိကို အေမနဲ႔ အေဖဆီကေန အေမြဆက္ခံရခဲ့တယ္လို႔ ဆိုရမလား။ ပါကစၥတန္ျပည္သူ႔ပါတီ (PPP) ကို ဖခင္ျဖစ္သူ အလီဘူတို မရွိေတာ့ေပမဲ့ ဘနာဇီယာနဲ႔ မိခင္ျဖစ္သူ နာဇရက္တို႔က ရဲရဲဝံ့ဝံ့ ဆက္လက္ဦးေဆာင္ခဲ့ပါတယ္။

ဘနာဇီယာဟာ စစ္အာဏာရွင္က်ဆံုးေရး နဲ႔ ပါကစၥတန္ ဒီမိုကေရစီ ျပန္ရေရးကို ဦးေဆာင္ခဲ့တာမို႔ ဇီယာအူဟက္ အစိုးရက အေတာ္မ်က္မုန္းက်ိဳးခဲ့ပါတယ္။ ဒါေၾကာင့္ ဘနာဇီယာဘူတိုကို ခဏခဏ ေထာင္ခ်တာေတြ လုပ္ခဲ့ၿပီး ဘနာဇီယာကေတာ့ ၾကံ့ၾကံ့ခံၿပီး ေခါင္းမာလြန္းတာမို႔ ၁၉၈၄မွာ အဂၤလန္ကို နယ္ႏွင္ဒဏ္ေပးလိုက္ပါေတာ့တယ္။

ဇီယာအူဟက္ အစိုးရ ျပဳတ္က်သြားတဲ့အခါ ျပည္သူေတြရဲ႕ ေထာက္ခံအားေပးမႈနဲ႔ ဘနာဇီယာရဲ႕ PPPဟာ ၁၉၈၈ ေရြးေကာက္ပြဲမွာ အႏိုင္ရၿပီး ဘနာဇီယာတစ္ေယာက္ ဝန္ႀကီးခ်ဳပ္ ျဖစ္လာပါတယ္။

ဒါေပမဲ့ ပါကစၥတန္မွာ အၾကမ္းဖက္သမားေတြ ၊ အစြန္းေရာက္ေတြ အျမစ္တြယ္ေနၿပီမို႔ ဘူတိုရဲ႕ ဒီမိုကေရစီခရီးဟာ ဘယ္ေတာ့မွ မေအာင္ျမင္ခဲ့ပါဘူး။ အထူးသျဖင့္ အင္အားႀကီးတဲ့ ပါကစၥတန္စစ္တပ္နဲ႔ သမၼတဟာ အမ်ိဳးသမီး ဦးေဆာင္ၿပီး ေျပာင္းလဲလိုတဲ့ အစိုးရအဖြဲ႕ကို မလိုလားသူျဖစ္ၿပီး ၁၉၉၀မွာ အက်င့္ပ်က္ျခစားမႈ၊ ဘက္လိုက္မႈနဲ႔ စြပ္စြဲၿပီး ျဖဳတ္ခ်လိုက္ပါတယ္။

Related Article >>> သံမဏိ မိန္းမပ်ိဳ သို႔မဟုတ္ ေလာကငရဲမွ လြတ္ေျမာက္လာသူ နာဒီယာ

၁၉၉၀ ေရြးေကာက္ပြဲမွာ ဘနာဇီယာဘူတိုနဲ႔ မတည့္တဲ့ IJI ပါတီဟာ စစ္တပ္အကူညီနဲ႔ မဲလိမ္ၿပီး အာဏာရလာပါတယ္။ ဘနာဇီယာဘူတိုကေတာ့ အတိုက္အခံေခါင္းေဆာင္အျဖစ္ ၁၉၉၀-၉၃ အထိ ေဆာင္ရြက္ခဲ့ၿပီး ၁၉၉၃မွာ ဒုတိယအႀကိမ္ ဝန္ႀကီးခ်ဳပ္ျဖစ္လာပါတယ္။ ၁၉၉၅မွာ စစ္တပ္က အာဏာထပ္သိမ္းဖို႔ လုပ္ခဲ့ၿပီး မေအာင္ျမင္ခဲ့တာမို႔ ဘနာဇီယာဘူတိုကို ၁၉၉၆မွာ စြပ္စြဲမႈေပါင္းမ်ားစြာ တင္ၿပီး ေနာက္တစ္ႀကိမ္ ျဖဳတ္ခ်ခဲ့ၾကပါတယ္။ သူ(မ)ရဲ႕ အစ္ကိုျဖစ္သူဟာလည္း အဲ့ႏွစ္မွာပဲ လုပ္ၾကံသတ္ျဖတ္ခံရၿပီး တရားမၽွတမႈကို မရႏိုင္ခဲ့ပါဘူး။

စစ္တပ္ လက္ခ်က္နဲ႔ သူ(မ)ဖခင္လို ဇာတ္သိမ္းမွာစိုးတာရယ္ သူ(မ)ရွိေနရင္ သူ(မ) မိသားစုေတြပါ ေဘးအႏၱရာယ္က်ေရာက္မွာ စိုးတာရယ္ေၾကာင့္ ဘနာဇီယာဘူတိုဟာ ၿဗိတိန္နဲ႔ ဒူဘိုင္းမွာ ရွစ္ႏွစ္ေလာက္ ေရွာင္တိမ္းေနခဲ့ၿပီး သူ(မ)ပါတီကို အေဝးကေန ထိန္းခ်ဳပ္ေနခဲ့ပါတယ္။

၂၀၀၇ခုႏွစ္မွာေတာ့ အေမရိကန္ရဲ႕ ၾကားဝင္ေစ့စပ္ေပးမႈေၾကာင့္ ပါကစၥတန္စစ္အစိုးရဟာ ဘနာဇီယာဘူတိုကို အသက္အႏၱရာယ္မျပဳတဲ့အျပင္ အရပ္သားအစိုးရကိုပါ အာဏာအုပ္ခ်ဳပ္ခြင့္ေပးပါမယ္လို႔ ကတိေပးလာခဲ့ပါတယ္။

ဒါေပမဲ့ ကံတရားဟာ သူ(မ)ကို မ်က္ႏွာသာ မေပးခဲ့ပါဘူး။ ဘနာဇီယာဘူတိုတစ္ေယာက္ သူ(မ)ျပည္သူေတြဆီ ျပန္လာၿပီး ရာဝမ္ပင္ဒီၿမိဳ႕မွာ လူထုကို မိန္႔ခြန္းေျပာေနတဲ့အခ်ိန္ ၂၀၀၇ခုႏွစ္ ဒီဇင္ဘာ၂၇ရက္ေန႔ မွာ အေသခံဗံုးခြဲ လုပ္ၾကံခံရၿပီး ေသဆံုးသြားခဲ့ပါတယ္။

ပစ္ခတ္မႈ နဲ႔ အေသခံဗံုးခြဲမႈ အၿပီး

ေထာင္နဲ႔ ခ်ီတဲ့ လူအုပ္ႀကီးထဲကို ေသနတ္နဲ႔ အရင္ပစ္ခတ္ခဲ့ၿပီး ဘနာဇီယာဘူတိုရဲ႕ အနီးအနားမွာ အေသခံဗံုး ေဖာက္ခြဲခဲ့တာပါ။ ဒီလုပ္ၾကံမႈေၾကာင့္ ဘူတိုအျပင္ လူေပါင္း၂၈ဦး ေသဆံုးၿပီး ၁၀၀ေက်ာ္ ဒဏ္ရာရခဲ့ပါတယ္။

လုပ္ၾကံ ခံလိုက္ရတဲ့ သူမ

တရားခံကေတာ့ အစၥလာမ္စစ္ေသြးႂကြအဖြဲ႕ ျဖစ္တဲ့ အယ္လ္ကိုင္ဒါျဖစ္တယ္လို႔ အဖြဲ႕ကိုယ္တိုင္က ဝန္ခံခဲ့ေပမဲ့ ဒီလုပ္ၾကံမႈမွာ အစိုးရေထာက္လွမ္းေရးေတြပါ ပါဝင္ပတ္သက္ေနတယ္လို႔ အမ်ားအျပားခန္႔မွန္းၾကပါတယ္။

Related Article >>> အာဂအမ်ိဳးသမီးသံမဏိေလဒီ (ေခၚ) မာဂရက္သက္ခ်ာ

အခုဆို ဘနာဇီယာဘူတို ကြယ္လြန္သြားတာ ဆယ္စုႏွစ္တစ္စု ေက်ာ္ခဲ့ပါၿပီ။ ပါကစၥတန္ရဲ႕ ေရခံေျမခံေၾကာင့္ သူ(မ)ႀကိဳးစားခဲ့တဲ့ ဒီမိုကေရစီ ခရီးၾကမ္းဟာ ဘယ္ေတာ့မွ မေအာင္ျမင္ခဲ့သလို ေနာင္လည္း ေအာင္ျမင္မယ့္အလားအလာ သိပ္မရွိပါဘူး။ ဒါေပမဲ့ သူ(မ)ရဲ႕ သတၱိနဲ႔ စြန္႔လႊတ္အနစ္နာခံမႈေၾကာင့္ ပါကစၥတန္ သမိုင္းထဲမွာေကာ ပါကစၥတန္လူထုရဲ႕ ရင္ထဲမွာပါ သူ(မ)နာမည္ အၿမဲ ရွိေနမွာပါ။

သူ(မ)ဟာ စာအုပ္အမ်ားအျပားေရးသားခဲ့ၿပီး မဆံုးခင္ ရက္ပိုင္းအလိုမွာ ေရးသြားတဲ့ Reconciliation: Islam, Democracy and the West ကေတာ့ ႏိုင္ငံတကာမွာ အေရာင္းရဆံုးစာရင္းထဲ ဝင္ခဲ့ပါတယ္။

မဆံုးခင္ ရက္ပိုင္း အလို မွာ အၿပီးသတ္ခဲ့တဲ့ စာအုပ္

By
Mia (For Her Myanmar)
Reference links: biography.com britannica.com

<<< Unicode >>>

နိုင်ငံရေး ခရီးကြမ်းကြီးကို ခက်ခက်ခဲခဲ ဖြတ်ခဲ့ရပေမဲ့ ဇာတ်သိမ်းကတော့… 

ပါကစ္စတန်ဟာ ဘာသာရေးအစွန်းရောက်တွေကြောင့် အမျိုးသမီးအခွင့်အရေးဆိုတာ မရှိတဲ့နိုင်ငံဖြစ်ပြီး စစ်သွေးကြွ အကြမ်းဖက်သမားတွေ ပေါများလွန်းတာကြောင့်လည်း မတည်မငြိမ်ဖြစ်နေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။

ဒီလို ရေခံမြေခံကအစ ကြောက်စရာကောင်းတဲ့ ပါကစ္စတန်ကို အန္တရာယ်တွေကြားကနေ ပြောင်းလဲဖို့ အမျိုးသမီးတစ်ယောက် ကြိုးစားခဲ့ဖူးပါတယ်။သူမကတော့ ပါကစ္စတန်ရဲ့ ပထမဦးဆုံးနဲ့ တစ်ဦးတည်းသော အမျိုးသမီးဝန်ကြီးချုပ် ဘနာဇီယာဘူတိုပါပဲ။

ဘနာဇီယာဟာ ပါကစ္စတန်သမိုင်းမှာ ဝန်ကြီးချုပ် နှစ်ကြိမ်တိုင်တိုင်ဖြစ်ခဲ့ပြီး အတိုက်အခံခေါင်းဆောင်အဖြစ် နှစ်ကြိမ် လုပ်ခဲ့သူပါ။ အက်ဒ်မင်တို့ဆီမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီရဲ့ သင်္ကေတ ဖြစ်ခဲ့သလို ဘနာဇီယာဘူတိုဟာလည်း ပါကစ္စတန်လူမျိုးတွေအတွက် ဒီမိုကရေစီ သင်္ကေတ တစ်ခုဖြစ်ခဲ့ပါတယ်။

သူ(မ)အကြောင်းကို ပြောရရင်….

Related Article >>> မုဒိမ်းသမားကို သတ်ဖြတ်မှုအတွက် ကြိုးပေးခံရသူ ရေဟာနီ ဂျေဘာရီ

ဘနာဇီယာ ဘူတိုကို ၁၉၅၃ခုနှစ် ဇွန်လ ၂၁ရက်မှာ ပါကစ္စတန်၊ ကရာချိဒေသမှာ မွေးဖွားခဲ့ပါတယ်။ သူ(မ)ဟာ နိုင်ငံရေး ဩဇာရှိပြီး ချမ်းသာတဲ့ မိသားစုမှာ မွေးဖွားလာတဲ့သူတစ်ယောက်ပါ။ မိခင်ဖြစ်သူကတော့ နာစရက် ဘူတို ဖြစ်ပြီး ဖခင်ဖြစ်သူကတော့ နောင်တစ်ချိန် ပါကစ္စတန် နိုင်ငံရေးမှာ အရေးပါလာမယ့် ပါကစ္စတန်လူထုပါတီ (Pakistan People’s Party) (PPP) ကို တည်ထောင်ခဲ့သူ ဇာဖီကာအလီဘူတိုပါ။

ဆင်ဒီနဲ့ ကာ့ဒ် လူမျိုး နှောတာမို့ ဘနာဇီယာဟာ အသားဖြူဖြူဝင်းဝင်းနဲ့ အတော်လေး လှပါတယ်။ ဩဇာရှိတဲ့ မိသားစုကလာတာမို့ ဘနာဇီယာဟာ ကောင်းမွန်တဲ့ပညာရေးကိုလည်း ရရှိခဲ့ပါတယ်။

ငယ်စဉ်က ဘနာဇီယာဘူတို

Harvard နဲ့ Oxford တက္ကသိုလ်မှာ ပညာသင်ကြားခဲ့တာမို့ မျက်စိပွင့် နားပွင့်ရှိသူ တစ်ယောက် ဖြစ်ခဲ့ပြီး သူမဟာ ကျား/မ နဲ့ လူမျိုးရေး တန်းတူညီမျှမှု၊ တရားမျှတမှု၊ ဒီမိုကရေစီ ရရှိမှု စတဲ့ လစ်ဘရယ် အတွေးအခေါ်တွေကို ထောက်ခံသူ ဖြစ်ပါတယ်။

ဘနာဇီယာရဲ့ ဖခင် အလီဘူတိုဟာ ပြည်သူတွေချစ်တဲ့ နိုင်ငံရေးသမားမို့ ၁၉၇၃မှာ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဘူတိုမိသားစုရဲ့ ကျိန်စာဆိုးကြီးဟာ ၁၉၇၇မှာ စတင်လာပါတယ်။

၁၉၇၇ခုနှစ်မှာ စစ်တပ်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီး ဖခင်ဖြစ်သူ အလီဘူတိုဟာ စစ်အာဏာရှင်တွေရဲ့ ကြိုးပေးသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အဲဒီတုန်းက အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ဇီယာအူဟက်ဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူ ကြိုးပေးခံရမှုကြောင့် ငိုကြွေးနေသူ နာစရက်ဘူတို

ဘနာဇီယာဟာ နိုင်ငံရေးသတ္တိကို အမေနဲ့ အဖေဆီကနေ အမွေဆက်ခံရခဲ့တယ်လို့ ဆိုရမလား။ ပါကစ္စတန်ပြည်သူ့ပါတီ (PPP) ကို ဖခင်ဖြစ်သူ အလီဘူတို မရှိတော့ပေမဲ့ ဘနာဇီယာနဲ့ မိခင်ဖြစ်သူ နာဇရက်တို့က ရဲရဲဝံ့ဝံ့ ဆက်လက်ဦးဆောင်ခဲ့ပါတယ်။

ဘနာဇီယာဟာ စစ်အာဏာရှင်ကျဆုံးရေး နဲ့ ပါကစ္စတန် ဒီမိုကရေစီ ပြန်ရရေးကို ဦးဆောင်ခဲ့တာမို့ ဇီယာအူဟက် အစိုးရက အတော်မျက်မုန်းကျိုးခဲ့ပါတယ်။ ဒါကြောင့် ဘနာဇီယာဘူတိုကို ခဏခဏ ထောင်ချတာတွေ လုပ်ခဲ့ပြီး ဘနာဇီယာကတော့ ကြံ့ကြံ့ခံပြီး ခေါင်းမာလွန်းတာမို့ ၁၉၈၄မှာ အင်္ဂလန်ကို နယ်နှင်ဒဏ်ပေးလိုက်ပါတော့တယ်။

ဇီယာအူဟက် အစိုးရ ပြုတ်ကျသွားတဲ့အခါ ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုနဲ့ ဘနာဇီယာရဲ့ PPPဟာ ၁၉၈၈ ရွေးကောက်ပွဲမှာ အနိုင်ရပြီး ဘနာဇီယာတစ်ယောက် ဝန်ကြီးချုပ် ဖြစ်လာပါတယ်။

ဒါပေမဲ့ ပါကစ္စတန်မှာ အကြမ်းဖက်သမားတွေ ၊ အစွန်းရောက်တွေ အမြစ်တွယ်နေပြီမို့ ဘူတိုရဲ့ ဒီမိုကရေစီခရီးဟာ ဘယ်တော့မှ မအောင်မြင်ခဲ့ပါဘူး။ အထူးသဖြင့် အင်အားကြီးတဲ့ ပါကစ္စတန်စစ်တပ်နဲ့ သမ္မတဟာ အမျိုးသမီး ဦးဆောင်ပြီး ပြောင်းလဲလိုတဲ့ အစိုးရအဖွဲ့ကို မလိုလားသူဖြစ်ပြီး ၁၉၉၀မှာ အကျင့်ပျက်ခြစားမှု၊ ဘက်လိုက်မှုနဲ့ စွပ်စွဲပြီး ဖြုတ်ချလိုက်ပါတယ်။

Related Article >>> သံမဏိ မိန်းမပျို သို့မဟုတ် လောကငရဲမှ လွတ်မြောက်လာသူ နာဒီယာ

၁၉၉၀ ရွေးကောက်ပွဲမှာ ဘနာဇီယာဘူတိုနဲ့ မတည့်တဲ့ IJI ပါတီဟာ စစ်တပ်အကူညီနဲ့ မဲလိမ်ပြီး အာဏာရလာပါတယ်။ ဘနာဇီယာဘူတိုကတော့ အတိုက်အခံခေါင်းဆောင်အဖြစ် ၁၉၉၀-၉၃ အထိ ဆောင်ရွက်ခဲ့ပြီး ၁၉၉၃မှာ ဒုတိယအကြိမ် ဝန်ကြီးချုပ်ဖြစ်လာပါတယ်။ ၁၉၉၅မှာ စစ်တပ်က အာဏာထပ်သိမ်းဖို့ လုပ်ခဲ့ပြီး မအောင်မြင်ခဲ့တာမို့ ဘနာဇီယာဘူတိုကို ၁၉၉၆မှာ စွပ်စွဲမှုပေါင်းများစွာ တင်ပြီး နောက်တစ်ကြိမ် ဖြုတ်ချခဲ့ကြပါတယ်။ သူ(မ)ရဲ့ အစ်ကိုဖြစ်သူဟာလည်း အဲ့နှစ်မှာပဲ လုပ်ကြံသတ်ဖြတ်ခံရပြီး တရားမျှတမှုကို မရနိုင်ခဲ့ပါဘူး။

စစ်တပ် လက်ချက်နဲ့ သူ(မ)ဖခင်လို ဇာတ်သိမ်းမှာစိုးတာရယ် သူ(မ)ရှိနေရင် သူ(မ) မိသားစုတွေပါ ဘေးအန္တရာယ်ကျရောက်မှာ စိုးတာရယ်ကြောင့် ဘနာဇီယာဘူတိုဟာ ဗြိတိန်နဲ့ ဒူဘိုင်းမှာ ရှစ်နှစ်လောက် ရှောင်တိမ်းနေခဲ့ပြီး သူ(မ)ပါတီကို အဝေးကနေ ထိန်းချုပ်နေခဲ့ပါတယ်။

၂၀၀၇ခုနှစ်မှာတော့ အမေရိကန်ရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် ပါကစ္စတန်စစ်အစိုးရဟာ ဘနာဇီယာဘူတိုကို အသက်အန္တရာယ်မပြုတဲ့အပြင် အရပ်သားအစိုးရကိုပါ အာဏာအုပ်ချုပ်ခွင့်ပေးပါမယ်လို့ ကတိပေးလာခဲ့ပါတယ်။

ဒါပေမဲ့ ကံတရားဟာ သူ(မ)ကို မျက်နှာသာ မပေးခဲ့ပါဘူး။ ဘနာဇီယာဘူတိုတစ်ယောက် သူ(မ)ပြည်သူတွေဆီ ပြန်လာပြီး ရာဝမ်ပင်ဒီမြို့မှာ လူထုကို မိန့်ခွန်းပြောနေတဲ့အချိန် ၂၀၀၇ခုနှစ် ဒီဇင်ဘာ၂၇ရက်နေ့ မှာ အသေခံဗုံးခွဲ လုပ်ကြံခံရပြီး သေဆုံးသွားခဲ့ပါတယ်။

ပစ်ခတ်မှု နဲ့ အသေခံဗုံးခွဲမှု အပြီး

ထောင်နဲ့ ချီတဲ့ လူအုပ်ကြီးထဲကို သေနတ်နဲ့ အရင်ပစ်ခတ်ခဲ့ပြီး ဘနာဇီယာဘူတိုရဲ့ အနီးအနားမှာ အသေခံဗုံး ဖောက်ခွဲခဲ့တာပါ။ ဒီလုပ်ကြံမှုကြောင့် ဘူတိုအပြင် လူပေါင်း၂၈ဦး သေဆုံးပြီး ၁၀၀ကျော် ဒဏ်ရာရခဲ့ပါတယ်။

လုပ်ကြံ ခံလိုက်ရတဲ့ သူမ

တရားခံကတော့ အစ္စလာမ်စစ်သွေးကြွအဖွဲ့ ဖြစ်တဲ့ အယ်လ်ကိုင်ဒါဖြစ်တယ်လို့ အဖွဲ့ကိုယ်တိုင်က ဝန်ခံခဲ့ပေမဲ့ ဒီလုပ်ကြံမှုမှာ အစိုးရထောက်လှမ်းရေးတွေပါ ပါဝင်ပတ်သက်နေတယ်လို့ အများအပြားခန့်မှန်းကြပါတယ်။

Related Article >>> အာဂအမျိုးသမီးသံမဏိလေဒီ (ခေါ်) မာဂရက်သက်ချာ

အခုဆို ဘနာဇီယာဘူတို ကွယ်လွန်သွားတာ ဆယ်စုနှစ်တစ်စု ကျော်ခဲ့ပါပြီ။ ပါကစ္စတန်ရဲ့ ရေခံမြေခံကြောင့် သူ(မ)ကြိုးစားခဲ့တဲ့ ဒီမိုကရေစီ ခရီးကြမ်းဟာ ဘယ်တော့မှ မအောင်မြင်ခဲ့သလို နောင်လည်း အောင်မြင်မယ့်အလားအလာ သိပ်မရှိပါဘူး။ ဒါပေမဲ့ သူ(မ)ရဲ့ သတ္တိနဲ့ စွန့်လွှတ်အနစ်နာခံမှုကြောင့် ပါကစ္စတန် သမိုင်းထဲမှာကော ပါကစ္စတန်လူထုရဲ့ ရင်ထဲမှာပါ သူ(မ)နာမည် အမြဲ ရှိနေမှာပါ။

သူ(မ)ဟာ စာအုပ်အများအပြားရေးသားခဲ့ပြီး မဆုံးခင် ရက်ပိုင်းအလိုမှာ ရေးသွားတဲ့ Reconciliation: Islam, Democracy and the West ကတော့ နိုင်ငံတကာမှာ အရောင်းရဆုံးစာရင်းထဲ ဝင်ခဲ့ပါတယ်။

မဆုံးခင် ရက်ပိုင်း အလို မှာ အပြီးသတ်ခဲ့တဲ့ စာအုပ်

By
Mia (For Her Myanmar)
Reference links: biography.com britannica.com

No Comments Yet

Comments are closed