ထက္ျမက္တဲ့ အမ်ိဳးသမီးေတြ လက္ေတြ႔က်င့္သံုးေနတဲ့ ေပ်ာ္ရႊင္ေအာင္ေနနည္း (၆) နည္း

စိတ္ဖိစီးမႈကင္းစင္ၿပံဳးေပ်ာ္ရႊင္ျဖစ္ေစဖို႔

ေယာင္းေရ…ဘဝမွာ ကိုယ့္ေပ်ာ္ရႊင္မႈကို ဖန္တီးေပးႏိုင္တာ ကိုယ္ကိုယ္တိုင္ပါပဲ။ အၿမဲေပ်ာ္ရႊင္ဖို႔ဆိုတာလည္း ေျပာရတာေတာ့ လြယ္ေပမဲ့ တကယ္တမ္းက်ေတာ့ ထင္တာထက္ ခက္ခဲပါတယ္။ ေတာ္ၾကာေနအလုပ္ကိစၥ ေတာ္ၾကာေန ကိုယ္ေရးကိုယ္တာကိစၥနဲ႔ တစ္ေန႔တစ္ေန႔ စိတ္ခ်မ္းခ်မ္းသာသာေနရတယ္ဆိုတာ ခဏပါပဲ။ စမတ္က်တဲ့ အမ်ိဳးသမီးေတြကေတာ့ စိတ္ခ်မ္းသာေပ်ာ္ရႊင္ဖို႔အတြက္ ဒီနည္းလမ္းေတြကို က်င့္သံုးၾကပါတယ္။

(၁) လက္လႊတ္လိုက္ပါ။

နာက်င္ခဲ့တာေတြကို တစိမ့္စိမ့္ေတြးၿပီး ကိုယ့္ကိုယ္ကိုယ္ ဒဏ္ရာေတြ ေပးေနတုန္းလား? စစ္မွန္တဲ့ေပ်ာ္ရႊင္မႈကို လိုခ်င္တယ္ဆိုရင္ေတာ့ ဒီလို လုပ္ေနတာေတြ ရပ္လိုက္ပါေတာ့။ ဥပမာအားျဖင့္ တို႔ေတြဟာ ကိုယ္တြယ္တာရတဲ့ လူတစ္ေယာက္ အနားကေန ထြက္သြားၿပီဆိုရင္ တခ်ိဳ႕က ျဖစ္သမွ်ကို ေက်ေက်နပ္နပ္လက္ခံၿပီး လက္လႊတ္တတ္ေပမဲ့ တခ်ိဳ႕ကက်ေတာ့ မရမကဆြဲထားတတ္ပါတယ္။

ဒုတိယနည္းလမ္းက ဘယ္ေတာ့မွ အသံုးမဝင္ပါဘူးေနာ္။ ကိုယ္တိုင္လည္း လူတစ္ေယာက္ကို ထြက္မသြားဖို႔ေတာင္းပန္ခဲ့ဖူးပါတယ္။ အဆံုးမွာ သူလည္း ပင္ပန္းရတယ္ ကိုယ္လည္း နာက်င္ရတာပဲ အဖတ္တင္ပါတယ္။ ဆိုေတာ့ကား ထြက္သြားခ်င္တဲ့သူမ်ားရွိရင္ ရွည္ရွည္ေဝးေဝးမေတြးဘဲ လက္လႊတ္လိုက္ပါေနာ္။

Related article >>> ထက္ျမက္တဲ့ မိန္းကေလးကို ခ်စ္မိတဲ့အခါ သိထားသင့္တဲ့ အခ်က္(၆)ခ်က္

(၂) လက္ေတြ႕က်ပါ။

အတိတ္ကအေၾကာင္းေတြ ေတြးၿပီးဝမ္းနည္းေနတာမ်ိဳးကို ေရွာင္ပါ။ အနာဂတ္ကို ႀကိဳေတြးၿပီး ပူပန္ေနတာမ်ိဳးလည္းမလုပ္ပါနဲ႔။ ေယာင္းပိုင္ဆိုင္တာ လက္ရွိပစၥဳပန္တစ္ခုတည္းပါ။ လက္ရွိကို အေကာင္းဆံုးျဖစ္ေအာင္ေနပါ။ ျဖစ္သမွ်အေၾကာင္းကို လက္ခံတတ္လာေလေလ ဆုေတာင္းေတြ ေမွ်ာ္လင့္ထားတာေတြမပါတဲ့ ဘဝက ဘယ္ေလာက္ရိုးရွင္းလဲဆိုတာ ျမင္လာေလေလပါ။ ဥပမာ အလုပ္ျဖဳတ္ခံရတာျဖစ္ျဖစ္၊ ရည္းစားနဲ႔ျပတ္တာျဖစ္ျဖစ္ ျပႆနာျဖစ္လာတဲ့အခါ ဘာေၾကာင့္ဆိုတာစဥ္းစားမယ့္အစား အခုဘာလုပ္မလဲဆိုတာကို ေတြးပါ။

(၃) ကပ္စီးမနည္းပါနဲ႔။

အလုပ္ေတြေတာ့ နင္းကန္လုပ္တယ္…ကိုယ့္ကိုယ္ကိုယ္ေတာ့ မသဒၶါဘူးဆိုတာမ်ိဳး မျဖစ္ပါေစနဲ႔။ ကိုယ့္အတြက္ ကိုယ္ အခ်ိန္ေပးပါ။ ကိုယ္ရွာတာ ကိုယ္သံုးလိုက္ပါ။ အလြန္အကၽြံသံုးခိုင္းတာမဟုတ္ဘူးေနာ္။ စားေသာက္ဆိုင္ေကာင္းေကာင္းမွာ ဝယ္စားပါ။ Spa သြားၿပီး အႏွိပ္ခံပါ။ Skincare ေကာင္းေကာင္းသံုးပါ။ ကိုယ့္အတြက္ကိုယ္ ဝယ္ရတာကို မႏွေျမာပါနဲ႔ေနာ္။

Related article >>> ေအာင္ျမင္သူ အမ်ိဳးသမီး(၄)ဦးရဲ႕ ၂၀၁၉ ပန္းတိုင္မ်ား

(၄) ကိုယ့္ကိုယ္ကို ယံုၾကည္ပါ။

ေပ်ာ္ရႊင္ခ်င္တယ္ဆို ကိုယ့္ကိုယ္ကိုယ္ယံုၾကည္ဖို႔ကလည္း အဓိကေသာ့ခ်က္ပါပဲ။ အမ်ိဳးသမီးေတြက မ်ားေသာအားျဖင့္ မွီခိုအားထားစရာ လူရွာတတ္ၾကပါတယ္။ ဒီလိုလုပ္မယ့္အစား ကိုယ့္ကိုယ္ကိုယ္သာ အားကိုးလိုက္တာက အေကာင္းဆံုးျဖစ္ပါလိမ့္မယ္။ ကိုယ့္ရဲ႕ေပ်ာ္ရႊင္မႈကို သူမ်ားလက္ထဲ ဘယ္ေတာ့မွ မထည့္လိုက္ပါနဲ႔။ ကိုယ္လုပ္ႏိုင္တယ္ဆိုတာကို ယံုၾကည္ပါ။ ကိုယ့္ျဖစ္တည္မႈကို ကိုယ္ခ်စ္ပါ။

(၅) မလိုအပ္တာေတြကို ေခါင္းထဲမထည့္ပါနဲ႔။

ကိုယ့္အေၾကာင္း မေကာင္းေျပာတဲ့လူေတြ ရွိေနလား? အလုပ္မွာ အဆင္မေျပဘူးလား ? ဘဝအတြက္ မလိုအပ္ရင္ ဥပကၡာျပဳလိုက္ပါ။ မလိုအပ္တဲ့ အေၾကာင္းအရာေတြကို ေခါင္းထဲထည့္ထားေနသ၍ေတာ့ ဘယ္ေတာ့မွ အျပည့္အဝ ေပ်ာ္ရႊင္ႏိုင္မွာ မဟုတ္ပါဘူး။ ေယာင္းက ဂရုမစိုက္ရင္ မေကာင္းေျပာတဲ့သူေတြလည္း အလိုလိုပါးစပ္ပိတ္သြားပါလိမ့္မယ္။

(၆) မႏႈိင္းယွဥ္ပါနဲ႔။

သူက ငါ့ထက္ ပိုေတာ္တယ္၊ ပိုလွတယ္၊ ပိုတတ္တယ္ဆိုၿပီး ႏိႈင္းယွဥ္တာေတြကို ေရွာင္ပါ။ လူတိုင္းလူတိုင္းမွာ ကိုယ္ပိုင္အရည္အခ်င္းနဲ႔ ကိုယ္ပိုင္အလွဆိုတာရွိၿပီးသားပါ။ ေယာင္းသိထားဖို႔က ဘယ္သူကမွ ေျခာက္ပစ္ကင္းသဲလဲစင္ မဟုတ္ဘူးဆိုတာပါပဲ။ ကိုယ့္ကိုယ္ကိုယ္ သူမ်ားနဲ႔ႏိႈင္းယွဥ္ၿပီး အားငယ္ေနမယ္ဆိုရင္ေတာ့ ေပ်ာ္ရႊင္မႈနဲ႔ ေဝးကြာေနဦးမွာပါ။ ကိုယ့္မွာ မရွိတဲ့အခ်က္ေတြကို သူမ်ားနဲ႔ယွဥ္ၿပီး စိတ္ပ်က္ေနမယ့္အစား ရွိၿပီးသား အရည္အခ်င္းေတြကို ထက္သထက္ထက္ေအာင္ အၿမဲေသြးေနပါ။

Related article >>> မိန္းကေလးျဖစ္ေနလုိ႔ အေလွ်ာ့ေပးရမယ္တဲ့လား

ေအာင္ျမင္ၿပီး ထက္ျမက္တဲ့ စမတ္က်က်အမ်ိဳးသမီးေတြဟာ အလုပ္လုပ္ရင္း တစ္ဖက္မွာလည္း ေပ်ာ္ရႊင္ေအာင္ေနတတ္ၾကပါတယ္ ေယာင္းတို႔ေရ…ေယာင္းတို႔လည္း ကိုယ့္ကိုယ္ကိုယ္ ခ်စ္တတ္ၿပီး စိတ္ခ်မ္းသာေပ်ာ္ရႊင္ႏိုင္ၾကပါေစေနာ္။

Stella (For Her Myanmar)

<<< Unicode >>>

စိတ်ဖိစီးမှုကင်းစင်ပြုံးပျော်ရွှင်ဖြစ်စေဖို့ယောင်းရေ…

ဘဝမှာ ကိုယ့်ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်တာ ကိုယ်ကိုယ်တိုင်ပါပဲ။ အမြဲပျော်ရွှင်ဖို့ဆိုတာလည်း ပြောရတာတော့ လွယ်ပေမဲ့ တကယ်တမ်းကျတော့ ထင်တာထက် ခက်ခဲပါတယ်။ တော်ကြာနေအလုပ်ကိစ္စ တော်ကြာနေ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ တစ်နေ့တစ်နေ့ စိတ်ချမ်းချမ်းသာသာနေရတယ်ဆိုတာ ခဏပါပဲ။ စမတ်ကျတဲ့ အမျိုးသမီးတွေကတော့ စိတ်ချမ်းသာပျော်ရွှင်ဖို့အတွက် ဒီနည်းလမ်းတွေကို ကျင့်သုံးကြပါတယ်။

(၁) လက်လွှတ်လိုက်ပါ။

နာကျင်ခဲ့တာတွေကို တစိမ့်စိမ့်တွေးပြီး ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာတွေ ပေးနေတုန်းလား? စစ်မှန်တဲ့ပျော်ရွှင်မှုကို လိုချင်တယ်ဆိုရင်တော့ ဒီလို လုပ်နေတာတွေ ရပ်လိုက်ပါတော့။ ဥပမာအားဖြင့် တို့တွေဟာ ကိုယ်တွယ်တာရတဲ့ လူတစ်ယောက် အနားကနေ ထွက်သွားပြီဆိုရင် တချို့က ဖြစ်သမျှကို ကျေကျေနပ်နပ်လက်ခံပြီး လက်လွှတ်တတ်ပေမဲ့ တချို့ကကျတော့ မရမကဆွဲထားတတ်ပါတယ်။ ဒုတိယနည်းလမ်းက ဘယ်တော့မှ အသုံးမဝင်ပါဘူးနော်။ ကိုယ်တိုင်လည်း လူတစ်ယောက်ကို ထွက်မသွားဖို့တောင်းပန်ခဲ့ဖူးပါတယ်။ အဆုံးမှာ သူလည်း ပင်ပန်းရတယ် ကိုယ်လည်း နာကျင်ရတာပဲ အဖတ်တင်ပါတယ်။ ဆိုတော့ကား ထွက်သွားချင်တဲ့သူများရှိရင် ရှည်ရှည်ဝေးဝေးမတွေးဘဲ လက်လွှတ်လိုက်ပါနော်။

Related article >>> ထက်မြက်တဲ့ မိန်းကလေးကို ချစ်မိတဲ့အခါ သိထားသင့်တဲ့ အချက်(၆)ချက်

(၂) လက်တွေ့ကျပါ။

အတိတ်ကအကြောင်းတွေ တွေးပြီးဝမ်းနည်းနေတာမျိုးကို ရှောင်ပါ။ အနာဂတ်ကို ကြိုတွေးပြီး ပူပန်နေတာမျိုးလည်းမလုပ်ပါနဲ့။ ယောင်းပိုင်ဆိုင်တာ လက်ရှိပစ္စုပန်တစ်ခုတည်းပါ။ လက်ရှိကို အကောင်းဆုံးဖြစ်အောင်နေပါ။ ဖြစ်သမျှအကြောင်းကို လက်ခံတတ်လာလေလေ ဆုတောင်းတွေ မျှော်လင့်ထားတာတွေမပါတဲ့ ဘဝက ဘယ်လောက်ရိုးရှင်းလဲဆိုတာ မြင်လာလေလေပါ။ ဥပမာ အလုပ်ဖြုတ်ခံရတာဖြစ်ဖြစ်၊ ရည်းစားနဲ့ပြတ်တာဖြစ်ဖြစ် ပြဿနာဖြစ်လာတဲ့အခါ ဘာကြောင့်ဆိုတာစဉ်းစားမယ့်အစား အခုဘာလုပ်မလဲဆိုတာကို တွေးပါ။

(၃) ကပ်စီးမနည်းပါနဲ့။

အလုပ်တွေတော့ နင်းကန်လုပ်တယ်… ကိုယ့်ကိုယ်ကိုယ်တော့ မသဒ္ဓါဘူးဆိုတာမျိုး မဖြစ်ပါစေနဲ့။ ကိုယ့်အတွက် ကိုယ် အချိန်ပေးပါ။ ကိုယ်ရှာတာ ကိုယ်သုံးလိုက်ပါ။ အလွန်အကျွံသုံးခိုင်းတာမဟုတ်ဘူးနော်။ စားသောက်ဆိုင်ကောင်းကောင်းမှာ ဝယ်စားပါ။ Spa သွားပြီး အနှိပ်ခံပါ။ Skincare ကောင်းကောင်းသုံးပါ။ ကိုယ့်အတွက်ကိုယ် ဝယ်ရတာကို မနှမြောပါနဲ့နော်။

Related article >>> အောင်မြင်သူ အမျိုးသမီး(၄)ဦးရဲ့ ၂၀၁၉ ပန်းတိုင်များ

(၄) ကိုယ့်ကိုယ်ကို ယုံကြည်ပါ။

ပျော်ရွှင်ချင်တယ်ဆို ကိုယ့်ကိုယ်ကိုယ်ယုံကြည်ဖို့ကလည်း အဓိကသော့ချက်ပါပဲ။ အမျိုးသမီးတွေက များသောအားဖြင့် မှီခိုအားထားစရာ လူရှာတတ်ကြပါတယ်။ ဒီလိုလုပ်မယ့်အစား ကိုယ့်ကိုယ်ကိုယ်သာ အားကိုးလိုက်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ကိုယ့်ရဲ့ပျော်ရွှင်မှုကို သူများလက်ထဲ ဘယ်တော့မှ မထည့်လိုက်ပါနဲ့။ ကိုယ်လုပ်နိုင်တယ်ဆိုတာကို ယုံကြည်ပါ။ ကိုယ့်ဖြစ်တည်မှုကို ကိုယ်ချစ်ပါ။

(၅) မလိုအပ်တာတွေကို ခေါင်းထဲမထည့်ပါနဲ့။

ကိုယ့်အကြောင်း မကောင်းပြောတဲ့လူတွေ ရှိနေလား? အလုပ်မှာ အဆင်မပြေဘူးလား ? ဘဝအတွက် မလိုအပ်ရင် ဥပက္ခာပြုလိုက်ပါ။ မလိုအပ်တဲ့ အကြောင်းအရာတွေကို ခေါင်းထဲထည့်ထားနေသ၍တော့ ဘယ်တော့မှ အပြည့်အဝ ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။ ယောင်းက ဂရုမစိုက်ရင် မကောင်းပြောတဲ့သူတွေလည်း အလိုလိုပါးစပ်ပိတ်သွားပါလိမ့်မယ်။

(၆) မနှိုင်းယှဉ်ပါနဲ့။

သူက ငါ့ထက် ပိုတော်တယ်၊ ပိုလှတယ်၊ ပိုတတ်တယ်ဆိုပြီး နှိုင်းယှဉ်တာတွေကို ရှောင်ပါ။ လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်အရည်အချင်းနဲ့ ကိုယ်ပိုင်အလှဆိုတာရှိပြီးသားပါ။ ယောင်းသိထားဖို့က ဘယ်သူကမှ ခြောက်ပစ်ကင်းသဲလဲစင် မဟုတ်ဘူးဆိုတာပါပဲ။ ကိုယ့်ကိုယ်ကိုယ် သူများနဲ့နှိုင်းယှဉ်ပြီး အားငယ်နေမယ်ဆိုရင်တော့ ပျော်ရွှင်မှုနဲ့ ဝေးကွာနေဦးမှာပါ။ ကိုယ့်မှာ မရှိတဲ့အချက်တွေကို သူများနဲ့ယှဉ်ပြီး စိတ်ပျက်နေမယ့်အစား ရှိပြီးသား အရည်အချင်းတွေကို ထက်သထက်ထက်အောင် အမြဲသွေးနေပါ။

Related article >>> မိန်းကလေးဖြစ်နေလို့ အလျှော့ပေးရမယ်တဲ့လား

အောင်မြင်ပြီး ထက်မြက်တဲ့ စမတ်ကျကျအမျိုးသမီးတွေဟာ အလုပ်လုပ်ရင်း တစ်ဖက်မှာလည်း ပျော်ရွှင်အောင်နေတတ်ကြပါတယ် ယောင်းတို့ရေ…ယောင်းတို့လည်း ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ပြီး စိတ်ချမ်းသာပျော်ရွှင်နိုင်ကြပါစေနော်။

Stella (For Her Myanmar)

No Comments Yet

Comments are closed