News

အမိုက်စား ဓာတ်ပုံနည်းပညာပါဝင်တဲ့V9 model အသစ်ကိုမိတ်ဆက်လိုက်တဲ့ Vivo

3D ဓါတ်ပုံလေးတွေလည်း ဖန်တီးလို့ရမယ့် မော်ဒယ်အသစ်ပါတဲ့

ယောင်းတို့ရေ…

တို့တွေအကြိုက် ဆယ်လ်ဖီကို ရှယ်ရိုက်လို့ရအောင် Vivo Smart Phone က Vivo V9 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပြန်ပြီတဲ့။

လွန်ခဲ့တဲ့ စနေနေ့ ၊ ၂၈ ရက်နေ့က Melia Hotel မှာ Vivo မှ AI နည်းပညာသုံး FullViewTM Display V9 ဖုန်းအမျိုးအစားအသစ် မိတ်ဆက်ပွဲမှာ Vivo V9 အကြောင်းကို ပြည့်ပြည့်စုံစုံ ရှင်းပြပေးသွားပါတယ်။ အဲ..အက်ဒမင်ကတော့ ကိုယ်အမှတ်မိခဲ့ဆုံးအကြောင်းအရာ (ကိုယ့်အကြိုက်ဆုံးလေးပေါ့နော်။ :P) လေးကို ဖောက်သည် ပြန်ချပါရစေ။

Smart Phone အသစ်ဝယ်ပြီဆိုရင် တို့တွေ စိတ်အဝင်စားဆုံး၊ ဂရုအစိုက်ဆုံးက ကင်မရာပေါ့လေ။ V9 Model မှာဆိုရင် အရှေ့ကင်မရာက 24MP ရှိပြီး 16MP + 5MP တောင်ပါဝင်လို့ ကြည်လင်ပြတ်သားပြီး ပုံထွက်ပိုကောင်းစေတယ်တဲ့လေ။ ပြီးတော့ အခုထွက်လာမယ့် V9 ဖုန်းမှာ AI နည်းပညာသစ်ကို ထည့်သွင်းအသုံးပြုထားတာကြောင့် အရင်ဖုန်းတွေနဲ့ မတူညီအောင် ဖန်တီးမှုတွေအများကြီးပြုလုပ်နိုင်မယ်လို့လည်း သိရတယ်။

AI Face Beauty ဆိုတဲ့ Function (လုပ်ဆောင်ချက်) မှာဆိုရင် အသုံးပြုသူရဲ့အသက်အရွယ်၊ ကျားမဆိုတာကို ဖော်ပြပေးနိုင်တဲ့အပြင် အရေပြားအခြေအနေနဲ့ ပတ်ဝန်းကျင်ရဲ့ အလင်းရောင်အခြေအနေကိုပါအကဲဖြတ်ပေးနိုင်တယ်။ နောက်ပြီး AI Selfie lighting လည်းပါဝင်တာကြောင့် ကြည်လင်ပြတ်သားပြီး အလင်းရောင်ကောင်းမွန်တဲ့ Selfie လှလှလေးတွေကို တခြားနည်းပညာနဲ့ ပစ္စည်းအကူအညီတွေမလိုဘဲ ရိုက်ယူနိုင်ပါသတဲ့။ ယောင်းတို့အကြိုက်ဖြစ်မယ့် AR စတစ်ကာလေးတွေကို ရွေးချယ်အသုံးပြုနိုင်အောင်လည်း ထည့်ပေးထားပါတယ်တဲ့လေ။ အဲ့တော့ ဆယ်လ်ဖီအကြိုက် ယောင်းတို့အတွက်ဆို စိတ်ကြိုက် ဖြစ်နိုင်လောက်တယ်။ အသေးစိတ် အကြောင်းအရာ သိချင်ရင်တော့ ဒီလင့်ခ်လေးထဲ ဝင်ကြည့်နိုင်ပါတယ်နော်…. ယောင်းတို့။

Sugar Cane (For Her Myanmar)

 

Sugar Cane
Sugar Cane
ကျွန်မက Sugar Cane ပါ။ မကြံပင်ပေါ့။ စာဖတ်ခြင်းကို ရူးသွပ်သလို စာရေးခြင်းကို ခုံမင်လှသူပါ ။ ယောင်းတို့ အတွက် လိုအပ်သမျှ သုတ/ ရသ အစုံကို For Her Myanmar ကနေ မျှဝေပေးသွားမယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *