မုန်းသူတွေများတဲ့ကြားက အောင်မြင်နေဆဲ မင်းသမီး ယွန်းအွန်ဟေးရဲ့ ဇာတ်လမ်းတွဲအသစ် “Love Alert”

စောင့်ကြည့်ရမယ့် ဇာတ်ကား တစ်ကားတိုးပြန်ပြီ… 😉

ယွန်းအွန်ဟေးကို စသိတာက ဒိုးဒိုးဒေါက်ဒေါက်ဘုနဲ့ဘောက် ဇာတ်လမ်းတွဲနဲ့ပေါ့။ ရွာမှာရှိတဲ့ စပျစ်ခြံမှာ သွားနေရင်း မင်းသားနဲ့ နေ့တိုင်း တကျက်ကျက် ရန်ဖြစ်ရတဲ့ မြို့သူမမ နေရာက သရုပ်ဆောင်ထားတာလေး က ပီပြင်လွန်းလို့ ချစ်လိုက်ရတာဆိုတာလေ…  သူ့ကို ပိုပြီး ကြိုက်သွားတာက ကော်ဖီချစ်သူ နဲ့ ရွှေမင်းသားလေး ချစ်ပုံပြင်ထဲမှာ ။ ကြိုက်လား မကြိုက်လားဆိုရင် ရွှေမင်းသားလေး ချစ်ပုံပြင်ကားကို ခဏခဏကြည့်လို့ အခွေပါပျက်သွားတဲ့ အထိပဲ။ ခုထိလည်း မရိုးနိုင်တဲ့ ဇာတ်ကားလေး … ပြောရင်းနဲ့တောင် ပြန်ကြည့်ချင်လာပြီ 😀

ကော်ဖီချစ်သူထဲမှာ goblin ထဲက arrjushi နဲ့
ရှင်းဂွန်းလေး

အွန်ဟေးက ပထမဦး အနုပညာလောကကို အခြေချတာက Baby Vox မိန်းကလေးအဆိုတော် အဖွဲ့ဝင်တစ်ယောက်အနေနဲ့ စခဲ့တာပါ။ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၅ ထိပဲ အဖွဲ့နဲ့လက်တွဲပြီး နောက်ပိုင်းကျတော့ သရုပ်ဆောင် လောကထဲ ဝင်သွားလိုက်တာ ဒီနေ့ထိပါပဲ။

Related Article >>> shake ပြီးမှ စားလို့ကောင်းတဲ့ ကိုရီးယား နေ့လယ်စာ ထမင်းဘူး (dosirak)

ကော်ဖီချစ်သူနဲ့ Princess Hours နှစ်ကားနဲ့တင် သရုပ်ဆောင်ကြေးအမြင့်ဆုံး မင်းသမီးဖြစ်သွားသေးတဲ့ အွန်ဟေးက မမလေးရဲ့ သက်တော်စောင့် (My Fair Lady) နဲ့ ရင်နင့်အောင်လွမ်းရသည် (Missing You) ဇာတ်လမ်းတွဲနဲ့လည်း အောင်မြင်လိုက်သေးတာ ယောင်းတို့လည်း သိပြီးဖြစ်မှာပါနော်..

ကိုယ်တွေကသာ အွန်ဟေးကို ချစ်ပေမဲ့ သူ့ကို မုန်းတဲ့ anti-fan တွေကလည်း အသေများဆိုပဲ။ ဗီနီကာ ထည့်ထားတဲ့ ရေသေနတ်နဲ့ ပရိသတ်တစ်ယောက်က ပစ်ထည့်လိုက်လို့ မျက်ကြည်လွှာ ပျက်စီးခဲ့ရသလို သတင်းအတုတွေ လွှင့်ပြီး နာမည်ပျက်အောင် ဆိုးဆိုးရွားရွား တိုက်ခိုက်ခံရသေးတာပါ။

ဘယ်သူတွေ ဘာပြောပြော ရွှေမင်းသမီးလေး ရှင်းချယ်ဂွန်းကတော့ အောင်မြင်နေဆဲ ဆိုသလိုပဲ ရိုက်သမျှကားတိုင်းလည်း ဆုတွေ ဆွတ်ခူးသိမ်းပိုက်နိုင်တာချည်းပါပဲ။

အခုလည်း အွန်ဟေးက anti-fanတွေ ထိုင်ငိုသွားမယ့် ဇာတ်လမ်းတွဲအသစ်နဲ့ ပေါက်ချလာပြန်ပါပြီ။ “Love Alert” လို့ အမည်ပေးထားတဲ့ ဇာတ်လမ်းတွဲမှာတော့ မင်းသား Chun Jung Myung နဲ့ တွဲဖက်သရုပ်ဆောင်သွားမှာပါတဲ့။ ထိပ်တန်းမင်းသမီး တစ်ယောက်က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်တဲ့ ဆေးခန်းပိုင်ရှင်ဒါရိုက်တာနဲ့ အချစ်ဇာတ်လမ်း ဘယ်လိုလာမလဲဆိုတာ စောင့်ကြည့်ရမယ့် ဇာတ်လမ်းတွဲလေး ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲလေးက မင်းသမီး အွန်ဟေးရဲ့ come back ဖြစ်သလို မင်းသား chung jung myung ရဲ့ နှစ်နှစ်ကြာမှ ပြန်ရိုက်တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ “LoveAlert” ကိုတော့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ MBN ရုပ်သံကနေ ထုတ်လွှင့်ပေးသွားမှာ ဖြစ်လို့ တူတူ စောင့်ကြည့်ဖို့ သတင်းကောင်းပါးလိုက်ပါတယ် ယောင်းတို့ရေ…

With love

Ei Mon (For Her Myanmar)

References : Soompi,Asian Wiki

No Comments Yet

Comments are closed