၂၀၁၈ခုနှစ်အတွက် ကမ္ဘာ့အချောဆုံး အမျိုးသားဆယ်ဦး

ယောင်းတို့ သိတဲ့လူတွေများပါနေမလားလို့.. 😉

တစ်နေကုန် အလုပ်တွေနဲ့ ပင်ပန်းနေမယ့်ယောင်းတို့ကို အက်ဒ်မင်က အမောပန်းပြေစေမယ့် သတင်းလေးတစ်ပုဒ်ကို ပြောပြချင်ပါတယ်။ ဒီသတင်းကတော့ ၂၀၁၈အတွက် ကမ္ဘာတစ်လွှားက အချောဆုံးအမျိုးသားဆယ်ဦးစာရင်းထွက်လာပြီ ဆိုတာပါပဲ။

ဒီစာရင်းထဲမှာ ကမ္ဘာတစ်လွှားက ရုပ်ရည်ချောမောလှပတဲ့ လူမျိုးပေါင်းစုံ အမျိုးသားဆယ်ဦးပါဝင်ပြီး သူတို့တွေထဲက အများစုဟာ ရုပ်ရှင်မင်းသားတွေဖြစ်ပေမဲ့၊ တော်ဝင်မင်းသားတွေ၊ နိုင်ငံဝန်ကြီးချုပ်တွေထိ ပါဝင်ပါတယ်။

ကဲ.. ဒါဆို ကမ္ဘာ့အချောဆုံး အမျိုးသားတွေက ဘယ်သူတွေဖြစ်မလဲ အက်ဒ်မင်နဲ့ တူတူ ကြည့်ကြရအောင်နော်….

၁။ Tom Cruise

 

Tom Cruise

သူကတော့ ယောင်းတို့အနေနဲ့ဆိုရင် ဦး လို့ခေါ်ရမှာပေါ့နော်။Tom Cruise က ရုပ်ရည်ချောသလောက် စွံလဲစွံ၊ နာမည်ကြီးအချောအလှမင်းသမီးတွေနဲ့ တွဲခဲ့တဲ့ ဟောလိဝုဒ်မင်းသားတစ်ဦးပါ။

၂။ Justin Trudeau

Justin Trudeau

သူကတော့ ဒီစာရင်းထဲမှာ ထူးခြားပါတယ်။ ဘာကြောင့်လဲဆိုတော့ ရုပ်ရှင်မင်းသားမဟုတ်ပဲ နိုင်ငံရေးသမားဖြစ်နေလို့ပါ။ Justin Trudeau ဟာ ကနေဒါနိုင်ငံရဲ့သမိုင်းမှာ အသက်အငယ်ဆုံးဝန်ကြီးချုပ်တစ်ယောက်ဖြစ်ပါတယ်။ အခုစာရင်းအတိုင်းဆိုအချောဆုံး နိုင်ငံရေးသမားဖြစ်တယ်လို့ဆိုရမှာပေါ့။

၃။ Omar Borkan Al Gala

Omar Borkan Al Gala

သူ့အကြောင်းကိုတော့ ယောင်းတို့ကြားဖူးမယ်ထင်ပါတယ်။ သူကတော့ ချောလွန်းလို့ ဆောဒီအာရေဗျနိုင်ငံကနှင်ထုတ်ခံရတယ်ဆိုတဲ့သူပါပဲ။ သူဟာ ကဗျာဆရာ၊ ရုပ်ရှင်မင်းသားနဲ့ မီဒီယာသမားဖြစ်တယ်လို့သိရပါတယ်။

Related Article >>> မြန်မာနိုင်ငံမှ နာမည်ကျော်ကြား ဆွဲဆောင်မှုရှိသော အမျိုးသားများ

၎။ Chris Evans

Chris Evans

ကိုယ်တို့ရဲ့ Captain America ကြီး Chris Evans မပါပဲ ကမ္ဘာ့အချောဆုံးအမျိုးသားစာရင်းဟာ မပြည့်စုံနိုင်ပါဘူး။ သူက အမျိုးသမီးတွေရဲ့ ထာဝရအသဲကျော်ကြီးမဟုတ်လား..

၅။ Godfrey Gao

Godfrey Gao

သူကတော့ ထိုင်ဝမ်နိုင်ငံမှာ အချောဆုံးအမျိုးသားတစ်ဦးဖြစ်သလို၊မော်ဒယ်လ်နဲ့ ရုပ်ရှင်မင်းသားတစ်ဦးဖြစ်ပါတယ်။ အခုတော့ ကမ္ဘာပေါ်မှာ အချောဆုံးစာရင်းဝင်သွားပြီပေါ့။ ထုံးစံမပျက်ပါပဲ  Godfrey Gao ဟာ အမျိုးသမီးတွေကြားမှာ အလွန်ရေပန်းစားသူတစ်ယောက်ပါ။

၆။ Hrithik Roshan

Hrithik Roshan

မြန်မာပြည်မှာ လက်ပွားမင်းသားလို့လူသိများတဲ့ Hrithik Roshan ဟာ ကမ္ဘာ့အချောဆုံးစာရင်းမှာ မကြာခဏပါဝင်သူတစ်ဦးပါ။ တကယ်လဲသူဟာ ချောမောလွန်းသူဖြစ်ပေမယ့် ဒီစာရင်းထဲမှာတော့ နံပါတ် ၆ ပဲချိတ်ပါတယ်။

Related Article >>> ကန့်လန့်ကာနောက်ကွယ်က ကေပေါ့အဆိုတော်တို့ရဲ့ဘဝ

၇။ Salman Khan

Salman Khan

မြန်မာပရိသတ်တွေ အားပေးနှစ်သက်ကြတဲ့ Salman Khan ဟာ ဘောလီးဝုဒ်ရဲ့နာမည်ကျော်မင်းသားတစ်ဦးဖြစ်ပါတယ်။ သူဟာ အသက်အရွယ်မငယ်တော့ပေမဲ့ ရုပ်ရည်မကျသေးပဲ ချောမောလျက်ရှိသေးတာကြောင့် ယခုလို အချောဆုံးအမျိုးသားစာရင်းထဲ မကြာခဏပါနေတာဖြစ်ပါတယ်။

၈။  Noah Mills

Noah Mills

သူဟာ ကနေဒါလူမျိုး မော်ဒယ်လ်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး သူရဲ့ ချောမောခံ့ညားမှုရှိတဲ့ မျက်နှာမှာ ဆွဲဆောင်မှုအရှိဆုံးကတော့ Hazel(ရွှေညို) ရောင် မျက်ဝန်းဖြစ်တယ်လို့ ဆိုပါတယ်။

၉။  Brad Pitt

Brad Pitt

ကမ္ဘာ့အချောဆုံးအမျိုးသားစာရင်းလုပ်တဲ့အခါ ဘယ်လိုမှ ချန်လှပ်ထားလို့မရတဲ့အထဲမှာ လူချောကြီး Brad Pitt လဲ ပါပါတယ်။ အသက်အရွယ်အတန်ရပြီးဖြစ်ပေမယ့် သူရဲ့ရုပ်ရည်ကို အခုထိထိန်းသိမ်းထားနိုင်ပါသေးတယ်။

၁၀။  Prince William

Prince William

တော်ဝင်မင်းသားတစ်ဦးဖြစ်တဲ့ William ဟာ မြင့်မားတဲ့အရပ်အမောင်း၊ ခန့်ညားတဲ့သွင်ပြင်၊ ချောမောတဲ့မျက်နှာ်တို့နဲ့ မိန်းကလေးတို့ရဲ့အိပ်မက်ထဲက မင်းသားတစ်ပါးရဲ့ ရူပကာအတိုင်းပါပဲ။

ဒီနှစ်အတွက် အချောဆုံးအမျိုးသားဆယ်ဦးထဲက ဘယ်တစ်ယောက်ကို ယောင်းတို့အကြွေဆုံးလဲဟင်။ မန့်ခဲ့ပါလား။ ဒါမှမဟုတ်ဒီစာရင်းထဲကို ယောင်းတို့ထပ်ထည့်ချင်တဲ့နာမည်ကျော်တစ်ယောက်ယောက်များရှိသေးလား။ ပြောခဲ့နော် ….။

Sugar Cane(For Her Mynamar)

Reference – Wonder List, Top 10 review of

No Comments Yet

Leave a Reply

Your email address will not be published.