ေအာင္ျမင္သူ အမ်ိဳးသမီး(၄)ဦးရဲ႕ ၂၀၁၉ ပန္းတိုင္မ်ား

အကုန္လံုးက အားက်စရာေတြမို႔ လိုက္လုပ္ၾကည့္ခ်င္မိ

ႏွစ္သစ္တစ္ခုေရာက္တိုင္း ဒီႏွစ္သစ္မွာ ဘာေတြလုပ္ၾကမယ္ ဘယ္လုိ ပန္းတုိင္ေတြ ထားမယ္ရယ္လုိ႔ ဆံုးျဖတ္ခ်က္ခ်ေလ့ ႐ွိပါတယ္။ ေအာင္ျမင္ေက်ာ္ၾကားသူေတြလည္း ဒီလုိပါပဲ ႏွစ္သစ္မွာ ထားရွိမယ့္ ရည္မွန္းခ်က္ေတြ ကိုယ္စီ ႐ွိၾကပါတယ္။

ဒီထဲကမွ ေအာင္ျမင္တဲ့ အမ်ိဳးသမီးေတြရဲ႕ ႏွစ္သစ္ဆံုးျဖတ္ခ်က္ေတြကို ၾကည့္ၾကရေအာင္ေနာ္..

၁။ ဂြင္းနက္ ပက္ထ႐ိုး

ဒီႏွစ္မွာ သူထား႐ွိတဲ့ ႏွစ္သစ္စိတ္ကူးက တရားမ်ားမ်ားထိုင္ဖို႔ပါတဲ့။ သူက ႏွစ္စဥ္ အဆိပ္အေတာက္ရွင္းတဲ့ အစီအစဥ္ေတြကို ခ်မွတ္ေလ့႐ွိသူပါ။ အဆိပ္အေတာက္ဆုိတာ ကိုယ္တြင္း ကိုယ္ျပင္ တင္မက စိတ္ပိုင္းဆိုင္ရာမွာ တင္ေနတဲ့ အဆိပ္အေတာက္ေတြပါ။ ဒီႏွစ္မွာေတာ့ တရားမ်ားမ်ားထိုင္ၿပီး စိတ္ရဲ႕ ၿငိမ္းခ်မ္းရာကို ႐ွာေတာ့မယ္နဲ႔ တူပါရဲ႕ေနာ္။

Related Article >>> ႏွစ္သစ္ရည္မွန္းခ်က္ေတြ ျဖည့္ဆည္းႏိုင္ဖို႔ရာ

၂။ ဗစ္တိုးရီးယား ဘက္ခမ္

ဗစ္တိုးရီးယားရဲ႕ ေအာင္ျမင္ျခင္းလွ်ိဳ႕ဝွက္ခ်က္တစ္ခုက အလုပ္အရမ္းႀကိဳးစားျခင္းပါပဲ။ ဒါေပမဲ့ ၂၀၁၉ မွာေတာ့ အလုပ္ေတြကုိ ေလွ်ာ့ခ်ေတာ့မယ္လို႔ သူ ဆံုးျဖတ္လုိက္ပါတယ္။ အထူးသျဖင့္ ၆ နာရီေနာက္ပိုင္းမွာ အလုပ္လုံးဝမလုပ္ေတာ့ဘဲ မိသားစုကို အခ်ိန္ေပးေတာ့မယ္တဲ့။

လူတစ္ေယာက္အတြက္ အလုပ္တင္မက မိသားစုကလည္း အေရးႀကီးတာမို႔ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္တစ္ခုကို ခ်လိုက္ႏုိင္တာပါပဲ။

၃။ ဂ်နီဖာလုိပက္ဇ္

ေဂ်လုိက ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈ႐ွိဖို႔နဲ႔ ပတ္သက္ၿပီး အၿမဲ ခြန္အားေပးတတ္သူပါ။ ဒီႏွစ္မွာေတာ့ သူက ကိုယ့္ရဲ႕ လုပ္ႏိုင္စြမ္းေတြကို ကန္႔သတ္မထားဖုိ႔၊ ေပ်ာ္ေပ်ာ္ေနဖို႔၊ သတိၱ႐ွိဖို႔၊ ၾကင္နာတတ္ဖုိ႔၊ အားကိုးထိုက္သူျဖစ္ဖို႔၊ ကိုယ့္ႏွလံုးသားရဲ႕ စကားသံကို နာခံဖို႔ အစ႐ွိျဖင့္ ၂၀၁၉ မွာ သူျဖစ္ခ်င္တဲ့ ရည္မွန္းခ်က္ေတြကို မွ်ေဝခဲ့ပါတယ္။

ကိုယ္ေတြေတာင္ သူေျပာသလို လုပ္ၾကည့္ခ်င္စိတ္ေတြ ေပါက္လာေသး 😀

Related Article >>> ႏွစ္သစ္အတြက္ ခ်စ္သူနဲ႔အတူလုပ္သင့္တဲ့ ႏွစ္ကိုယ္တူ ႏွစ္သစ္ရည္မွန္းခ်က္မ်ား

၄။ ဘီယြန္စီးလ္

ဘီယြန္စီးလ္က သက္သတ္လြတ္စားတဲ့ အေလ့က်င့္ကို ၂၀၁၉ မွာ ဆက္လက္ထိန္းသိမ္းသြားဖုိ႔ စိတ္ကူးထားၿပီး တျခားသူေတြကိုပါ သတ္သက္လြတ္စားဖုိ႔ တိုက္တြန္းလုိက္ပါတယ္။

သက္သတ္လြတ္စားျခင္းက အဆီပိုေတြကို ကာကြယ္ေပး႐ံုသာမက က်န္းမာေရးအတြက္လည္း ပိုေကာင္းတယ္လုိ႔ သူက ဆိုပါတယ္။ ဘီယြန္စီးလ္ရဲ႕ ဆံုးျဖတ္ခ်က္ကလည္း အတုယူစရာပါပဲေနာ္။

ဒါကေတာ့ နာမည္ေက်ာ္ၾကား ေအာင္ျမင္ေနတဲ့ အမ်ိဳးသမီးေလးေယာက္ရဲ႕ ႏွစ္သစ္ဆံုးျဖတ္ခ်က္ေတြပါပဲ။ ေယာင္းေရာ ဘယ္တစ္ခုကို သေဘာအက်ဆံုးလဲဟင္။ ေယာင္းရဲ႕ ႏွစ္သစ္ဆံုးျဖတ္ခ်က္ေလးေတြကိုလည္း မွ်ေဝေပးသြားပါဦးလို႔…

Sugar Cane (For Her Myanmar)

References : careergirldailyirishexaminer

<<< Unicode>>>

အကုန်လုံးက အားကျစရာတွေမို့ လိုက်လုပ်ကြည့်ချင်မိ

နှစ်သစ်တစ်ခုရောက်တိုင်း ဒီနှစ်သစ်မှာ ဘာတွေလုပ်ကြမယ် ဘယ်လို ပန်းတိုင်တွေ ထားမယ်ရယ်လို့ ဆုံးဖြတ်ချက်ချလေ့ ရှိပါတယ်။ အောင်မြင်ကျော်ကြားသူတွေလည်း ဒီလိုပါပဲ နှစ်သစ်မှာ ထားရှိမယ့် ရည်မှန်းချက်တွေ ကိုယ်စီ ရှိကြပါတယ်။

ဒီထဲကမှ အောင်မြင်တဲ့ အမျိုးသမီးတွေရဲ့ နှစ်သစ်ဆုံးဖြတ်ချက်တွေကို ကြည့်ကြရအောင်နော်..

၁။ ဂွင်းနက် ပက်ထရိုး

ဒီနှစ်မှာ သူထားရှိတဲ့ နှစ်သစ်စိတ်ကူးက တရားများများထိုင်ဖို့ပါတဲ့။ သူက နှစ်စဉ် အဆိပ်အတောက်ရှင်းတဲ့ အစီအစဉ်တွေကို ချမှတ်လေ့ရှိသူပါ။ အဆိပ်အတောက်ဆိုတာ ကိုယ်တွင်း ကိုယ်ပြင် တင်မက စိတ်ပိုင်းဆိုင်ရာမှာ တင်နေတဲ့ အဆိပ်အတောက်တွေပါ။ ဒီနှစ်မှာတော့ တရားများများထိုင်ပြီး စိတ်ရဲ့ ငြိမ်းချမ်းရာကို ရှာတော့မယ်နဲ့ တူပါရဲ့နော်။

Related Article >>> နှစ်သစ်ရည်မှန်းချက်တွေ ဖြည့်ဆည်းနိုင်ဖို့ရာ

၂။ ဗစ်တိုးရီးယား ဘက်ခမ်း

ဗစ်တိုးရီးယားရဲ့ အောင်မြင်ခြင်းလျှို့ဝှက်ချက်တစ်ခုက အလုပ်အရမ်းကြိုးစားခြင်းပါပဲ။ ဒါပေမဲ့ ၂၀၁၉ မှာတော့ အလုပ်တွေကို လျှော့ချတော့မယ်လို့ သူ ဆုံးဖြတ်လိုက်ပါတယ်။ အထူးသဖြင့် ၆ နာရီနောက်ပိုင်းမှာ အလုပ်လုံးဝမလုပ်တော့ဘဲ မိသားစုကို အချိန်ပေးတော့မယ်တဲ့။

လူတစ်ယောက်အတွက် အလုပ်တင်မက မိသားစုကလည်း အရေးကြီးတာမို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်နိုင်တာပါပဲ။

၃။ ဂျနီဖာလိုပက်ဇ်

ဂျေလိုက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့နဲ့ ပတ်သက်ပြီး အမြဲ ခွန်အားပေးတတ်သူပါ။ ဒီနှစ်မှာတော့ သူက ကိုယ့်ရဲ့ လုပ်နိုင်စွမ်းတွေကို ကန့်သတ်မထားဖို့၊ ပျော်ပျော်နေဖို့၊ သတ္တိရှိဖို့၊ ကြင်နာတတ်ဖို့၊ အားကိုးထိုက်သူဖြစ်ဖို့၊ ကိုယ့်နှလုံးသားရဲ့ စကားသံကို နာခံဖို့ အစရှိဖြင့် ၂၀၁၉ မှာ သူဖြစ်ချင်တဲ့ ရည်မှန်းချက်တွေကို မျှဝေခဲ့ပါတယ်။

ကိုယ်တွေတောင် သူပြောသလို လုပ်ကြည့်ချင်စိတ်တွေ ပေါက်လာသေး 😀

Related Article >>> နှစ်သစ်အတွက် ချစ်သူနဲ့အတူလုပ်သင့်တဲ့ နှစ်ကိုယ်တူ နှစ်သစ်ရည်မှန်းချက်များ

၄။ ဘီယွန်စီးလ်

ဘီယွန်စီးလ်က သက်သတ်လွတ်စားတဲ့ အလေ့ကျင့်ကို ၂၀၁၉ မှာ ဆက်လက်ထိန်းသိမ်းသွားဖို့ စိတ်ကူးထားပြီး တခြားသူတွေကိုပါ သတ်သက်လွတ်စားဖို့ တိုက်တွန်းလိုက်ပါတယ်။

သက်သတ်လွတ်စားခြင်းက အဆီပိုတွေကို ကာကွယ်ပေးရုံသာမက ကျန်းမာရေးအတွက်လည်း ပိုကောင်းတယ်လို့ သူက ဆိုပါတယ်။ ဘီယွန်စီးလ်ရဲ့ ဆုံးဖြတ်ချက်ကလည်း အတုယူစရာပါပဲနော်။

ဒါကတော့ နာမည်ကျော်ကြား အောင်မြင်နေတဲ့ အမျိုးသမီးလေးယောက်ရဲ့ နှစ်သစ်ဆုံးဖြတ်ချက်တွေပါပဲ။ ယောင်းရော ဘယ်တစ်ခုကို သဘောအကျဆုံးလဲဟင်။ ယောင်းရဲ့ နှစ်သစ်ဆုံးဖြတ်ချက်လေးတွေကိုလည်း မျှဝေပေးသွားပါဦးလို့…

Sugar Cane (For Her Myanmar)

References : careergirldaily, irishexaminer

No Comments Yet

Comments are closed