Celebrity News

ျမန္မာႏိုင္ငံရဲ႕ ပထမဆံုး BL စီးရီးစ္ Innocence ရဲ႕ အဓိကဇာတ္ေကာင္ ျမဴခိုးက ဘယ္သူလဲ?

ရင္ေတြခုန္ေနပါၿပီေနာ္.. ဟုတ္ကဲ့… ရင္ေတြခုန္ေနပါၿပီရွင့္ 😀 

လြန္ခဲ့တဲ့ ၂ ႏွစ္ေက်ာ္ေလာက္တုန္းက အြန္လိုင္းပရိသတ္ေတြ (အထူးသျဖင့္ Wattpad ပရိသတ္ေတြ) ႏွစ္သက္အားေပးခဲ့တဲ့ ဝတၳဳေလးတစ္ပုဒ္ ရွိခဲ့ပါတယ္။ ဒါကေတာ့ လူငယ္စာေရးဆရာမ ညေမႊးပန္း ရဲ႕   Innocence အမည္ရတဲ့ လိင္တူခ်စ္သူ ဇာတ္လမ္းေလးပဲ ျဖစ္ပါတယ္။ Wattpad မွာ လူစိတ္ဝင္စား အားေပးၾကသလို ဒီဇာတ္လမ္းကို စာအုပ္အျဖစ္ ထုတ္ေဝခဲ့ေတာ့လည္း ဝိုင္းဝန္း အားေပးခဲ့ၾကတာပါပဲ။ ခုခ်ိန္မွာေတာ့ ဒီဇာတ္လမ္းကို စီးရီးစ္အျဖစ္ပါ အသက္သြင္းဖို႔ ျဖစ္လာပါၿပီ။၂၀၁၈ခုႏွစ္ ဧၿပီလကတည္းက ဒီဇာတ္လမ္းတြဲကို ထုတ္မယ္လို႔ တရားဝင္ေၾကညာခဲ့ပါတယ္။

Fan Art by Zoey

Innocence ရဲ႕ အဓိကဇာတ္ေဆာင္ ေယာက်္ားေလး ႏွစ္ဦးရဲ႕ ကာရုိက္တာကေတာ့ တုႏႈိင္းခ နဲ႕ ျမဴခိုးတို႕ ျဖစ္ပါတယ္။ စစရိုက္မယ္ဆိုတုန္းက တုႏႈိင္းခ ေနရာမွာ Jay Bass နဲ႔ ျမဴခိုးေနရာမွာေတာ့ ထက္ဦးထြဋ္ဆိုၿပီး ေရြးခ်ယ္ခဲ့ပါတယ္။ ပရိသတ္ေတြကလည္း ဟယ္.. သူတို႔ဆုိ ကြက္တိပဲ ဘာညာနဲ႔ စိတ္ေအးလက္ေအး ဝမ္းသာေပ်ာ္ရႊင္ေနၾကတုန္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ထက္ဦးထြဋ္က ဇာတ္လမ္းတြဲမွာ မပါဝင္ျဖစ္ေတာ့ဘူးဆိုေတာ့ ပရိသတ္ေတြက ဟာခနဲ ဟင္ခနဲေပါ့။

Related Article >>> Wattpad မွ ခ်စ္စရာ အခန္းဆက္ ရိုမန္႔စ္ ဝတၳဳ (၅)အုပ္

ဒီလိုျဖစ္ခဲ့တာ အခ်ိန္နည္းနည္းေတာ့ၾကာခဲ့ပါၿပီ။ ဒီရက္ပိုင္းမွာပဲ ျမဴခိုးေနရာအတြက္ သရုပ္ေဆာင္သစ္ ထပ္ေရြးၿပီးၿပီလို႔ ေၾကညာခ်က္ ထြက္လာခဲ့ပါတယ္။ ဒါေပမဲ့ ဘယ္သူလဲဆိုတာေတာ့ အလင္းမျပၾကဘူးရယ္ :'( သူ႕Page မွာ သြားၾကည့္ေတာ့လည္း ဝိုးတိုးဝါးတားရယ္၊ ေနာက္ေက်ာပဲ ရိုက္ထားတာရယ္ပဲ ရွိေတာ့ ဘယ္သူလဲသိခ်င္စိတ္က ထိန္းမရ… ပရိသတ္ေတြကေတာ့ စိုင္းဝဏၰေအာင္ဆိုၿပီး ထင္ေၾကးေပးၾကသူေတြရွိသလို မင္းေသြးခန္႔ဆိုၿပီး အတည္ေပါက္နဲ႕ ေျပာသူေတြက ေျပာ… တကယ့္တကယ္ ဘယ္သူလဲဆိုတာကေတာ့ သူတို႔ေၾကညာမွ သိရမွာေပါ့ေနာ္…

အပတ္စဥ္ စေနေန႔တုိင္းမွာ Innocence : The Series ရဲ႕ သရုပ္ေဆာင္ေတြကို မိတ္ဆက္ေပးဖို႔ ရွိတာမို႔ စိတ္ဝင္စားၾကတယ္ဆိုရင္ျဖင့္ Innocence : The Series ရဲ႕ Facebook Page မွာ စေနေန႔တုိင္း သြားၾကည့္လုိ႔ ရပါတယ္လို႔…

Related Article >>> ေကာင္ေလးေတြရဲ႕ရိုမန္႔စ္

ျမန္မာႏိုင္ငံရဲ႕ ပထမဆံုး BL Series ျဖစ္လို႔ ရင္ခုန္စရာေတာ့ အျပည့္ပါပဲ။ ေစာင့္ရက်ိဳးလည္း နပ္မယ္လို႔ ထင္ပါတယ္… Innocence ပရိသတ္ေတြလည္း ရင္ခုန္ေနၾကၿပီလို႔ ထင္ပါတယ္ေနာ္…

ဘယ္သူမွန္းမသိေသးတဲ့ ျမဴခိုးရဲ႕ ဝိုးတိုးဝါးတား ပံုရိပ္ေလးေတြကိုလည္း ေယာင္းတို႔ ရင္ခုန္ရေအာင္ ေဖာ္ျပေပးလိုက္ပါတယ္.. မင္မင္တို႔ တူတူ ေစာင့္ၾကည့္ၾကတာေပါ့.. 😉

With love

Ei Mon (For Her Myanmar)

Reference: Innocence:The Series

<<< Unicode >>>

ရင်တွေခုန်နေပါပြီနော်.. ဟုတ်ကဲ့… ရင်တွေခုန်နေပါပြီရှင့် 😀 

လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်တုန်းက အွန်လိုင်းပရိသတ်တွေ (အထူးသဖြင့် Wattpad ပရိသတ်တွေ) နှစ်သက်အားပေးခဲ့တဲ့ ဝတ္ထုလေးတစ်ပုဒ် ရှိခဲ့ပါတယ်။ ဒါကတော့ လူငယ်စာရေးဆရာမ ညမွှေးပန်း ရဲ့   Innocence အမည်ရတဲ့ လိင်တူချစ်သူ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ Wattpad မှာ လူစိတ်ဝင်စား အားပေးကြသလို ဒီဇာတ်လမ်းကို စာအုပ်အဖြစ် ထုတ်ဝေခဲ့တော့လည်း ဝိုင်းဝန်း အားပေးခဲ့ကြတာပါပဲ။ ခုချိန်မှာတော့ ဒီဇာတ်လမ်းကို စီးရီးစ်အဖြစ်ပါ အသက်သွင်းဖို့ ဖြစ်လာပါပြီ။၂၀၁၈ခုနှစ် ဧပြီလကတည်းက ဒီဇာတ်လမ်းတွဲကို ထုတ်မယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။

Innocence ရဲ့ အဓိကဇာတ်ဆောင် ယောကျ်ားလေး နှစ်ဦးရဲ့ ကာရိုက်တာကတော့ တုနှိုင်းခ နဲ့ မြူခိုးတို့ ဖြစ်ပါတယ်။ စစရိုက်မယ်ဆိုတုန်းက တုနှိုင်းခ နေရာမှာ Jay Bass နဲ့ မြူခိုးနေရာမှာတော့ ထက်ဦးထွဋ်ဆိုပြီး ရွေးချယ်ခဲ့ပါတယ်။ ပရိသတ်တွေကလည်း ဟယ်.. သူတို့ဆို ကွက်တိပဲ ဘာညာနဲ့ စိတ်အေးလက်အေး ဝမ်းသာပျော်ရွှင်နေကြတုန်း အကြောင်းအမျိုးမျိုးကြောင့် ထက်ဦးထွဋ်က ဇာတ်လမ်းတွဲမှာ မပါဝင်ဖြစ်တော့ဘူးဆိုတော့ ပရိသတ်တွေက ဟာခနဲ ဟင်ခနဲပေါ့။

Related Article >>> Wattpad မှ ချစ်စရာ အခန်းဆက် ရိုမန့်စ် ဝတ္ထု (၅)အုပ်

တုႏႈိင္းခ
တုႏႈိင္းခ

ဒီလိုဖြစ်ခဲ့တာ အချိန်နည်းနည်းတော့ကြာခဲ့ပါပြီ။ ဒီရက်ပိုင်းမှာပဲ မြူခိုးနေရာအတွက် သရုပ်ဆောင်သစ် ထပ်ရွေးပြီးပြီလို့ ကြေညာချက် ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူလဲဆိုတာတော့ အလင်းမပြကြဘူးရယ် :'( သူ့Page မှာ သွားကြည့်တော့လည်း ဝိုးတိုးဝါးတားရယ်၊ နောက်ကျောပဲ ရိုက်ထားတာရယ်ပဲ ရှိတော့ ဘယ်သူလဲသိချင်စိတ်က ထိန်းမရ… ပရိသတ်တွေကတော့ စိုင်းဝဏ္ဏအောင်ဆိုပြီး ထင်ကြေးပေးကြသူတွေရှိသလို မင်းသွေးခန့်ဆိုပြီး အတည်ပေါက်နဲ့ ပြောသူတွေက ပြော… တကယ့်တကယ် ဘယ်သူလဲဆိုတာကတော့ သူတို့ကြေညာမှ သိရမှာပေါ့နော်…

အပတ်စဉ် စနေနေ့တိုင်းမှာ Innocence : The Series ရဲ့ သရုပ်ဆောင်တွေကို မိတ်ဆက်ပေးဖို့ ရှိတာမို့ စိတ်ဝင်စားကြတယ်ဆိုရင်ဖြင့် Innocence : The Series ရဲ့ Facebook Page မှာ စနေနေ့တိုင်း သွားကြည့်လို့ ရပါတယ်လို့…

Related Article >>> ကောင်လေးတွေရဲ့ရိုမန့်စ်

မြန်မာနိုင်ငံရဲ့ ပထမဆုံး BL Series ဖြစ်လို့ ရင်ခုန်စရာတော့ အပြည့်ပါပဲ။ စောင့်ရကျိုးလည်း နပ်မယ်လို့ ထင်ပါတယ်… Innocence ပရိသတ်တွေလည်း ရင်ခုန်နေကြပြီလို့ ထင်ပါတယ်နော်…

ဘယ်သူမှန်းမသိသေးတဲ့ မြူခိုးရဲ့ ဝိုးတိုးဝါးတား ပုံရိပ်လေးတွေကိုလည်း ယောင်းတို့ ရင်ခုန်ရအောင် ဖော်ပြပေးလိုက်ပါတယ်.. မင်မင်တို့ တူတူ စောင့်ကြည့်ကြတာပေါ့.. 😉

With love

Ei Mon (For Her Myanmar)

Reference: Innocence:The Series

Ei Mon
Ei Mon
For Her Myanmar ရဲ႕တက္သစ္စ ေဆာင္းပါးရွင္ အိမြန္ျဖစ္ပါတယ္။ စာေရးရတာ ဝါသနာ ပါပါတယ္။ ေဆာင္းပါးေတြကတစ္ဆင့္ စိတ္ကူးေလးေတြကို ေယာင္းတို႕ရဲ႕ ရင္ထဲအေရာက္ ပို႕ေပးခ်င္ပါတယ္။ အထူးအားသာတာကေတာ့ အႏုပညာရွင္သတင္းေတြပဲ ျဖစ္ပါတယ္။ အိမြန္ရဲ႕ လက္ရာေဆာင္းပါးေတြကို အားေပးမယ္မွတ္လား…….

Leave a Reply

Your email address will not be published. Required fields are marked *