လီမင္ဟုိနဲ႔ တစ္ကားတည္းမွာ ထိပ္တိုက္ေတြ႕ၾကမယ့္ မင္းသား ဝူဒိုဟြမ္း

ေယာင္းကေရာ.. လီမင္ဟို ပရိသတ္လား? ဒိုဟြမ္ ပရိသတ္လား? 

မင္းသား လီမင္ဟုိနဲ႔ goblin မင္းသမီး ကင္ဂိုအြန္း တို႔ ဇာတ္လမ္းတြဲအသစ္ရိုက္ေတာ့မယ္လို႔ အတည္ျပဳေပးၿပီးတဲ့ေနာက္ ဒီဇာတ္လမ္းတြဲမွာ second lead (ဒုတိယ မင္းသား)က ဘယ္သူျဖစ္မလဲ ဆိုတာ ပရိသတ္ေတြ သိခ်င္ေနၾကပါတယ္။ Main Lead (အဓိက ဇာတ္ေဆာင္) ႏွစ္ေယာက္စလံုးက ဇာတ္ညႊန္းေရးဆရာ ကင္အြန္းဆြတ္ခ္ရဲ႕ ဇာတ္လမ္းေတြမွာ အသားက်ၿပီးသား ျဖစ္ေပမဲ့ ဇာတ္ပို႔မင္းသားေနရာမွာ သရုပ္ေဆာင္မယ့္သူကေရာ ဒီဇာတ္လမ္းကို ႏိုင္ပါ့မလား စဥ္းစားစရာေတြ ျဖစ္လာပါတယ္။

ဇာတ္လမ္းတြဲအသစ္ကို “The King: The Eternal Monarch” လို႔ နာမည္ေပးထားၿပီး Multiverse ေတြ ၾကားမွာ အမ်ိဳးစံု ႀကိဳးခုန္ၾကမယ့္ ဇာတ္ကားတစ္ကားပါ။ မင္းသမီး ကင္ဂိုအြန္းက ဇာတ္ရုပ္ႏွစ္ခုနဲ႔ သရုပ္ေဆာင္သြားမယ္ဆိုတာကိုလည္း ထုတ္လုပ္သူေတြအားလံုက အတည္ျပဳၿပီးသြားပါၿပီ။

 

ဇာတ္လမ္းအက်ဥ္းကို ေကာက္ၿပီးသြားၿပီဆိုေတာ့ကာ အားလံုး စိတ္ဝင္စားၾကတဲ့ အၿပိဳင္မင္းသား လာပါၿပီ။ သူကေတာ့ tempted (The Great Seducer) ထဲက မင္းသား ဝူဒိုဟြမ္ပါပဲ ေယာင္းတို႔ေရ… သူ႕ရဲ႕ ဇာတ္ရုပ္ကလည္း ႏွစ္မ်ိဳးပါပဲ။ မ်က္ေမွာက္ေခတ္ ကိုရီးယားမွာ ေနထိုင္တဲ့ သာမန္ ျပည္သူ႕ဝန္ေဆာင္မႈ ဝန္ထမ္း ဇာတ္ရုပ္အျပင္ ကိုရီးယား အင္ပါယာမွာေတာ့ လီမင္ဟိုရဲ႕ သက္ေတာ္ေစာင့္ ဂ်ိဳေယာင္း ေနရာမွာ ေနရမွာမို႔ Second Lead ေနရာက အေရးႀကီးတယ္လို႔ ေျပာၾကတာပါ။

Related Article>>>မၾကာမီ ဖန္သားျပင္ထက္မွာ ၾကည့္႐ႈခံစားရေတာ့မယ့္ လီမင္ဟိုနဲ႔ ကင္ဂိုအြန္းတို႔ရဲ႕ ဒရာမာသစ္

 

Second lead ေနရာမွာ ဒိုဟြမ္ကို ထည့္လိုက္တဲ့အတြက္ ပရိသတ္ေတြကေတာ့ လီမင္ဟိုအတြက္ နည္းနည္းေလး စိုးရိမ္ေနၾကပါတယ္။ The Heirs မွာတုန္းက ေခါင္းေဆာင္မင္းသားထက္ ကင္ဝူဘင္ ပရိသတ္ ပိုမ်ားသြားတာမ်ိဳးကို ေတြ႕ခဲ့ရၿပီးၿပီမို႔ ဒီတစ္ကားမွာေရာ ဒိုဟြမ္ပရိသတ္ေတြ ပိုမ်ားသြားမလားဆိုၿပီး စိုးရိမ္ေနၾကတာပါ။ ဒီလို ဇာတ္ကားေတြရဲ႕ ထံုးစံအရလည္း ဒုတိယမင္းသားရဲ႕ ဇာတ္ရုပ္က ပိုၿပီး လွတယ္မဟုတ္လား…

ဘယ္လိုပဲျဖစ္ျဖစ္ “The King:The Eternal Monarch” က ဇာတ္ေကာင္ သံုးခုစလံုး မိတ္ဆက္ေပးသြားၿပီးၿပီမို႔ ေစာင့္ၾကည့္ရမွာက ေယာင္းတို႔ အက္ဒ္မင္တို႔ အလုပ္ျဖစ္သြားပါၿပီ.. အယ္လယ္.. 😀 ဒီ စီးရီးစ္သစ္ကို မၾကာခင္အခ်ိန္ (၂၀၁၉ ႏွစ္ဝက္)မွာ စတင္ရိုက္ကူးေတာ့မွာ ျဖစ္ၿပီး၂၀၂၀ အစပိုင္းမွာ ထုတ္လႊင့္သြားမယ္လို႔ သတင္းရပါတယ္။

ဘယ္လိုလဲ ရင္ခုန္ေနၿပီမလား ေယာင္းတုိ႔ေရ…

Reference: Hellokpop, Soompi

With love

Ei Mon (For Her Myanmar)

<<< Unicode >>>

ယောင်းကရော.. လီမင်ဟို ပရိသတ်လား? ဒိုဟွမ် ပရိသတ်လား? 

မင်းသား လီမင်ဟိုနဲ့ goblin မင်းသမီး ကင်ဂိုအွန်း တို့ ဇာတ်လမ်းတွဲအသစ်ရိုက်တော့မယ်လို့ အတည်ပြုပေးပြီးတဲ့နောက် ဒီဇာတ်လမ်းတွဲမှာ second lead (ဒုတိယ မင်းသား)က ဘယ်သူဖြစ်မလဲ ဆိုတာ ပရိသတ်တွေ သိချင်နေကြပါတယ်။ Main Lead (အဓိက ဇာတ်ဆောင်) နှစ်ယောက်စလုံးက ဇာတ်ညွှန်းရေးဆရာ ကင်အွန်းဆွတ်ခ်ရဲ့ ဇာတ်လမ်းတွေမှာ အသားကျပြီးသား ဖြစ်ပေမဲ့ ဇာတ်ပို့မင်းသားနေရာမှာ သရုပ်ဆောင်မယ့်သူကရော ဒီဇာတ်လမ်းကို နိုင်ပါ့မလား စဉ်းစားစရာတွေ ဖြစ်လာပါတယ်။

ဇာတ်လမ်းတွဲအသစ်ကို “The King: The Eternal Monarch” လို့ နာမည်ပေးထားပြီး Multiverse တွေ ကြားမှာ အမျိုးစုံ ကြိုးခုန်ကြမယ့် ဇာတ်ကားတစ်ကားပါ။ မင်းသမီး ကင်ဂိုအွန်းက ဇာတ်ရုပ်နှစ်ခုနဲ့ သရုပ်ဆောင်သွားမယ်ဆိုတာကိုလည်း ထုတ်လုပ်သူတွေအားလုံက အတည်ပြုပြီးသွားပါပြီ။

 

ဇာတ်လမ်းအကျဉ်းကို ကောက်ပြီးသွားပြီဆိုတော့ကာ အားလုံး စိတ်ဝင်စားကြတဲ့ အပြိုင်မင်းသား လာပါပြီ။ သူကတော့ tempted (The Great Seducer) ထဲက မင်းသား ဝူဒိုဟွမ်ပါပဲ ယောင်းတို့ရေ… သူ့ရဲ့ ဇာတ်ရုပ်ကလည်း နှစ်မျိုးပါပဲ။ မျက်မှောက်ခေတ် ကိုရီးယားမှာ နေထိုင်တဲ့ သာမန် ပြည်သူ့ဝန်ဆောင်မှု ဝန်ထမ်း ဇာတ်ရုပ်အပြင် ကိုရီးယား အင်ပါယာမှာတော့ လီမင်ဟိုရဲ့ သက်တော်စောင့် ဂျိုယောင်း နေရာမှာ နေရမှာမို့ Second Lead နေရာက အရေးကြီးတယ်လို့ ပြောကြတာပါ။

Related Article>>>မကြာမီ ဖန်သားပြင်ထက်မှာ ကြည့်ရှုခံစားရတော့မယ့် လီမင်ဟိုနဲ့ ကင်ဂိုအွန်းတို့ရဲ့ ဒရာမာသစ်

 

Second lead နေရာမှာ ဒိုဟွမ်ကို ထည့်လိုက်တဲ့အတွက် ပရိသတ်တွေကတော့ လီမင်ဟိုအတွက် နည်းနည်းလေး စိုးရိမ်နေကြပါတယ်။ The Heirs မှာတုန်းက ခေါင်းဆောင်မင်းသားထက် ကင်ဝူဘင် ပရိသတ် ပိုများသွားတာမျိုးကို တွေ့ခဲ့ရပြီးပြီမို့ ဒီတစ်ကားမှာရော ဒိုဟွမ်ပရိသတ်တွေ ပိုများသွားမလားဆိုပြီး စိုးရိမ်နေကြတာပါ။ ဒီလို ဇာတ်ကားတွေရဲ့ ထုံးစံအရလည်း ဒုတိယမင်းသားရဲ့ ဇာတ်ရုပ်က ပိုပြီး လှတယ်မဟုတ်လား…

ဘယ်လိုပဲဖြစ်ဖြစ် “The King:The Eternal Monarch” က ဇာတ်ကောင် သုံးခုစလုံး မိတ်ဆက်ပေးသွားပြီးပြီမို့ စောင့်ကြည့်ရမှာက ယောင်းတို့ အက်ဒ်မင်တို့ အလုပ်ဖြစ်သွားပါပြီ.. အယ်လယ်.. 😀 ဒီ စီးရီးစ်သစ်ကို မကြာခင်အချိန် (၂၀၁၉ နှစ်ဝက်)မှာ စတင်ရိုက်ကူးတော့မှာ ဖြစ်ပြီး၂၀၂၀ အစပိုင်းမှာ ထုတ်လွှင့်သွားမယ်လို့ သတင်းရပါတယ်။

ဘယ်လိုလဲ ရင်ခုန်နေပြီမလား ယောင်းတို့ရေ…

Reference: Hellokpop, Soompi

With love

Ei Mon (For Her Myanmar)

No Comments Yet

Comments are closed