Celebrity News

Victoria Secret Model တို့ရဲ့ လျှောက်လမ်းပေါ်ကပုံနဲ့ အပြင်ပုံ ဘယ်လို ကွာခြားလဲ???

အိုမို.. အိုမို… <3


(၁) Candice Swanepoel


(၂) Romee Strijd



(၃) Taylor Hill


(၄) Behati Prinsloo


(၅) Lily Aldridge


(၆) Elsa Hosk


(၇) Jasmine Tookes



(၈) Alessandra Ambrosio


(၉) Adriana Lima


(၁၀) Josephine Skriver






<<< Unicode >>>

အိုမို.. အိုမို… <3

မော်ဒယ်လ်တွေထဲမှာ Victoria Secret Model ဆိုရင်ကို လုံးဝ အလန်းစားမော်ဒယ်လ်လေးပဲလို့ သတ်မှတ်ခံရပါတယ်။ လျှောက်လမ်းပေါ်မှာဆိုရင်လည်း နတ်မိမယ်လေးတွေလို ငေးနေရအောင်လှတာလေ။ မိတ်ကပ်တွေ၊ အဝတ်အစားအလန်းတွေနဲ့ ငေးလောက်အောင်လှတယ်ဆိုတော့ အပြင်လောကမှာရော သူတို့တွေက ဘယ်လိုပုံစံလေးတွေဖြစ်မလဲဆိုတာ ကြည့်ကြည့်မယ်လေ။

(၁) Candice Swanepoel

Victoria Secret ရဲ့ နတ်မိမယ်တစ်ယောက်ဖြစ်တဲ့ Candice Swanepoel က ကမ္ဘာပေါ်မှာ ဈေးအမြင့်ဆုံးမော်ဒယ်လ်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။
ဒီပုံက Instagram မှာ သူ တင်ထားတဲ့ဓာတ်ပုံတစ်ပုံနဲ့ လျှောက်လမ်းပေါ်က သူ့ရဲ့ ပုံတစ်ပုံဖြစ်ပါတယ်။

(၂) Romee Strijd

ဒီပုံကတော့ ၂၀၁၄ ခုနှစ်လောက်က စတင်ပြီး Victoria Secret မော်ဒယ်လ်ဖြစ်လာတဲ့ Romee Strijd ရဲ့ Instagram က ဓာတ်ပုံတစ်ပုံနဲ့ လျှောက်လမ်းပေါ်က ပုံတစ်ပုံဖြစ်ပါတယ်။ သူတော့ တော်တော် ကွာတယ်နော်… ဟီး.. စင်ပေါ်မှာ ညှို့အားအရမ်းပြင်းပြီး အပြင်မှာတော့ လှလှလေးပေါ့နော်..

Related Artilce >>> လျှောက်လမ်းပေါ်မှ ထူးထူးဆန်းဆန်းဖက်ရှင်များ

(၃) Taylor Hill

Taylor Hill ဟာလည်း ၂၀၁၄ ခုနှစ်လောက်က စတင်ပြီး Victoria Secret Model ဖြစ်လာခဲ့သူပါ။ ဒီမှာလည်း သူ့ရဲ့Instagram က ဓာတ်ပုံတစ်ပုံနဲ့ လျှောက်လမ်းပေါ်က ပုံတစ်ပုံကို တွေ့ရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် လှတာကတော့ လှတာပဲနော်..

(၄) Behati Prinsloo

Behati Prinsloo ဟာ ၂၀၀၉ ခုနှစ်လောက်ကတည်းက Victoria Secret Model ဖြစ်လာခဲ့သူပါ။ ကလေးနှစ်ယောက် မိခင်ဖြစ်တဲ့ သူ့ရဲ့ Instagram က ဓာတ်ပုံတစ်ပုံနဲ့ လျှောက်လမ်းပေါ်က ပုံတစ်ပုံမှာ ကွာခြားချက်လေးတွေ တွေ့မြင်ရမှာပါနော်… အက်ဒ်မင့်မျက်လုံးထဲတော့ နှစ်ပုံလုံးမှာ လှနေတာပဲ 😀

(၅) Lily Aldridge

Lily Aldridge က ၂၀၁၀ ကတည်းက Victoria Secret Model ဖြစ်လာခဲ့ပြီး ကမ္ဘာပေါ်မှာ ဈေးအမြင့်ဆုံးရတဲ့ မော်ဒယ်လ်တွေထဲကတစ်ယောက်ဖြစ်ပါတယ်။ လျှောက်လမ်းပေါ်က စူးရှပြတ်သားတဲ့ မျက်နှာအနေအထားနဲ့ သူ(မ)ရဲ့ အပြင်က မျက်နှာချိုချိုလေးက အတော်ကွာခြားတယ်လို့ ဆိုရမှာပါနော်..

(၆) Elsa Hosk

Elsa Hosk ကလည်း ၂၀၁၅ မှာ Victoria Secret Model ဖြစ်လာသူလေးပါ။ သူ့ရဲ့ Instagram မှာ တင်ထားတဲ့ ဓာတ်ပုံတစ်ပုံ နဲ့ လျှောက်လမ်းပေါ်က ပုံတစ်ပုံကတော့ တော်တော်ကွာတယ်လို့ အက်ဒ်မင်ထင်မိတာပဲ.. ယောင်းတို့ရော ဘယ်လို ထင်လဲ???

(၇) Jasmine Tookes

Jasmine Tookes ဟာ ၂၀၁၅ မှာ Victoria Secret Model ဖြစ်လာကတည်းက ဆိုရှယ်မီဒီယာတွေမှာ လူစိတ်ဝင်စားခံရသူလေးဖြစ်လာတာပါ။ သူ့ရဲ့Instagram မှာ တင်ထားတဲ့ ဓာတ်ပုံတစ်ပုံနဲ့ လျှောက်လမ်းပေါ်က ပုံတစ်ပုံကို ဖော်ပြပေးလိုက်ပါတယ်နော်။ ယောင်းတို့ ဘာမြင်လဲတော့မသိဘူး.. အက်ဒ်မင်တော့ သူ့ရဲ့ ညက်နေတဲ့ အသားကိုမြင်တာပဲ .. လှလိုက်တာ T.T

Related Article >>> 2018 Miss Universe သရဖူကိုဆွတ်ခူးသွားတဲ့ ဖိလစ်ပိုင်အလှမယ် Catriona Gray

(၈) Alessandra Ambrosio

Victoria Secret Model ဖြစ်တဲ့ Alessandra Ambrosio ရဲ့ သူ့ရဲ့Instagram က ဓာတ်ပုံတစ်ပုံနဲ့ လျှောက်လမ်းပေါ်က ပုံတစ်ပုံတို့ကို ယှဉ်ကြည့်လိုက်တဲ့အခါမှာတော့…. မပြောင်းလဲတာက သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ထက်မြက်တဲ့ ဟန်ပဲလို့ အက်ဒ်မင် ထင်ပါတယ်နော်…

(၉) Adriana Lima

Adriana Lima ဟာ ၁၉၉၉ ခုနှစ်ကတည်းက Victoria Secret Model ဖြစ်လာသူပါ။ သူဟာ လျှောက်လမ်းပေါ်မှာ သက်တမ်းအကြာဆုံးမော်ဒယ်လ်တစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့ Instagram မှာတင်ထားတဲ့ ဓာတ်ပုံတစ်ပုံနဲ့ လျှောက်လမ်းပေါ်က ပုံတစ်ပုံတွေကို နှိုင်းယှဉ်ကြည့်ပြီး မတူညီတဲ့ အလှတရားတွေကို ခံစားကြည့်ကြပါဦး ယောင်းတို့ရေ…

(၁၀) Josephine Skriver

Josephine Skriver ကတော့ ၂၀၁၃ ခုနှစ်မှာ စတင်ပြီး Victoria Secret ရဲ့ လျှောက်လမ်းပေါ်ရောက်လာသူပါ။ ဒီမှာတော့ Instagram မှာ မိတ်ကပ်မပါဘဲ လှနေတဲ့ သူ့ရဲ့ ဓာတ်ပုံတစ်ပုံနဲ့ လျှောက်လမ်းပေါ်က ပုံတစ်ပုံတို့ကြားက ကွာခြားချက်ကိုတွေ့နိုင်ပါတယ်နော်။

အခုတွေ့ခဲ့ရတာတွေက Victoria Secret Model တွေရဲ့ လျှောက်လမ်းပေါ်ကပုံနဲ့ အပြင်ပုံတွေရဲ့ ကွာခြားချက်တွေပါပဲ။ ဒီလိုတွေ့ရတော့ သူတို့ဟာ မိတ်ကပ်တွေမပါဘဲလည်း ဆွဲဆောင်မှုရှိနေတာမြင်ရမှာပါ။

ဒါဟာ သူတို့ရဲ့ အလှပါရမီကောင်းလို့ဆိုတာထက် ကိုယ့်ကိုယ်ကိုယုံကြည်ချက်အပြည့်ရှိနေလို့ အမြဲလှနေတယ်လို့ အက်ဒ်မင်က ထင်ပါတယ်။ ယောင်းတို့လည်း မိတ်ကပ်မပါရင်တောင် ဒီလို ယုံကြည်ချက်အပြည့်နဲ့ လှနေကြပါစေနော်။

Sugar Cane (For Her Myanmar)

References : thisisinsider, nordic

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မကြံပင်ပေါ့။ စာဖတ်ခြင်းကို ရူးသွပ်သလို စာရေးခြင်းကို ခုံမင်လှသူပါ ။ ယောင်းတို့ အတွက် လိုအပ်သမျှ သုတ/ ရသ အစုံကို For Her Myanmar ကနေ မျှဝေပေးသွားမယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *