Breaking News Celebrity News News

Bigbang အဖြဲ႕ဝင္ Seungri ဟာ ၂၀၁၄ေလာက္တည္းက ျပည့္တန္ဆာ လုပ္ငန္း လုပ္ကိုင္ေနခဲ့ဟု သတင္းထြက္ေပၚ

မၾကာေသးခင္က ထြက္လာတဲ့ သတင္းအခိုင္အမာေၾကာင့္ Kpop industryတစ္ခုလံုး နဲ႔ Kpop fanေတြပါ တုန္လႈပ္သြားခဲ့ရပါတယ္။

>>> Zawgyi >>>

အဲ့ဒါကေတာ့ အေအာင္ျမင္ဆံုး Kpop bandျဖစ္တဲ့ Bigbang အဖြဲ႕ဝင္ Seungri ဟာ ၂၀၁၄ေလာက္တည္းက ျပည့္တန္ဆာလုပ္ငန္း လုပ္ေနတယ္ ဆိုတာပါပဲ။

ဟုတ္ပါတယ္။ မနက္ကအထိ သတင္းေတြက သို႔ေလာ သို႔ေလာတက္လာတာမို႔ ဘယ္သူမွ မယံုၾကေပမဲ့ ခုခ်ိန္မွာေတာ့ chatroom screenshotsအထိ သက္ေသအခိုင္အမာ တက္လာတာပါပဲ။

ဒါေတာင္ Seungriရဲ႕ တခ်ိဳ႕ ေျပာၾကားခ်က္ေတြက ဆိုးဝါးလြန္းလို႔ chatroom ကို အကုန္မျပဘဲ ခ်န္ထားတာေတြရွိပါတယ္လို႔ သတင္းေထာက္အမ်ိဳးသမီး Kang Kyung Yoonက ေျပာျပပါတယ္။

ေပၚထြက္လာတဲ့ kakao chatroom screenshotsသက္ေသေတြအရ Seungriဟာ လုပ္ငန္းရွင္သူေဌးေတြကို လိင္ဆက္ဆံဖို႔ ျပည့္တန္ဆာမ်ိဳးစံု ရွာေဖြေပးခဲ့ပါတယ္။

screenshot တစ္ခုမွာဆို Seungri ဟာ သူေခၚေပးမယ့္ မိန္းကေလးေတြရဲ႕ ဓာတ္ပံုအထိ ပို႔ထားပါတယ္။ ေနာက္ၿပီး မိန္းကေလးေတြရဲ႕ ပံုစံ၊ မူးလာရင္ တံုျပန္တတ္တဲ့ အေျခအေနနဲ႔ သူတို႔ရဲ႕ ကိုယ္ေနဟန္ထား စတာေတြကို လုပ္ငန္းရွင္ သူေဌးေတြ ေကာင္းေကာင္းေပ်ာ္ပါးႏိုင္ဖို႔အတြက္ ေသခ်ာ ရွာေပးခဲ့တာကို ေတြ႕ရမွာပါ။

“အငယ္ဆံုးေလး” လို႔ bigbang ပရိတ္သတ္ VIPေတြက ခ်စ္စႏိုးေခၚၾကတဲ့ Seungri ဟာ အဆိုေတာ္ တစ္ဦးအျဖစ္ ရပ္တည္ရံုတင္မကပါဘူး။သူဟာ Burning Sun ဆိုတဲ့ ဂန္နမ္ေဒသက အဆင့္ျမင့္ Nightclubကို ႀကီးၾကပ္ကြပ္ကဲကာ စီးပြားေရးေလာကထဲ အေျခခ်လာသူတစ္ဦးဟုလည္း ဆိုပါတယ္။

ၿပီးခဲ့တဲ့လေတြတည္းမွာေတာ့ Burning Sun Club ရဲ႕ တရားမဝင္မူးယစ္ေဆးဝါးသံုးစြဲမႈ နဲ႔ လိင္အၾကမ္းဖက္မႈ ေကာလဟာလေတြေၾကာင့္ ရဲေတြ စစ္ေဆးလိုက္ရာကေန ခုလို ျပည္တန္ဆာလုပ္ငန္းအထိပါ သက္ေသတခ်ိဳ႔ေပၚေပါက္ၿပီး စစ္ေဆးခံေနရတာပဲ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ၂ ရက္ခန္႔ကလည္း Seungri ဟာ Bigbangအဖြဲ႔ကေန ႏႈတ္ထြက္လိုက္ၿပီး YG Entertainment ကလည္း သူနဲ႔ခ်ဳပ္ဆိုထားသမၽွ အားလံုး ရပ္တန္႔ခဲ့ပါတယ္။

By
Mia (For Her Myanmar)
Reference link: thestraitstimes koreaboo

>>> Unicode >>>

မကြာသေးခင်က ထွက်လာတဲ့ သတင်းအခိုင်အမာကြောင့် Kpop industryတစ်ခုလုံး နဲ့ Kpop fanတွေပါ တုန်လှုပ်သွားခဲ့ရပါတယ်။

အဲ့ဒါကတော့ အအောင်မြင်ဆုံး Kpop bandဖြစ်တဲ့ Bigbang အဖွဲ့ဝင် Seungri ဟာ ၂၀၁၄လောက်တည်းက ပြည့်တန်ဆာလုပ်ငန်း လုပ်နေတယ် ဆိုတာပါပဲ။

ဟုတ်ပါတယ်။ မနက်ကအထိ သတင်းတွေက သို့လော သို့လောတက်လာတာမို့ ဘယ်သူမှ မယုံကြပေမဲ့ ခုချိန်မှာတော့ chatroom screenshotsအထိ သက်သေအခိုင်အမာ တက်လာပါပြဲ။

ဒါတောင် Seungriရဲ့ တချို့ ပြောကြားချက်တွေက ဆိုးဝါးလွန်းလို့ chatroom ကို အကုန်မပြဘဲ ချန်ထားတာတွေရှိပါတယ်လို့ သတင်းထောက်အမျိုးသမီး Kang Kyung Yoonက ပြောပြပါတယ်။
ပေါ်ထွက်လာတဲ့ kakao chatroom screenshotsသက်သေတွေအရ Seungriဟာ လုပ်ငန်းရှင်သူဌေးတွေကို လိင်ဆက်ဆံဖို့ ပြည့်တန်ဆာမျိုးစုံ ရှာဖွေပေးခဲ့ပါတယ်။
screenshot တစ်ခုမှာဆို Seungri ဟာ သူခေါ်ပေးမယ့် မိန်းကလေးတွေရဲ့ ဓာတ်ပုံအထိ ပို့ထားပါတယ်။ နောက်ပြီး မိန်းကလေးတွေရဲ့ ပုံစံ၊ မူးလာရင် တုံပြန်တတ်တဲ့ အခြေအနေနဲ့ သူတို့ရဲ့ ကိုယ်နေဟန်ထား စတာတွေကို လုပ်ငန်းရှင် သူဌေးတွေ ကောင်းကောင်းပျော်ပါးနိုင်ဖို့အတွက် သေချာ ရှာပေးခဲ့တာကို တွေ့ရမှာပါ။

“အငယ်ဆုံးလေး” လို့ bigbang ပရိတ်သတ် VIPတွေက ချစ်စနိုးခေါ်ကြတဲ့ Seungri ဟာ အဆိုတော် တစ်ဦးအဖြစ် ရပ်တည်ရုံတင်မကပါဘူး။သူဟာ Burning Sun ဆိုတဲ့ ဂန်နမ်ဒေသက အဆင့်မြင့် Nightclubကို ကြီးကြပ်ကွပ်ကဲကာ စီးပွားရေးလောကထဲ အခြေချလာသူတစ်ဦးဟုလည်း ဆိုပါတယ်။

ပြီးခဲ့တဲ့လတွေတည်းမှာတော့ Burning Sun Club ရဲ့ တရားမဝင်မူးယစ်ဆေးဝါးသုံးစွဲမှု နဲ့ လိင်အကြမ်းဖက်မှု ကောလဟာလတွေကြောင့် ရဲတွေ စစ်ဆေးလိုက်ရာကနေ ခုလို ပြည်တန်ဆာလုပ်ငန်းအထိပါ သက်သေတချို့ပေါ်ပေါက်ပြီး စစ်ဆေးခံနေရတာပဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂ ရက်ခန့်ကလည်း Seungri ဟာ Bigbangအဖွဲ့ကနေ နှုတ်ထွက်လိုက်ပြီး YG Entertainment ကလည်း သူနဲ့ချုပ်ဆိုထားသမျှ အားလုံး ရပ်တန့်ခဲ့ပါတယ်။

By
Mia (For Her Myanmar)
Reference link: thestraitstimes koreaboo

Aye Mon Kyaw
Aye Mon Kyaw
ကၽြန္မကေတာ့ Miaပါ။ အမ်ိဳးသမီးေတြအတြက္ စိတ္ပိုင္းဆိုင္ရာနဲ႔ ရုပ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေရး စာေတြ၊ က်န္းမာေရးေတြ ေရးေပးမယ့္သူပါ။ foodieျဖစ္တာမို႔ ဟင္းခ်က္နည္းေတြလည္း ေရးေပးမွာေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *