Celebrity News

၂၀၁၉အတြက္ အေကာင္းဆံုး အမ်ိဳးသမီး ဇာတ္ေဆာင္ ေအာ္စကာဆုကို ဘယ္သူရႏိုင္မလဲ?

နံပါတ္ (၂)မွာ လူက ဟာခနဲ…

ေအာ္စကာလို႔ ဆိုလိုက္တာနဲ႔ တစ္ကမာၻလံုးက စိတ္ဝင္တစား ေစာင့္ၾကည့္ရတဲ့ ရုပ္ရွင္ဆုေပးပြဲႀကီးမွန္း ေယာင္းတို႔ သိၾကမယ္ ထင္ပါတယ္။ ၂၀၁၉ ရဲ႕ ေအာ္စကာဆုေပးပြဲကို ေဖေဖာ္ဝါရီ (၂၄) ရက္မွာ က်င္းပမွာပါ။ ခါတိုင္းႏွစ္ေတြလိုပဲ ဒီႏွစ္မွာလည္း ဘယ္သရုပ္ေဆာင္က ဇာတ္ေဆာင္ဆု၊ ဇာတ္ပို႔ဆုေတြ ရမယ္ဆိုၿပီး ႀကိဳတင္ခန္႔မွန္းခ်က္ေတြ ရွိေနပါတယ္။ အဲ့ထဲကမွ အမ်ိဳးသမီးဇာတ္ေဆာင္ဆုအတြက္ တစ္ေပးခံထားရတဲ့ အႏုပညာရွင္ေတြကေတာ့ …

၁။ Glenn Close

အသက္ (၇၁)ႏွစ္ရွိၿပီျဖစ္တဲ့ မင္းသမီးႀကီး Glenn Close ကေတာ့ သူ႕ရဲ႕ေနာက္ဆံုးထြက္ရွိထားတဲ့ “The Wife” ရုပ္ရွင္ဇာတ္ကားထဲက အဓိကဇာတ္ေဆာင္အတြက္ ေအာ္စကာဆုရမယ္လို႔ ခန္႔မွန္းထားၾကပါတယ္။ အႏွစ္ေလးဆယ္ၾကာအိမ္ေထာင္သက္မွာ ႀကံဳေတြ႕ခဲ့ရတဲ့ သစၥာေဖာက္မႈေတြ၊ ကတိကဝတ္ေတြနဲ႔ ဖိႏွိပ္ခံခဲ့ရတာေတြကို ျပန္စဥ္းစားရင္း သူ (မ) ရဲ႕ဘဝဆံုးျဖတ္ခ်က္ေတြက မွန္ကန္မႈရွိပါ့မလားလို႔ သံသယဝင္လာတဲ့ Joan ေနရာကေန ပီပီျပင္ျပင္သရုပ္ေဆာင္ထားခဲ့တာပါ။

Related article >>> လက္မလႊတ္သင့္တဲ့ ၂၀၁၈ ရဲ႕ ဆုရဇာတ္ကားေကာင္း မ်ား

၂။ Lady Gaga

ဟုတ္ပါတယ္.. ေယာင္းတို႔ အျမင္မမွားပါဘူး… အဆိုေတာ္ Lady Gaga ပါ။ Lady Gaga က “A Star Is Born” ရုပ္ရွင္အတြက္ ေအာ္စကာကို ပိုင္ဆိုင္ရမယ္လို႔ ခန္႔မွန္းခံေနရတာပါ ေယာင္းတို႔ေရ။ ရုပ္ရွင္ကေတာ့ ၁၉၇၆၊ ၁၉၅၄၊ ၁၉၃၇ ခုႏွစ္ေတြမွာ ထြက္ရွိခဲ့တဲ့ အရင္ဇာတ္လမ္းအတိုင္းပါပဲ။ Lady Gaga ရဲ႕ သရုပ္ေဆာင္ခ်က္ေတြကေတာ့ မထင္မွတ္ထားေလာက္ေအာင္ ဝိုးခနဲ ျဖစ္သြားေစမွာ က်ိန္းေသပါပဲ ေယာင္းတို႔ေရ..

Related article >>> ေအာ္စကာေကာေဇာနီသမိုင္းတစ္ေလွ်ာက္ မင္းသမီးတုိ႔ရဲ႕ဖက္႐ွင္မ်ား

၃။ Melissa McCarthy

တစ္ေခတ္တစ္ခါက နာမည္ရအႏုပညာရွင္ေတြရဲ႕ အတၳဳပတၱိေတြကို မွတ္တမ္းတင္သူ Lee Israel ဟာ အရက္စြဲေနသူတစ္ေယာက္ျဖစ္ၿပီး ေတာ္ေတာ္လည္းခၽြတ္ျခံဳက်ေနပါၿပီ။ အေပါင္းအသင္းမရွိဘဲ အထီးက်န္ေနတဲ့သူ(မ)ဟာ တစ္ဦးတည္းေသာတြယ္တာရာ ျဖစ္တဲ့ သူ(မ)ရဲ႕ေၾကာင္ေလး ေနမေကာင္းျဖစ္ေတာ့ ၾကံရာမရျဖစ္ၿပီး နာမည္ေက်ာ္ေတြရဲ႕ စာေတြကို အတုလုပ္ၿပီး လိမ္ေရာင္းပါေတာ့တယ္။ ရုပ္ရွင္နာမည္ကေတာ့ “Can You Ever Forgive Me?”  ပါ။ Lee Israel ေနရာကေန သရုပ္ေဆာင္ထားသူကေတာ့ Melissa McCarthy ျဖစ္ၿပီး ေအာ္စကာဆုက လက္တစ္ကမ္းအလိုကို ေရာက္ေနပါၿပီေနာ္..

Related article >>> ၂၀၁၈ အတြက္ IMDb ကေရြးခ်ယ္ထားတဲ့ အေကာင္းဆံုး ရုပ္ရွင္ကား (၅) ကား

၄။ Olivia Colman

“The Favourite” ရုပ္ရွင္ကားအတြက္နဲ႔ ေအာ္စကာဆုရဖို႔ ခန္႔မွန္းထားျခင္းခံရတဲ့ Olivia Colman ကေတာ့ အဆိုပါရုပ္ရွင္မွာ ၿဗိတိန္ရဲ႕ ဘုရင္မ Queen Anne အျဖစ္ ပါဝင္ထားတာျဖစ္ပါတယ္။ (၁၈)ရာစုအေစာပိုင္းမွာ ဘုရင္မရဲ႕ မ်က္ႏွာသာေပးျခင္းခံရဖို႔အတြက္ အားၿပိဳင္ၾကတဲ့ လူယံုအမ်ိဳးသမီးႏွစ္ေယာက္အေၾကာင္းကို ရုိက္ျပထားတာျဖစ္လို႔ ဘုရင္မနဲ႔ အမ်ိဳးသမီးႏွစ္ေယာက္ၾကားက အရႈပ္အေထြးေတြကို ျမင္ေတြ႔ရမွာပါ။

Related article >>> ၂၀၁၉ အတြင္း အသစ္ထြက္ရွိလာမည့္ ႏိုင္ငံတကာဇာတ္ကားမ်ား

၅။ Yalitza Aparicio

မက္ဆီကန္လူမ်ိဳးသရုပ္ေဆာင္ Yalizta Aparicio ကေတာ့ Netflix က ထုတ္လႊင့္ခဲ့တဲ့ “Roma” ရုပ္ရွင္ကားအတြက္ အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို မ်က္စပစ္ေနပါၿပီ။ ဒီရုပ္ရွင္က တကယ္ေတာ့သူ(မ)ရဲ႕ပထမဆံုး ရုပ္ရွင္ဇာတ္ကားပါ။ တက္သစ္စ သရုပ္ေဆာင္တစ္ေယာက္အတြက္ ပထမဆံုး ဇာတ္ကားမွာတင္ ေအာ္စကာတန္းဝင္သြားတယ္ဆိုေတာ့ ရင္ခုန္စရာပါပဲ။ “Roma” ကို ၾကည့္ရင္ေတာ့ မက္ဆီကိုက လူလတ္တန္းစားမိသားစုတစ္စုရဲ႕ အိမ္အကူအျဖစ္ သူ(မ)ဘယ္ေလာက္ထိႀကိဳးစားထားလဲ ေတြ႕ႏိုင္္မွာပါ။

Stella ကေတာ့ ဒီႏွစ္ ေအာ္စကာေပးပြဲမွာ ဘယ္အႏုပညာရွင္ေတြက ေအာ္စကာဆုေတြ သိမ္းပိုက္သြားမွာလဲဆိုတာ ေစာင့္ေမွ်ာ္ရင္း ရင္ခုန္ေနပါၿပီ။ ေယာင္းတို႔ေကာ ….?

Stella (For Her Myanmar)

<<< Unicode >>>

နံပါတ် (၂)မှာ လူက ဟာခနဲ…

အော်စကာလို့ ဆိုလိုက်တာနဲ့ တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်ရတဲ့ ရုပ်ရှင်ဆုပေးပွဲကြီးမှန်း ယောင်းတို့ သိကြမယ် ထင်ပါတယ်။ ၂၀၁၉ ရဲ့ အော်စကာဆုပေးပွဲကို ဖေဖော်ဝါရီ (၂၄) ရက်မှာ ကျင်းပမှာပါ။ ခါတိုင်းနှစ်တွေလိုပဲ ဒီနှစ်မှာလည်း ဘယ်သရုပ်ဆောင်က ဇာတ်ဆောင်ဆု၊ ဇာတ်ပို့ဆုတွေ ရမယ်ဆိုပြီး ကြိုတင်ခန့်မှန်းချက်တွေ ရှိနေပါတယ်။ အဲ့ထဲကမှ အမျိုးသမီးဇာတ်ဆောင်ဆုအတွက် တစ်ပေးခံထားရတဲ့ အနုပညာရှင်တွေကတော့ …

၁။ Glenn Close

အသက် (၇၁)နှစ်ရှိပြီဖြစ်တဲ့ မင်းသမီးကြီး Glenn Close ကတော့ သူ့ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ “The Wife” ရုပ်ရှင်ဇာတ်ကားထဲက အဓိကဇာတ်ဆောင်အတွက် အော်စကာဆုရမယ်လို့ ခန့်မှန်းထားကြပါတယ်။ အနှစ်လေးဆယ်ကြာအိမ်ထောင်သက်မှာ ကြုံတွေ့ခဲ့ရတဲ့ သစ္စာဖောက်မှုတွေ၊ ကတိကဝတ်တွေနဲ့ ဖိနှိပ်ခံခဲ့ရတာတွေကို ပြန်စဉ်းစားရင်း သူ (မ) ရဲ့ဘဝဆုံးဖြတ်ချက်တွေက မှန်ကန်မှုရှိပါ့မလားလို့ သံသယဝင်လာတဲ့ Joan နေရာကနေ ပီပီပြင်ပြင်သရုပ်ဆောင်ထားခဲ့တာပါ။

Related article >>> လက်မလွှတ်သင့်တဲ့ ၂၀၁၈ ရဲ့ ဆုရဇာတ်ကားကောင်း များ

၂။ Lady Gaga

ဟုတ်ပါတယ်.. ယောင်းတို့ အမြင်မမှားပါဘူး… အဆိုတော် Lady Gaga ပါ။ Lady Gaga က “A Star Is Born” ရုပ်ရှင်အတွက် အော်စကာကို ပိုင်ဆိုင်ရမယ်လို့ ခန့်မှန်းခံနေရတာပါ ယောင်းတို့ရေ။ ရုပ်ရှင်ကတော့ ၁၉၇၆၊ ၁၉၅၄၊ ၁၉၃၇ ခုနှစ်တွေမှာ ထွက်ရှိခဲ့တဲ့ အရင်ဇာတ်လမ်းအတိုင်းပါပဲ။ Lady Gaga ရဲ့ သရုပ်ဆောင်ချက်တွေကတော့ မထင်မှတ်ထားလောက်အောင် ဝိုးခနဲ ဖြစ်သွားစေမှာ ကျိန်းသေပါပဲ ယောင်းတို့ရေ..

Related article >>> အော်စကာကောဇောနီသမိုင်းတစ်လျှောက် မင်းသမီးတို့ရဲ့ဖက်ရှင်များ

၃။ Melissa McCarthy

တစ်ခေတ်တစ်ခါက နာမည်ရအနုပညာရှင်တွေရဲ့ အတ္ထုပတ္တိတွေကို မှတ်တမ်းတင်သူ Lee Israel ဟာ အရက်စွဲနေသူတစ်ယောက်ဖြစ်ပြီး တော်တော်လည်းချွတ်ခြုံကျနေပါပြီ။ အပေါင်းအသင်းမရှိဘဲ အထီးကျန်နေတဲ့သူ(မ)ဟာ တစ်ဦးတည်းသောတွယ်တာရာ ဖြစ်တဲ့ သူ(မ)ရဲ့ကြောင်လေး နေမကောင်းဖြစ်တော့ ကြံရာမရဖြစ်ပြီး နာမည်ကျော်တွေရဲ့ စာတွေကို အတုလုပ်ပြီး လိမ်ရောင်းပါတော့တယ်။ ရုပ်ရှင်နာမည်ကတော့ “Can You Ever Forgive Me?” ပါ။ Lee Israel နေရာကနေ သရုပ်ဆောင်ထားသူကတော့ Melissa McCarthy ဖြစ်ပြီး အော်စကာဆုက လက်တစ်ကမ်းအလိုကို ရောက်နေပါပြီနော်..

Related article >>> ၂၀၁၈ အတွက် IMDb ကရွေးချယ်ထားတဲ့ အကောင်းဆုံး ရုပ်ရှင်ကား (၅) ကား

၄။ Olivia Colman

“The Favourite” ရုပ်ရှင်ကားအတွက်နဲ့ အော်စကာဆုရဖို့ ခန့်မှန်းထားခြင်းခံရတဲ့ Olivia Colman ကတော့ အဆိုပါရုပ်ရှင်မှာ ဗြိတိန်ရဲ့ ဘုရင်မ Queen Anne အဖြစ် ပါဝင်ထားတာဖြစ်ပါတယ်။ (၁၈)ရာစုအစောပိုင်းမှာ ဘုရင်မရဲ့ မျက်နှာသာပေးခြင်းခံရဖို့အတွက် အားပြိုင်ကြတဲ့ လူယုံအမျိုးသမီးနှစ်ယောက်အကြောင်းကို ရိုက်ပြထားတာဖြစ်လို့ ဘုရင်မနဲ့ အမျိုးသမီးနှစ်ယောက်ကြားက အရှုပ်အထွေးတွေကို မြင်တွေ့ရမှာပါ။

Related article >>> ၂၀၁၉ အတွင်း အသစ်ထွက်ရှိလာမည့် နိုင်ငံတကာဇာတ်ကားများ

၅။ Yalitza Aparicio

မက်ဆီကန်လူမျိုးသရုပ်ဆောင် Yalizta Aparicio ကတော့ Netflix က ထုတ်လွှင့်ခဲ့တဲ့ “Roma” ရုပ်ရှင်ကားအတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို မျက်စပစ်နေပါပြီ။ ဒီရုပ်ရှင်ဟာဆိုရင်တော့ဖြင့် သူ(မ)ရဲ့ပထမဆုံး ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ တက်သစ်စသရုပ်ဆောင်တစ်ယောက်အတွက် ပထမဆုံးဇာတ်ကားမှာတင် အော်စကာတန်းဝင်သွားတယ်ဆိုတော့ ရင်ခုန်စရာပါပဲ။ “Roma” ကို ကြည့်ရင်တော့ မက်ဆီကိုက လူလတ်တန်းစားမိသားစုတစ်စုရဲ့ အိမ်အကူအဖြစ် သူ(မ)ဘယ်လောက်ထိကြိုးစားထားလဲ တွေ့နိုင်မှာပါ။

Stella ကတော့ ဒီနှစ် အော်စကာပေးပွဲမှာ ဘယ်အနုပညာရှင်တွေက အော်စကာဆုတွေ သိမ်းပိုက်သွားမှာလဲဆိုတာ စောင့်မျှော်ရင်း ရင်ခုန်နေပါပြီ။ ယောင်းတို့ကော ….?

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *