Celebrity News

မီဒီယာေတြမပါတဲ့ လက္ထပ္ပြဲကို ဆင္ႏႊဲလိုက္တဲ့ ဒီပီကာနဲ႕ ရန္ဗီယာ

ႏွစ္ေယာက္သား အရမ္းေတြ ခ်စ္ဖို႕ေကာင္းေနတာ…

ေအာက္တိုဘာလထဲမွာ မဂၤလာသတင္းေၾကညာၿပီး ပရိသတ္ေတြကို စပရိုက္ တိုက္လိုက္တဲ့ မင္းသမီးေလး ဒီပီကာက ႏိုဝင္ဘာလ ၁၄ ရက္ေန႕မွာ လက္ထပ္လိုက္ပါၿပီ ေယာင္းတို႔ေရ။ (ကိုယ့္ ဒီပီကာေလး ပါဝါးဘီ :'( )

လက္ထပ္ပြဲ ပံုရိပ္ေတြကို တေမွ်ာ္ႀကီး ေမွ်ာ္ေနတဲ့ ေဘာလိဝုဒ္ ခ်စ္ပရိသတ္ေတြအတြက္ သူတို႕ႏွစ္ဦးရဲ႕ မဂၤလာအခမ္းအနားဓာတ္ပံု (၂) ပံုကို တင္ေပးလိုက္ခ်ိန္မွာေတာ့ အရမ္းကို ေပ်ာ္ရႊင္ဝမ္းသာေနတဲ့ ပံုေလးေတြ ေတြ႕ရပါတယ္။ ဒီပီကာနဲ႕ ရန္ဗီယာ ႏွစ္ဦးလံုးက ဓာတ္ပံု (၂) ပံုကို အသဲပံု emotiocon ေလးတပ္ၿပီး ၿပိဳင္တူတင္လိုက္တာပါ။

ပထမပံုမွာေတာ့ ဒီပီကာက အနီေရာင္ ဆာရီ ဆင္ျမန္းထားၿပီး ရန္ဗီယာကေတာ့ အျဖဴေရာင္ ဝတ္စံုဝတ္ဆင္ထားတာ ေတြ႕ရပါတယ္။ ဒုတိယပံုမွာေတာ့ ရန္ဗီယာက ဘာေတြကပ္ေျပာေနတယ္မသိ ဒီပီကာေလးက ကပ္ၿပီးနားေထာင္ေနတဲ့ ပံုေလး။

သူတို႕ႏွစ္ဦးရဲ႕ မဂၤလာပြဲကိုေတာ့  အီတလီႏိုင္ငံ Lake Como မွာ က်င္းပခဲ့တာ ျဖစ္ၿပီး မီဒီယာသမားေတြကိုေတာ့ လံုးဝမဖိတ္ခဲ့ပါဘူး ေယာင္းေရ။ (အဲဒါေၾကာင့္ ဓာတ္ပံု ၂ ပံုပဲ ျမင္လိုက္ရတာ ) မဂၤလာေဆာင္ကို လာတဲ့ ဧည့္သည္ေတြက ေမာ္ေတာ္ဘုတ္ေတြနဲ႕ လာၾကသလို သတင္းေထာက္ေတြ ဝင္လာျခင္း မရွိေအာင္ ေရျပင္မွာ ကင္းေထာက္ေတြ ခ်ထားပါတယ္တဲ့။  မဂၤလာေဆာင္ကို ေဆြမ်ိဳးအသိနဲ႕ ရင္းႏွီးသူေလာက္ပဲ ဖိတ္ၿပီး သီးသန္႕ေလး ဆင္ႏႊဲလိုက္တဲ့ သေဘာေပါ့ေနာ္။

Related Article>>> Deepika Pandukone ရဲ႕ က်စ္လ်စ္တဲ့ အလွရဲ႕ လွ်ိဳ႕ဝွက္ခ်က္မ်ား

သူတို႕ႏွစ္ဦးရဲ႕ မဂၤလာဓာတ္ပံုေလးေတြ တက္လာခ်ိန္မွာေတာ့ ေဘာလိဝုဒ္ ဆယ္လီေတြကလည္း မဂၤလာဆုေတာင္းစကားေတြ တစ္ပံုႀကီးေရးေပးၾကပါတယ္ ။ မင္းသမီး ဒီပီကာရဲ႕ ျမန္မာပရိသတ္ေတြကလည္း မဂၤလာေဆာင္ဓာတ္ပံုျမင္ေတာ့ ဘယ္လိုေျပာမလဲ..ဝမ္းသာ ….ဝမ္းနည္းေပါ့။ ကိုယ္ခ်စ္တဲ့ မင္းသမီးကို ခ်စ္ရသူနဲ႕တြဲဲၿပီး ေပ်ာ္ရႊင္ေနတာ ျမင္ေတာ့ အလိုလိုေနရင္း အိမြန္ေတာ့ ေပ်ာ္ရႊင္ရပါတယ္ ေယာင္းေရ။

ႏွစ္ဦးသား သက္ဆံုးတိုင္ ေရႊလက္တြဲ ခုိင္ၿမဲပါေစလို႕လည္း ဆုေတာင္းေပးလိုက္ပါတယ္…

ေယာင္းတို႔ေရာ… ဘယ္လိုခံစားရလဲဟင္…

With love

Ei Mon ( For Her Myanmar )

References: ndtv, vogue

>>> Unicode Version >>>

နှစ်ယောက်သား အရမ်းတွေ ချစ်ဖို့ကောင်းနေတာ…

အောက်တိုဘာလထဲမှာ မင်္ဂလာသတင်းကြေညာပြီး ပရိသတ်တွေကို စပရိုက် တိုက်လိုက်တဲ့ မင်းသမီးလေး ဒီပီကာက နိုဝင်ဘာလ ၁၄ ရက်နေ့မှာ လက်ထပ်လိုက်ပါပြီ ယောင်းတို့ရေ။ (ကိုယ့် ဒီပီကာလေး ပါဝါးဘီ :'( )

လက်ထပ်ပွဲ ပုံရိပ်တွေကို တမျှော်ကြီး မျှော်နေတဲ့ ဘောလိဝုဒ် ချစ်ပရိသတ်တွေအတွက် သူတို့နှစ်ဦးရဲ့ မင်္ဂလာအခမ်းအနားဓာတ်ပုံ (၂) ပုံကို တင်ပေးလိုက်ချိန်မှာတော့ အရမ်းကို ပျော်ရွှင်ဝမ်းသာနေတဲ့ ပုံလေးတွေ တွေ့ရပါတယ်။ ဒီပီကာနဲ့ ရန်ဗီယာ နှစ်ဦးလုံးက ဓာတ်ပုံ (၂) ပုံကို အသဲပုံ emotiocon လေးတပ်ပြီး ပြိုင်တူတင်လိုက်တာပါ။

ပထမပုံမှာတော့ ဒီပီကာက အနီရောင် ဆာရီ ဆင်မြန်းထားပြီး ရန်ဗီယာကတော့ အဖြူရောင် ဝတ်စုံဝတ်ဆင်ထားတာ တွေ့ရပါတယ်။ ဒုတိယပုံမှာတော့ ရန်ဗီယာက ဘာတွေကပ်ပြောနေတယ်မသိ ဒီပီကာလေးက ကပ်ပြီးနားထောင်နေတဲ့ ပုံလေး။

သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကိုတော့  အီတလီနိုင်ငံ Lake Como မှာ ကျင်းပခဲ့တာ ဖြစ်ပြီး မီဒီယာသမားတွေကိုတော့ လုံးဝမဖိတ်ခဲ့ပါဘူး ယောင်းရေ။ (အဲဒါကြောင့် ဓာတ်ပုံ ၂ ပုံပဲ မြင်လိုက်ရတာ ) မင်္ဂလာဆောင်ကို လာတဲ့ ဧည့်သည်တွေက မော်တော်ဘုတ်တွေနဲ့ လာကြသလို သတင်းထောက်တွေ ဝင်လာခြင်း မရှိအောင် ရေပြင်မှာ ကင်းထောက်တွေ ချထားပါတယ်တဲ့။  မင်္ဂလာဆောင်ကို ဆွေမျိုးအသိနဲ့ ရင်းနှီးသူလောက်ပဲ ဖိတ်ပြီး သီးသန့်လေး ဆင်နွှဲလိုက်တဲ့ သဘောပေါ့နော်။

Related Article>>> Deepika Pandukone ရဲ့ ကျစ်လျစ်တဲ့ အလှရဲ့ လျှို့ဝှက်ချက်များ

သူတို့နှစ်ဦးရဲ့ မင်္ဂလာဓာတ်ပုံလေးတွေ တက်လာချိန်မှာတော့ ဘောလိဝုဒ် ဆယ်လီတွေကလည်း မင်္ဂလာဆုတောင်းစကားတွေ တစ်ပုံကြီးရေးပေးကြပါတယ် ။ မင်းသမီး ဒီပီကာရဲ့ မြန်မာပရိသတ်တွေကလည်း မင်္ဂလာဆောင်ဓာတ်ပုံမြင်တော့ ဘယ်လိုပြောမလဲ..ဝမ်းသာ ….ဝမ်းနည်းပေါ့။ ကိုယ်ချစ်တဲ့ မင်းသမီးကို ချစ်ရသူနဲ့တွဲပြီး ပျော်ရွှင်နေတာ မြင်တော့ အလိုလိုနေရင်း အိမွန်တော့ ပျော်ရွှင်ရပါတယ် ယောင်းရေ။

နှစ်ဦးသား သက်ဆုံးတိုင် ရွှေလက်တွဲ ခိုင်မြဲပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်…

ယောင်းတို့ရော… ဘယ်လိုခံစားရလဲဟင်…

With love

Ei Mon ( For Her Myanmar )

References: ndtv, vogue

Ei Mon
Ei Mon
For Her Myanmar ရဲ႕တက္သစ္စ ေဆာင္းပါးရွင္ အိမြန္ျဖစ္ပါတယ္။ စာေရးရတာ ဝါသနာ ပါပါတယ္။ ေဆာင္းပါးေတြကတစ္ဆင့္ စိတ္ကူးေလးေတြကို ေယာင္းတို႕ရဲ႕ ရင္ထဲအေရာက္ ပို႕ေပးခ်င္ပါတယ္။ အထူးအားသာတာကေတာ့ အႏုပညာရွင္သတင္းေတြပဲ ျဖစ္ပါတယ္။ အိမြန္ရဲ႕ လက္ရာေဆာင္းပါးေတြကို အားေပးမယ္မွတ္လား…….

Leave a Reply

Your email address will not be published. Required fields are marked *