လည်ချောင်းကင်ဆာ သက်သာစပြုလို့ ဟာဝိုင်အီမှာ လျှောက်လည်နေတဲ့ ကင်ဝူဘင်

ကင်ဝူဘင်လေးကို မတွေ့ရတာကြာလို့ လွမ်းနေတဲ့ ယောင်းတို့အတွက်….

ယောင်းတို့ထဲက ကင်ဝူဘင် ပရိသတ်တွေပါရင် လက်ညှိုးထောင် ! အိမွန်က ပျောက်နေတာကြာပြီဖြစ်တဲ့ မင်းသားဝူဘင်ကို မေ့သွားမှာစိုးလို့ သတင်းကောင်းလေး လာပြောပေးတာပါ။

ကိုရီးယား နိုင်ငံရဲ့ မော်ဒယ်နဲ့ သရုပ်ဆောင် ကင်ဝူဘင်တစ်ယောက် လည်ချောင်းကင်ဆာဖြစ်နေတဲ့ သတင်းကို ကြေညာခဲ့ချိန်မှာ ကမ္ဘာတစ်ဝှမ်း ပရိသတ်တွေက အံ့အားသင့်ခဲ့ကြပါတယ်။ တချို့ဆို ဝမ်းနည်းပြီး ငိုတဲ့အထိပါပဲ။ Calvin Klein လို နာမည်ကြီး Brands ရဲ့ မော်ဒယ်တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်း စတင်ခဲ့တဲ့ ဝူဘင်က ဒရာမာ ဇာတ်လမ်းတွဲ The Heirs မှာ မင်းသား လီမင်ဟိုနဲ့ တွဲဖက် သရုပ်ဆောင်ရင်း နာမည်ကြီးသထက် ကြီးလာတာ ယောင်းတို့လည်း အသိပါ။

Wiretap ဇာတ်လမ်းတွဲ ရိုက်ကူးနေစဉ်အတွင်းမှာ နှာခေါင်းသွေးလျှံပြီး လည်ပင်းရောင်နေတဲ့ ဝူဘင်က ရောဂါရှာဖွေပြီး အခြေအနေသိရအောင် စစ်ဆေးလိုက်ချိန်မှာ ကင်ဆာရောဂါ ဆိုတာကို အံ့အားသင့်စွာ သိရှိခဲ့ရတာပါ။ နေမကောင်းတဲ့ သတင်းကိုတော့ ပရိသတ်တွေဆီ ပေးမသိစေဘဲ ဇာတ်လမ်းတွဲအတွက် ကျန်တဲ့ အပိုင်းတွေကို ဆက်လက် ရိုက်ကူးခဲ့ပါတယ်။ ၂၀၁၇ ဇူလိုင်လမှာတော့ Sidus HQ အေဂျင်စီမှတဆင့် ပရိသတ်တွေဆီ အသိပေးပြီး ကင်ဆာကုထုံး ပထမအကြိမ် ခံယူပြီးပြီဆိုတာ ပြောကြားခဲ့ပါတယ်။ ကင်ဆာကုထုံးဒဏ်ကြောင့် ကိုယ်အလေးချိန် ပေါင် ၂၀ လောက် ထိုးကျသွားခဲ့တဲ့ ဝူဘင်ကို မိသားစုဝင်တွေနဲ့ ချစ်သူ ရှင်မင်းအာက ဂရုစိုက်ပေးခဲ့သလို ပရိသတ်တွေကတော့ fan café ကတဆင့် အားပေးစကား ပြောကြားခဲ့ပါတယ်။

Related Article >>> ကင်ဝူဘင် ပထမဆုံးအကြိမ် ကင်ဆာကုထုံး အောင်မြင်စွာပြီးဆုံး

မင်းသမီး ဆူဇီနဲ့ နောက်ဆုံးရိုက်ခဲ့တဲ့ Uncontrollably bond ဇာတ်လမ်းတွဲမှာလည်း ကုသလို့မရတဲ့ ရောဂါကြောင့် အသက်ရှင်ဖို့ တစ်နှစ်ပဲ အချိန်ရတဲ့ ရှင်းဂျွန်ယောင်းအဖြစ် သရုပ်ဆောင်ခဲ့ချိန်မှာ ပရိသတ်တွေ မျက်ရည်ဝဲခဲ့ပါတယ်။ ဇာတ်လမ်းထဲက ချစ်သူ Eul ရဲ့ ဂရုစိုက်မှုတွေက လက်တွေ့ဘဝရဲ့ ချစ်သူ ရှင်မင်းအာနဲ့ ခပ်ဆင်ဆင် အနေအထား ဖြစ်နေတာကြောင့် အချစ်ပိုတဲ့ ချစ်သူလေးကို ပိုင်ဆိုင်ထားတာ ကံကောင်းတယ်လို့ ဆိုရမှာပါ။

လတ်တလော သြဂုတ်လ ၁၂ ရက်နေ့မှာတော့ ကျန်းမာရေးကောင်းစ ပြုတယ်လို့ ထင်ရတဲ့ ဝူဘင်ကို သူငယ်ချင်းဖြစ်သူ လီဂျောင်ဆွတ်ခ်နဲ့ အတူကော်ဖီဆိုင်တစ်ခုမှာ ယှဉ်တွဲတွေ့လိုက်ရတာ ဖြစ်ပါတယ်။ နှစ်ဦးသားက အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်တာကြောင့် ဒီလိုမျိုး တွေ့လိုက်ရတာက မထူးဆန်းဘူး ဆိုပေမဲ့ ကင်ဝူဘင်ကို လည်ချောင်းကင်ဆာ သက်သာလာပါ့မလား စိုးရိမ်နေကြတဲ့ ပရိသတ်တွေအတွက်တော့ ဒါက ပျော်ရွှင်စရာ မြင်ကွင်းပါပဲ။

ဝူဘင်ကတော့ ကင်ဆာကုထုံးခံယူနေစဉ် အတောအတွင်းမှာ ဆံပင်အရှည်ကြီး ဖြစ်လာလို့ ပရိသတ်တွေ ရုတ်တရုတ် မမှတ်မိလောက်အောင် ဖြစ်ခဲ့ပါတယ်။ ကော်ဖီဆိုင်ထဲက ထွက်ပြီး လမ်းလျှောက်လာတဲ့ဟန်ပန်အနေအထားအရ တော်တော်လေး ရောဂါသက်သာနေပြီ ဆိုတာကို ပရိသတ်တွေဆီ အသိပေးခဲ့ပါတယ်။

သြဂုတ်လ ၂၈ ရက်နေ့မှာတော့ ကင်ဝူဘင်နဲ့ လီဂျောင်ဆွတ်ခ်တို့က ဟာဝိုင်အီကို တူတူသွားပြီး အပန်းဖြေနေကြတာကို တွေ့ရပါတယ်တဲ့။ တီရှပ်နဲ့ အားကစားဖိနပ်စီးထားပြီး ဆံပင်အရှည်စည်းထားတဲ့ ဝူဘင်ကို ဘေးတစ်စောင်းတွေ့လိုက်ရပေမဲ့ အရပ်အမောင်းနဲ့ ခန္ဓာကိုယ်က လုံးဝ ကင်ဝူဘင်သေချာတယ်လို့ သူ့ပရိသတ်တွေက ဆိုပါတယ်။ နေကောင်းပြီဆိုတော့လည်း ပျော်ရတာပေါ့ <3

ကင်ဝူဘင်ကို ချစ်တဲ့ ယောင်းတို့အတွက်လည်း ဒီသတင်းက ဝမ်းသာပြီးရင်း ဝမ်းသာ ဖြစ်စေသလို သူဘယ်တော့ ဇာတ်ကားတွေ ပြန်ရိုက်ဦးမလဲလို့လည်း သိချင်နေကြပါတယ်တဲ့… ဇာတ်ကားထဲ မြင်ရ၊ မမြင်ရဆိုတာက နောက်လေနော်.. လောလောဆယ် ကျန်းမာနေဖို့ အရေးကြီးတယ်မဟုတ်လား <3

With Love,

Ei Mon (For Her Myanmar)

References:Allkpop , Koreaboo

No Comments Yet

Comments are closed