ကိုယ့္ကိုယ္ကိုယ္ ခ်စ္ၿပီး ယံုၾကည္မႈျမင့္မားတဲ့ မိန္းကေလးတိုင္းရဲ႕ အမူအက်င့္ (၅) မ်ိဳး

ဒီအခ်က္ေတြ ေယာင္းမွာ ရွိေနၿပီလား? 

ေယာင္းတို႔ေရ … (၂၁) ရာစုအမ်ိဳးသမီးေတြက က႑အသီးသီးမွာ ေအာင္ျမင္ေနၾကၿပီဆိုတာ သိၾကတယ္ ဟုတ္? သြက္လက္ထက္ျမက္တဲ့ အမ်ိဳးသမီးေတြ ျပည့္ႏွက္ေနတဲ့ေခတ္ႀကီးမွာ ကိုယ္လည္းေနာက္က်က်န္မေနရစ္ဖို႔ လိုၿပီေနာ္။ ဒါဆို ပတ္ဝန္းက်င္က ေလးစားအားက်ရတဲ့ စူပါအမ်ိဳးသမီးေတြ ဘယ္လိုျပဳမူေနထိုင္ၾကလဲဆိုတာ Stella နဲ႔တူတူၾကည့္လိုက္ၾကရေအာင္ …

(၁) ကိုယ့္ရဲ႕အားသာခ်က္ အားနည္းခ်က္ေတြကို ေကာင္းေကာင္းသေဘာေပါက္တယ္။

ဟုတ္ပါတယ္ … ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈအျပည့္ရွိေနတဲ့ အမ်ိဳးသမီးေတြက သူ(မ)ရဲ႕အားသာခ်က္ေတြကို ေကာင္းေကာင္းႀကီးသိထားတဲ့အတြက္ ဒီအားသာခ်က္ေတြကို ပါးပါးနပ္နပ္အသံုးခ်တတ္ပါတယ္။ အားနည္းခ်က္ေတြရွိလို႔ေကာ စိတ္အားငယ္ေနမယ္ထင္လား ? No ပါေနာ္ … ဒီအားနည္းခ်က္ေတြကိုလည္း ဘယ္လိုျပဳျပင္ရမလဲဆိုတာ ေခါင္းထဲရွိေနၿပီးသားပါ။

(၂) ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္တယ္။ 

အနားမွာ ဘယ္သူမွမရွိလို႔ အရုပ္ႀကိဳးျပတ္ေခြက်သြားမယ့္လူေတြထဲမွာ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္တဲ့ အမ်ိဳးသမီးေတြ လံုးဝမပါပါဘူး။ တစ္ေယာက္တည္းလည္းျဖစ္တယ္၊ ရေအာင္ရွင္သန္တယ္။ အခက္အခဲေတြၾကံဳလာရလို႔ ဒူးေထာက္က်သြားရင္ေတာင္ မ်က္စိတစ္မိွတ္အတြင္း ျပန္ထလာမယ့္ ဖီးနစ္ငွက္လို မိန္းမသားေတြျဖစ္ပါတယ္။

Related Article >>> ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈရွိေစဖို႔ စိတ္ဓာတ္ျမွင့္တင္ေပးနိုင္မယ့္ နည္းလမ္း(၅)သြယ္

(၃) ကိုယ့္ကိုယ္ကိုယ္ေပ်ာ္ေအာင္ထားတယ္

ေပ်ာ္ရႊင္မႈကို ဖန္တီးေပးႏိုင္တာ ကိုယ္ကိုယ္တိုင္ပဲလို႔ ေကာင္းေကာင္းသေဘာေပါက္ထားတဲ့အတြက္ ျဖစ္သမွ်အေၾကာင္းအေကာင္းဆိုၿပီး ဘဝကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းၾကတယ္။ သူမ်ားကိစၥလည္း စိတ္မဝင္စားသလို ကိုယ့္ကိုယ္ကိုယ္လည္း သူမ်ားတကာနဲ႔ ႏႈိင္းယွဥ္ေနမွာ မဟုတ္ပါဘူး။ ကိုယ္ရွာတာကိုယ္သံုးၿပီး ကိုယ့္ဘဝကို ကိုယ္သာပိုင္တယ္လို႔ ခံယူထားၾကသူေတြေပါ့။

(၄) တစ္ကိုယ္ရည္သန္႔ရွင္းေရးကို ဂရုတစိုက္ရွိတယ္

အၿမဲလိုလို ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈအျပည့္ရွိေနျခင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကေတာ့ တစ္ကိုယ္ရည္သန္႔ရွင္းေရးပါပဲ။ ေခါင္းအစ ေျခအဆံုးသန္႔ျပန္႔ေနရုံတင္မကဘူး … အမ်ားစု ေမ့ေလ်ာ့ေနတတ္ၾကတဲ့ မိန္းမကိုယ္ကိုလည္း pH Care လိုမ်ိဳး သားဖြားမီးယပ္ဆရာဝန္ႀကီးေတြရဲ႕ ေထာက္ခံခ်က္ရ အမ်ိဳးသမီးသန္႔စင္ေဆးရည္သံုးၿပီး သန္႔စင္ေဆးေၾကာေပးေသးတာဆိုေတာ့ အနံ႔ဆိုးေတြကင္းစင္ၿပီး ယံုၾကည္မႈအျပည့္နဲ႔ သြားလာလႈပ္ရွားေနႏိုင္တာ မဆန္းပါဘူး။

(၅) အစားအေသာက္နဲ႔ ေလ့က်င့္ခန္းပံုစံကို ထိန္းထားတယ္

က်န္းမာေရးနဲ႔အညီ စားေသာက္တာကလည္း ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈရွိျခင္းရဲ႕ ေသာ့ခ်က္တစ္ခုပဲေနာ္။ အစိမ္းေရာင္ဟင္းသီးဟင္းရြက္ေတြ၊ အသီးအႏွံေတြနဲ႔ အေစ့အဆန္ေတြကို အမ်ိဳးသမီးေတြက ၾကည့္လိုက္ရင္ သာမန္ထက္ႏုပ်ိဳတက္ႂကြလန္းဆန္းေနတာ အမွန္ပါပဲ။ ခႏၶာကိုယ္အခ်ိဳးအစားကို ထိန္းသိမ္းဖို႔အတြက္ မနက္ပိုင္း လမ္းေလွ်ာက္၊ အေျပးက်င့္တာမ်ိဳး၊ ညေနဘက္ gym မွာ ေလ့က်င့္ခန္းလုပ္တာမ်ိဳးလည္း ပံုမွန္လုပ္ေလ့ရွိပါတယ္တဲ့။

ဒါကေတာ့ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈအျပည့္ရွိတဲ့ အမ်ိဳးသမီးေတြ လက္ေတြ႔က်င့္သံုးေနတဲ့ အခ်က္ေတြပါ။ ေယာင္းတို႔ေကာ … ကို္ယ့္ကို္ယ္ကိုယ္ယံုၾကည္မႈ ျမင့္မားတဲ့ ထက္ထက္ျမက္ျမက္ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ၿပီလား ?

Stella (For Her Myanmar)

<<< Unicode >>>

ဒီအချက်တွေ ယောင်းမှာ ရှိနေပြီလား? 

ယောင်းတို့ရေ … (၂၁) ရာစုအမျိုးသမီးတွေက ကဏ္ဍအသီးသီးမှာ အောင်မြင်နေကြပြီဆိုတာ သိကြတယ် ဟုတ်? သွက်လက်ထက်မြက်တဲ့ အမျိုးသမီးတွေ ပြည့်နှက်နေတဲ့ခေတ်ကြီးမှာ ကိုယ်လည်းနောက်ကျကျန်မနေရစ်ဖို့ လိုပြီနော်။ ဒါဆို ပတ်ဝန်းကျင်က လေးစားအားကျရတဲ့ စူပါအမျိုးသမီးတွေ ဘယ်လိုပြုမူနေထိုင်ကြလဲဆိုတာ Stella နဲ့တူတူကြည့်လိုက်ကြရအောင် …

(၁) ကိုယ့်ရဲ့အားသာချက် အားနည်းချက်တွေကို ကောင်းကောင်းသဘောပေါက်တယ်။

ဟုတ်ပါတယ် … ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိနေတဲ့ အမျိုးသမီးတွေက သူ(မ)ရဲ့အားသာချက်တွေကို ကောင်းကောင်းကြီးသိထားတဲ့အတွက် ဒီအားသာချက်တွေကို ပါးပါးနပ်နပ်အသုံးချတတ်ပါတယ်။ အားနည်းချက်တွေရှိလို့ကော စိတ်အားငယ်နေမယ်ထင်လား ? No ပါနော် … ဒီအားနည်းချက်တွေကိုလည်း ဘယ်လိုပြုပြင်ရမလဲဆိုတာ ခေါင်းထဲရှိနေပြီးသားပါ။

(၂) ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တယ်။ 

အနားမှာ ဘယ်သူမှမရှိလို့ အရုပ်ကြိုးပြတ်ခွေကျသွားမယ့်လူတွေထဲမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်တဲ့ အမျိုးသမီးတွေ လုံးဝမပါပါဘူး။ တစ်ယောက်တည်းလည်းဖြစ်တယ်၊ ရအောင်ရှင်သန်တယ်။ အခက်အခဲတွေကြုံလာရလို့ ဒူးထောက်ကျသွားရင်တောင် မျက်စိတစ်မှိတ်အတွင်း ပြန်ထလာမယ့် ဖီးနစ်ငှက်လို မိန်းမသားတွေဖြစ်ပါတယ်။

Related Article >>> ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေဖို့ စိတ်ဓာတ်မြှင့်တင်ပေးနိုင်မယ့် နည်းလမ်း(၅)သွယ်

(၃) ကိုယ့်ကိုယ်ကိုယ်ပျော်အောင်ထားတယ်

ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်တာ ကိုယ်ကိုယ်တိုင်ပဲလို့ ကောင်းကောင်းသဘောပေါက်ထားတဲ့အတွက် ဖြစ်သမျှအကြောင်းအကောင်းဆိုပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြတယ်။ သူများကိစ္စလည်း စိတ်မဝင်စားသလို ကိုယ့်ကိုယ်ကိုယ်လည်း သူများတကာနဲ့ နှိုင်းယှဉ်နေမှာ မဟုတ်ပါဘူး။ ကိုယ်ရှာတာကိုယ်သုံးပြီး ကိုယ့်ဘဝကို ကိုယ်သာပိုင်တယ်လို့ ခံယူထားကြသူတွေပေါ့။

(၄) တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုတစိုက်ရှိတယ်

အမြဲလိုလို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိနေခြင်းရဲ့ လျှို့ဝှက်ချက်ကတော့ တစ်ကိုယ်ရည်သန့်ရှင်းရေးပါပဲ။ ခေါင်းအစ ခြေအဆုံးသန့်ပြန့်နေရုံတင်မကဘူး … အများစု မေ့လျော့နေတတ်ကြတဲ့ မိန်းမကိုယ်ကိုလည်း pH Care လိုမျိုး သားဖွားမီးယပ်ဆရာဝန်ကြီးတွေရဲ့ ထောက်ခံချက်ရ အမျိုးသမီးသန့်စင်ဆေးရည်သုံးပြီး သန့်စင်ဆေးကြောပေးသေးတာဆိုတော့ အနံ့ဆိုးတွေကင်းစင်ပြီး ယုံကြည်မှုအပြည့်နဲ့ သွားလာလှုပ်ရှားနေနိုင်တာ မဆန်းပါဘူး။

(၅) အစားအသောက်နဲ့ လေ့ကျင့်ခန်းပုံစံကို ထိန်းထားတယ်

ကျန်းမာရေးနဲ့အညီ စားသောက်တာကလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းရဲ့ သော့ချက်တစ်ခုပဲနော်။ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေနဲ့ အစေ့အဆန်တွေကို အမျိုးသမီးတွေက ကြည့်လိုက်ရင် သာမန်ထက်နုပျိုတက်ကြွလန်းဆန်းနေတာ အမှန်ပါပဲ။ ခန္ဓာကိုယ်အချိုးအစားကို ထိန်းသိမ်းဖို့အတွက် မနက်ပိုင်း လမ်းလျှောက်၊ အပြေးကျင့်တာမျိုး၊ ညနေဘက် gym မှာ လေ့ကျင့်ခန်းလုပ်တာမျိုးလည်း ပုံမှန်လုပ်လေ့ရှိပါတယ်တဲ့။

ဒါကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့ အမျိုးသမီးတွေ လက်တွေ့ကျင့်သုံးနေတဲ့ အချက်တွေပါ။ ယောင်းတို့ကော … ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု မြင့်မားတဲ့ ထက်ထက်မြက်မြက် အမျိုးသမီးတစ်ယောက်ဖြစ်ပြီလား ?

Stella (For Her Myanmar)

No Comments Yet

Comments are closed