ကိုရီးယားကားအသစ္ေတြကို ေမွ်ာ္လင့္ေစာင့္စားေနတဲ့ ေယာင္းတို႔အတြက္ “New KDrama Alert”

သဘာဝလြန္စိတ္ကူးယဥ္ဇာတ္လမ္းဆိုေတာ့ ဘယ္လိုပြဲဦးထြက္လာမွာပါလိမ့္

ကိုရီးယားဇာတ္လမ္းတြဲေတြကို အသည္းစြဲႀကိဳက္တဲ့ ေယာင္းေတြအတြက္ tvN ကေန ဇာတ္လမ္းသစ္ေလးထြက္ရွိလာေတာ့မွာပါ။ ဇာတ္လမ္းတြဲနာမည္က “Abyss” ျဖစ္ၿပီး ဇာတ္လမ္းအမ်ိဳးအစားကေတာ့ သဘာဝလြန္စိတ္ကူးယဥ္ဇာတ္လမ္းလို႔ သိရပါတယ္။

ဇာတ္လမ္းအက်ဥ္းကေတာ့ အသတ္ခံရၿပီး ေသဆံုးသြားတဲ့လူႏွစ္ေယာက္က Abyss လို႔ေခၚတဲ့ ရွင္သန္ျခင္းေက်ာက္တံုးရဲ႕ အကူအညီနဲ႔ လူ႔ေလာကထဲကို သက္ရွိထင္ရွားျပန္ေရာက္လာပါတယ္။ ဒါေပမဲ့ သူတို႔ႏွစ္ေယာက္ဟာ အရင္ဘဝနဲ႔ လံုးဝမတူညီတဲ့ ရုပ္ရည္သြင္ျပင္ေတြနဲ႔ အသက္ျပန္ရွင္လာတာျဖစ္ၿပီး အဲ့ဒီေနာက္မွာေတာ့ သူတို႔ကိုသတ္ခဲ့တဲ့ လူသတ္သမားေတြကို ရွာေဖြပါေတာ့တယ္။

Related article >>> Park Min Young နဲ႔ Kim Jae Wook တို႔ရဲ႕ မၾကာခင္ထြက္ရွိေတာ့မယ့္ ဒရာမာဇာတ္လမ္းတြဲအသစ္ “Her Private Life”

ဇာတ္ေဆာင္မင္းသမီးကေတာ့ “Strong Woman Do Bong Soon” ဇာတ္ကားထဲက မင္းသမီး Park Bo Young ျဖစ္ၿပီး သာမန္မ်က္ႏွာေပါက္ပိုင္ရွင္ မိန္းကေလးအေနနဲ႔ ျပန္ဝင္စားတဲ့ အသက္ရွဴမွားေလာက္ေအာင္ လွပသူေရွ႕ေနမေလး “Go Se Yeon” အျဖစ္သရုပ္ေဆာင္ထားပါတယ္။ မင္းသားေခ်ာ Ahn Hyo Seop ကေတာ့ ရုပ္ဆိုးေပမဲ့ စိတ္ေကာင္းႏွလံုးေကာင္းရွိတဲ့ အလွကုန္ကုမၸဏီႀကီးရဲ႕ဆက္ခံသူအျဖစ္ကေန ရုပ္ေခ်ာေခ်ာေကာင္ေလးအေနနဲ႔ ျပန္ဝင္စားသူ “Cha Min” ေနရာကေန ပါဝင္ထားပါတယ္။

Related article >>> Netflix ကေန ထုတ္လႊင့္ျပသေနတဲ့ အေကာင္းဆံုးရုပ္သံဇာတ္လမ္းတြဲ (၄) ကား

ဒီဇာတ္လမ္းတြဲကိုေတာ့ ေမလ (၆) ရက္ေန႔မွာ စတင္ထုတ္လႊင့္ျပသသြားမွာျဖစ္ၿပီး ဘယ္လိုဇာတ္လမ္းဇာတ္ကြက္ေတြ ပါလာဦးမလဲ ဆိုတာကိုေတာ့ ရင္ခုန္စြာေစာင့္ၾကည့္ရမွာေပါ့။ ေအာက္က ဗီဒီယိုမွာလည္း ဇာတ္လမ္းအျမည္းေလးကို အရင္ၾကည့္ႏွင့္လို႔ရပါတယ္ေနာ္ …

[embedyt] https://www.youtube.com/watch?v=nsdJLIboGTo[/embedyt] [embedyt] https://www.youtube.com/watch?v=vxG92XLMNqo[/embedyt]

Stella (For Her Myanmar)

<<<Unicode>>>

 

သဘာဝလွန်စိတ်ကူးယဉ်ဇာတ်လမ်းဆိုတော့ ဘယ်လိုပွဲဦးထွက်လာမှာပါလိမ့်

ကိုရီးယားဇာတ်လမ်းတွဲတွေကို အသည်းစွဲကြိုက်တဲ့ ယောင်းတွေအတွက် tvN ကနေ ဇာတ်လမ်းသစ်လေးထွက်ရှိလာတော့မှာပါ။ ဇာတ်လမ်းတွဲနာမည်က “Abyss” ဖြစ်ပြီး ဇာတ်လမ်းအမျိုးအစားကတော့ သဘာဝလွန်စိတ်ကူးယဉ်ဇာတ်လမ်းလို့ သိရပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ အသတ်ခံရပြီး သေဆုံးသွားတဲ့လူနှစ်ယောက်က Abyss လို့ခေါ်တဲ့ ရှင်သန်ခြင်းကျောက်တုံးရဲ့ အကူအညီနဲ့ လူ့လောကထဲကို သက်ရှိထင်ရှားပြန်ရောက်လာပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ အရင်ဘဝနဲ့ လုံးဝမတူညီတဲ့ ရုပ်ရည်သွင်ပြင်တွေနဲ့ အသက်ပြန်ရှင်လာတာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ သူတို့ကိုသတ်ခဲ့တဲ့ လူသတ်သမားတွေကို ရှာဖွေပါတော့တယ်။

Related article >>> Park Min Young နဲ့ Kim Jae Wook တို့ရဲ့ မကြာခင်ထွက်ရှိတော့မယ့် ဒရာမာဇာတ်လမ်းတွဲအသစ် “Her Private Life”

ဇာတ်ဆောင်မင်းသမီးကတော့ “Strong Woman Do Bong Soon” ဇာတ်ကားထဲက မင်းသမီး Park Bo Young ဖြစ်ပြီး သာမန်မျက်နှာပေါက်ပိုင်ရှင် မိန်းကလေးအနေနဲ့ ပြန်ဝင်စားတဲ့ အသက်ရှူမှားလောက်အောင် လှပသူရှေ့နေမလေး “Go Se Yeon” အဖြစ်သရုပ်ဆောင်ထားပါတယ်။ မင်းသားချော Ahn Hyo Seop ကတော့ ရုပ်ဆိုးပေမဲ့ စိတ်ကောင်းနှလုံးကောင်းရှိတဲ့ အလှကုန်ကုမ္ပဏီကြီးရဲ့ဆက်ခံသူအဖြစ်ကနေ ရုပ်ချောချောကောင်လေးအနေနဲ့ ပြန်ဝင်စားသူ “Cha Min” နေရာကနေ ပါဝင်ထားပါတယ်။

Related article >>> Netflix ကနေ ထုတ်လွှင့်ပြသနေတဲ့ အကောင်းဆုံးရုပ်သံဇာတ်လမ်းတွဲ (၄) ကား

ဒီဇာတ်လမ်းတွဲကိုတော့ မေလ (၆) ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး ဘယ်လိုဇာတ်လမ်းဇာတ်ကွက်တွေ ပါလာဦးမလဲ ဆိုတာကိုတော့ ရင်ခုန်စွာစောင့်ကြည့်ရမှာပေါ့။ အောက်က ဗီဒီယိုမှာလည်း ဇာတ်လမ်းအမြည်းလေးကို အရင်ကြည့်နှင့်လို့ရပါတယ်နော် …

[embedyt] https://www.youtube.com/watch?v=nsdJLIboGTo[/embedyt] [embedyt] https://www.youtube.com/watch?v=vxG92XLMNqo[/embedyt]

Stella (For Her Myanmar)

No Comments Yet

Comments are closed