Celebrity News

အမူအရာမဲ့ မ်က္ႏွာနဲ႔ စကားေျပာတဲ့ မ်က္လံုးေတြကို ပိုင္ဆိုင္ထားတဲ့ လန္က်န္႔ တစ္ျဖစ္လဲ ဝမ္ရိေပၚ (Wang Yibo)အေၾကာင္း တစ္ေစ့တေစာင္း

ဟိတ္.. The Untamed ထဲက အဆင္ေတြ ၾကားထဲ လမ္းေပ်ာက္ေနတဲ့ ေယာင္းေလးေတြ ရွိလား?

The Untamed ရဲ႕ မူရင္း ဝတၳဳျဖစ္တဲ့ Mo Dao Zu Shi (Grandmaster of Demonic Cultivation) ဟာ BL ဝတၳဳပါ။ BL ဆိုေပမဲ့လို႔ ဝတၳဳတစ္အုပ္လံုးဟာ ခိုင္ၿမဲတဲ့ ခ်စ္ျခင္းေမတၱာနဲ႔ ၁၃ႏွစ္ၾကာတဲ့ သစၥာတရားအေၾကာင္း အသားေပးေဖာ္ျပထားတာမို႔ ျဖဴျဖဴစင္စင္ေလး ခ်စ္ဖို႔ေကာင္းတဲ့ ဝတၳဳပါ။ Skinship ဆိုတာကလည္း ဇာတ္သိမ္းထိ ၂ခန္းအျပင္ ပိုမပါဘဲ Extra က်မွသာ ၁ခန္းေလာက္ ထည့္ေရးထားတာမ်ိဳးဆိုေတာ့ တကယ္ကို ျဖဴျဖဴသန္႔သန္႔ေလး ဖတ္လို႔ရတာမ်ိဳးေပါ့..

ခက္တာက တရုတ္က BL ေတြဆို မၾကည္ဘူးဟုတ္? သူ႕ဟာသူ ဘယ္ေလာက္ ျဖဴတယ္ေျပာေျပာ BL ဆို ဘန္းမွာပဲဆိုတဲ့ အေျခအေနဆိုေတာ့ ဒီဝတၳဳကို Donghua (Anime) ျပန္ရိုက္တဲ့အခါမွာလည္း Bromance အေနနဲ႔ပဲ ရိုက္ခဲ့ရသလို ခု The Untamed ဟာလည္း Bromance အေနနဲ႔ ပြဲထြက္ခဲ့ပါတယ္။ ဒါေပမဲ့ ၾကည့္ေသာသူ ျမင္၏ ဆိုသလို သရုပ္ေဆာင္ေတြနဲ႔ Team Member ေတြရဲ႕ ထူးခၽြန္မႈေၾကာင့္ တခ်ိဳ႕ေနရာေလးေတြမွာ ညီအစ္ကို ေမတၱာထက္ ပိုတဲ့ အရိပ္အေယာင္ေလးေတြကို ေတြ႕ျမင္ခံစားရတာမို႔ Fan ေတြၾကားထဲ ဝက္ဝက္ေတြကြဲေပါ့ရွင္.. (ထိန္းထိန္းသိမ္းသိမ္းေလး Support ၾကဖို႔ဆိုတာ သိၿပီးသား ျဖစ္ၾကမွာေပမဲ့ ထပ္ၿပီးသတိေပးပါရေစေနာ္.. ဘန္းခံရမွာ စိုးလို႔ပါ.. :'( )

အဲဒီမွာ အဓိက ဇာတ္ေဆာင္ေတြျဖစ္တဲ့ လန္က်န္႔ နဲ႔ ေဝ့ရင္း (လန္ဝမ့္က်ီး နဲ႔ ေဝ့ဝူရွမ္း၊ ဟန္ကြမ့္ကၽြင္း နဲ႔ ရီလင္းေလာင္ဇူ.. စံုၿပီထင္တယ္ နာမည္ေတြ :3 ) ေနရာက သရုပ္ေဆာင္တဲ့ ဝမ္ရိေပၚ (Wang Yibo) နဲ႔ ေရွာင္းက်န္႔ (Xiao Zhan) တို႔ရဲ႕ အၾကည့္ေတြက အသက္ျဖစ္လာေတာ့တာပါပဲ။ ဒီေန႔မွာေတာ့ မင္မင္က ေယာင္းတို႔ေတြအတြက္ ဝမ္ရိေပၚေလးရဲ႕အေၾကာင္း တစ္ေစ့တေစာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္..

Related Article >>> FA ေတြကို ေယာက္်ားယူခ်င္စိတ္ ေပါက္ေအာင္ လုပ္သြားတဲ့ လင္းရိက်ိဳး (သို႔) တရုတ္မင္းသားေခ်ာ Xu Kai Cheng အေၾကာင္း တစ္ေစ့တေစာင္း

ရိေပၚကိုေတာ့ ၁၉၉၇ ခုႏွစ္ ၾသဂုတ္လ ၅ ရက္ေန႔မွာ ေမြးပါတယ္။  (ဖူးစာရွင္ကို ၂ ႏွစ္ေလာက္ ငယ္ၿပီး လႊတ္လိုက္လားေတာင္ ေအာက္ေမ့ရတယ္ :P) ေတာင္ကိုရီးယား နဲ႔ တရုတ္ Boyband ျဖစ္တဲ့ UNIQ ရဲ႕ Maknae (အငယ္ဆံုး) ေလးျဖစ္ၿပီး Main Rapper ၊ Main dancer နဲ႔ Visual ျဖစ္ပါတယ္။ Main Dancer လို႔ မေျပာရ.. အကကလည္း အရမ္းေတာ္တာကိုး… သူ႕ကို ကတာ မိုက္တယ္လို႔ ခ်ီးက်ဴးရင္လည္း အရမ္းကို သေဘာက်ပါေသးသတဲ့ ေယာင္းတို႔ေရ…

ငယ္ေလးကတည္းက အကပညာကို သင္ယူခဲ့ၿပီး ၂၀၁၁၊ သူ အထက္တန္း ဒုတိယႏွစ္ေရာက္တဲ့အခါမွာေတာ့ IBD အကၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး ထိပ္ဆံုး ၁၆ ေယာက္ စာရင္းထဲ ေရာက္ခဲ့ပါတယ္။ ဒီေနာက္ပိုင္းေတာ့ Yuehua Entertainment ကို ေရာက္ရွိခဲ့ၿပီး YG လက္ေအာက္မွာ Trainee ျဖစ္လာခဲ့ပါတယ္။ ၂၀၁၄ ခုႏွစ္မွာေတာ့ ရိေပၚဟာ Uniq အဖြဲ႕ရဲ႕ Member အျဖစ္ Falling in Love အယ္လ္ဘမ္နဲ႔ Debute လုပ္ခဲ့ပါတယ္။ YG နဲ႔ Yuehua လက္ေအာက္က ျဖစ္ၿပီး မန္ဘာဝင္ေတြကလည္း တရုတ္နဲ႔ ကိုရီးယား လူမ်ိဳးေတြမို႔ ရိေပၚဟာ တရုတ္၊ ကိုရီးယား နဲ႔ အဂၤလိပ္ဘာသာစကားကို ကၽြမ္းက်င္ပိုင္ႏိုင္ပါသတဲ့ကြယ္… (Uniq Life မွာ သူေခါက္ဆြဲျပဳတ္တဲ့အပိုင္းေလးၾကည့္ၿပီး မင္မင္ေတာ့ တအားေတြ အားက်မိ T.T )

Related Article >>> ေတလာဆြစ္ဖ္ အတြက္နဲ႔ ဂယက္ေတြ ထေနတဲ့ အေနာက္ႏိုင္ငံရဲ႕ ဂီတေလာက

ရိေပၚက ဂီတဘက္မွာ အတိုင္းအတာတစ္ခုအထိ ေအာင္ျမင္လာၿပီးတဲ့ေနာက္ ၂၀၁၆ ကေနစၿပီး Day Day Up ဆိုတဲ့ တရုတ္ Talkshow မွာ Host အျဖစ္ ပါဝင္ခဲ့ပါတယ္။ (အဲ့ Show ေလး မၾကည့္ဖူးရင္ ၾကည့္ၾက ေယာင္းတို႔… ဝမ္ရိေပၚတို႔ ေခ်တဲ့အေၾကာင္းေတြ မင္းသမီးေတြဆီက ၾကားရမွာျဖစ္ၿပီး ထိန္းမႏိုင္ယြစိန္ေလးျဖစ္တဲ့ အေၾကာင္းကိုေတာ့ တျခား Host ေတြနဲ႔ ေနရင္ ျမင္ေနရပါလိမ့္မယ္ :’D )

၂၀၁၈ မွာေတာ့ Produce 101 မွာ Dance Mentor (အကနည္းျပ)အျဖစ္ ပါဝင္ေဆာင္ရြက္ေပးခဲ့ပါတယ္။ (အား.. အဲ့မွာလည္း အရမ္းခ်စ္ဖို႔ေကာင္းေနာ္… Mentees ေတြ ဂ်စ္သမွ် ခံရတာ.. ရွက္ကလည္း ရွက္ေသး သူက :’D ) ၂၀၁၇ မွာေတာ့ Private Shushan Gakuen ဆိုတဲ့ ဇာတ္ကားမွာ အဓိက ဇာတ္ေဆာင္မင္းသားအေနနဲ႔ ပထမဆံုး ပါဝင္ခဲ့ပါတယ္။

အရမ္းအေနတည္သလို စကားလည္း အရမ္းနည္းေတာ့ ေခတ္သစ္ ေတမိေလးအလား ထင္ရေပမဲ့ ခင္တဲ့သူေတြနဲ႔ဆို ေရပက္မဝင္ေအာင္ ေျပာပါတယ္တဲ့။ ေရွာင္းက်န္႔ေျပာသလို “အေနတည္တယ္၊ စကားနည္းတယ္ဆိုတာ သူ အေရခြံျခံဳထားတာ တကယ္ေတာ့ ကေလးေလးပဲ” ဆိုတာမ်ိဳး (ဟယ္.. မသိဘူး.. ၾကံဳတုန္း ေျပာရတာပဲ 😛 ) ဒါေတာ့ ေယာင္းတို႔လည္း ေတြ႕မွာပါ.. The Untamed ရဲ႕ ရိုက္ကြင္းေတြမွာဆို စလိုက္၊ ေနာက္လိုက္၊ ေရွာင္းက်န္႔ကို အႏိုင္က်င့္လိုက္၊ ကလိုက္နဲ႔ ျမင္ေနရတာကိုး… Fashion King လို႔ တင္စားထားတဲ့အတိုင္းပဲ ဖက္ရွင္က်က် ဝတ္စားရတာကို သေဘာေတြ႕ပါေသးသတဲ့…

 

ရိေပၚသေဘာက်တဲ့ ေကာင္မေလးစတိုင္ကေတာ့ cute နဲ႔ sexy အေရာပါတဲ့။ တစ္ေယာက္ဆိုတစ္ေယာက္ ပိေတာက္ဆို ပိေတာက္ သစၥာရွိမယ့္သူကိုမွ ေရြးခ်ယ္ခ်င္တာပါတဲ့ေနာ္။ အစားအစာနဲ႔ ပတ္သက္ၿပီး ေၾကးမ်ားတာ မရွိသလို အႀကိဳက္ဆံုး အစားအစာေတြကေတာ့ Ramen နဲ႔ အသားေပါင္း ေပါက္စီ (Xiaolongbao )ပါတဲ့။ အႀကိဳက္ဆံုး အေရာင္ကေတာ့ အစိမ္း ၊ အနီ ၊ အျဖဴ ၊ အမည္း ပါတဲ့။

ရာသီဖြားကေတာ့ Leo ျဖစ္ၿပီး ေသြးအမ်ိဳးအစားကေတာ့ A ပါ။ ခုခ်ိန္ထိေတာ့ ပိုင္ရွင္မရွိေသးတဲ့ single ေလးျဖစ္လို႔ ဝမ္တိတိကို ခ်ိန္လို႔ ရပါေသးတယ္ေနာ္။ အဲ.. စကားေျပာရင္ေတာ့ သတိထားၿပီး ေျပာမွ အဆင္ေျပမယ္ထင္တယ္.. အေျဖသတ္တတ္လြန္းလို႔ :/ ဥပမာ – ေၾကာင္က ဘယ္လိုပံုလဲဆို ေၾကာင္ပံုသိခ်င္ Baidu မွာ သြားရွာေလ ဆိုၿပီး ေျဖတတ္တဲ့အမ်ိဳး.. လူ႕ကန္႔လန္႔ေလး :3 ဒါလည္း ခ်စ္ရတာပါပဲ.. 😀

ဒီေလာက္ဆို ေယာင္းတို႔လည္း ေက်နပ္လိမ့္မယ္ ထင္ပါတယ္…တျခား ဘယ္သူ႕အေၾကာင္း သိခ်င္ေသးလဲ.. ေျပာျပဦးမယ္ 😛

မင္မင္ေတာ့ ဒီေန႔လာမယ့္ The Untamed အပိုင္းသစ္မွာ ဖုန္ရွဴဖို႔ အဲေလ ငိုဖို႔ တစ္ရွဴးေလးေဆာင္ၿပီး ေစာင့္ေနပါၿပီေနာ္… ေၾသာ္.. ေမ့လို႔ ရိေပၚရဲ႕ IG Account ေလး ေပးဖို႔ က်န္ခဲ့တယ္.. သူ႕ IG Account ကေတာ့ yibo.w_85 ပါတဲ့.. သြား Follow ၿပီး Update တင္ရင္ မင္မင့္ကိုလည္း လာေျပာေပးၾကပါဦး 😛 ထီထိုးမလို႔ :3

With love

Ei Mon (For Her Myanmar)

Reference: wiki, aminoapps.com, celebstrendnow.com

<<< Unicode >>>

ဟိတ်.. The Untamed ထဲက အဆင်တွေ ကြားထဲ လမ်းပျောက်နေတဲ့ ယောင်းလေးတွေ ရှိလား?

The Untamed ရဲ့ မူရင်း ဝတ္ထုဖြစ်တဲ့ Mo Dao Zu Shi (Grandmaster of Demonic Cultivation) ဟာ BL ဝတ္ထုပါ။ BL ဆိုပေမဲ့လို့ ဝတ္ထုတစ်အုပ်လုံးဟာ ခိုင်မြဲတဲ့ ချစ်ခြင်းမေတ္တာနဲ့ ၁၃နှစ်ကြာတဲ့ သစ္စာတရားအကြောင်း အသားပေးဖော်ပြထားတာမို့ ဖြူဖြူစင်စင်လေး ချစ်ဖို့ကောင်းတဲ့ ဝတ္ထုပါ။ Skinship ဆိုတာကလည်း ဇာတ်သိမ်းထိ ၂ခန်းအပြင် ပိုမပါဘဲ Extra ကျမှသာ ၁ခန်းလောက် ထည့်ရေးထားတာမျိုးဆိုတော့ တကယ်ကို ဖြူဖြူသန့်သန့်လေး ဖတ်လို့ရတာမျိုးပေါ့..

ခက်တာက တရုတ်က BL တွေဆို မကြည်ဘူးဟုတ်? သူ့ဟာသူ ဘယ်လောက် ဖြူတယ်ပြောပြော BL ဆို ဘန်းမှာပဲဆိုတဲ့ အခြေအနေဆိုတော့ ဒီဝတ္ထုကို Donghua (Anime) ပြန်ရိုက်တဲ့အခါမှာလည်း Bromance အနေနဲ့ပဲ ရိုက်ခဲ့ရသလို ခု The Untamed ဟာလည်း Bromance အနေနဲ့ ပွဲထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ကြည့်သောသူ မြင်၏ ဆိုသလို သရုပ်ဆောင်တွေနဲ့ Team Member တွေရဲ့ ထူးချွန်မှုကြောင့် တချို့နေရာလေးတွေမှာ ညီအစ်ကို မေတ္တာထက် ပိုတဲ့ အရိပ်အယောင်လေးတွေကို တွေ့မြင်ခံစားရတာမို့ Fan တွေကြားထဲ ဝက်ဝက်တွေကွဲပေါ့ရှင်.. (ထိန်းထိန်းသိမ်းသိမ်းလေး Support ကြဖို့ဆိုတာ သိပြီးသား ဖြစ်ကြမှာပေမဲ့ ထပ်ပြီးသတိပေးပါရစေနော်.. ဘန်းခံရမှာ စိုးလို့ပါ.. :'( )

အဲဒီမှာ အဓိက ဇာတ်ဆောင်တွေဖြစ်တဲ့ လန်ကျန့် နဲ့ ဝေ့ရင်း (လန်ဝမ့်ကျီး နဲ့ ဝေ့ဝူရှမ်း၊ ဟန်ကွမ့်ကျွင်း နဲ့ ရီလင်းလောင်ဇူ.. စုံပြီထင်တယ် နာမည်တွေ :3 ) နေရာက သရုပ်ဆောင်တဲ့ ဝမ်ရိပေါ် (Wang Yibo) နဲ့ ရှောင်းကျန့် (Xiao Zhan) တို့ရဲ့ အကြည့်တွေက အသက်ဖြစ်လာတော့တာပါပဲ။ ဒီနေ့မှာတော့ မင်မင်က ယောင်းတို့တွေအတွက် ဝမ်ရိပေါ်လေးရဲ့အကြောင်း တစ်စေ့တစောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်..

Related Article >>> FA တွေကို ယောက်ျားယူချင်စိတ် ပေါက်အောင် လုပ်သွားတဲ့ လင်းရိကျိုး (သို့) တရုတ်မင်းသားချော Xu Kai Cheng အကြောင်း တစ်စေ့တစောင်း

ရိပေါ်ကိုတော့ ၁၉၉၇ ခုနှစ် သြဂုတ်လ ၅ ရက်နေ့မှာ မွေးပါတယ်။  (ဖူးစာရှင်ကို ၂ နှစ်လောက် ငယ်ပြီး လွှတ်လိုက်လားတောင် အောက်မေ့ရတယ် :P) တောင်ကိုရီးယား နဲ့ တရုတ် Boyband ဖြစ်တဲ့ UNIQ ရဲ့ Maknae (အငယ်ဆုံး) လေးဖြစ်ပြီး Main Rapper ၊ Main dancer နဲ့ Visual ဖြစ်ပါတယ်။ Main Dancer လို့ မပြောရ.. အကကလည်း အရမ်းတော်တာကိုး… သူ့ကို ကတာ မိုက်တယ်လို့ ချီးကျူးရင်လည်း အရမ်းကို သဘောကျပါသေးသတဲ့ ယောင်းတို့ရေ…

ငယ်လေးကတည်းက အကပညာကို သင်ယူခဲ့ပြီး ၂၀၁၁၊ သူ အထက်တန်း ဒုတိယနှစ်ရောက်တဲ့အခါမှာတော့ IBD အကပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ထိပ်ဆုံး ၁၆ ယောက် စာရင်းထဲ ရောက်ခဲ့ပါတယ်။ ဒီနောက်ပိုင်းတော့ Yuehua Entertainment ကို ရောက်ရှိခဲ့ပြီး YG လက်အောက်မှာ Trainee ဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ရိပေါ်ဟာ Uniq အဖွဲ့ရဲ့ Member အဖြစ် Falling in Love အယ်လ်ဘမ်နဲ့ Debute လုပ်ခဲ့ပါတယ်။ YG နဲ့ Yuehua လက်အောက်က ဖြစ်ပြီး မန်ဘာဝင်တွေကလည်း တရုတ်နဲ့ ကိုရီးယား လူမျိုးတွေမို့ ရိပေါ်ဟာ တရုတ်၊ ကိုရီးယား နဲ့ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်ပါသတဲ့ကွယ်… (Uniq Life မှာ သူခေါက်ဆွဲပြုတ်တဲ့အပိုင်းလေးကြည့်ပြီး မင်မင်တော့ တအားတွေ အားကျမိ T.T )

Related Article >>> တေလာဆွစ်ဖ် အတွက်နဲ့ ဂယက်တွေ ထနေတဲ့ အနောက်နိုင်ငံရဲ့ ဂီတလောက

ရိပေါ်က ဂီတဘက်မှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်လာပြီးတဲ့နောက် ၂၀၁၆ ကနေစပြီး Day Day Up ဆိုတဲ့ တရုတ် Talkshow မှာ Host အဖြစ် ပါဝင်ခဲ့ပါတယ်။ (အဲ့ Show လေး မကြည့်ဖူးရင် ကြည့်ကြ ယောင်းတို့… ဝမ်ရိပေါ်တို့ ချေတဲ့အကြောင်းတွေ မင်းသမီးတွေဆီက ကြားရမှာဖြစ်ပြီး ထိန်းမနိုင်ယွစိန်လေးဖြစ်တဲ့ အကြောင်းကိုတော့ တခြား Host တွေနဲ့ နေရင် မြင်နေရပါလိမ့်မယ် :’D )

၂၀၁၈ မှာတော့ Produce 101 မှာ Dance Mentor (အကနည်းပြ)အဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့ပါတယ်။ (အား.. အဲ့မှာလည်း အရမ်းချစ်ဖို့ကောင်းနော်… Mentees တွေ ဂျစ်သမျှ ခံရတာ.. ရှက်ကလည်း ရှက်သေး သူက :’D ) ၂၀၁၇ မှာတော့ Private Shushan Gakuen ဆိုတဲ့ ဇာတ်ကားမှာ အဓိက ဇာတ်ဆောင်မင်းသားအနေနဲ့ ပထမဆုံး ပါဝင်ခဲ့ပါတယ်။

အရမ်းအနေတည်သလို စကားလည်း အရမ်းနည်းတော့ ခေတ်သစ် တေမိလေးအလား ထင်ရပေမဲ့ ခင်တဲ့သူတွေနဲ့ဆို ရေပက်မဝင်အောင် ပြောပါတယ်တဲ့။ ရှောင်းကျန့်ပြောသလို “အနေတည်တယ်၊ စကားနည်းတယ်ဆိုတာ သူ အရေခွံခြုံထားတာ တကယ်တော့ ကလေးလေးပဲ” ဆိုတာမျိုး (ဟယ်.. မသိဘူး.. ကြုံတုန်း ပြောရတာပဲ 😛 ) ဒါတော့ ယောင်းတို့လည်း တွေ့မှာပါ.. The Untamed ရဲ့ ရိုက်ကွင်းတွေမှာဆို စလိုက်၊ နောက်လိုက်၊ ရှောင်းကျန့်ကို အနိုင်ကျင့်လိုက်၊ ကလိုက်နဲ့ မြင်နေရတာကိုး… Fashion King လို့ တင်စားထားတဲ့အတိုင်းပဲ ဖက်ရှင်ကျကျ ဝတ်စားရတာကို သဘောတွေ့ပါသေးသတဲ့…

 

ရိပေါ်သဘောကျတဲ့ ကောင်မလေးစတိုင်ကတော့ cute နဲ့ sexy အရောပါတဲ့။ တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆို ပိတောက် သစ္စာရှိမယ့်သူကိုမှ ရွေးချယ်ချင်တာပါတဲ့နော်။ အစားအစာနဲ့ ပတ်သက်ပြီး ကြေးများတာ မရှိသလို အကြိုက်ဆုံး အစားအစာတွေကတော့ Ramen နဲ့ အသားပေါင်း ပေါက်စီ (Xiaolongbao )ပါတဲ့။ အကြိုက်ဆုံး အရောင်ကတော့ အစိမ်း ၊ အနီ ၊ အဖြူ ၊ အမည်း ပါတဲ့။

ရာသီဖွားကတော့ Leo ဖြစ်ပြီး သွေးအမျိုးအစားကတော့ A ပါ။ ခုချိန်ထိတော့ ပိုင်ရှင်မရှိသေးတဲ့ single လေးဖြစ်လို့ ဝမ်တိတိကို ချိန်လို့ ရပါသေးတယ်နော်။ အဲ.. စကားပြောရင်တော့ သတိထားပြီး ပြောမှ အဆင်ပြေမယ်ထင်တယ်.. အဖြေသတ်တတ်လွန်းလို့ :/ ဥပမာ – ကြောင်က ဘယ်လိုပုံလဲဆို ကြောင်ပုံသိချင် Baidu မှာ သွားရှာလေ ဆိုပြီး ဖြေတတ်တဲ့အမျိုး.. လူ့ကန့်လန့်လေး :3 ဒါလည်း ချစ်ရတာပါပဲ.. 😀

ဒီလောက်ဆို ယောင်းတို့လည်း ကျေနပ်လိမ့်မယ် ထင်ပါတယ်… မင်မင်တော့ ဒီနေ့လာမယ့် The Untamed အပိုင်းသစ်မှာ ဖုန်ရှူဖို့ အဲလေ ငိုဖို့ တစ်ရှူးလေးဆောင်ပြီး စောင့်နေပါပြီနော်… သြော်.. မေ့လို့ ရိပေါ်ရဲ့ IG Account လေး ပေးဖို့ ကျန်ခဲ့တယ်.. သူ့ IG Account ကတော့ yibo.w_85 ပါတဲ့.. သွား Follow ပြီး Update တင်ရင် မင်မင့်ကိုလည်း လာပြောပေးကြပါဦး 😛 ထီထိုးမလို့ :3

With love

Ei Mon (For Her Myanmar)

Reference: wiki, aminoapps.com, celebstrendnow.com

Ei Mon
Ei Mon
For Her Myanmar ရဲ႕တက္သစ္စ ေဆာင္းပါးရွင္ အိမြန္ျဖစ္ပါတယ္။ စာေရးရတာ ဝါသနာ ပါပါတယ္။ ေဆာင္းပါးေတြကတစ္ဆင့္ စိတ္ကူးေလးေတြကို ေယာင္းတို႕ရဲ႕ ရင္ထဲအေရာက္ ပို႕ေပးခ်င္ပါတယ္။ အထူးအားသာတာကေတာ့ အႏုပညာရွင္သတင္းေတြပဲ ျဖစ္ပါတယ္။ အိမြန္ရဲ႕ လက္ရာေဆာင္းပါးေတြကို အားေပးမယ္မွတ္လား…….

Leave a Reply

Your email address will not be published. Required fields are marked *