Deepika Pandukone ရဲ႕ က်စ္လ်စ္တဲ့ အလွရဲ႕ လွ်ိဳ႕ဝွက္ခ်က္မ်ား

သူ႔ရဲ႕က်စ္လ်စ္သြယ္လ်ေနရျခင္း အေၾကာင္းက ဒီလုိတဲ့ …

ဒီဘက္ႏွစ္ေတြရဲ႕ ေဘာလိဝုဒ္နာမည္ႀကီး ဇာတ္လမ္းေတြမွာ ေခါင္းေဆာင္မင္းသမီးအျဖစ္ သရုပ္ေဆာင္တဲ့ ရွည္ရွည္သြယ္သြယ္ မင္းသမီးေခ်ာေလး Deepika Padukone ကိုေယာင္းတုိ႔သိမွာပါ။ က်စ္လ်စ္တဲ့ ခႏၶာကိုယ္ပိုင္ရွင္ေလးမုိ႔ သူ႔ခႏၶာကိုယ္ေလးကို အားက်တဲ့သူေတြ မ်ားမွာပဲေနာ္။ အံ့ၾသစရာက ဒီပီကာဟာ အရမ္းအခ်ိဳႀကိဳက္သူပါတဲ့။ ဒီလို အခ်ိဳႀကိဳက္တဲ့ အမ်ိဳးသမီးေလးက အၿမဲက်စ္လ်စ္ေနတဲ့ လွ်ိဳ႕ဝွက္ခ်က္တစ္ခုခုေတာ့႐ွိမွာေပါ့။ ဟုတ္ပါတယ္ သူ႔မွာ လွ်ိဳ႕ဝွက္ခ်က္႐ွိပါတယ္။ အဲဒါက အရမ္းထူးဆန္းခက္ခဲတာေတာ့မဟုတ္ပါဘူး။ က်န္းမာေရးနဲ႔ ညီညြတ္ေအာင္စားတာနဲ႔ ေလ့က်င့္ခန္းလုပ္တာပါတဲ့။ အဲဒီေတာ့ သူ႔ရဲ႕ေန႔စဥ္စားေသာက္မႈပံုစံနဲ႔ ေလ့က်င့္ခန္းေတြအေၾကာင္းကို အက္ဒ္မင္တို႔ ေလ့လာၾကည့္ၾကရေအာင္ေနာ္…

၁။ Deepika ရဲ႕စားေသာက္မႈပံုစံ

Deepika

မနက္စာ: အဆီထုတ္ႏို႕တစ္ခြက္၊ ၾကက္ဥႏွစ္လံုး သို႔မဟုတ္ တိုရွည္အလြတ္ႏွစ္ခ်ပ္
ေန႔လည္စာ: ခ်ာပါတီ၊ ဟင္းသီးဟင္းရြက္၊ ငါးကင္
အပ်င္းေျပစားစရာ: ေကာ္ဖီ၊ အေစ့အဆံေလွာ္ေတြ၊ ဒါမွမဟုတ္ သစ္သီးေျခာက္ေတြညေနစာ: အသီးအရြက္၊ ခ်ာပါတီ၊ အရြက္သုပ္ (သို႔) ရာသီစာအသီးေတြ၊ အုန္းစိမ္းရည္ (သို႔) သစ္သီးေဖ်ာ္ရည္
အခ်ိဳပြဲ : ေခ်ာကလက္အညိဳ

သူ႕ရဲ႕ စားေသာက္ပံုဇယားဟာ အေျပာင္းအလဲရွိေပမဲ့ ဒီလုိ ကယ္လိုရီနည္းတာေတြပဲ စားပါတယ္တဲ့။ မနက္ မိုးလင္းလင္းခ်င္းမွာေတာ့ ပ်ားသံပုရာရည္ေႏြးေႏြးတစ္ခြက္ကို ေသာက္ပါတယ္။ ေနာက္ၿပီး ထူးျခားတာက သူမရဲ႕ ဇီဝျဖစ္စဥ္ သြက္လက္ေနေစဖို႔ အစားကို ႏွစ္နာရီျခား တစ္ခါေလာက္ စားေပးပါတယ္တဲ့။ စားတာကလည္း သစ္သီးေတြ၊ အုန္းစိမ္းရည္ (သို႔) အသီးေဖ်ာ္ရည္စတာေတြပဲျဖစ္ပါတယ္။ ပိန္ခ်င္လို႔ အငတ္ခံတာက ဝိတ္ခ်ဖုိ႔ခက္ခဲေစၿပီး ဒီလိုစားတာက ဝိတ္က်လြယ္သတဲ့ေလ။

အခ်ိဳအရမ္းႀကိဳက္တဲ့ သူဟာ ကိုယ့္ကိုယ္ကိုယ္ အလိုလိုက္ၿပီး အခ်ိဳေတြအရမ္းစားတာမ်ိဳးလည္း မလုပ္၊ ကိုယ့္ကိုယ္ကိုယ္ ညွဥ္းဆဲၿပီး မစားဘဲ ေနတာမ်ိဳးမဟုတ္ဘဲ အတန္အသင့္သာ စားပါသတဲ့ေလ။ သြယ္လ်ခ်င္သူေတြအတြက္ သူေပးတဲ့ အႀကံေတြကေတာ့

၁။ အလြန္အကၽြံမစားပါနဲ႔။

၂။ ၇ နာရီေနာက္ပိုင္းမွာ ထမင္းမစားပါနဲ႔။

၃။ အစားကို အခ်ိန္မွန္မွန္စားပါ။

၄။ အသီးအရြက္မ်ားမ်ားစားပါ။

စတာေတြပါတဲ့…

Related Article >>> အပ်ိဳရံႈးေလာက္တဲ့ ခႏၶာကိုယ္ပိုင္ရွင္ ဆယ္လီ ေမေမမ်ား

၂။ Deepika ရဲ႕ေလ့က်င့္ခန္းပံုစံ

Deepika

Deepika က မနက္တုိင္း ၾကက္ေတာင္ရိုက္ေလ့ ရွိပါတယ္။ အၿမဲ က်စ္လ်စ္ေနေစဖို႔ ျပဳလုပ္တဲ့ေလ့က်င့္ခန္းေတြကေတာ့ ေယာဂ၊ အက၊ လမ္းေလွ်ာက္တာ၊ ဝိတ္မတာ စတာေတြပါတဲ့။ ဒါေတြကို အေျပာင္းအလဲနဲ႔ ေဆာ့ေလ့႐ွိသတဲ့။ သူက အေျပးေလ့က်င့္ခန္းကိုေတာ့ သိပ္မႀကိဳက္လုိ႔မေျပးျဖစ္သလို Gym ေဆာ့ရတာလည္း သိပ္မႀကိဳက္လုိ႔ တစ္ခါတစ္ရံမွသာ ေဆာ့တတ္သူပါ။ အရမ္းအလုပ္မ်ားတဲ့ေန႔ေတြမွာေတာ့ အခ်ိန္တိုနဲ႔ ထိေရာက္တဲ့ ေလ့က်င့္ခန္းေတါ လုပ္ျဖစ္တယ္လို႔ ဆိုပါတယ္။

က်စ္လ်စ္တဲ့ ခႏၶာကိုယ္ကိုပိုင္ဆိုင္ဖုိ႔အတြက္ Deepika ေပးတဲ့အႀကံဉာဏ္ေတြကေတာ့

၁။ ပံုမွန္ ကိုယ္လက္လႈပ္႐ွားမႈလုပ္ၿပီး က်န္းမာစြာ စားပါ

၂။ ေရဝဝေသာက္ပါ

၃။ စိတ္ဖိစီးမႈ ကင္းေစဖို႔ တရားထိုင္ပါ စတာေတြပဲ ျဖစ္ပါတယ္။

ဒါကေတာ့ မင္းသမီးေခ်ာေလး Deepika Pandukone ရဲ႕ က်စ္လ်စ္တဲ့ အလွေနာက္ကြယ္ကလွ်ိဳ႕ဝွက္ခ်က္ေလးေတြေပါ့ေနာ္။ ေယာင္းတုိ႔လည္း သူ႔ရဲ႕နည္းနာေလးေတြထဲက ကိုယ္နဲ႔ အဆင္ေျပတာကို ထိန္းညွိက်င့္သုံးလိုက္ပါဦးကြယ္…

Sugar Cane (For Her Myanmar)

References : stylecrazeindiatoday

<<< Unicode >>>

သူ့ရဲ့ကျစ်လျစ်သွယ်လျနေရခြင်း အကြောင်းက ဒီလိုတဲ့ …

ဒီဘက်နှစ်တွေရဲ့ ဘောလိဝုဒ်နာမည်ကြီး ဇာတ်လမ်းတွေမှာ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်တဲ့ ရှည်ရှည်သွယ်သွယ် မင်းသမီးချောလေး Deepika Padukone ကိုယောင်းတို့သိမှာပါ။ ကျစ်လျစ်တဲ့ ခန္ဓာကိုယ်ပိုင်ရှင်လေးမို့ သူ့ခန္ဓာကိုယ်လေးကို အားကျတဲ့သူတွေ များမှာပဲနော်။ အံ့သြစရာက ဒီပီကာဟာ အရမ်းအချိုကြိုက်သူပါတဲ့။ ဒီလို အချိုကြိုက်တဲ့ အမျိုးသမီးလေးက အမြဲကျစ်လျစ်နေတဲ့ လျှို့ဝှက်ချက်တစ်ခုခုတော့ရှိမှာပေါ့။ ဟုတ်ပါတယ် သူ့မှာ လျှို့ဝှက်ချက်ရှိပါတယ်။ အဲဒါက အရမ်းထူးဆန်းခက်ခဲတာတော့မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားတာနဲ့ လေ့ကျင့်ခန်းလုပ်တာပါတဲ့။ အဲဒီတော့ သူ့ရဲ့နေ့စဉ်စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်းတွေအကြောင်းကို အက်ဒ်မင်တို့ လေ့လာကြည့်ကြရအောင်နော်…

၁။ Deepika ရဲ့စားသောက်မှုပုံစံ

Deepika

မနက်စာ: အဆီထုတ်နို့တစ်ခွက်၊ ကြက်ဥနှစ်လုံး သို့မဟုတ် တိုရှည်အလွတ်နှစ်ချပ်
နေ့လည်စာ: ချာပါတီ၊ ဟင်းသီးဟင်းရွက်၊ ငါးကင်
အပျင်းပြေစားစရာ: ကော်ဖီ၊ အစေ့အဆံလှော်တွေ၊ ဒါမှမဟုတ် သစ်သီးခြောက်တွေညနေစာ: အသီးအရွက်၊ ချာပါတီ၊ အရွက်သုပ် (သို့) ရာသီစာအသီးတွေ၊ အုန်းစိမ်းရည် (သို့) သစ်သီးဖျော်ရည်
အချိုပွဲ : ချောကလက်အညို

သူ့ရဲ့ စားသောက်ပုံဇယားဟာ အပြောင်းအလဲရှိပေမဲ့ ဒီလို ကယ်လိုရီနည်းတာတွေပဲ စားပါတယ်တဲ့။ မနက် မိုးလင်းလင်းချင်းမှာတော့ ပျားသံပုရာရည်နွေးနွေးတစ်ခွက်ကို သောက်ပါတယ်။ နောက်ပြီး ထူးခြားတာက သူမရဲ့ ဇီဝဖြစ်စဉ် သွက်လက်နေစေဖို့ အစားကို နှစ်နာရီခြား တစ်ခါလောက် စားပေးပါတယ်တဲ့။ စားတာကလည်း သစ်သီးတွေ၊ အုန်းစိမ်းရည် (သို့) အသီးဖျော်ရည်စတာတွေပဲဖြစ်ပါတယ်။ ပိန်ချင်လို့ အငတ်ခံတာက ဝိတ်ချဖို့ခက်ခဲစေပြီး ဒီလိုစားတာက ဝိတ်ကျလွယ်သတဲ့လေ။

အချိုအရမ်းကြိုက်တဲ့ သူဟာ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်ပြီး အချိုတွေအရမ်းစားတာမျိုးလည်း မလုပ်၊ ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲပြီး မစားဘဲ နေတာမျိုးမဟုတ်ဘဲ အတန်အသင့်သာ စားပါသတဲ့လေ။ သွယ်လျချင်သူတွေအတွက် သူပေးတဲ့ အကြံတွေကတော့

၁။ အလွန်အကျွံမစားပါနဲ့။

၂။ ၇ နာရီနောက်ပိုင်းမှာ ထမင်းမစားပါနဲ့။

၃။ အစားကို အချိန်မှန်မှန်စားပါ။

၄။ အသီးအရွက်များများစားပါ။

စတာတွေပါတဲ့…

Related Article >>> အပျိုရှုံးလောက်တဲ့ ခန္ဓာကိုယ်ပိုင်ရှင် ဆယ်လီ မေမေများ

၂။ Deepika ရဲ့လေ့ကျင့်ခန်းပုံစံ

Deepika

Deepika က မနက်တိုင်း ကြက်တောင်ရိုက်လေ့ ရှိပါတယ်။ အမြဲ ကျစ်လျစ်နေစေဖို့ ပြုလုပ်တဲ့လေ့ကျင့်ခန်းတွေကတော့ ယောဂ၊ အက၊ လမ်းလျှောက်တာ၊ ဝိတ်မတာ စတာတွေပါတဲ့။ ဒါတွေကို အပြောင်းအလဲနဲ့ ဆော့လေ့ရှိသတဲ့။ သူက အပြေးလေ့ကျင့်ခန်းကိုတော့ သိပ်မကြိုက်လို့မပြေးဖြစ်သလို Gym ဆော့ရတာလည်း သိပ်မကြိုက်လို့ တစ်ခါတစ်ရံမှသာ ဆော့တတ်သူပါ။ အရမ်းအလုပ်များတဲ့နေ့တွေမှာတော့ အချိန်တိုနဲ့ ထိရောက်တဲ့ လေ့ကျင့်ခန်းတေါ လုပ်ဖြစ်တယ်လို့ ဆိုပါတယ်။

ကျစ်လျစ်တဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ဖို့အတွက် Deepika ပေးတဲ့အကြံဉာဏ်တွေကတော့

၁။ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုလုပ်ပြီး ကျန်းမာစွာ စားပါ

၂။ ရေဝဝသောက်ပါ

၃။ စိတ်ဖိစီးမှု ကင်းစေဖို့ တရားထိုင်ပါ စတာတွေပဲ ဖြစ်ပါတယ်။

ဒါကတော့ မင်းသမီးချောလေး Deepika Pandukone ရဲ့ ကျစ်လျစ်တဲ့ အလှနောက်ကွယ်ကလျှို့ဝှက်ချက်လေးတွေပေါ့နော်။ ယောင်းတို့လည်း သူ့ရဲ့နည်းနာလေးတွေထဲက ကိုယ်နဲ့ အဆင်ပြေတာကို ထိန်းညှိကျင့်သုံးလိုက်ပါဦးကွယ်…

Sugar Cane (For Her Myanmar)

References : stylecrazeindiatoday

No Comments Yet

Comments are closed