စည်းခြားထားသော အချစ်(Forbidden Love)ထဲက ဇာတ်လိုက်နှစ်ယောက်ရဲ့ ပျော်စရာ သတင်းလေး ၂ခု

သူတို့ကိုကြည့်ပြီး ကိုယ်ပါကြည်နူးအားကျမိ.. 

မှတ်မိဦးမယ်ထင်ပါတယ်နော်.. ဒီကားလေး

မြေခွေးမလေး ရှီယောင်း နဲ့ ရဲအရာရှိလေး ဂန်မင်းအူတို့ ဟာအပြင်မှာ ပျော်ရွှင်တဲ့ဘဝလေးတွေကိုကိုယ်စီပိုင်ဆိုင်ထားကြပါတယ်နော်။

ယောင်းတို့ရေ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက အရမ်းနာမည်ကြီးခဲ့တဲ့ကားလေးတစ်ခုကိုမှတ်မိသေးလားဟင်။ မြန်မာလို `စည်းခြားထားသောအချစ်´ လို့ အမည်ရတဲ့ ကားလေးပါ။ သူ့ နာမည်လေးကတော့ Fobidden Love ပါတဲ့။ မြေခွေးမလေးနဲ့ ရဲအရာရှိလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပေါ့။ တစ်ယောက်ကမြေခွေး တစ်ယောက်ကလူသား ဘယ်လိုမှပေါင်းစည်းဖို့မဖြစ်နိုင်ခဲ့တဲ့ အချစ်ဇာတ်လမ်းလေးကြောင့် တို့တွေ ညတိုင်းမြဝတီကြည့်ပြီးငိုခဲ့ရတာပေါ့။ Yuki ဆို ကလေးပေါက်စ ဘဝနဲ့တောင် ဒီကားလေးကိုကြည့်ရင်း ဖိုက်တင်ခန်းတွေဆိုရင်တုန်လိုက် မင်းသားလေးနဲ့မင်းသမီးလေးကို သနားလိုက်နဲ့ ရင်တဖိုဖို အသည်းတလှပ်လှပ်ကြည့်ရတဲ့ကားလေးပါ။ ကဲ ဒီကားလေးရဲ့ ဇာတ်သိမ်းပိုင်းမှာတော့ ချစ်သူနှစ်ဦး မပေါင်းဖက်လိုက်ရတဲ့ ကြေကွဲစရာ ဇာတ်လမ်းလေးဆိုပေမယ့် အပြင်လောကမှာတော့ ဒီကားလေးမှာ သရုပ်ဆောင်ခဲ့သူ Kim Tae Hee နဲ့ Jo Hyun Jae တို့ဟာ ပျော်ရွှင်တဲ့ ဘဝလေးတွေ ကိုယ်စီကိုယ်စီ ပိုင်ဆိုင်ခဲ့ကြရပါတယ်နော်.. ခုလည်း တိုက်တိုက်ဆိုင်ဆိုင် သူတို့နှစ်ယောက်ရဲ့ သတင်းကောင်းလေးတွေကလည်း မရှေးမနှောင်းထွက်ပေါ်လာပါတယ်။ ဒါလေးတွေကို ယောင်းတို့အတွက် ဖော်ပြပေးလိုက်ပါတယ်နော်…

(၁) Selfie (ဆယ်လ်ဖီပုံ) လှလှလေးနဲ့ပရိသတ်ကို နှုတ်ဆက်လိုက်တဲ့ ဘေဘီလေးမေမေ Kim Tae Hee

Rain နဲ့ Kim Tae Hee ဆိုတာ မသိသူမရှိ သိပ်ကိုလိုက်ဖက်တဲ့ စုံတွဲလေးပါ။ ခုသူတို့က ဘေဘီမီးမီးလေးရဲ့ ဖေဖေနဲ့ မေမေဖြစ်သွားတာ ယောင်းတို့သိပြီးလောက်ရောပေါ့။ ခု မေမေအသစ်လေး Kim Tae Hee က ပရိသတ်တွေကို Instagram မှာ နှုတ်ဆက်ထားပါတယ်နော်။ ပုံမှန်အားဖြင့်ဆိုရင်တော့ အနုပညာရှင်တွေ ပရိသတ်ကို နှုတ်ဆက်တာက မထူးဆန်းပေမဲ့ ဒီမှာ ထူးခြားတာလေးကတော့ ထယ်ဟီးဟာ မီးမီးလေးမွေးပြီးနောက် ပရိသတ်တွေကို Selfie လေးနဲ့အတူ ပထမဆုံး နှုတ်ဆက်ထားတာမို့ပါပဲ။
သူ့ရဲ့ Instagram မှာရေးထားတာလေးနဲ့အတူ သူ့ရဲ့ Selfie ပုံလှလှလေးကိုပါ ဖော်ပြပေးလိုက်ပါတယ်ရှင့်။

Tae Hee ပုံလေးပါ။ အရင်ကထက်တောင် ပိုလှနေသေးနော်…

`ပရိသတ်ကြီးရေ နေကောင်းကြရဲ့လား။ ^^~? ကျွန်မတော့ ပထမဆုံးပြန်ရိုက်တဲ့ကြော်ငြာရိုက်ကွင်းလေးမှာ ရောက်နေပါတယ်။ ရာသီဥတုကနွေးသလိုလိုနဲ့ ရုတ်တရက်ကြီးကို ပြန်အေးလာတယ်။~~!! အားလုံးပဲ အအေးမိမှာစိုးလို့သတိထားကြပါနော်။~~
ကျွန်မ ပရိသတ်ကြီးဆီကို သတင်းကောင်းလေးတွေနဲ့အတူ ပြန်လာဖို့ ကြိုးစားနေပါတယ်။ အဲ့ဒီ မတိုင်ခင်မှာတော့ ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင် နေကြပါနော်။ ကြိုးစားကြစို့~~! ´

 

အိုးးး သိပ်ချစ်ဖို့ကောင်းတဲ့ Tae Hee လေးပါလား။ တို့ မိန်းကလေးတွေ အိမ်ထောင်ကျ သားသားမီးမီးမွေးပြီးရင် ရုပ်ကျသွားတယ်ဆိုတာ ဘယ်မှာဟုတ်လို့လဲ။ ခု တို့တွေရဲ့ Tae Hee လေးက တစ်သားမွေး တစ်သွေးလှပြီး အပျိုလေးတွေရှုံးအောင် နုပျိုလှပနေဆဲပါပဲနော်။
ကဲ ယောင်းတို့လည်း Tae Hee လေးပြောသလို သူလေး တို့တွေဆီကို ပြန်လာတာကို ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ စောင့်ရအောင်နော်။

ကဲ.. Tae Hee လေး အကြောင်းပြီးတော့ လာပါပြီ မင်းသားလေး Jo Hyun Jae..

Related Article >>> ဆိုးရွားတဲ့ဘဝတွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့ သံမဏိစိတ်ဓာတ်ပိုင်ရှင် ကိုရီးယားအဆိုတော်များ

(၂) ဂန်မင်းအူ လို့သိခဲ့ကြတဲ့ မင်းသား Jo Hyun Jae လက်ထပ်တော့မှာတဲ့။!!!

သိပ်ခန့်ညားတဲ့ မင်းသားပေါ့နော်..

`စည်းခြားထားသော အချစ်´ ထဲမှာ မြေခွေးမလေး Kim Tae Hee ရဲ့ ချစ်သူ ဂန်မင်းအူ အဖြစ်တို့တွေ သိခဲ့ရတဲ့ မင်းသားဟာ ငါးနှစ်ကြာ ရွှေလက်တွဲခဲ့တဲ့ ချစ်သူနဲ့ လက်ထပ်ပါတော့မယ်တဲ့။ ချစ်သူမိန်းကလေးဟာ အရင်က ဂေါ့ဖ် ကစားသူတစ်ဦး ဖြစ်ခဲ့ပြီး ခုချိန်မှာတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူပါ။ သူတို့ရဲ့ မင်္ဂလာလက်ထပ်ပွဲလေးကိုတော့ မိသားစုဝင်တွေ နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေကိုပဲ ဖိတ်ပြီးကျင်းပမယ်လို့ သိရပါတယ်။ မိန်းကလေး ကျော်ကြားသူတစ်ယောက် မဟုတ်တဲ့ အတွက် သူ့ရဲ့ကိုယ်ရေးကိုယ်တာကို ကာကွယ်ပေးတဲ့အနေနဲ့ မင်္ဂလာပွဲကိုကြေညာတာ နောက်ကျသွားလို့နားလည်ပေးပါ။ ဒါပေမယ့် ကျွန်တော် ပထမဆုံးအသိပေးတဲ့ သူဟာ ပရိသတ်ကြီးပါ လို့ Jo Hyun Jae ကပြောကြားခဲ့ပါတယ်ရှင့်။

ကဲ သူ့ရဲ့ ပျော်စရာဘဝခရီးလေးကို စတင်မဲ့ မင်္ဂလာပွဲလေးကို တို့တွေ တူတူအားပေးလိုက်ရအောင်နော်..

မင်္ဂလာပွဲအကြိုပုံလှလှလေးတွေ…

ကဲ ချစ်တဲ့ယောင်းတို့ရေ `စည်းခြားထားသော အချစ်´ ဇာတ်လမ်းလေးထဲက မင်းသားနဲ့ မင်းသမီးလေးတို့ကတော့ ပျော်စရာဘဝခရီးလေးတွေကို ကိုယ်စီလျှောက်လမ်းနေကြပါပြီ။ တို့တွေလည်း သူတို့ကို ဆက်ချစ်ပေးရင်း သူတို့ရဲ့အောင်မြင်မှုနဲ့ ပျော်ရွှင်မှုအတွက် ဆုမွန်ကောင်း တောင်းပေးလိုက်ကြရအောင်နော်။
ယောင်းလေးတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…

Miyuki (For Her Myanmar)

Reference : English Chosun , Wikipedia , Jo Hyun JaeSoompiKim Tae Hee

No Comments Yet

Leave a Reply

Your email address will not be published.