News Women News

အမ်ိဴးသားေတြ ဝင္ခြင့္မရွိဘဲ အမ်ိဳး သမီးေတြပဲႀကီးစိုးတဲ့ရြာ Umoja

ဒီမွာလည္း အဲဒီလို ရြာေလးေတြရွိရင္ အေကာင္းသား…

အခုတေလာ အိမ္တြင္းအၾကမ္းဖက္မႈေတြ၊ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈေတြကို ျမင္ရတာ စိတ္မခ်မ္းသာစရာပါပဲ။ တကယ္ေတာ့ဒီျပႆနာဟာ ျမန္မာႏုိင္ငံတစ္ခုတည္းသာ မဟုတ္ဘဲ ႏိုင္ငံအမ်ားစုက လူ႔အဖြဲ႕အစည္းေတြမွာ အျမစ္တြယ္ေနတဲ့ ျပႆနာပါ။

ကင္ညာႏိုင္ငံမွာဆိုလည္း လိင္အၾကမ္းဖက္မႈကို ဦးတည္ေနတဲ့ ရိုးရာအယူအဆတခ်ိဳ႕ နဲ႔ ဖိုဝါဒီ အားေကာင္းမႈေၾကာင့္ အမ်ိဳးသမီးေတြ ႏိွပ္စက္ခံရတဲ့ ျပႆနာသိပ္ႀကီးပါတယ္။ အထူးသျဖင့္ Samburu လို ေနရာမ်ိဳးေပါ့။

ဒါေၾကာင့္ Samburu က အမ်ိဳးသမီးေတြဟာ ဒီျပသာနာကို သူတို႔နည္း သူတို႔ဟန္နဲ႔ ေျဖရွင္းႏိုင္ဖို႔ ထူးျခားတဲ့အရာတစ္ခုကို ဖန္တီးခဲ့ၾကပါတယ္။ အဲဒါကေတာ့ မိန္းမေတြပဲ သီးသန္႔ေနထိုင္အုပ္ခ်ဳပ္ေနထိုင္ၿပီး ေယာက်္ားေတြ အဝင္မခံတဲ့ ရြာငယ္ေလးကို တည္ေထာင္လိုက္ျခင္းပါပဲ။

ဒီထူးျခားတဲ့ ရြာေလးနာမည္က Umoja လို႔ ေခၚၿပီး Samburu စီရင္စု၊ ကင္ညာမွာရွိပါတယ္။ ဒီေနရာမွာအမ်ိဳးသားေတြမရွိဘဲ ဘယ္လိုေနထိုင္မွာလဲ ဒီမိန္းမေတြကေကာ အိမ္ေထာင္မျပဳ ေတာ့ဘူးလားဆိုတဲ့ ေမးခြန္းေတြေပၚလာၾကပါတယ္။ အဲဒီေမးခြန္းေတြကို ေျဖဖို႔ဆိုရင္ေတာ့ ရြာေလးေပၚေပါက္လာပံုကေန စေျပာရပါလိမ့္မယ္။

၁၉၉၀ကာလေတြမွာ အဂၤလိပ္စစ္သားေတြ မုဒိန္းက်င့္တာ ခံရတဲ့ ကင္ညာအမ်ိဳးသမီးအေရအတြက္က ေထာင္နဲ႔ခ်ီ ရွိပါတယ္။ သားေကာင္ျဖစ္ခဲ့ရေပမဲ့ သတၱိရွိတဲ့ အမ်ိဳးသမီးေတြဟာ မုဒိန္းမႈကို တရားရံုးမွာ တိုင္တန္းခဲ့ၾကပါတယ္။ ဒါေပမဲ့ တရားမၽွတမႈကို မရရွိခဲ့ပါဘူး။ မုဒိန္းက်င့္ခံရတာဟာ မိသားစုကို အရွက္ရေစတယ္ဆိုၿပီး လင္သားေတြရဲ႕ ႏွိပ္စက္ရိုက္ႏွက္တာ၊ စြန္႔ပစ္တာကို သာ ခံခဲ့ရပါတယ္။

Related Article >>> Black Hole ရဲ႕ ပထမဆံုးဓာတ္ပံုကို ခ်ျပႏိုင္ခဲ့တဲ့အမ်ိဳးသမီး (သို႔) Katie Bouman

ဒါေၾကာင့္ Rebecca Lulusoli နဲ႔ တျခား victimအမ်ိဳးသမီးေတြဟာ ဒီရြာေလးကို ဝိုင္းဝန္းတည္ၾကဖို႔ အၾကံရလာခဲ့ပါတယ္။ Rebecca ဟာ လိင္အၾကမ္းဖက္မႈကို ထုတ္ေျပာမိလို႔ လူတစ္စုရဲ႕ ရက္ရက္စက္စက္ရိုက္တာခံရတဲ့ ဇနီးသည္တစ္ဦးျဖစ္ပါတယ္။

၁၉၉၀မွာေတာ့ မိသားစုက စြန္႔ပစ္လိုက္လို႔ သြားစရာေနရာမရွိေတာ့တဲ့ victim (သားေကာင္) အမ်ိဳးသမီး ၁၅ေယာက္ဟာ Umoja ရြာေလးကို အတူတူ ထူေထာင္ခဲ့ပါတယ္။ အစကေတာ့ ၁၅ေယာက္ေပမဲ့ တျဖည္းျဖည္းမ်ားလာခဲ့ပါတယ္။

ေနာက္ပိုင္းUmoja ဟာ မုဒိန္းက်င့္ခံရတဲ့ သားေကာင္ေတြ၊ အိမ္တြင္းအၾကမ္းဖက္ခံရသူေတြ၊ အင္မတန္ရက္စက္တဲ့ မိန္းမကိုယ္အဂၤါ လွီးျဖတ္ေသာ ဓေလ့(FGM)ကို ေၾကာက္လို႔ ေရွာင္ေျပးလာသူေတြ၊ အလိုမတူဘဲ အိမ္ေထာင္ျပဳရျခင္းကို ထြက္ေျပးလာၾကသူ မိန္းကေလးေတြ ရဲ႕ ခိုလံႈရာ ေနရာေလး ျဖစ္လာခဲ့ပါတယ္။

ဒါေၾကာင့္ Umoja ရြာေလးဟာ သာမန္ရြာေလးတစ္ခု မဟုတ္ပါဘူး။ေယာက်ာ္းေတြ အၾကမ္းဖက္တာခံရတဲ့ အမ်ိဳးသမီးေလးေတြကို ေႏြးေထြးစြာႀကိဳဆိုတဲ့၊ ေဘးကင္းေအာင္ ေစာင့္ေရွာက္ေပးထားတဲ့ေနရာတစ္ခုလို႔ သတ္မွတ္ရမွာပါ။

တစ္ခ်ိန္တုန္းက အမ်ိဳးသားေတြဟာ Umoji ရြာေလးကို တိုက္ခိုက္ဖ်က္ဆီးဖို႔ ႀကိဳးစားခဲ့ၾကတာမို႔ Umoja ရြာေလးကို ဆူးပင္ေတြ၊ ဆူးခၽြန္ပါတဲ့ ျခံစည္းရိုးေတြ သံုးၿပီး ျပင္ပအႏၱရာယ္ကေန ကာရန္ထားပါတယ္။ ဝင္ေရာက္ဖို႔ ႀကိဳးစားတဲ့သူရွိရင္ေတာ့ ခ်က္ခ်င္းရဲတိုင္ခံရမွာ ျဖစ္ပါတယ္။

ေပ်ာ္ရႊင္စြာ သီဆို ကခုန္ေနၾက တဲ့ သူတို႔

Umoji အမ်ိဳးသမီးေတြ ရဲ႕ ဘဝက ဘယ္လိုရွိလဲ?

သူတို႔ေတြဟာ ညီအစ္မ စိတ္ဓာတ္နဲ႔ ေနထိုင္ၾကၿပီး အၾကမ္းဖက္မႈရန္ကေန လြတ္ကင္းသြားၾကၿပီမို႔ သူတို႔ဘဝက ေအးခ်မ္းလွပါတယ္။ ေန႔ဘက္ဆို စကားေဖာင္ဖြဲ႕ၾကရင္း ေရာင္းခ်ဖို႔ ေက်ာက္ပုတီးေလးေတြ ထိုင္သီေနတတ္ၿပီး ညေနဘက္ဆို ရိုးရာအကေတြ၊ သီခ်င္းေတြ ဆိုၿပီး ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ကေနတတ္ၾကပါတယ္။

Related Article >>> သမိုင္းထဲက အာဂအမ်ိဳးသမီးေတြအေၾကာင္း ေယာင္းတို႔ ဘယ္ေလာက္သိလဲ?

ဘယ္လိုစီးပြားေရး လုပ္ၾကလဲ?

ရဲရင့္တဲ့ Umoja အမ်ိဳးသမီးေတြအေၾကာင္းကို ကမၻာကၾကားသိသြားတာမို႔ ခုဆို tourist (ကမာၻလွည့္ခရီးသြား) ေတြ အမ်ားအျပား လာလည္ၾကၿပီး အမ်ိဳးသမီးေတြ ကိုယ္တိုင္လုပ္တဲ့ ေရာင္စံုေက်ာက္ပုတီးေတြနဲ႔ အျခားရိုးရာ လက္မႈပစၥည္းေတြကို အမ်ားအျပားေရာင္းခ်ေနရပါတယ္။

ဒါ့အျပင္ Umoja ရြာေလးဟာ ဆာဖာရီကိုလာလည္တဲ့ Foreigner (ႏုိင္ငံျခားသား) ေတြကိုလည္း Homestay serviceေပးပါေသးတယ္။ ေနာက္ၿပီး ကမၻာတဝွမ္းက သူတို႔အတြက္ ဆုမြန္ေကာင္းေတာင္းေပးသူေတြ၊ စာနာသနားသူေတြဆီကလည္း ေထာက္ပံ့လွဴဒါန္းမႈေတြကိုရရွိပါတယ္။

တစ္ခ်ိန္တုန္းကေတာ့ အမ်ိဳးသားေတြဟာ ဒီအမ်ိဳးသမီးသီးသန္႔ရြာေလးရဲ႕ စီးပြားေရး က်ဆင္းေအာင္ စင္ၿပိဳင္စီးပြားေရးေတြလုပ္ခဲ့သလို touristေတြ မသြားေအာင္လည္း အမ်ိဳးမ်ိဳးၾကံစည္ခဲ့ပါတယ္။ ဒါေပမဲ့ တရားကို နတ္ေစာင့္တယ္လို႔ ဆိုရမလား… ေနာက္ဆံုးမွာ အမ်ိဳးသမီးေတြကပဲ အႏိုင္ရၿပီး သူတို႔ကို ဒုကၡေပးေနတဲ့ရြာသားေတြရဲ႕ ေျမကိုပါ ဝယ္ႏိုင္ခဲ့ပါတယ္။

Umoja က အမ်ိဳးသမီးေတြဟာ ေရာင္းရေငြေတြကို အမ်ိဳးသမီးရြာသူႀကီးဆီ အပ္ႏွံၾကၿပီး ရြာသူႀကီးကေန မိသားစုတစုမွာ ရွိတဲ့ကေလး အေရအတြက္အလိုက္ အစားအစာေတြ ခြဲေဝေပးပါတယ္။

Umoja က အမ်ိဳးသမီးေတြဟာ က်ား၊မ ခြဲျခားဆက္ဆံမႈနဲ႔ အမ်ိဳးသမီးေတြကို ႏွိမ့္ခ်ဆက္ဆံျခင္းကို ဆန္႔က်င္သူေတြျဖစ္ၾကၿပီး အမ်ိဴးသမီးေတြကို စြမ္းအားျမႇင့္တင္ေပးဖို႔ ႀကိဳးစားေနၾကသူေတြ ျဖစ္ပါတယ္။ ေနာက္ၿပီး အမ်ိဳးသမီးေတြကို ပညာသင္ခြင့္မေပးတဲ့ ယဥ္ေက်းမႈႀကီးစိုးတဲ့ ေဒသမွာ Umoja က အမ်ိဳးသမီးငယ္ေလးေတြကေတာ့ ေက်ာင္းတက္ၿပီး ပညာ သင္ယူေနၾကပါၿပီ။

Umoja မွာ အသက္၃ႏွစ္တည္းက ေနထိုင္လာၿပီး ခုဆို ၁၈ႏွစ္အရြယ္ေရာက္ေနၿပီျဖစ္တဲ့ Learpoora ကေတာ့ ဆယ္တန္းေတာင္ ေရာက္ေနၿပီမို႔ တစ္ရြာလံုးရဲ႕ Role model ပါပဲတဲ့။ သူ(မ)ဟာ အနာဂတ္မွာ အိမ္ေထာင္ျပဳလိုၿပီး ေက်ာင္းဆရာမ ျဖစ္ခ်င္ပါတယ္တဲ့။

အက္ဒ္မင္ကေတာ့ အခြင့္အခါၾကံဳရင္ ေအးခ်မ္းလွတဲ့ ဒီရြာေလးကို သြားလည္ခ်င္မိပါရဲ႕…

ေယာင္းတို႔ေကာ?

By

Mia (For Her Myanmar)

Reference links: cnn guardian

<<< Unicode >>>

ဒီမှာလည်း အဲဒီလို ရွာလေးတွေရှိရင် အကောင်းသား…

အခုတလော အိမ်တွင်းအကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို မြင်ရတာ စိတ်မချမ်းသာစရာပါပဲ။ တကယ်တော့ဒီပြဿနာဟာ မြန်မာနိုင်ငံတစ်ခုတည်းသာ မဟုတ်ဘဲ နိုင်ငံအများစုက လူ့အဖွဲ့အစည်းတွေမှာ အမြစ်တွယ်နေတဲ့ ပြဿနာပါ။

ကင်ညာနိုင်ငံမှာဆိုလည်း လိင်အကြမ်းဖက်မှုကို ဦးတည်နေတဲ့ ရိုးရာအယူအဆတချို့ နဲ့ ဖိုဝါဒီ အားကောင်းမှုကြောင့် အမျိုးသမီးတွေ နှိပ်စက်ခံရတဲ့ ပြဿနာသိပ်ကြီးပါတယ်။ အထူးသဖြင့် Samburu လို နေရာမျိုးပေါ့။

ဒါကြောင့် Samburu က အမျိုးသမီးတွေဟာ ဒီပြသာနာကို သူတို့နည်း သူတို့ဟန်နဲ့ ဖြေရှင်းနိုင်ဖို့ ထူးခြားတဲ့အရာတစ်ခုကို ဖန်တီးခဲ့ကြပါတယ်။ အဲဒါကတော့ မိန်းမတွေပဲ သီးသန့်နေထိုင်အုပ်ချုပ်နေထိုင်ပြီး ယောကျ်ားတွေ အဝင်မခံတဲ့ ရွာငယ်လေးကို တည်ထောင်လိုက်ခြင်းပါပဲ။

ဒီထူးခြားတဲ့ ရွာလေးနာမည်က Umoja လို့ ခေါ်ပြီး Samburu စီရင်စု၊ ကင်ညာမှာရှိပါတယ်။ ဒီနေရာမှာအမျိုးသားတွေမရှိဘဲ ဘယ်လိုနေထိုင်မှာလဲ ဒီမိန်းမတွေကကော အိမ်ထောင်မပြု တော့ဘူးလားဆိုတဲ့ မေးခွန်းတွေပေါ်လာကြပါတယ်။ အဲဒီမေးခွန်းတွေကို ဖြေဖို့ဆိုရင်တော့ ရွာလေးပေါ်ပေါက်လာပုံကနေ စပြောရပါလိမ့်မယ်။

၁၉၉၀ကာလတွေမှာ အင်္ဂလိပ်စစ်သားတွေ မုဒိန်းကျင့်တာ ခံရတဲ့ ကင်ညာအမျိုးသမီးအရေအတွက်က ထောင်နဲ့ချီ ရှိပါတယ်။ သားကောင်ဖြစ်ခဲ့ရပေမဲ့ သတ္တိရှိတဲ့ အမျိုးသမီးတွေဟာ မုဒိန်းမှုကို တရားရုံးမှာ တိုင်တန်းခဲ့ကြပါတယ်။ ဒါပေမဲ့ တရားမျှတမှုကို မရရှိခဲ့ပါဘူး။ မုဒိန်းကျင့်ခံရတာဟာ မိသားစုကို အရှက်ရစေတယ်ဆိုပြီး လင်သားတွေရဲ့ နှိပ်စက်ရိုက်နှက်တာ၊ စွန့်ပစ်တာကို သာ ခံခဲ့ရပါတယ်။

Related Article >>> Black Hole ရဲ့ ပထမဆုံးဓာတ်ပုံကို ချပြနိုင်ခဲ့တဲ့အမျိုးသမီး (သို့) Katie Bouman

ဒါကြောင့် Rebecca Lulusoli နဲ့ တခြား victimအမျိုးသမီးတွေဟာ ဒီရွာလေးကို ဝိုင်းဝန်းတည်ကြဖို့ အကြံရလာခဲ့ပါတယ်။ Rebecca ဟာ လိင်အကြမ်းဖက်မှုကို ထုတ်ပြောမိလို့ လူတစ်စုရဲ့ ရက်ရက်စက်စက်ရိုက်တာခံရတဲ့ ဇနီးသည်တစ်ဦးဖြစ်ပါတယ်။

၁၉၉၀မှာတော့ မိသားစုက စွန့်ပစ်လိုက်လို့ သွားစရာနေရာမရှိတော့တဲ့ victim (သားကောင်) အမျိုးသမီး ၁၅ယောက်ဟာ Umoja ရွာလေးကို အတူတူ ထူထောင်ခဲ့ပါတယ်။ အစကတော့ ၁၅ယောက်ပေမဲ့ တဖြည်းဖြည်းများလာခဲ့ပါတယ်။

နောက်ပိုင်းUmoja ဟာ မုဒိန်းကျင့်ခံရတဲ့ သားကောင်တွေ၊ အိမ်တွင်းအကြမ်းဖက်ခံရသူတွေ၊ အင်မတန်ရက်စက်တဲ့ မိန်းမကိုယ်အင်္ဂါ လှီးဖြတ်သော ဓလေ့(FGM)ကို ကြောက်လို့ ရှောင်ပြေးလာသူတွေ၊ အလိုမတူဘဲ အိမ်ထောင်ပြုရခြင်းကို ထွက်ပြေးလာကြသူ မိန်းကလေးတွေ ရဲ့ ခိုလှုံရာ နေရာလေး ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် Umoja ရွာလေးဟာ သာမန်ရွာလေးတစ်ခု မဟုတ်ပါဘူး။ယောကျာ်းတွေ အကြမ်းဖက်တာခံရတဲ့ အမျိုးသမီးလေးတွေကို နွေးထွေးစွာကြိုဆိုတဲ့၊ ဘေးကင်းအောင် စောင့်ရှောက်ပေးထားတဲ့နေရာတစ်ခုလို့ သတ်မှတ်ရမှာပါ။

တစ်ချိန်တုန်းက အမျိုးသားတွေဟာ Umoji ရွာလေးကို တိုက်ခိုက်ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြတာမို့ Umoja ရွာလေးကို ဆူးပင်တွေ၊ ဆူးချွန်ပါတဲ့ ခြံစည်းရိုးတွေ သုံးပြီး ပြင်ပအန္တရာယ်ကနေ ကာရန်ထားပါတယ်။ ဝင်ရောက်ဖို့ ကြိုးစားတဲ့သူရှိရင်တော့ ချက်ချင်းရဲတိုင်ခံရမှာ ဖြစ်ပါတယ်။

ပျော်ရွှင်စွာ သီဆို ကခုန်နေကြ တဲ့ သူတို့

Umoji အမျိုးသမီးတွေ ရဲ့ ဘဝက ဘယ်လိုရှိလဲ?

သူတို့တွေဟာ ညီအစ်မ စိတ်ဓာတ်နဲ့ နေထိုင်ကြပြီး အကြမ်းဖက်မှုရန်ကနေ လွတ်ကင်းသွားကြပြီမို့ သူတို့ဘဝက အေးချမ်းလှပါတယ်။ နေ့ဘက်ဆို စကားဖောင်ဖွဲ့ကြရင်း ရောင်းချဖို့ ကျောက်ပုတီးလေးတွေ ထိုင်သီနေတတ်ပြီး ညနေဘက်ဆို ရိုးရာအကတွေ၊ သီချင်းတွေ ဆိုပြီး မြိုင်မြိုင်ဆိုင်ဆိုင်ကနေတတ်ကြပါတယ်။

Related Article >>> သမိုင်းထဲက အာဂအမျိုးသမီးတွေအကြောင်း ယောင်းတို့ ဘယ်လောက်သိလဲ?

ဘယ်လိုစီးပွားရေး လုပ်ကြလဲ?

ရဲရင့်တဲ့ Umoja အမျိုးသမီးတွေအကြောင်းကို ကမ္ဘာကကြားသိသွားတာမို့ ခုဆို tourist (ကမ္ဘာလှည့်ခရီးသွား) တွေ အများအပြား လာလည်ကြပြီး အမျိုးသမီးတွေ ကိုယ်တိုင်လုပ်တဲ့ ရောင်စုံကျောက်ပုတီးတွေနဲ့ အခြားရိုးရာ လက်မှုပစ္စည်းတွေကို အများအပြားရောင်းချနေရပါတယ်။

ဒါ့အပြင် Umoja ရွာလေးဟာ ဆာဖာရီကိုလာလည်တဲ့ Foreigner (နိုင်ငံခြားသား) တွေကိုလည်း Homestay serviceပေးပါသေးတယ်။ နောက်ပြီး ကမ္ဘာတဝှမ်းက သူတို့အတွက် ဆုမွန်ကောင်းတောင်းပေးသူတွေ၊ စာနာသနားသူတွေဆီကလည်း ထောက်ပံ့လှူဒါန်းမှုတွေကိုရရှိပါတယ်။

တစ်ချိန်တုန်းကတော့ အမျိုးသားတွေဟာ ဒီအမျိုးသမီးသီးသန့်ရွာလေးရဲ့ စီးပွားရေး ကျဆင်းအောင် စင်ပြိုင်စီးပွားရေးတွေလုပ်ခဲ့သလို touristတွေ မသွားအောင်လည်း အမျိုးမျိုးကြံစည်ခဲ့ပါတယ်။ ဒါပေမဲ့ တရားကို နတ်စောင့်တယ်လို့ ဆိုရမလား… နောက်ဆုံးမှာ အမျိုးသမီးတွေကပဲ အနိုင်ရပြီး သူတို့ကို ဒုက္ခပေးနေတဲ့ရွာသားတွေရဲ့ မြေကိုပါ ဝယ်နိုင်ခဲ့ပါတယ်။

Umoja က အမျိုးသမီးတွေဟာ ရောင်းရငွေတွေကို အမျိုးသမီးရွာသူကြီးဆီ အပ်နှံကြပြီး ရွာသူကြီးကနေ မိသားစုတစုမှာ ရှိတဲ့ကလေး အရေအတွက်အလိုက် အစားအစာတွေ ခွဲဝေပေးပါတယ်။

Umoja က အမျိုးသမီးတွေဟာ ကျား၊မ ခွဲခြားဆက်ဆံမှုနဲ့ အမျိုးသမီးတွေကို နှိမ့်ချဆက်ဆံခြင်းကို ဆန့်ကျင်သူတွေဖြစ်ကြပြီး အမျိူးသမီးတွေကို စွမ်းအားမြှင့်တင်ပေးဖို့ ကြိုးစားနေကြသူတွေ ဖြစ်ပါတယ်။ နောက်ပြီး အမျိုးသမီးတွေကို ပညာသင်ခွင့်မပေးတဲ့ ယဉ်ကျေးမှုကြီးစိုးတဲ့ ဒေသမှာ Umoja က အမျိုးသမီးငယ်လေးတွေကတော့ ကျောင်းတက်ပြီး ပညာ သင်ယူနေကြပါပြီ။

Umoja မှာ အသက်၃နှစ်တည်းက နေထိုင်လာပြီး ခုဆို ၁၈နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ Learpoora ကတော့ ဆယ်တန်းတောင် ရောက်နေပြီမို့ တစ်ရွာလုံးရဲ့ Role model ပါပဲတဲ့။ သူ(မ)ဟာ အနာဂတ်မှာ အိမ်ထောင်ပြုလိုပြီး ကျောင်းဆရာမ ဖြစ်ချင်ပါတယ်တဲ့။

အက်ဒ်မင်ကတော့ အခွင့်အခါကြုံရင် အေးချမ်းလှတဲ့ ဒီရွာလေးကို သွားလည်ချင်မိပါရဲ့…

ယောင်းတို့ကော?

By

Mia (For Her Myanmar)

Reference links: cnn guardian

Aye Mon Kyaw
Aye Mon Kyaw
ကၽြန္မကေတာ့ Miaပါ။ အမ်ိဳးသမီးေတြအတြက္ စိတ္ပိုင္းဆိုင္ရာနဲ႔ ရုပ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေရး စာေတြ၊ က်န္းမာေရးေတြ ေရးေပးမယ့္သူပါ။ foodieျဖစ္တာမို႔ ဟင္းခ်က္နည္းေတြလည္း ေရးေပးမွာေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *