Celebrity News
ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ မြန်မာဆယ်လီ သတို့သမီးများ
cele weddings
(Photo Credit : Yune Wady Lwin Moe’s Facebook page)cele weddings
(Photo Credit: May Oo’s Facebook page)
cele weddings
(Photo Credit : Yune Wady Lwin Moe’s Instagram)
(၂) နဒီရွှေရည် (ကေးကေး)
cele weddings
(Photo Credit : Wutt Hmone Shwe Yi’s Instagram)
cele weddings
ညီအစ်မတွေ ချစ်နေကြတာ
(Photo Credit : My Dream Wedding One Stop Service’s Facebook Page)
(၃) ရွှေမှုံရတီ (သဲ)
cele weddings
(Photo Credit : Shwe Hmone Ya Ti’s Facebook page)
cele weddings
(Photo Credit : Shwe Hmone Ya Ti’s Facebook page)
(Photo Credit : Ayeyarwady Lu Min’s Facebook page)
cele weddings
(Photo Credit : Ayeyarwady Lu Min’s Facebook page)
>> Unicode version >>>
အပြင်းစားစပရိုက်တွေကို တိုက်ချသွားတာ :’)
ဒီနှစ်ကတော့ မြန်မာပြည်က ပုရိသတွေ အသည်းတဖြုတ်ဖြုတ်နဲ့ ကွဲကြေရတဲ့ နှစ်လားတော့မသိပါဘူး။ အသည်းနှလုံးကို ကိုယ်စီဖမ်းစားထားတဲ့ အနုပညာရှင်လေးတွေ တစ်ယောက်ပြီးတစ်ယောက် အိမ်ထောင်တွေပြုကြတာ ပြုကြတာဆိုတာ… ဒီနေ့ဆောင်းပါးမှာပါတဲ့ သတို့သမီး ၃ ယောက်ကတော့ အသက်ငယ်လို့ဆိုပြီး အားလုံးက ဝိုင်းကန့်ကွက်ကြပေမဲ့ ချစ်သူ လက်ကို ရဲရဲဆွဲပြီး ဘဝခရီးလမ်းကို အတူလျှောက်ဖို့ ဆုံးဖြတ်ခဲ့သူလေးတွေပါ။
(၁) ယွန်းဝတီလွင်မိုး (ခေးခေး)
နှစ်စပိုင်းမှာပဲ ရုတ်တရက် လက်မှတ်ထိုးပွဲလေး အကျဉ်းရုံးကျင်းပလိုက်တယ်လို့ သတင်းထွက်လာပြီး လွတ်လပ်ရေးနေ့မှာ လက်ထပ်သွားသူလေးပါ။ ပင်ကိုယ်အလှနဲ့ ချစ်စရာကောင်းတဲ့ဟန်ပန်လေးကြောင့် ပုရိသတို့ရဲ့ အသည်းနှလုံးကို ဆွဲခါနိုင်ခဲ့တဲ့ ဒီသတို့သမီးလေးရဲ့ ရုတ်တရက်မင်္ဂလာပွဲဟာ ရိုးရိုးရှင်းရှင်းလေး ကျင်းပပြီးစီးသွားခဲ့ပေမဲ့ အားလုံးကတော့ အခုသားလေး Liam ရတဲ့အချိန်ထိ နှမြောသတဖြစ်နေကြသေးတာပါပဲ။ (မယုံရင်ခေးခေး ဓာတ်ပုံတစ်ခါတင်တိုင်း သူ့ပုံအောက်က ကောမန့်တွေသွားဖတ် :P)
cele weddings
ခေးလေးရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲ
(Photo Credit)
cele weddings
ခေးလေးရဲ့ မင်္ဂလာညစာစားပွဲ (Photo Credit)
cele weddings
ခုတော့ Liam လေးရဲ့မေမေဖြစ်နေပါပြီ
(Photo Credit)
Related Article >>> လက်ထပ်ခါနီး အပျော်ခရီးမှာ အလှကြီးလှနေတဲ့ ပရီယန်ကာချိုပရာ
(၂) နဒီရွှေရည် (ကေးကေး)
ဝတ်မှုံရွှေရည်ရဲ့ ညီမချောလေး ကေးကေးကလည်း ၂၀၁၈ ရဲ့မတ်လ ၃ ရက်နေ့မှာ သူ(မ) ရဲ့ချစ်သူနဲ့ ရွှေလက်တွဲသွားခဲ့ပါတယ်။ ကေးကေးလေးကို Hearty Heart ကြော်ငြာမှာမှ လူသိများလာပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် လူအများက အာရုံစိုက်လာတဲ့ မိန်းမပျိုလေးပါ။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူ(မ) ရဲ့မင်္ဂလာပွဲအကြောင်းကို သူ(မ) ရဲ့ အစ်မဖြစ်သူ ဝတ်မှုံရွှေရည်နဲ့ ဝမ်းကွဲအစ်မဖြစ်သူ ရွှေရည်ကိုဦး (ဖွေးဖွေး) တို့ရဲ့ဓာတ်ပုံကနေ တစ်ဆင့် သိလိုက်တဲ့အခါမှာတော့ အားလုံးက အံ့သြမှင်သက်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း အချစ်မှာ ကြီးသည်ငယ်သည်ဆိုတာ မရှိဘူးလေ။ ဘဝနှစ်ခုကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ရင် ပြီးတာပဲမလား။ သူ(မ) လေးကတော့ မင်္ဂလာပွဲမှာ ပျော်နေလေရဲ့။
cele weddings
ချစ်စရာကောင်းနေကြတဲ့ သူတို့
(Photo Credit)
cele weddings
ညီအစ်မတွေ ချစ်နေကြတာ
(Photo Credit)
Related Article >>> ၁၉နှစ်ကြာ အိမ်ထောင်ရေးကို မပြိုကွဲအောင် ဒေးဗစ်နဲ့ဗစ်တိုးရီးယား ဘက်ခမ်းတို့ ဘာတွေကို ဘယ်လိုကျော်ဖြတ်ခဲ့ရလဲ?
(၃) ရွှေမှုံရတီ (သဲ)
မြန်မာပြည်ရဲ့ ဂယက်တကာ့ဂယက်ထဲမှာမှ အကြီးဆုံးဂယက်ပိုင်ရှင် သဲသဲရဲ့ မင်္ဂလာပွဲကလည်း ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို အကြီးအကျယ်ခံခဲ့ရပါတယ်။ ၂.၁၁.၂၀၁၈ မှာ မင်္ဂလာဖိတ်စာကို ဖေ့စဘုတ် စာမျက်နှာကနေတစ်ဆင့် ရုတ်တရက် အသိပေးပြီးနောက်မှာတော့ မင်္ဂလာပွဲပုံရိပ်တွေ တောက်လျှောက် တက်လာခဲ့တာဖြစ်ပါတယ်။ ဘယ်လောက်ပဲ လူတွေကတိုက်ခိုက်နေပါစေ ချစ်သူလက်ကို ရဲရဲဝံ့ဝံ့တွဲရဲတဲ့ သတ္တိကတော့ အမေးဇင်းပါပဲ။ သဲရဲ့မင်္ဂလာပွဲကိုတော့ ၁၁.၁၁.၂၀၁၈, အင်းယားလိပ်ဟော်တယ်မှာ ချစ်ရတဲ့လူတွေနဲ့အတူ ကျင်းပခဲ့ပါတယ်။
cele weddings
၃၀.၁.၂၀၁၈ (လက်မှတ်ရေးထိုးပွဲ)
(Photo Credit)
cele weddings
၉.၁၁.၂၀၁၈ (မင်္ဂလာဆွမ်းကျွေးအလှူ)
(Photo Credit)
cele weddings
မနေ့ည (၁၁.၁၁.၂၀၁၈) မှာတော့ မင်္ဂလာညစာစားပွဲကို ချစ်ရတဲ့လူတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားခဲ့ပါတယ်
(Photo Credit)
cele weddings
မနေ့ည (၁၁.၁၁.၂၀၁၈) မှာတော့ မင်္ဂလာညစာစားပွဲကို ချစ်ရတဲ့လူတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားခဲ့ပါတယ်
(Photo Credit)
ကဲ ဒီသတို့သမီးလေးတွေကတော့ ဘဝလမ်းကို ကိုယ်ချစ်တဲ့လူတွေနဲ့ လူတွေရဲ ဝေဖန်တိုက်ခိုက်မှု ကြားကနေ သတ္တိရှိရှိရွေးချယ်သွားပြီနော်။ ဘာကြည့်နေတာလဲ ကိုယ့်သူငယ်ချင်းအုပ်ထဲမှာ အရှေ့ကနေဘူပိတ်နေတဲ့ လူတွေကို မန်းရှင်းခေါ်ပြလိုက်တော့လေ။ 😛
Hnin Ei Oo (For Her Myanmar)
Hnin Ei Oo
Hnin Ei Oo
အလှအပ၊ ဖက်ရှင်၊ gym နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ အချစ်ရေး စတဲ့ကဏ္ဍတွေကို အဓိကထားရေးတဲ့ စာရေးသူပေါက်စလေး တျောက်ပါ 😁 အခွီနဲ့ စိတ်ဓာတ်ခွန်အားပေးစာတွေကိုလည်း ဒဲ့တိုးတွေ ရေးတတ်ပါသေးတယ် 😛
Leave a Reply
Your email address will not be published. Required fields are marked *