Celebrity News News

Facebook follower ၁၆ သန္းေက်ာ္ရွိတဲ့ ကမၻာ႔ ခ်စ္စရာအေကာင္းဆံုး ေခြးေလး Boo ေသဆံုး

ဒီမနက္ေလးတင္မွာပဲ ဆံုးပါးသြားတာပါ 

>>>Zawgyi>>>

Boo ေလး

အေတာ္ခ်စ္စရာေကာင္းလို႔ လူမႈကြန္ရက္ေတြမွာ အရမ္းနာမည္ႀကီးလာတဲ့ ဆယ္လီ ေခြးေလး Boo ဟာ ဒီမနက္မွာ ေသဆံုးသြားခဲ့ပါၿပီ။ Pom အမ်ိဳးအစားျဖစ္တဲ့ Boo ေလးဟာ ႏွလံုးေရာဂါေၾကာင့္ အသက္၁၂ႏွစ္မွာ ေသဆံုးသြားခဲ့တာျဖစ္ပါတယ္။

တကယ္ေတာ့ Booေလး ဟာ လူေတြလိုပဲ အရမ္းခံစားတတ္တဲ့ ေခြးေလးလို႔ ဆိုရမွာပါ။ ဘာလို႔လဲဆို Buddy ဆိုတဲ့ သူ႔ အရမ္းခ်စ္တဲ့ သူငယ္ခ်င္း ေခြးေလးက ၂၀၁၇မွာ ေသသြားခဲ့တာေၾကာင့္ Boo တစ္ေကာင္ ႏွလံုးေရာဂါရခဲ့တာပါ။ Booဟာ သူငယ္ခ်င္းေသတဲ့ ၂၀၁၇တည္းက စိတ္ေထာင္းကိုယ္ေၾကျဖစ္ၿပီး ႏွလံုးေရာဂါ လကၡဏာေတြ ျပလာခဲ့တယ္လို႔ သခင္ျဖစ္သူက ဆိုပါတယ္။

Boo နဲ႔ Buddy

Boo ဟာ ဆယ္လီေခြးေလးျဖစ္တာမို႔ လူေတြလိုပဲ follower ၁၆သန္းရွိတဲ့ Official Facebook page တစ္ခု သူ႔မွာ ရွိပါတယ္။ “သူ႔ သူငယ္ခ်င္း ထြက္သြားတဲ့အခါ Boo တစ္ေယာက္ ရင္ကြဲနာက်သြားပံုရတယ္ ” လို႔ သခင္ျဖစ္သူက Page မွာ ေရးခဲ့ပါတယ္။

Boo နဲ႔ သူ႕ သူငယ္ခ်င္း Buddy ဟာ ၁၁ႏွစ္ေလာက္ အတူတူေနခဲ့ၾကၿပီး Buddy ဟာ စက္တင္ဘာ ၂၀၁၇မွာ ဆံုးပါးသြားခဲ့ပါတယ္။ Buddy ေလး ေသဆံုးခ်ိန္မွာ အသက္ ၁၄ႏွစ္ရွိၿပီ ျဖစ္ၿပီး Boo ကေတာ့ အဲ့တည္းက တေျမ့ေျမ့ ေၾကကြဲဝမ္းနည္းေနခဲ့ပါတယ္။

Related article>>> ကမာၻေက်ာ္ဆယ္လီတို႔ရဲ႕ ငယ္ဘဝပံုရိပ္မ်ား

Boo ဟာ စေနေန႔ မနက္ အေစာပိုင္းေလာက္က အိပ္ေနရင္းနဲ႔ပဲ တိတ္တဆိတ္ ေသဆံုးသြားခဲ့ၿပီး ပိုင္ရွင္ျဖစ္သူ အေမရိကန္မိသားစုကေတာ့ Boo ေလး ဆံုးသြားလို႔ ေျဖမဆည္ႏိုင္ေအာင္ ေၾကကြဲေနၾကပါတယ္တဲ့။

“ဒါေပမဲ့ သူဟာ ခုဆို ေသာကေဝဒနာေတြကို မခံစားရေတာ့တာမို႔ ကၽြန္ေတာ္တို႔ စိတ္သက္သာရမိပါတယ္” လို႔ ပိုင္ရွင္ျဖစ္သူက ဆိုထားပါတယ္။ “အသည္းႏွလံုးေတြ နင့္ေနေအာင္ ခ်စ္ရတဲ့ Boo ေရ ေနာက္တစ္ႀကိမ္ ျပန္ေတြ႕တဲ့အထိ သတိရေနမွာပါ” လို႔ သခင္ျဖစ္သူက ေၾကကြဲစြာ ေရးသားခဲ့ပါတယ္။

Boo ဟာ TV အစီအစဥ္ေတြမွာ အမ်ားႀကီးပါဖူးသလို နာမည္ႀကီးေတြနဲ႔လည္း ေတြ႕ဆံုဖူးတဲ့ ေခြးေလးလည္း ျဖစိပါတယ္။ ေနာက္ၿပီး Booဟာ ေအာင္ျမင္လြန္းတာမို႔ သူ႔အေၾကာင္းကို စာအုပ္ ထုတ္ထားတာေတာင္ရွိပါတယ္။

Boo အေၾကာင္း ထုတ္ ထား တဲ့ စာအုပ္

“Boo ေလးရဲ႕ video ေတြ ဓာတ္ပံုေလးေတြဟာ လူေတြကို ေပၽာ္ရႊင္ေစတာမို႔ ေက်းဇူးတင္ပါတယ္” ဆိုတဲ့ စာေလးေတြကိုေတာင္ လက္ခံရရွိတယ္လို႔ ပိုင္ရွင္ျဖစ္သူက ဆိုပါတယ္။

ဘယ္လို ေနေန ခ်စ္ ဖို႔ ေကာင္းတဲ့ Boo

“ဒါ Booေလး ရဲ႕ ရည္ရြယ္ခ်က္ပဲေလ။ သူဟာ ကမၻာတစ္ဝွမ္းက လူေတြကို ေပ်ာ္ေအာင္ လုပ္ေပးခဲ့တဲ့သူပါ” လို႔ ပိုင္ရွင္ျဖစ္သူက Boo ေလးအေၾကာင္းကို ဂုဏ္ယူစြာ ေျပာျပခဲ့ပါတယ္။

Related article >>> ေခြးေလးေတြကို ေပ်ာ္ရႊင္ေစမယ့္ သီခ်င္းမ်ား

ခုေတာ့ Boo ေလးရဲ႕ ျပံဳးရယ္ေနတဲ့ပံုေတြကို ဘယ္ေတာ့မွ မျမင္ရေတာ့ဘူးေပါ့ေလ😢 ေကာင္းရာမြန္ရာေရာက္ပါေစ ကေလးေရ …

By
Mia (For Her Myanmar)
Reference links: bbc.com cnn.com

>>> Unicode>>>

ဒီမနက်လေးတင်မှာပဲ ဆုံးပါးသွားတာပါ 

Boo လေး

အတော်ချစ်စရာကောင်းလို့ လူမှုကွန်ရက်တွေမှာ အရမ်းနာမည်ကြီးလာတဲ့ ဆယ်လီ ခွေးလေး Boo ဟာ ဒီမနက်မှာ သေဆုံးသွားခဲ့ပါပြီ။ Pom အမျိုးအစားဖြစ်တဲ့ Boo လေးဟာ နှလုံးရောဂါကြောင့် အသက်၁၂နှစ်မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

တကယ်တော့ Booလေး ဟာ လူတွေလိုပဲ အရမ်းခံစားတတ်တဲ့ ခွေးလေးလို့ ဆိုရမှာပါ။ ဘာလို့လဲဆို Buddy ဆိုတဲ့ သူ့ အရမ်းချစ်တဲ့ သူငယ်ချင်း ခွေးလေးက ၂၀၁၇မှာ သေသွားခဲ့တာကြောင့် Boo တစ်ကောင် နှလုံးရောဂါရခဲ့တာပါ။ Booဟာ သူငယ်ချင်းသေတဲ့ ၂၀၁၇တည်းက စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး နှလုံးရောဂါ လက္ခဏာတွေ ပြလာခဲ့တယ်လို့ သခင်ဖြစ်သူက ဆိုပါတယ်။

Boo နဲ႔ Buddy

Boo ဟာ ဆယ်လီခွေးလေးဖြစ်တာမို့ လူတွေလိုပဲ follower ၁၆သန်းရှိတဲ့ Official Facebook page တစ်ခု သူ့မှာ ရှိပါတယ်။ “သူ့ သူငယ်ချင်း ထွက်သွားတဲ့အခါ Boo တစ်ယောက် ရင်ကွဲနာကျသွားပုံရတယ် ” လို့ သခင်ဖြစ်သူက Page မှာ ရေးခဲ့ပါတယ်။

Boo နဲ့ သူ့ သူငယ်ချင်း Buddy ဟာ ၁၁နှစ်လောက် အတူတူနေခဲ့ကြပြီး Buddy ဟာ စက်တင်ဘာ ၂၀၁၇မှာ ဆုံးပါးသွားခဲ့ပါတယ်။ Buddy လေး သေဆုံးချိန်မှာ အသက် ၁၄နှစ်ရှိပြီ ဖြစ်ပြီး Boo ကတော့ အဲ့တည်းက တမြေ့မြေ့ ကြေကွဲဝမ်းနည်းနေခဲ့ပါတယ်။

Boo ဟာ စနေနေ့ မနက် အစောပိုင်းလောက်က အိပ်နေရင်းနဲ့ပဲ တိတ်တဆိတ် သေဆုံးသွားခဲ့ပြီး ပိုင်ရှင်ဖြစ်သူ အမေရိကန်မိသားစုကတော့ Boo လေး ဆုံးသွားလို့ ဖြေမဆည်နိုင်အောင် ကြေကွဲနေကြပါတယ်တဲ့။

Related article>>> ကမ္ဘာကျော်ဆယ်လီတို့ရဲ့ ငယ်ဘဝပုံရိပ်များ

“ဒါပေမဲ့ သူဟာ ခုဆို သောကဝေဒနာတွေကို မခံစားရတော့တာမို့ ကျွန်တော်တို့ စိတ်သက်သာရမိပါတယ်” လို့ ပိုင်ရှင်ဖြစ်သူက ဆိုထားပါတယ်။ “အသည်းနှလုံးတွေ နင့်နေအောင် ချစ်ရတဲ့ Boo ရေ နောက်တစ်ကြိမ် ပြန်တွေ့တဲ့အထိ သတိရနေမှာပါ” လို့ သခင်ဖြစ်သူက ကြေကွဲစွာ ရေးသားခဲ့ပါတယ်။

Boo ဟာ TV အစီအစဉ်တွေမှာ အများကြီးပါဖူးသလို နာမည်ကြီးတွေနဲ့လည်း တွေ့ဆုံဖူးတဲ့ ခွေးလေးလည်း ဖြစိပါတယ်။ နောက်ပြီး Booဟာ အောင်မြင်လွန်းတာမို့ သူ့အကြောင်းကို စာအုပ် ထုတ်ထားတာတောင်ရှိပါတယ်။

Boo အကြောင်း ထုတ် ထား တဲ့ စာအုပ်

“Boo လေးရဲ့ video တွေ ဓာတ်ပုံလေးတွေဟာ လူတွေကို ပျော်ရွှင်စေတာမို့ ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စာလေးတွေကိုတောင် လက်ခံရရှိတယ်လို့ ပိုင်ရှင်ဖြစ်သူက ဆိုပါတယ်။

ဘယ်လို နေနေ ချစ် ဖို့ ကောင်းတဲ့ Boo

“ဒါ Booလေး ရဲ့ ရည်ရွယ်ချက်ပဲလေ။ သူဟာ ကမ္ဘာတစ်ဝှမ်းက လူတွေကို ပျော်အောင် လုပ်ပေးခဲ့တဲ့သူပါ” လို့ ပိုင်ရှင်ဖြစ်သူက Boo လေးအကြောင်းကို ဂုဏ်ယူစွာ ပြောပြခဲ့ပါတယ်။

Related article >>> ခွေးလေးတွေကို ပျော်ရွှင်စေမယ့် သီချင်းများ

ခုတော့ Boo လေးရဲ့ ပြုံးရယ်နေတဲ့ပုံတွေကို ဘယ်တော့မှ မမြင်ရတော့ဘူးပေါ့လေ😢 ကောင်းရာမွန်ရာရောက်ပါစေ ကလေးရေ …

By
Mia (For Her Myanmar)
Reference links: bbc.com cnn.com

Aye Mon Kyaw
Aye Mon Kyaw
ကၽြန္မကေတာ့ Miaပါ။ အမ်ိဳးသမီးေတြအတြက္ စိတ္ပိုင္းဆိုင္ရာနဲ႔ ရုပ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေရး စာေတြ၊ က်န္းမာေရးေတြ ေရးေပးမယ့္သူပါ။ foodieျဖစ္တာမို႔ ဟင္းခ်က္နည္းေတြလည္း ေရးေပးမွာေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *