For Her Myanmar မှ Singles’ Night Event ကို ဖေဖော်ဝါရီ (၁၄)ရက်နေ့တွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပပြုလုပ်သွားမည်
>>> Zawgyi >>>
အချိန်  – ည (၇) နာရီမှ ည (၉) အထိ
>>> Unicode >>>
    ပွဲကျင်းပတဲ့ညမှာ  တက်ရောက်လာသူများထဲက King & Queen ရွေးချယ်ပြီး ထိုက်ထိုက်တန်တန် ဆုချီး မြှင့်ပေးသွားမည်ဖြစ်သည်။
နေ့ရက် – ဖေဖော်ဝါရီလ (၁၄) ရက်နေ့ ၊ ကြာသပတေးနေ့
အချိန်  – ည (၇) နာရီမှ ည (၉) အထိ
နေရာ  – Sedona Hotel ,E-deck, outdoor area of D’cuisine Restaurant
ရန်ကုန်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖေဖော်ဝါရီလ (၁၄) ရက် ၊၂၀၁၉ခုနှစ် : For Her Myanmar မှ ကျင်းပပြုလုပ်သည့် Single’s Night Event ကို ၂၀၁၉ခုနှစ် – ဖေော်ဝါရီလ (၁၄) ရက်နေ့ ၊ ကြာသပတေးနေ့) တွင် ကမ္ဘာအေးဘုရားလမ်းနှင့် စက်မှု(၁)လမ်းထောင့်ရှိ Sedona Hotel ,E-deck, outdoor area of D’cuisine Restaurant တွင် ကျင်းပပြုလုပ်သွားမည်  ဖြစ်ပါသည်။ အဆိုပါပွဲကို Sponsor အဖြစ် Kalpana Co.,Ltd AK Square  မှအဓိက ကူညီပံ့ပိုးပေးထားပြီး Gift Bag Sponsor အဖြစ် Jungle Detox , RENÉ Mattias, The Clinic De Novo Aesthetic ၊ နှင့် Plastic Surgery Center ၊ Lucky Draw Sponsor အဖြစ်  Ak Square ၊ Jungle Detox ၊ The Clinic De Novo နှင့်  Training Ground Myanmar တို့မှလည်း  ပါဝင်အားဖြည့်ကူညီပေး ထားပါသည်။
For Her Myanmar မှ ချစ်သူများနေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်မည့်  Single’s Night Event မှာစင်ဂယ်များသာမက ချစ်သူစုံတွဲများပါ အတူပါဝင်ဆင်နွှဲနိုင်မှာဖြစ်ပါသည်။ ပွဲဝင်ကြေးမှာ For Her Myanmar ကလပ်မန်ဘာဝင်ဖြစ်ပါက ၁၀၀၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး ကလပ်မန်ဘာဝင် မဟုတ်ပါက ၁၅၀၀၀ ကျပ်တိတိ ကျသင့်မှာ ဖြစ်ပါသည်။
ပွဲကျင်းပတဲ့ညမှာ  တက်ရောက်လာသူများထဲက King & Queen ရွေးချယ်ပြီး ထိုက်ထိုက်တန်တန် ဆုချီး မြှင့်ပေးသွားမည်ဖြစ်သည်။ ကံစမ်းမဲအစီအစဉ်မှာ တက်ရောက်ကြသောဧည့်သည်တော်များကို Ak Square ၏ ပစ္စည်းအစုံ ( ၃ ) စုံ ၊ Jungle Detox ၏ ၇ရက်စာ တစ်ရက်ချင်းစီအတွက် Detox juice set 3စုံ ၊The Clinic De Novo ၏ ၅သောင်းတန် Gift voucher နှစ်ခု ၊Training Ground Myanmar ၏၇ရက်စာ Gym ဆော့ခွင့်လက်မှတ် ၃စောင်တို့ကို မဲဖောက်ပေးသွားမည်ဖြစ်သည်။
About For Her Myanmar Club
For Her Myanmar Club ကိုတော့ ၂၀၁၇မှာ စတင် အသက်သွင်းခဲ့တာပါ။ Club ကို ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကတော့ For Her Myanmar ရဲ့ မူရင်း ရည်ရွယ်ချက်အတိုင်း အမျိုးသမီးလေးတွေကို စိတ်ဓာတ်ခွန်အားပေးနိုင်ဖို့ အဓိက ဖြစ်ပြီး Onlineတစ်ခုတည်းမှာတင် မဟုတ်ဘဲ ပြင်ပမှာပါ ရင်းနှီးသက်ဝင်တဲ့ ကွန်ရက်တစ်ခု ဖွဲ့စည်းနိုင်ဖို့ ဖြစ်ပါတယ်။ Club မှာ အသင်းဝင်လိုက်ပြီဆိုရင်တော့ မန်ဘာဝင်တွေ ခံစားနိုင်မယ့် အကျိုးခံစားခွင့် သုံးခု ရှိပါတယ်။ ဒါတွေကတော့ Her Content , Her Box နဲ့ Her Event တို့ပဲ ဖြစ်ပါတယ်။
ပထမဦးဆုံးအနေနဲ့ Her Content ကိုတော့ မန်ဘာဝင်တွေသာ ဝင်ရောက် ဖတ်ရှုနိုင်မှာ ဖြစ်ပြီး အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ စိတ်ဓာတ်ခွန်အားတိုးစေမယ့် အကြောင်းအရာတွေ၊ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ သိမှတ်ဖွယ်ရာတွေနဲ့ ကျား၊မ တန်းတူညီမျှရေးဆိုင်ရာ ဆောင်းပါးတွေကို အဓိက ရေးသား တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။
Her Box ဟာဆိုရင်လည်း မန်ဘာဝင်ဖြစ်သွားတဲ့အခါ ခံစားခွင့်ရရှိနိုင်မယ့် လက်ဆောင် တွေထဲက တစ်ခုဖြစ်ပါတယ်။ Her Box ကတော့ လစဉ် မန်ဘာဝင်တွေကို စပရိုက်စ်အဖြစ် လက်ဆောင်ပေးပို့တဲ့ အစီအစဉ်လေးဖြစ်ပါတယ်။ ဘောက်စ်ထဲမှာ ဆိုရင်တော့ အလှအပ၊ ကျန်းမာရေး၊ ဖက်ရှင် စတဲ့ နေ့စဉ်ဘဝမှာ အသုံးဝင်တဲ့ ပစ္စည်းလေးတွေ၊   လအလိုက် မတူညီတဲ့ ဈေးဝယ်ကူပွန် ဘောက်ချာ လေးတွေကို ထည့်ပေးထားတာပဲ ဖြစ်ပါတယ်။
နောက်ဆုံးတစ်ခုဖြစ်တဲ့ Her event ကတော့ မန်ဘာဝင်တွေကို ရင်းနှီးမှုတွေ ရရှိစေဖို့နဲ့ အချင်းချင်း ဗဟုသုတတွေကို နှီးနှောဖလှယ်နိုင်စေဖို့အတွက် တစ်လ တစ်ခါ ပွဲလေးတွေကို ပြုလုပ်ပေးလျက် ရှိပါတယ်။ဆံပင်နဲဲ့ပတ်သက်တဲ့ နည်းလမ်းသစ်တွေ၊ make-up ပြင်ဆင်ခြယ်သမှု အပိုင်းတွေ၊ ကျန်းမာရေးဆိုင်ရာဟောပြောပွဲတွေ၊ မိမိကိုယ်ကို ကာကွယ်နိုင်စေမယ့် self-defense အစီအစဉ်တွေနဲ့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်မယ့် ဟောပြောပွဲတွေ အပါအဝင် တစ်ခေါက်နဲ့ တစ်ခေါက် မတူညီတဲ့ အကြောင်းအရာတွေနဲ့ ပြုလုပ်ပေးလျက်ရှိပါတယ်။
Please visit our website https://www.forhermyanmar.com/  for more information,
Contact Pyae Phyo Lwin to secure your spot today: 09773343991,
Email: events.exec@forhermyanmar.com
No Comments Yet
Comments are closed