ေယာင္းဟာအမွီအခိုကင္းတဲ့ အမ်ိဳးသမီးျဖစ္ေနၿပီဆိုတာ သိသာေစတဲ့အခ်က္ (၅) ခ်က္

အမွီအခိုကင္းၿပီး ထက္ျမက္တဲ့ မိန္းမတစ္ေယာက္ျဖစ္ဖို႔ဆိုရင္ ဒီအခ်က္ေတြ ရွိဖို႔လိုတယ္

ေယာင္းေရ… လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေတြကဆိုရင္ အမ်ိဳးသမီးေတြကို အားနည္းတယ္၊ ဉာဏ္ရည္မျမင့္ဘူးဆိုၿပီး ႏွိမ့္ခ်ဆက္ဆံတာေတြ အမ်ားႀကီးရွိခဲ့ပါတယ္။ ဒီေခတ္မွာေတာ့ အဲ့လို ေရွးရိုးစြဲအယူအဆေတြကို ေျခဖ်က္ၿပီး အမ်ိဳးသမီးေတြလည္း မေခေၾကာင္း ျပလာၾကပါၿပီ။ တို႔ ျမန္မာႏိုင္ငံကလည္း ေအာင္ျမင္ထက္ျမက္တဲ့ အမ်ိဳးသမီးေတြ အမ်ားႀကီးေပၚထြက္လာၿပီမို႔ ဒီထဲမွာ ေယာင္းေကာပါေနၿပီလားဆိုတာ ဒီအခ်က္ေလးေတြနဲ႔ တိုက္ၾကည့္လိုက္ရေအာင္…

(၁) ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈရွိတယ္။

ေယာင္းက ေယာင္းရဲ႕လုပ္ႏိုင္စြမ္းကို အၿမဲတမ္းယံုၾကည္ပါတယ္။ ဘယ္သူကိုမွလည္း မမွီခိုသလို ဘာကိုမွလည္း အားမထားပါဘူး။ ေယာင္းမွာ အားနည္းခ်က္ေတြ ရွိေနေသးေနတာကို သိေပမဲ့ ဒီအားနည္းခ်က္ေတြေၾကာင့္ ေယာင္းႀကိဳးစားေနတာေတြကို ရပ္လိုက္မယ့္ လူတစ္ေယာက္ မဟုတ္ပါဘူး။

(၂) ေလးစားမႈကို ရွာေဖြတယ္။

ေယာင္းလုပ္သမွ်အရာေတြဟာ လူေတြဆီက attention ရဖို႔လုပ္ေနတာ မဟုတ္ပါဘူး။ လူေတြရဲ႕ေရွ႕ေမွာက္မွာျဖစ္ေစ ကြယ္ရာမွာျဖစ္ေစ ေယာင္းက ကိုယ္မွန္တယ္ထင္တာကို ကိုယ္လုပ္တတ္သူပါ။ ေပၚျပဴလာျဖစ္ဖို႔ထက္ လူေတြဆီက ေလးစားမႈကိုသာ တရားေသာနည္းလမ္းနဲ႔ ရယူခ်င္သူတစ္ေယာက္ေပါ့။

(၃) သူမ်ားေတြနဲ႔ မႏႈိင္းယွဥ္ဘူး။

ကိုယ့္ကိုယ္ကိုယ္ သူမ်ားေတြနဲ႔ ႏႈိင္းယွဥ္တာ မွားယြင္းတဲ့ လုပ္ရပ္မွန္း ေယာင္းက ေကာင္းေကာင္းသိၿပီးသားပါ။ ဒါေၾကာင့္ ေယာင္းဟာ ကိုယ့္ကိုယ္ကိုယ္ပဲ ပိုေတာ္ပိုေကာင္းေအာင္ ျမွင့္တင္ဖို႔ပဲ ႀကိဳးစားပါတယ္။

(၄) ရိုးရိုးက်င့္ ျမင့္ျမင့္ၾကံတယ္။

အရွိကိုအရွိအတိုင္း ေနတတ္ၿပီး ရည္မွန္းခ်က္ ျမင့္ျမင့္ထားပါတယ္။ ေယာင္းရဲ႕ ပန္းတိုင္ကို အေရာက္လွမ္းႏိုင္ဖို႔ သူတစ္ပါးကို လီဆယ္ေခ်ာက္တြန္းမယ့္အစား ေယာင္းရဲ႕ အရည္အခ်င္းအမွန္နဲ႔သာ တစ္ဆင့္ခ်င္း ျဖည္းျဖည္းမွန္မွန္ တက္သြားမယ့္သူပါ။

(၅) ခြင့္လႊတ္တတ္တယ္

ေယာင္းအေပၚမွာ မေကာင္းတဲ့လူေတြကို အထူးတလည္ ေခါင္းထဲထည့္ၿပီး စိတ္ဆိုးေနမယ့္သူ မဟုတ္ပါဘူး။ လက္စားေတြေခ်မယ္ဆိုၿပီး ဒရာမာခင္းမေနဘဲ ခြင့္လႊတ္ေပးလိုက္ၿပီး ျမန္ျမန္ဆန္ဆန္ေခါင္းထဲက ထုတ္ပစ္လိုက္မွာပါ။

ကဲ…ဒီအခ်က္ေတြထဲက ဘယ္ႏွခ်က္ေလာက္ ေယာင္းနဲ႔တိုက္ဆိုင္ေနၿပီလဲ ?

Stella (For Her Myanmar)
<<>>

အမှီအခိုကင်းပြီး ထက်မြက်တဲ့ မိန်းမတစ်ယောက်ဖြစ်ဖို့ဆိုရင် ဒီအချက်တွေ ရှိဖို့လိုတယ်

ယောင်းရေ… လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကဆိုရင် အမျိုးသမီးတွေကို အားနည်းတယ်၊ ဉာဏ်ရည်မမြင့်ဘူးဆိုပြီး နှိမ့်ချဆက်ဆံတာတွေ အများကြီးရှိခဲ့ပါတယ်။ ဒီခေတ်မှာတော့ အဲ့လို ရှေးရိုးစွဲအယူအဆတွေကို ခြေဖျက်ပြီး အမျိုးသမီးတွေလည်း မခေကြောင်း ပြလာကြပါပြီ။ တို့ မြန်မာနိုင်ငံကလည်း အောင်မြင်ထက်မြက်တဲ့ အမျိုးသမီးတွေ အများကြီးပေါ်ထွက်လာပြီမို့ ဒီထဲမှာ ယောင်းကောပါနေပြီလားဆိုတာ ဒီအချက်လေးတွေနဲ့ တိုက်ကြည့်လိုက်ရအောင်…

(၁) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်။

ယောင်းက ယောင်းရဲ့လုပ်နိုင်စွမ်းကို အမြဲတမ်းယုံကြည်ပါတယ်။ ဘယ်သူကိုမှလည်း မမှီခိုသလို ဘာကိုမှလည်း အားမထားပါဘူး။ ယောင်းမှာ အားနည်းချက်တွေ ရှိနေသေးနေတာကို သိပေမဲ့ ဒီအားနည်းချက်တွေကြောင့် ယောင်းကြိုးစားနေတာတွေကို ရပ်လိုက်မယ့် လူတစ်ယောက် မဟုတ်ပါဘူး။

(၂) လေးစားမှုကို ရှာဖွေတယ်။

ယောင်းလုပ်သမျှအရာတွေဟာ လူတွေဆီက attention ရဖို့လုပ်နေတာ မဟုတ်ပါဘူး။ လူတွေရဲ့ရှေ့မှောက်မှာဖြစ်စေ ကွယ်ရာမှာဖြစ်စေ ယောင်းက ကိုယ်မှန်တယ်ထင်တာကို ကိုယ်လုပ်တတ်သူပါ။ ပေါ်ပြူလာဖြစ်ဖို့ထက် လူတွေဆီက လေးစားမှုကိုသာ တရားသောနည်းလမ်းနဲ့ ရယူချင်သူတစ်ယောက်ပေါ့။

(၃) သူများတွေနဲ့ မနှိုင်းယှဉ်ဘူး။

ကိုယ့်ကိုယ်ကိုယ် သူများတွေနဲ့ နှိုင်းယှဉ်တာ မှားယွင်းတဲ့ လုပ်ရပ်မှန်း ယောင်းက ကောင်းကောင်းသိပြီးသားပါ။ ဒါကြောင့် ယောင်းဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ပိုတော်ပိုကောင်းအောင် မြှင့်တင်ဖို့ပဲ ကြိုးစားပါတယ်။

(၄) ရိုးရိုးကျင့် မြင့်မြင့်ကြံတယ်။

အရှိကိုအရှိအတိုင်း နေတတ်ပြီး ရည်မှန်းချက် မြင့်မြင့်ထားပါတယ်။ ယောင်းရဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ သူတစ်ပါးကို လီဆယ်ချောက်တွန်းမယ့်အစား ယောင်းရဲ့ အရည်အချင်းအမှန်နဲ့သာ တစ်ဆင့်ချင်း ဖြည်းဖြည်းမှန်မှန် တက်သွားမယ့်သူပါ။

(၅) ခွင့်လွှတ်တတ်တယ်

ယောင်းအပေါ်မှာ မကောင်းတဲ့လူတွေကို အထူးတလည် ခေါင်းထဲထည့်ပြီး စိတ်ဆိုးနေမယ့်သူ မဟုတ်ပါဘူး။ လက်စားတွေချေမယ်ဆိုပြီး ဒရာမာခင်းမနေဘဲ ခွင့်လွှတ်ပေးလိုက်ပြီး မြန်မြန်ဆန်ဆန်ခေါင်းထဲက ထုတ်ပစ်လိုက်မှာပါ။

ကဲ…ဒီအချက်တွေထဲက ဘယ်နှချက်လောက် ယောင်းနဲ့တိုက်ဆိုင်နေပြီလဲ ?

Stella (For Her Myanmar)

No Comments Yet

Comments are closed