မယုံကြည်နိုင်လောက်အောင် အံ့မခန်းနုပျိုနေတဲ့ ကိုရီးယားဆယ်လီများ

ဘာတွေများစားနေလို့ အဲ့လောက်တောင် နုပျိုနေရတာပါလိမ့်…

ကိုရီးယားဇာတ်လမ်းတွဲတွေ မြန်မာပြည်ကို စတင်ရောက်ရှိလာတာ ၂၀၀၃ ခုနှစ်လောက်ကတည်းက ဖြစ်ပြီး အခုဆိုရင် ဆယ့်ငါးနှစ်နီးပါးရှိနေပါပြီ။ ကိုရီးယားကားတွေ စတင်ထုတ်လွှင့်ကတည်းက မြန်မာပြည်သူတွေ ချစ်ခင်အားပေးခဲ့ကြတဲ့ မင်းသား၊ မင်းသမီးတွေဟာလည်း အတန်အသင့် အရွယ်ရနေပြီပေါ့နော်။ ဒီလိုအရွယ်ရလာပေမဲ့လည်း အချို့မင်းသားမင်းသမီးတွေဟာ အံ့သြဖွယ်ကောင်းလောက်အောင် အရွယ်တင်နုပျိုနေကြဆဲပါ။ ဒီနေ့အထိ အရွယ်တင်လှပေချောမောနေဆဲ ကိုရီးယားမင်းသားမင်းသမီးတွေကို စာရင်းပြုစုပေးရမယ်ဆိုရင်ဖြင့် …

၁။ ဝန်ဘင်း

Wun Bin

ဝန်ဘင်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက်က ဟန်ထယ်စောက်ဆိုတဲ့ ဇာတ်ကောင်နဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲဖြစ်ခဲ့တာ မှတ်မိကြမှာပါ။ ၁၉၇၇ မှာ မွေးခဲ့တဲ့ အိုပါးဟာ အက်ဒ်မင့်ထက်တောင် ဆယ်နှစ် ကျော်ကြီးလို့ အိုပါးမဟုတ်တော့ပဲ အာဂျူးရှိ (ဦးလေး)ဖြစ်နေပြီပေါ့။ ဒါပေမဲ့ မထင်ရလောက်အောင် နုနေတာတော့ ပုံထဲမှာသာကြည့်လိုက်ပါတော့နော်။

၂။ ဆောင်းဟေဂို

Song Hye-kyo

အွန်စောလေးကတော့ မသိသူတောင် မရှိလောက်ထင်တယ်နော်… အခုထက်ထိတောင် နုချောနေဆဲမို့ အသက်ငါးနှစ်တောင်ကွာတဲ့ မောင်လေးဆောင်ဂျွန်ကီနဲ့ နေနဲ့လ ရွှေနဲ့မြပေါ့။

၃။ ဂျန်နာရာ

Jang Nara

အက်ဒ်မင်တို့ ဆယ်ကျော်သက်ဘဝထဲက မျက်နှာဝိုင်းဝိုင်း၊ မျက်လုံးဝိုင်းဝိုင်း၊ နှုတ်ခမ်းပါးပါးလေးနဲ့ ချစ်စရာမင်းသမီးလေး ဂျန်နာရာဟာ ရွေးနီမလေးဆိုပြီး နာမည်ကြီးခဲ့တာပါ။ အခု သူမအသက်သုံးဆယ့်ခုနှစ်နှစ်ဖြစ်နေတာတောင် အရင်လို ချစ်စရာမျက်နှာလေးပိုင်ဆိုင်ထားတာ ဆုတောင်းကောင်းလို့လို့ပဲဆိုရမလား။ အာရှမှာတော့ အသက်မကြီးတော့တဲ့ မင်းသမီးလေးဆိုပြီး နာမည်ကြီးချက်ကတော့ လျှမ်းလျှမ်းကိုတောက်နေတာပဲ ယောင်းတို့ရေ… Debut (မင်းသမီးရယ်လို့စပြီးမိတ်ဆက်) ကတည်းက ရုပ်နဲ့ ခုရုပ်နဲ့ တစ်ရုပ်တည်းဆိုတော့ စဉ်းစားသာ ကြည့်ပါတော့ကွယ်…

Related Article >>> အောင်မြင်လွန်းတာကြောင့် တစ်ချိန်က မြောက်ကိုရီးယားတွေပြန်ပေးဆွဲတာ ခံခဲ့ရတဲ့ မင်းသမီးကြီး ချွဲအွန်ဟီး

၎။ ဟာဂျီဝန်

Ha Ji-won

သူ(မ)ကို မြန်မာပရိသတ်တွေသတိထားမိတာက လျှို့ဝှက်ချက် ဆိုတဲ့ဇာတ်လမ်းတွဲနဲ့ပါ။ ဒီဇာတ်လမ်းတွဲမှာတော့ ဗီလိန်ဖြစ်ခဲ့ပေမဲ့ နောက်ထပ်ချစ်စရာကောင်းတဲ့ ဇာတ်ကောင်တွေနဲ့ ပရိသတ်အချစ်ကို ရယူအောင်မြင်ခဲ့တာ ယနေ့အထိပါပဲ။ အသက်လေးဆယ်ရှိပြီဖြစ်ပေမဲ့ နှစ်ဆယ်ကျော်လေးလို လှနေတဲ့ လျှို့ဝှက်ချက်က ဘာများပါလိမ့်နော်။

၅။ ကင်ဂျုံကွတ်

Kim Jong Kook

Running Manရဲ့ စတားတစ်ဦးဖြစ်သူ ကင်ဂျုံကွတ်ဟာ အသက်လေးဆယ်ကျော်ပြီဖြစ်ပေမဲ့ အခုထိအရွယ်တင်နေဆဲ ချောနုနေဆဲပါ။ ဗလကောင်းချက်ဆိုတာကလည်း… မပြောပါဘူး.. Running Man ကြည့်တဲ့ ယောင်းယောင်းလေးတွေ အသိဆုံးနေမှာပေါ့.. သူ့ဆို အကုန်ကြောက် 😀

၆။ ဆောင်ဂျွန်ကီ

Song Joong-ki

၁၉၈၅ ခုနှစ်မှာ မွေးဖွားခဲ့သူဆောင်ဂျွန်ကီဟာ အခုအချိန်မှာ အသက်သုံးဆယ်ကျော်နေပြီဖြစ်ပေမဲ့ ဆယ်ကျော်သက်ကလေးလို ချောနုနေဆဲပါ။ ဆောင်းဟေဂိုလို နုချောနေတဲ့ မမကို ဘယ်လို အရိုကွက်တွေ သုံးပြီး ခြွေသွားလဲတော့မသိ…. ခုချိန်မှာတော့ သာယာတဲ့ အိမ်ထောင်ရေးလေးနဲ့ အများတကာ အားကျရတဲ့ စုံတွဲဘဝကို ပိုင်ဆိုင်ထားသူပေါ့…

Related Article >>> တစ်ချိန်က ကိုရီးယားအမျိုးသမီးတွေရဲ့ဘဝ

၇။ ဂျီဆောင်း

Ji Sung

အက်ဒ်မင်တို့အရွယ် ယောင်းလေးတွေ မှတ်မိကြဦးမယ်ထင်ပါတယ်… “ဤမှန်သော သစ္စာစကားကြောင့်” ဇာတ်ကားနဲ့ မြန်မာပြည်မှာ သိပ်ကို နာမည်ကြီးခဲ့တာပေါ့… မျက်နှာချိုချိုလေးနဲ့သရုပ်ဆောင်တတ်တဲ့ ဂျီဆောင်းကတော့ အသက်လေးဆယ်ကျော်နေပြီဖြစ်ပေမဲ့ ပုံထဲကအတိုင်းပဲ နုပျိုချောမောနေဆဲပါပဲ။ အရင်ကရုပ်နဲ့ ခုရုပ်နဲ့တောင် ဘယ်လောက်မှ မကွာသလို….

၈။ ဂုံယူး

Gong Yoo

Coffee Prince (ကော်ဖီချစ်သူ) ဇာတ်လမ်းတွဲနဲ့ တို့တွေဆီမှာ နာမည်ကြီးလာတဲ့ ဂုံယူးဟာ ခုနောက်ပိုင်းနှစ်တွေမှာလည်း Silenced, Train to Busan တို့လို ရုပ်ရှင်တွေနဲ့ လျှမ်းလျှမ်းတောက် အောင်မြင်မှုကို ထိန်းထားနိုင်ခဲ့သူဖြစ်သလို Goblin ဇာတ်လမ်းတွဲနဲ့လည်း တို့ ယောင်းလေးတွေကို အာဂျူးရှိ အာဂျူးရှိနဲ့ တဖွဖွ ဖြစ်စေခဲ့သူပေါ့။ အသက် လေးဆယ်ရှိနေပြီဖြစ်ပေမဲ့ မသိရင် သုံးဆယ်ပတ်လည်လောက်ပဲ ထင်ရသူပါ…

၉။ လီယောင်အေး

Lee Young-ae

နန်းတွင်းရတနာရုပ်ရှင်နဲ့ ပရိသတ်များစွာရရှိခဲ့သူမင်းသမီးချောဟာ လက်ရှိမှာအသက်လေးဆယ့်ငါးနှစ်ကျော်နေပြီဖြစ်ပြီး ချစ်စရာအမြွှာသားသမီးလေးတွေနဲ့ ချမ်းမြေ့တဲ့မိသားစုလေးကိုပိုင်ဆိုင်ထားသူပါ။ သူမရဲ့နုပျိုမှုကတော့ မြင်တဲ့အတိုင်းပါပဲ။

၁၀။ ကင်ဟီဆွန်း

Kim Hee-sun

ကိုရီးယားရဲ့ အလှဆုံး အမျိုးသမီးစာရင်းထဲ ခဏခဏဆိုသလို ပါနေတဲ့သူပေါ့… လီဟန်နီဆိုတဲ့ နာမည်နဲ့ မြန်မာပရိသတ်တွေကြား နာမည်ကြီးတဲ့ သူ(မ)လေးရဲ့ ရုပ်ရည်ကတော့ ခုအရွယ်ထိ အထက်တန်းကျောင်းသူအဖြစ် အေးဆေး သရုပ်ဆောင်လို့ ရနေဆဲပါပဲ… ရဆို လှချက်၊ နုချက်ကိုလည်း ကြည့်ဦးလေ….

ဒါကတော့ အသက်အရွယ်နဲ့မလိုက်အောင် နုပျိုလှပနေဆဲ ကိုရီးယားအနုပညာရှင်တွေပါပဲ။ လှတာကိုခဏထားပြီး နုတာတော့ အားကျမိသား ယောင်းတို့ရေ… ယောင်းတို့ရော ဘယ်လို ထင်ကြလဲ?

Sugar Cane(For Her Myanmar)

Reference-dramafever, Wikipedia

No Comments Yet

Comments are closed