ၾသဇာအ႐ွိဆံုးအမ်ိဳးသမီး ၁၀၀ စာရင္းမွာ ပါဝင္သြားတဲ့ ပရီယန္ကာခ်ိဳပရာ

ပရီတို႔ကေတာ့ စန္းေတြ ဆက္တိုက္ပြင့္ေနတယ္ ဆိုရမလားေနာ္

လတ္တေလာေလးမွာတင္ အသက္ဆယ္ႏွစ္ေက်ာ္ငယ္တဲ့ ခ်စ္သူနဲ႔ ငါးရက္တုိင္တိုင္မဂၤလာပြဲႀကီး ခမ္းခမ္းနားနား က်င္းပခဲ့သူ အိႏၵိယမင္းသမီးေခ်ာ ပရီယန္ကာ ခ်ိဳပရာဟာ Forbes မဂၢဇင္းက ေရြးခ်ယ္တင္ျပတဲ့ ၂၀၁၈ ခုႏွစ္အတြင္း ကမာၻေပၚမွာၾသဇာအ႐ွိဆံုး အမ်ိဳးသမီး ၁၀၀ စာရင္းထဲပါဝင္သြားၿပီျဖစ္ပါတယ္။ ဒီစာရင္းထဲမွာ ပရီယန္ကာအပါအဝင္ အိႏၵိယအမ်ိဳးသမီး ေလးေယာက္ပါဝင္ပါတယ္။

ဒါဟာ သူ႔အတြက္ ဒုတိယအႀကိမ္ေျမာက္ ေ႐ြးခ်ယ္ခံရျခင္းလည္း ျဖစ္ပါတယ္။ ပရီယန္ကာဟာ Forbes က ေ႐ြးခ်ယ္တဲ့ ၂၀၁၇ ခုႏွစ္ရဲ႕ ၾသဇာအ႐ွိဆံုးအမ်ိဳးသမီး ၁၀၀ စာရင္းမွာ ပါဝင္ခဲ့ပါေသးတယ္။ မႏွစ္က စာရင္းမွာေတာ့ ၉၇ ေယာက္ေျမာက္ အမ်ိဳးသမီးျဖစ္ခဲ့ၿပီး ဒီႏွစ္ ၂၀၁၈ မွာေတာ့ သံုးေနရာတက္လို႔ ၉၄ ေယာက္ေျမာက္ ၾသဇာအ႐ွိဆံုး အမ်ိဳးသမီးျဖစ္သြားပါၿပီ။

Related Article >>> ပရီယန္ကာခ်ိဳပရာ နဲ႕ နစ္ခ္ဂ်ိဳးနက္စ္ တို႕ရဲ႕ အခ်စ္လမ္းခရီး

ဒီအေၾကာင္းကို မင္းသမီးက သူ႔ရဲ႕ Instagram အေကာင့္မွာတင္ခဲ့ကာ ဒီလုိဆုိခဲ့ပါတယ္။

ေက်းဇူးတင္ပါတယ္ Forbes ။ အခုလို စြမ္းရည္ျမင့္မားတဲ့ ထူးခၽြန္အမ်ိဳးသမီးစာရင္းမွာ ဒုတိယအႀကိမ္ေျမာက္ပါဝင္ခြင့္ရလုိ႔ သိပ္ကိုဂုဏ္ယူမိပါတယ္။ ဒါဟာ ကၽြန္မကို အငတ္ခံဖို႔ (မေနမနားႀကိဳးစားတာကို ဆိုလိုခ်င္တယ္နဲ႔တူပါတယ္)၊ လက္႐ွိေနရာကေန ဆက္ၿပီးအားထုတ္ဖုိ႔၊ ကၽြန္မျမတ္ႏိုးတဲ့အရာကို ဆက္လက္လုပ္ေဆာင္ဖုိ႔ အားေပးလိုက္တာပါပဲ။ ဒါ့အျပင္ Hash Tag နဲ႔ Back to Work လို႔ေရးထားပါတယ္။ ၾကည့္ရတာ မဂၤလာပြဲအၿပီး အလုပ္ေတြျပန္စေနၿပီတူပါရဲ႕ေနာ္။

Related Article >>> လက္ထပ္ခါနီး အေပ်ာ္ခရီးမွာ အလွႀကီးလွေနတဲ့ ပရီယန္ကာခ်ိဳပရာ

Forbes ကေတာ့ ပရီယန္ကာကို ေ႐ြးခ်ယ္ခဲ့တာ အေအာင္ျမင္ဆံုး ေဘာလိဝုဒ္မင္းသမီးျဖစ္သလို ေဟာလိဝုဒ္အထိေျခဆန္႔ကာ ေအာင္ျမင္ခဲ့သူျဖစ္တာေၾကာင့္လုိ႔ဆုိပါတယ္။ ပရီယန္ကာဟာ ေဟာလီးဝုဒ္က Quantico ဇာတ္လမ္းတြဲရဲ႕ ေခါင္းေဆာင္မင္းသမီးျဖစ္သလို Baywatch ႐ုပ္႐ွင္မွာလည္း ပါဝင္ထားပါတယ္။ ဒါ့အျပင္ သူဟာ ယူနီဆက္ဖ္ ရဲ႕ သံတမန္တစ္ဦးလည္း ျဖစ္ပါတယ္။

Forbes မဂၢဇင္းက ႏွစ္စဥ္ႏွစ္တိုင္း ဒီဇင္ဘာလေရာက္ရင္ ကမာၻအႏွံ႔က ႏိုင္ငံေရး၊ စီးပြားေရး၊ နည္းပညာ၊ လူမႈေရး နဲ႔ ပရဟိတ၊ အႏုပညာ နဲ႔ ေဖ်ာ္ေျဖေရး စသျဖင့္ နယ္ပယ္ေပါင္းစံုက ထိပ္တန္းအမ်ိဳးသမီးေတြကို ေ႐ြးခ်ယ္ၿပီး ၾသဇာအ႐ွိဆံုးအမ်ိဳးသမီး ၁၀၀ စာရင္းကို ေ႐ြးခ်ယ္ေဖာ္ျပေလ့႐ွိပါတယ္။

ဒီႏွစ္စာရင္းရဲ႕ ထိပ္ဆံုးမွာေနရာယူထားသူက ဂ်ာမနီႏိုင္ငံရဲ႕ အဓိပတိ (သမၼတ တို႔ ဝန္ႀကီးခ်ဳပ္တို႔လို ရာထူးပါ) အန္ဂ်လာမာေကး ျဖစ္ပါတယ္။ စာရင္းမွာပါတဲ့ အျခား ထင္႐ွားတဲ့ အမ်ိဳးသမီးေတြကေတာ့ အဲလိဇဘက္ဘုရင္မႀကီး၊ အိုင္ဗန္ကာထရမ့္၊ ဆရီနာဝီလွ်ံ (တင္းနစ္အားကစားမယ္)၊ ေအာ္ပရာဝင္းေဖး တုိ႔ျဖစ္ၿပီး ကမာၻေက်ာ္ အႏုပညာ႐ွင္ေတြျဖစ္တဲ့ ဘီယြန္ေစးလ္ နဲ႔ ေတလာဆြစ္ဖ္တို႔ ပါဝင္ပါတယ္။

ေယာင္းတို႔လည္း ဒီလို ထူးခၽြန္ထက္ျမက္တဲ့ အမ်ိဳးသမီး စာရင္းဝင္ျဖစ္ႏုိင္ၾကပါေစလို႔..

Sugar Cane (For Her Myanmar)

References : www.ndtv.comdailymailforbes

<<< Unicode >>>

ပရီတို့ကတော့ စန်းတွေ ဆက်တိုက်ပွင့်နေတယ် ဆိုရမလားနော်

လတ်တလောလေးမှာတင် အသက်ဆယ်နှစ်ကျော်ငယ်တဲ့ ချစ်သူနဲ့ ငါးရက်တိုင်တိုင်မင်္ဂလာပွဲကြီး ခမ်းခမ်းနားနား ကျင်းပခဲ့သူ အိန္ဒိယမင်းသမီးချော ပရီယန်ကာ ချိုပရာဟာ Forbes မဂ္ဂဇင်းက ရွေးချယ်တင်ပြတဲ့ ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာပေါ်မှာသြဇာအရှိဆုံး အမျိုးသမီး ၁၀၀ စာရင်းထဲပါဝင်သွားပြီဖြစ်ပါတယ်။ ဒီစာရင်းထဲမှာ ပရီယန်ကာအပါအဝင် အိန္ဒိယအမျိုးသမီး လေးယောက်ပါဝင်ပါတယ်။

ဒါဟာ သူ့အတွက် ဒုတိယအကြိမ်မြောက် ရွေးချယ်ခံရခြင်းလည်း ဖြစ်ပါတယ်။ ပရီယန်ကာဟာ Forbes က ရွေးချယ်တဲ့ ၂၀၁၇ ခုနှစ်ရဲ့ သြဇာအရှိဆုံးအမျိုးသမီး ၁၀၀ စာရင်းမှာ ပါဝင်ခဲ့ပါသေးတယ်။ မနှစ်က စာရင်းမှာတော့ ၉၇ ယောက်မြောက် အမျိုးသမီးဖြစ်ခဲ့ပြီး ဒီနှစ် ၂၀၁၈ မှာတော့ သုံးနေရာတက်လို့ ၉၄ ယောက်မြောက် သြဇာအရှိဆုံး အမျိုးသမီးဖြစ်သွားပါပြီ။

Related Article >>> ပရီယန်ကာချိုပရာ နဲ့ နစ်ခ်ဂျိုးနက်စ် တို့ရဲ့ အချစ်လမ်းခရီး

ဒီအကြောင်းကို မင်းသမီးက သူ့ရဲ့ Instagram အကောင့်မှာတင်ခဲ့ကာ ဒီလိုဆိုခဲ့ပါတယ်။

ကျေးဇူးတင်ပါတယ် Forbes ။ အခုလို စွမ်းရည်မြင့်မားတဲ့ ထူးချွန်အမျိုးသမီးစာရင်းမှာ ဒုတိယအကြိမ်မြောက်ပါဝင်ခွင့်ရလို့ သိပ်ကိုဂုဏ်ယူမိပါတယ်။ ဒါဟာ ကျွန်မကို အငတ်ခံဖို့ (မနေမနားကြိုးစားတာကို ဆိုလိုချင်တယ်နဲ့တူပါတယ်)၊ လက်ရှိနေရာကနေ ဆက်ပြီးအားထုတ်ဖို့၊ ကျွန်မမြတ်နိုးတဲ့အရာကို ဆက်လက်လုပ်ဆောင်ဖို့ အားပေးလိုက်တာပါပဲ။ ဒါ့အပြင် Hash Tag နဲ့ Back to Work လို့ရေးထားပါတယ်။ ကြည့်ရတာ မင်္ဂလာပွဲအပြီး အလုပ်တွေပြန်စနေပြီတူပါရဲ့နော်။

Related Article >>> လက်ထပ်ခါနီး အပျော်ခရီးမှာ အလှကြီးလှနေတဲ့ ပရီယန်ကာချိုပရာ

Forbes ကတော့ ပရီယန်ကာကို ရွေးချယ်ခဲ့တာ အအောင်မြင်ဆုံး ဘောလိဝုဒ်မင်းသမီးဖြစ်သလို ဟောလိဝုဒ်အထိခြေဆန့်ကာ အောင်မြင်ခဲ့သူဖြစ်တာကြောင့်လို့ဆိုပါတယ်။ ပရီယန်ကာဟာ ဟောလီးဝုဒ်က Quantico ဇာတ်လမ်းတွဲရဲ့ ခေါင်းဆောင်မင်းသမီးဖြစ်သလို Baywatch ရုပ်ရှင်မှာလည်း ပါဝင်ထားပါတယ်။ ဒါ့အပြင် သူဟာ ယူနီဆက်ဖ် ရဲ့ သံတမန်တစ်ဦးလည်း ဖြစ်ပါတယ်။

Forbes မဂ္ဂဇင်းက နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလရောက်ရင် ကမ္ဘာအနှံ့က နိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာ၊ လူမှုရေး နဲ့ ပရဟိတ၊ အနုပညာ နဲ့ ဖျော်ဖြေရေး စသဖြင့် နယ်ပယ်ပေါင်းစုံက ထိပ်တန်းအမျိုးသမီးတွေကို ရွေးချယ်ပြီး သြဇာအရှိဆုံးအမျိုးသမီး ၁၀၀ စာရင်းကို ရွေးချယ်ဖော်ပြလေ့ရှိပါတယ်။

ဒီနှစ်စာရင်းရဲ့ ထိပ်ဆုံးမှာနေရာယူထားသူက ဂျာမနီနိုင်ငံရဲ့ အဓိပတိ (သမ္မတ တို့ ဝန်ကြီးချုပ်တို့လို ရာထူးပါ) အန်ဂျလာမာကေး ဖြစ်ပါတယ်။ စာရင်းမှာပါတဲ့ အခြား ထင်ရှားတဲ့ အမျိုးသမီးတွေကတော့ အဲလိဇဘက်ဘုရင်မကြီး၊ အိုင်ဗန်ကာထရမ့်၊ ဆရီနာဝီလျှံ (တင်းနစ်အားကစားမယ်)၊ အော်ပရာဝင်းဖေး တို့ဖြစ်ပြီး ကမ္ဘာကျော် အနုပညာရှင်တွေဖြစ်တဲ့ ဘီယွန်စေးလ် နဲ့ တေလာဆွစ်ဖ်တို့ ပါဝင်ပါတယ်။

ယောင်းတို့လည်း ဒီလို ထူးချွန်ထက်မြက်တဲ့ အမျိုးသမီး စာရင်းဝင်ဖြစ်နိုင်ကြပါစေလို့..

Sugar Cane (For Her Myanmar)

References : www.ndtv.comdailymailforbes

No Comments Yet

Comments are closed