News Women News

အက္ဆစ္နဲ႔ပက္ခံရသူ အမ်ိဳးသမီးေလးေတြရဲ႕ အႏုပညာျပခန္း

“ကၽြန္မကို ခံရသူ/ဒုကၡသည္လို႔ မျမင္ေစခ်င္ဘူး၊ အႏုပညာရွင္အျဖစ္ ျမင္ေစခ်င္မိတယ္”

<<<Zawgyi>>>

အီရန္ဟာ အမ်ိဳးသားဝါဒ ႀကီးစိုးတဲ့ ႏိုင္ငံျဖစ္ၿပီး အမ်ိဳးသမီးေတြဟာ မၾကာခဏဆိုသလို ခြဲျခားဆက္ဆံခဲ့ရတဲ့ ႏိုင္ငံ၊ ဖိႏွိပ္ခ်ဳပ္ခ်ယ္ခံရတဲ့ ႏိုင္ငံျဖစ္ပါတယ္။ အီရန္ႏိုင္ငံမွာ အက္ဆစ္နဲ႔ ပက္တဲ့ အမႈေတြ အမ်ားဆံုး ျဖစ္ပြားေလ့ရွိၿပီး ခံရသူ ဒုကၡသည္အမ်ားစုကေတာ့ အမ်ိဳးသမီးေတြ ျဖစ္ပါတယ္။

အမ်ိဳးသမီးအခြင့္အေရးနဲ႔ လူ႔အခြင့္ေရးဆိုတာလည္း ေပ်ာက္ဆံုးေနတဲ့ ႏိုင္ငံမွာ အီရန္အမ်ိဳးသမီးေတြဟာ အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးေၾကာင့္ အက္ဆစ္နဲ႔ ပက္ခံေနရပါတယ္။

အမ်ားစုကေတာ့ ေခါင္းကေန ေျခထိ အျပည့္ဖံုးထားတဲ့ ဝတ္စံုမ်ိဳး မဝတ္ဘဲ အသားေပၚတဲ့ အဝတ္မ်ိဳး ဝတ္မိလို႔ အက္ဆစ္နဲ႔ ပက္ခံရတာၿပီး တခ်ိဳ႕ကေတာ့ အၾကမ္းဖက္တဲ့ ခင္ပြန္းျဖစ္သူဆီက ကြာရွင္းခြင့္ ေတာင္းမိလို႔ အက္ဆစ္နဲ႔ ပက္ခံရသလို တခ်ိဳ႕ကေတာ့လည္း လက္ထပ္ခြင့္ေတာင္းတာကို လက္မခံလို႔ အက္ဆစ္နဲ႔ပက္ခံၾကရပါတယ္။

အီရန္မွာ အက္ဆစ္နဲ႔ ပက္ခံရတဲ့ အမ်ိဳးသမီးဒုကၡသည္ေတြ ပိုမို မ်ားျပားလာၿပီး သူတုိ႔ဟာ လူေတာမတိုးရဲေတာ့သလို ပ်က္စီးသြားတဲ့ သူတို႔မ်က္ႏွာသြင္ျပင္ေၾကာင့္ ပတ္ဝန္းက်င္ရဲ႕ ႏွာေခါင္းရံႈ႕တာကိုလည္း ခံရပါတယ္ ။

ဒါေပမဲ့ Victims(ခံရသူ) ေတြထဲက တခ်ိဳ႕ဟာ သူတို႔ဘဝဆိုးကို လက္မေလွ်ာ႕ခဲ့ၾကပါဘူး။ ၃၅ႏွစ္အရြယ္ အီရန္အမ်ိဳးသမီး Massoumeh Attaie ဟာ အက္ဆစ္နဲ႔ပက္ ခံရလို႔ မ်က္ႏွာပ်က္ဆီးသြားသူေတြထဲက တစ္ေယာက္ျဖစ္ၿပီး သူ(မ)ကိုေတာ့ သူ(မ)ရဲ႕ ေယာကၡထီးက အက္ဆစ္နဲ႔ ပက္ခဲ့ပါတယ္။ အေၾကာင္းရင္းကေတာ့ သူ႔ရဲ႕ သားဆီကေန ကြာရွင္းခြင့္ေတာင္းလို႔ပါတဲ့။

Related Article >>> မ်က္ေမွာက္ေခတ္ရဲ႕ ျမနႏၵာတို႔အေၾကာင္း

ဒီအမႈဟာ လြန္ခဲ့တဲ့ ၈ႏွစ္ေက်ာ္က ျဖစ္ပြားခဲ့တာ ျဖစ္ၿပီး တစ္ဘဝလံုး ပ်က္ဆီးသြားတဲ့ သူ႔မ်က္ႏွာအတြက္ တရားမွ်တမႈကို အခ်ိန္အေတာ္ၾကာအထိ မရခဲ့ပါဘူး။ အစၥလာမ္ဥပေဒအရ သူမရဲ႕ မ်က္လံုးႏွစ္လံုးေပါင္းမွ အမ်ိဳးသားတစ္ေယာက္ရဲ႕ မ်က္လံုးတစ္လံုးစာပဲ တန္ဖိုးရွိပါတယ္။ ဒါေၾကာင့္ ဒီအမႈကို အဆံုးထိ သြားဖို႔ ဆံုးျဖတ္ခဲ့ေပမဲ့ တရားစြဲတာကို မရပ္ရင္ သူ(မ)ရဲ႕ သားေလးကိုလည္း အက္ဆစ္နဲ႔ ပက္မယ္လို႔ ၿခိမ္းေျခာက္ခဲ့တာေၾကာင့္ အမႈကို ရပ္ခဲ့ရပါတယ္။

တရားမွ်တမႈကလည္း မရ၊ မ်က္ႏွာကလည္း ထာဝရပ်က္ဆီးသြားခဲ့ရေပမဲ့ သူ(မ)ဟာ စိတ္ဓာတ္အားငယ္ခဲ့သူေတာ့ မဟုတ္ပါဘူး။ “ကၽြန္မကို ခံရသူ/ဒုကၡသည္လို႔ မျမင္ေစခ်င္ဘူး၊ အႏုပညာရွင္အျဖစ္ ျမင္ေစခ်င္မိတယ္” လို႔ ေျပာခဲ့ပါတယ္။

ဒါေၾကာင့္ သူ(မ)ဟာ သူ(မ)လိုပဲ အက္ဆစ္နဲ႔ ပက္ခံရတဲ့ဘဝတူ အမ်ိဳးသမီးေတြနဲ႔ ပူးေပါင္းၿပီး သူတို႔ရဲ႕ ဘဝအေၾကာင္းကို အႏုပညာကတစ္ဆင့္ ေျပာျပဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။သူတို႔ ေရြးခ်ယ္လိုက္တဲ့ေနရာကေတာ့ အာရွီယန္နာ အႏုပညာျပခန္းျဖစ္ၿပီး တီရန္ၿမိဳ႕မွာ ရွိပါတယ္။

အက္ဆစ္ victim တစ္ဦးႏွင့္ သူ(မ) ၏ ပန္းခ်ီအႏုပညာ

အခုဆိုရင္ အာရွီယန္နာ အႏုပညာျပခန္းမွာ အက္ဆစ္ေၾကာင့္ မ်က္ႏွာပ်က္စီးသြားသူေတြရဲ႕ ပန္းခီ်လက္ရာေတြ၊ သူတို႔ရဲ႕ ျဖစ္ရပ္ဆိုးေတြကို ေျပာျပထားတဲ့ အႏုပညာလက္ရာေတြကို ေတြ႕ျမင္ႏိုင္ပါတယ္။ Attaie ကေတာ့ အာရွီယန္နာ ျပခန္းမွာ လက္ရာေျမာက္တဲ့ ပန္းကန္လံုးေတြ အိုးေတြ ရုပ္တုေတြကို ပညာရွင္တစ္ေယာက္လို လုပ္ကိုင္ရင္း သူ(မ)သားေလးနဲ႔ ဘဝကို ေအးေအးခ်မ္းခ်မ္း ျဖတ္သန္းေနပါၿပီ။ “အခုေတာ့ ကၽြန္မ လံုးဝ အမွီအခိုကင္းသြားၿပီေလ” လို႔ အာရွီယန္နာ ျပခန္းထဲက သူ(မ)အႏုပညာလုပ္ငန္းအေၾကာင္းကို ဂုဏ္ယူစြာေျပာေလ့ရွိပါတယ္။

“ဒီျပခန္းေလးထဲက အႏုပညာျပပြဲေလးဟာ ကၽြန္မလို အျဖစ္ဆိုးနဲ႔ ၾကံဳရသူေတြကို အိမ္ထဲမွာပဲ ပုန္းမေနၾကဖို႔ နဲ႔ ေနာက္တစ္ႀကိမ္ လူေတာထဲ ျပန္ဆံ့ဖို႔အတြက္ ကူညီေပးႏိုင္မယ္လုိ႔ ေမွ်ာ္လင့္ပါတယ္” လို႔ Attaie က ဆိုပါတယ္။

သူ(မ)ရဲ႕ ပန္း ခ်ီ လက္ရာ ေတြကို ျပသဖို႔ ေရာက္လာတဲ့ Massoumeh Attaie

Related Article >>> ေဆာရီး ရွင္တို႔အခုထိ တူညီတဲ့အခြင့္အေရးမရေသးပါဘူး!!!

“ဒီလို အက္ဆစ္နဲ႔ပက္ခံရသူေတြရဲ႕ အႏုပညာလက္ရာေတြကို လက္ခံျပသေပးတာဟာ သူတို႔ဘဝကို ေနာက္တစ္ႀကိမ္ ျပန္ထႏိုင္ေအာင္ ကူညီေပးတာမို႔ သိပ္ကို ေကာင္းပါတယ္” လို႔ အာရွီယန္နာျပခန္းကို လာလည္သူတစ္ေယာက္က ဆိုပါတယ္။

ဒါေၾကာင့္ ခုဆို အက္ဆစ္နဲ႔ပက္ခံရသူ အမ်ိဳးသမီးေလးေတြဟာ သူတို႔ရဲ႕ ဘဝအသစ္ကို အႏုပညာကေနတစ္ဆင့္ ရွာေတြ႕သြားၿပီ ျဖစ္တဲ့အျပင္ သူတို႔ရဲ႕ ခံစားခ်က္နဲ႔ စြမ္းရည္ကို ေပါင္းစပ္အသံုးခ်ၿပီး တီရန္က အာရွီယန္နာ ျပခန္းေလးမွာ ျပသထားၾကပါတယ္။

ပန္းခ်ီျပပြဲကေန ရတဲ့ ေငြေတြကိုေတာ့ “အီရန္ႏိုင္ငံ အက္ဆစ္နဲ႔ ပက္ခံရသူမ်ားကို ေထာက္ပံ့ကူညီမႈ အသင္း” ကို ျပန္လည္လွဴဒါန္းတာမို႔ ေယာင္းတို႔လည္း တီရန္ေရာက္ရင္ အာရွီယန္နာ ပန္းခ်ီျပခန္းေလးကို သြားလည္ဖို႔ မေမ့နဲ႔ေနာ္။

Mia (For Her Myanmar)

<<<Unicode>>>

“ကျွန်မကို ခံရသူ/ဒုက္ခသည်လို့ မမြင်စေချင်ဘူး၊ အနုပညာရှင်အဖြစ် မြင်စေချင်မိတယ်”

အီရန်ဟာ အမျိုးသားဝါဒ ကြီးစိုးတဲ့ နိုင်ငံဖြစ်ပြီး အမျိုးသမီးတွေဟာ မကြာခဏဆိုသလို ခွဲခြားဆက်ဆံခဲ့ရတဲ့ နိုင်ငံ၊ ဖိနှိပ်ချုပ်ချယ်ခံရတဲ့ နိုင်ငံဖြစ်ပါတယ်။ အီရန်နိုင်ငံမှာ အက်ဆစ်နဲ့ ပက်တဲ့ အမှုတွေ အများဆုံး ဖြစ်ပွားလေ့ရှိပြီး ခံရသူ ဒုက္ခသည်အများစုကတော့ အမျိုးသမီးတွေ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်ရေးဆိုတာလည်း ပျောက်ဆုံးနေတဲ့ နိုင်ငံမှာ အီရန်အမျိုးသမီးတွေဟာ အကြောင်းပြချက်အမျိုးမျိုးကြောင့် အက်ဆစ်နဲ့ ပက်ခံနေရပါတယ်။

အများစုကတော့ ခေါင်းကနေ ခြေထိ အပြည့်ဖုံးထားတဲ့ ဝတ်စုံမျိုး မဝတ်ဘဲ အသားပေါ်တဲ့ အဝတ်မျိုး ဝတ်မိလို့ အက်ဆစ်နဲ့ ပက်ခံရတာပြီး တချို့ကတော့ အကြမ်းဖက်တဲ့ ခင်ပွန်းဖြစ်သူဆီက ကွာရှင်းခွင့် တောင်းမိလို့ အက်ဆစ်နဲ့ ပက်ခံရသလို တချို့ကတော့လည်း လက်ထပ်ခွင့်တောင်းတာကို လက်မခံလို့ အက်ဆစ်နဲ့ပက်ခံကြရပါတယ်။

အီရန်မှာ အက်ဆစ်နဲ့ ပက်ခံရတဲ့ အမျိုးသမီးဒုက္ခသည်တွေ ပိုမို များပြားလာပြီး သူတို့ဟာ လူတောမတိုးရဲတော့သလို ပျက်စီးသွားတဲ့ သူတို့မျက်နှာသွင်ပြင်ကြောင့် ပတ်ဝန်းကျင်ရဲ့ နှာခေါင်းရှုံ့တာကိုလည်း ခံရပါတယ် ။

ဒါပေမဲ့ Victims(ခံရသူ) တွေထဲက တချို့ဟာ သူတို့ဘဝဆိုးကို လက်မလျှော့ခဲ့ကြပါဘူး။ ၃၅နှစ်အရွယ် အီရန်အမျိုးသမီး Massoumeh Attaie ဟာ အက်ဆစ်နဲ့ပက် ခံရလို့ မျက်နှာပျက်ဆီးသွားသူတွေထဲက တစ်ယောက်ဖြစ်ပြီး သူ(မ)ကိုတော့ သူ(မ)ရဲ့ ယောက္ခထီးက အက်ဆစ်နဲ့ ပက်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ သူ့ရဲ့ သားဆီကနေ ကွာရှင်းခွင့်တောင်းလို့ပါတဲ့။

Related Article >>> မျက်မှောက်ခေတ်ရဲ့ မြနန္ဒာတို့အကြောင်း

ဒီအမှုဟာ လွန်ခဲ့တဲ့ ၈နှစ်ကျော်က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး တစ်ဘဝလုံး ပျက်ဆီးသွားတဲ့ သူ့မျက်နှာအတွက် တရားမျှတမှုကို အချိန်အတော်ကြာအထိ မရခဲ့ပါဘူး။ အစ္စလာမ်ဥပဒေအရ သူမရဲ့ မျက်လုံးနှစ်လုံးပေါင်းမှ အမျိုးသားတစ်ယောက်ရဲ့ မျက်လုံးတစ်လုံးစာပဲ တန်ဖိုးရှိပါတယ်။ ဒါကြောင့် ဒီအမှုကို အဆုံးထိ သွားဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ တရားစွဲတာကို မရပ်ရင် သူ(မ)ရဲ့ သားလေးကိုလည်း အက်ဆစ်နဲ့ ပက်မယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် အမှုကို ရပ်ခဲ့ရပါတယ်။

တရားမျှတမှုကလည်း မရ၊ မျက်နှာကလည်း ထာဝရပျက်ဆီးသွားခဲ့ရပေမဲ့ သူ(မ)ဟာ စိတ်ဓာတ်အားငယ်ခဲ့သူတော့ မဟုတ်ပါဘူး။ “ကျွန်မကို ခံရသူ/ဒုက္ခသည်လို့ မမြင်စေချင်ဘူး၊ အနုပညာရှင်အဖြစ် မြင်စေချင်မိတယ်” လို့ ပြောခဲ့ပါတယ်။

ဒါကြောင့် သူ(မ)ဟာ သူ(မ)လိုပဲ အက်ဆစ်နဲ့ ပက်ခံရတဲ့ဘဝတူ အမျိုးသမီးတွေနဲ့ ပူးပေါင်းပြီး သူတို့ရဲ့ ဘဝအကြောင်းကို အနုပညာကတစ်ဆင့် ပြောပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။သူတို့ ရွေးချယ်လိုက်တဲ့နေရာကတော့ အာရှီယန်နာ အနုပညာပြခန်းဖြစ်ပြီး တီရန်မြို့မှာ ရှိပါတယ်။

အက်ဆစ် victim တစ်ဦးနှင့် သူ(မ) ၏ ပန်းချီအနုပညာ

အခုဆိုရင် အာရှီယန်နာ အနုပညာပြခန်းမှာ အက်ဆစ်ကြောင့် မျက်နှာပျက်စီးသွားသူတွေရဲ့ ပန်းချီလက်ရာတွေ၊ သူတို့ရဲ့ ဖြစ်ရပ်ဆိုးတွေကို ပြောပြထားတဲ့ အနုပညာလက်ရာတွေကို တွေ့မြင်နိုင်ပါတယ်။ Attaie ကတော့ အာရှီယန်နာ ပြခန်းမှာ လက်ရာမြောက်တဲ့ ပန်းကန်လုံးတွေ အိုးတွေ ရုပ်တုတွေကို ပညာရှင်တစ်ယောက်လို လုပ်ကိုင်ရင်း သူ(မ)သားလေးနဲ့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေပါပြီ။ “အခုတော့ ကျွန်မ လုံးဝ အမှီအခိုကင်းသွားပြီလေ” လို့ အာရှီယန်နာ ပြခန်းထဲက သူ(မ)အနုပညာလုပ်ငန်းအကြောင်းကို ဂုဏ်ယူစွာပြောလေ့ရှိပါတယ်။

“ဒီပြခန်းလေးထဲက အနုပညာပြပွဲလေးဟာ ကျွန်မလို အဖြစ်ဆိုးနဲ့ ကြုံရသူတွေကို အိမ်ထဲမှာပဲ ပုန်းမနေကြဖို့ နဲ့ နောက်တစ်ကြိမ် လူတောထဲ ပြန်ဆံ့ဖို့အတွက် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ Attaie က ဆိုပါတယ်။

သူ(မ)ရဲ့ ပန်း ချီ လက်ရာ တွေကို ပြသဖို့ ရောက်လာတဲ့ Massoumeh Attaie

Related Article >>> ဆောရီး ရှင်တို့အခုထိ တူညီတဲ့အခွင့်အရေးမရသေးပါဘူး!!!

“ဒီလို အက်ဆစ်နဲ့ပက်ခံရသူတွေရဲ့ အနုပညာလက်ရာတွေကို လက်ခံပြသပေးတာဟာ သူတို့ဘဝကို နောက်တစ်ကြိမ် ပြန်ထနိုင်အောင် ကူညီပေးတာမို့ သိပ်ကို ကောင်းပါတယ်” လို့ အာရှီယန်နာပြခန်းကို လာလည်သူတစ်ယောက်က ဆိုပါတယ်။

ဒါကြောင့် ခုဆို အက်ဆစ်နဲ့ပက်ခံရသူ အမျိုးသမီးလေးတွေဟာ သူတို့ရဲ့ ဘဝအသစ်ကို အနုပညာကနေတစ်ဆင့် ရှာတွေ့သွားပြီ ဖြစ်တဲ့အပြင် သူတို့ရဲ့ ခံစားချက်နဲ့ စွမ်းရည်ကို ပေါင်းစပ်အသုံးချပြီး တီရန်က အာရှီယန်နာ ပြခန်းလေးမှာ ပြသထားကြပါတယ်။

ပန်းချီပြပွဲကနေ ရတဲ့ ငွေတွေကိုတော့ “အီရန်နိုင်ငံ အက်ဆစ်နဲ့ ပက်ခံရသူများကို ထောက်ပံ့ကူညီမှု အသင်း” ကို ပြန်လည်လှူဒါန်းတာမို့ ယောင်းတို့လည်း တီရန်ရောက်ရင် အာရှီယန်နာ ပန်းချီပြခန်းလေးကို သွားလည်ဖို့ မမေ့နဲ့နော်။

Mia (For Her Myanmar)

Reference links: alaraby.co.uk , deccanchronicle.com , rudaw.net

Aye Mon Kyaw
Aye Mon Kyaw
ကၽြန္မကေတာ့ Miaပါ။ အမ်ိဳးသမီးေတြအတြက္ စိတ္ပိုင္းဆိုင္ရာနဲ႔ ရုပ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေရး စာေတြ၊ က်န္းမာေရးေတြ ေရးေပးမယ့္သူပါ။ foodieျဖစ္တာမို႔ ဟင္းခ်က္နည္းေတြလည္း ေရးေပးမွာေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *