Wonder Woman ဇာတ်ကောင်အတွက် Gal Gadot ဘာတွေလုပ်ခဲ့ရလဲ

ဒီဆောင်းပါးကို ဖတ်ပြီးရင်တော့ Wonder Woman ဖြစ်ချင်တော့မယ် မထင်…

၂၀၁၇ မှာအောင်မြင်မှုတွေ များစွာကို သိမ်းပိုက်ရရှိခဲ့တဲ့ DC ရဲ့ အမျိုးသမီး သူရဲကောင်း Wonder Woman ရဲ့သရုပ်ဆောင် Gal Gadot ဟာ အစ္စရေးအလှမယ်တစ်ဦး ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ တော်တော်ကို ပိန်တယ်လို့ဆိုရမှာပေါ့။ ၂၀၁၆ Batman Vs Superman : Dawn of Justice ဇာတ်ကားမှာ ပါဝင်ဖို့ Gal Gadot ကို ရွေးချယ်ခဲ့ချိန်မှာ WW ဇာတ်ကောင်အတွက် သူ(မ)က ပိန်လွန်းတယ်ဆိုပြီး အားလုံးက ဝိုင်းပြီး ကန့်ကွက်တာ၊ ဝေဖန်တာတွေ ခံခဲ့ရပါတယ်။ ဒါပေမဲ့ ၉ လလောက်အတွင်းမှာ Wonder Woman ဇာတ်ကောင်ဟာ သူ(မ) အတွက်ရေးဆွဲခဲ့တာပါလို့ အားလုံးက ဝိုင်းအသိအမှတ်ပြုလောက်တဲ့အထိ သူ(မ) ဘာတွေများလုပ်ခဲ့တာလဲ? စိတ်ဝင်စားစရာနော်… 

gal gadot
အစ္စရေးမယ် ဖြစ်ခဲ့စဉ်တုန်းက
gal gadot
ဒီလိုပိန်ပိန်လေးကနေ
gal gadot
ဒါမျိုးလေးဖြစ်သွားအောင် ဘယ်လိုမှော်ပညာနဲ့များ လုပ်လိုက်တာပါလိမ့်

ပထမဆုံး သူ(မ) ရဲ့ တစ်နေ့တာ အစားအသောက်ပုံစံကို အရင်လေ့လာကြည့်ကြမယ်လေ။ အရင်ကတည်းက ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်တတ်သူမို့ အစားအသောက်ကတော့ သူ့အတွက် အခက်အခဲ အရမ်းမဖြစ်ခဲ့ပါဘူး။ အရွက်များများစားခဲ့ပေမဲ့ အဲဒီ ၆ လလောက်အတွင်းမှာတော့ မာဆယ်တွေ တက်ချင်တာမို့ ပရိုတင်းများများစားခဲ့ရပါတယ်။ နောက်ပြီး ကြွက်သားတွေနဲ့ ကျစ်ကျစ်လျစ်လျစ် ကြီးချင်တာမို့ အဆီပိုတက်စေတဲ့ ကစီဓာတ်တွေကို အတတ်နိုင်ဆုံးလျှော့ချပြီး အမျှင်ဓာတ်များစွာပါတဲ့ အရွက်တွေကို စားသောက်ခဲ့ရပါတယ်။ ရေကိုလည်း တစ်နေ့ တစ်ဂါလံ နီးပါးသောက်တာမို့ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်တွေ ပြည့်ဝနေပြီး တခြားအပို အစားအသောက်တွေကို တရစပ်စားတတ်တဲ့ အကျင့်ကိုလည်း ပျောက်သွားစေခဲ့ပါတယ်တဲ့.. 

gal gadot
သူ(မ) နေ့စဉ် စားသောက်တဲ့ပုံစံ
gal gadot
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သူ(မ)ရဲ့ နံနက်စာ <3

Related Article >>> ရုပ်ရှင်မဟုတ်တဲ့အပြင်က Wonder Woman တွေ

လေ့ကျင့်ခန်းလုပ်တဲ့ အပိုင်းကတော့ ပိုပြီး ခက်ခဲခဲ့ပါတယ်။ လေ့ကျင့်ခန်းကို ယောက်ျားလေးနည်းတူ လုပ်နိုင်သည့်တိုင် testosterone လို့ခေါ်တဲ့ ဟော်မုန်းမပါတာမို့ စတီးရွိုက်အကူအညီမပါရင် မာဆယ်လ်တက်လာဖို့ဆိုတာ မဖြစ်နိုင်သလောက် နည်းပါးပါတယ်။

ဒါပေမဲ့ Gal Gadot ကတော့ တစ်နေ့ ၆ နာရီလောက် လေ့ကျင့်ခန်းလုပ်၊ မြင်စီးလေ့ကျင့်ခန်းနဲ့ ဓားရေးပြတာတွေ လုပ်ရင်း ၆ လအတွင်း ကြွက်သား ၁၅ ပေါင် ထုတင်နိုင်ခဲ့တာပါ။ ၁၅ ပေါင်ဆိုတာ အရမ်းမများပေမဲ့ အရင်ကလို အရမ်းကြီး ပိန်နေတာမျိုး မဟုတ်တော့ဘဲ ကျစ်ကျစ်လျစ်လျစ်နဲ့ ကျန်းမာကြံ့ခိုင်ပြီး ပုံစံတကျ ပိန်နေတာမို့ အရင်ကထက် အများကြီးကြည့်ကောင်းလာတယ်ဆိုတာ ယောင်းတို့မျက်မြင်ပဲလေ။ (ဒါကြောင့်ပြောတာ ပိန်တိုင်း မလှပါဘူးလို့ 😛 ) မြင်းစီးတဲ့အချိန်မှာလည်း အရင်တုန်းက လွယ်လွယ်ကူကူလို့ သတ်မှတ်ခဲ့ပေမဲ့ တကယ်တမ်း စီးတဲ့အခါမှာ လူရောစိတ်ပါ ပင်ပန်းပြီး ထိန်းချုပ်ရ တကယ် ခက်ခဲခဲ့ပါတယ်တဲ့။

တစ်နေ့ ၆ နာရီလောက် ပင်ပင်ပန်းပန်း လှုပ်ရှားနေရတယ်ဆိုတာ သာမန်လူတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ မဖြစ်နိုင်ပေမဲ့ အစ္စရေးတပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အကျိုးကြောင့် သူ(မ) ရဲ့ စိတ်ဓာတ်ခိုင်မာမှုက တခြားမိန်းကလေးတွေနဲ့ မတူဘဲ ပိုခိုင်မာနေခဲ့တာပါ။ ဝတ်စုံနဲ့ လိုက်ဖက်တဲ့ ခန္ဓာကိုယ်ကိုရဖို့ သူ(မ)မှာ အပေါ်ဘက်အပိုင်းက ပိုလိုအပ်တာမို့ နောက်ကျောဘက်၊ ပခုံးနဲ့ ဆုံ လေ့ကျင့်ခန်းတွေကို ဦးစားပေးပြီးဆော့ခဲ့ပါတယ်တဲ့ ယောင်းတို့ရေ။ အောက်မှာ သူဆော့ခဲ့တဲ့ လေ့ကျင့်ခန်းတွေကို ဗီဒီယိုနဲ့တကွ ထည့်ပေးထားပါတယ်နော်။

(၁) နောက်ကျောအတွက် အလေးကို ရှေ့တိုးနောက်ဆုတ် ဆွဲတဲ့လေ့ကျင့်ခန်း

[embedyt] https://www.youtube.com/watch?v=xQNrFHEMhI4[/embedyt]

(၂) ကိုယ်နေဟန်ထား မှန်အောင် ဝက်ဝံလို လမ်းလျှောက်တဲ့ လေ့ကျင့်ခန်း

[embedyt] https://www.youtube.com/watch?v=t8XLor7unqU[/embedyt]

(၃) ဆုံကြွက်သားတွေအတွက် ဘားခိုတဲ့ လေ့ကျင့်ခန်း

[embedyt] https://www.youtube.com/watch?v=_rw5kBNAIIE[/embedyt]

(၄) ရင်အုပ်အတွက် ဒိုက်ထိုးတဲ့ လေ့ကျင့်ခန်း

[embedyt] https://www.youtube.com/watch?v=eFOSh8vpd6I[/embedyt]

Related Article >>> ကာဗိုဟိုက်ဒရိတ် လျော့စားခြင်းဖြင့် ရလာမယ့် ကောင်းကျိုး (၆) ချက်

ကဲ အမျိုးသမီး သူရဲကောင်းတစ်ယောက်ဇာတ်ကောင်အနေနဲ့ အများက လက်ခံဖို့ ဘယ်လောက်တောင် ခက်ခဲလဲတွေ့လား? နောက်ပြီး အဲဒီရုပ်ရှင်ရိုက်တဲ့ ၂၀၁၆ ဒီဇင်ဘာလမှာ သူ(မ) ကိုယ်ဝန်၅ လရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုကိုယ်ဝန်ရှိလို့ပဲ ခန္ဓာကိုယ်က ခါတိုင်းထက် ပိုပြည့်ပြီး သူ(မ) အတွက် အဆင်ပြေသွားခဲ့ပါတယ်။ (လပ်ကီးကိုယ်ဝန်လေး <3) ဒါပေမဲ့ Wonder Woman လို မလှရင်လည်း နေပါစေဆိုပြီး ဒီအတိုင်းပဲ ထိုင်နေလို့ မဖြစ်သေးဘူးနော်။ မလှရင်တောင် ခန္ဓာကိုယ် ကျန်းမာ ကြံ့ခိုင်ဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုလေးကတော့ မဖြစ်မနေလိုတာမို့ လေ့ကျင့်ဖြစ်အောင် လေ့ကျင့်ပေးကြပါလို့ တိုက်တွန်းပါရစေ ယောင်းတို့ရေ…

Hnin Ei Oo (For Her Myanmar)

References : livestrongpeoplequora, jonathansumner

No Comments Yet

Comments are closed