Celebrity News

2018 Miss Universe သရဖူကိုဆြတ္ခူးသြားတဲ့ ဖိလစ္ပိုင္အလွမယ္ Catriona Gray

လွပေၾကာ့႐ွင္း႐ံုတင္မက အရည္အခ်င္း နဲ႔ ျပည့္စံုသူေလးပါတဲ့ …

ဒီေန႔ ဒီဇင္ဘာလ ၁၇ ရက္ေန႔ ၂၀၁၈ ခုႏွစ္ ထိုင္းႏိုင္ငံဘန္ေကာက္ၿမိဳ႕မွာ က်င္းပတဲ့ Miss Universe 2018 ပြဲႀကီးရဲ႕ ေနာက္ဆံုးဖုိင္နယ္ ပြဲစဥ္ၿပီးဆံုးသြားၿပီျဖစ္ပါတယ္။ ပြဲစဥ္အၿပီးမွာ Miss Universe သရဖူကို ေဆာင္းခြင့္ရသြားတာက ဖိလစ္ပိုင္အလွမယ္ Catriona Gray ပါတဲ့ ေယာင္းတို႔ေရ…

သူ နဲ႔ အတူ ဆုရ႐ွိသြားသူေတြကေတာ့ Miss South Africa  Tamaryn Green (1st runner-up) နဲ႔ Miss Venezuela Sthefany Gutiérrez (2nd runner-up) တို႔ ျဖစ္ပါတယ္။ ေနာက္ဆံုး ဆန္ခါတင္ ငါးေယာက္အတြက္ အေမး အေျဖ ၿပိဳင္ပြဲအစီအစဥ္မွာ Catriona ေျဖရတဲ့ ေမးခြန္းက ေဆးေျခာက္နဲ႔ ပတ္သက္တာပဲျဖစ္ပါတယ္။

“ကၽြန္မကေတာ့ ေဆးေျခာက္ကို ေဆးဝါးကုသေရးမွာ အသံုးျပဳဖို႔ တရားဝင္ခြင့္ျပဳတာကို ေထာက္ခံပါတယ္။ အေပ်ာ္ သံုးစြဲဖို႔ ခြင့္ျပဳတာကိုေတာ့ မေထာက္ခံပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ ေဆးလိပ္ နဲ႔ အရက္ ေသာက္သံုးတာေတြအတြက္ပါ လူေတြက ျငင္းခုန္ၾကလိမ့္မယ္။ အရာရာက တန္ေဆး လြန္ေဘး ပဲ မဟုတ္လား႐ွင္” ဆိုၿပီး သူက ေျဖဆိုခဲ့ပါတယ္။

Related Article >>> ၾသဇာအ႐ွိဆံုးအမ်ိဳးသမီး ၁၀၀ စာရင္းမွာ ပါဝင္သြားတဲ့ ပရီယန္ကာခ်ိဳပရာ

သရဖူေဆာင္းႏိုင္ခဲ့ၿပီ

Miss Universe ျဖစ္ခြင့္ရဖို႔အတြက္ ေနာက္ဆံုးအဆံုးအျဖတ္ေပးမယ့္ ေမးခြန္းကိုေတာ့ ေနာက္ဆံုးက်န္တဲ့ ဆန္ခါတင္သံုးေယာက္ျဖစ္ၾကတဲ့ Miss Philippine ၊ Miss South Africa နဲ႔ Miss Venezuela တို႔ကို ေမးခြန္းတစ္ခုတည္းေမးခဲ့တာပါ။ အဲဒီေမးခြန္းကေတာ့ “ကိုယ့္ဘဝမွာ သင္ယူခဲ့ရတဲ့ အေရးအႀကီးဆံုး သင္ခန္းစာက ဘာလဲ” ဆိုတဲ့ေမးခြန္းျဖစ္ပါတယ္။ သူတုိ႔ေျဖဆိုတဲ့ အေျဖကိုမူတည္ၿပီး Miss Universe 2018 ျဖစ္ခြင့္ရမွာျဖစ္ပါတယ္။

Miss Universe 2018 Catriona Gray

Miss Philippine Catriona Gray ေျဖဆိုခဲ့တာကေတာ့ “ ကၽြန္မ တြန္ဒို နဲ႔ မနီလာ ၿမိဳ႕က ဆင္းရဲသားရပ္ကြက္ေတြမွာ အလုပ္ခဲ့ဖူးပါတယ္။ သူတို႔ရဲ႕ အဲဒီက ဘဝေတြက ေၾကကြဲစရာေကာင္းေအာင္ဆင္းရဲၾက႐ွာတယ္။ ဒီအရာေတြထဲမွာ လွပျခင္းကို ႐ွာပါ။ ေကာင္းတာေတြကို႐ွာပါ။ ကေလးေတြရဲ႕ မ်က္ႏွာေလးေတြကေန အလွတရားကိုျမင္ေအာင္ၾကည့္ၿပီး ဝမ္းသာတတ္ပါ လို႔ ကၽြန္မ ကိုယ့္ကိုယ္ကိုယ္ေျပာတယ္။

Catriona Gray

ေနာက္ၿပီး Miss Universe တစ္ေယာက္အေနနဲ႔ အရာရာမွာ အေကာင္းဘက္ကေနျမင္တတ္ဖုိ႔၊ ေျပာေရးဆုိခြင့္႐ွိသူတစ္ေယာက္ အေနနဲ႔ ကိုယ္တတ္ႏုိင္သမွ်အကူအညီေပးဖုိ႔ ေဆာင္ရြက္သြားခ်င္ပါတယ္။

တကယ္လုိ႔သာ လူေတြကိုေက်းဇူးတင္တတ္၊ ဝမ္းသာတတ္ေအာင္ ကၽြန္မ လမ္းျပ ႏုိင္ရင္ မေကာင္းျမင္ျခင္းေတြ က်ဆင္းသြားမယ့္ ေပ်ာ္စရာကမာၻႀကီးကို ကၽြန္မတုိ႔ပိုင္ဆုိင္ႏိုင္ပါလိမ့္မယ္။ ကေလးေလး ေတြလည္း ၿပံဳး႐ႊင္ေနတဲ့ မ်က္ႏွာေလးကို ပိုင္ဆုိင္ႏုိင္ပါလိမ့္မယ္။” ဆိုတာပဲျဖစ္ပါတယ္။

Related Article >>> ဟီရိုးအင္းလို စဲြလမ္းေစမယ္႔ သီခ်င္းေတြနဲ႔ စင္ျမင့္ထက္က Lana Del Rey

Miss Universe ဆုရွင္ဘယ္သူျဖစ္မလဲ ေၾကညာေတာ့မယ့္အခ်ိန္

ဒီ အေျဖစကားေၾကာင့္ သူဟာ ဖိလစ္ပိုင္ႏိုင္ငံအတြက္ စတုတၳေျမာက္ Miss Universe ဆုႀကီးကို ယူႏုိင္ခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕ အရင္ Miss Universe ျဖစ္ခဲ့တဲ့ ဖိလစ္ပိုင္သူေတြက Pia Wurtzbach (2015), Margie Moran (1973), and Gloria Diaz (1969) တို႔ ျဖစ္ပါတယ္။
2018 ခုႏွစ္ရဲ႕ Miss Universe ဆုရွင္ Catriona Gray ကို ၁၉၉၄ ခုႏွစ္၊ ၾသစေတ်းလ်ႏိုင္ငံမွာ ေမြးဖြားခဲ့တာျဖစ္ပါတယ္။ သူဟာ အရပ္ ငါးေပ ဆယ္လက္မ ႐ွိၿပီး အရင္က ရခဲ့တဲ့ အလွမယ္ဆုေတြက Miss World Philippines 2016 နဲ႔ Binibining Pilipinas 2018 တုိ႔ျဖစ္ပါတယ္။ Miss World 2016 ၿပိဳင္ပြဲမွာေတာ့ သူဟာ ဆန္ခါတင္ ငါးေယာက္ထဲ ဝင္ခဲ့သူလည္း ျဖစ္ပါတယ္။Miss Universe 2018 ပြဲစဥ္မွာလည္း သူ႔ရဲ႕ အေႏွးအလွည့္ကြက္ဟာ ဒိုင္လူႀကီးေတြ ပါးစပ္အေဟာင္းသားျဖစ္ရသည္အထိ ဆြဲေဆာင္မႈ႐ွိခဲ့ပါတယ္။

ဆက္လက္ၿပီး ေအာင္ျမင္မႈေတြရပါေစ ဖိလစ္ပိုင္အလွမယ္ေလးေရ ……

Sugar Cane (For Her Myanmar)

References : philstar , news.abs-cbn , gmanetwork

<<< Unicode >>>

လှပကြော့ရှင်းရုံတင်မက အရည်အချင်း နဲ့ ပြည့်စုံသူလေးပါတဲ့ ..

ဒီနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ၂၀၁၈ ခုနှစ် ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ကျင်းပတဲ့ Miss Universe 2018 ပွဲကြီးရဲ့ နောက်ဆုံးဖိုင်နယ် ပွဲစဉ်ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ပွဲစဉ်အပြီးမှာ Miss Universe သရဖူကို ဆောင်းခွင့်ရသွားတာက ဖိလစ်ပိုင်အလှမယ် Catriona Gray ပါတဲ့ ယောင်းတို့ရေ…

သူ နဲ့ အတူ ဆုရရှိသွားသူတွေကတော့ Miss South Africa  Tamaryn Green (1st runner-up) နဲ့ Miss Venezuela Sthefany Gutiérrez (2nd runner-up) တို့ ဖြစ်ပါတယ်။ နောက်ဆုံး ဆန်ခါတင် ငါးယောက်အတွက် အမေး အဖြေ ပြိုင်ပွဲအစီအစဉ်မှာ Catriona ဖြေရတဲ့ မေးခွန်းက ဆေးခြောက်နဲ့ ပတ်သက်တာပဲဖြစ်ပါတယ်။

“ကျွန်မကတော့ ဆေးခြောက်ကို ဆေးဝါးကုသရေးမှာ အသုံးပြုဖို့ တရားဝင်ခွင့်ပြုတာကို ထောက်ခံပါတယ်။ အပျော် သုံးစွဲဖို့ ခွင့်ပြုတာကိုတော့ မထောက်ခံပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆေးလိပ် နဲ့ အရက် သောက်သုံးတာတွေအတွက်ပါ လူတွေက ငြင်းခုန်ကြလိမ့်မယ်။ အရာရာက တန်ဆေး လွန်ဘေး ပဲ မဟုတ်လားရှင်” ဆိုပြီး သူက ဖြေဆိုခဲ့ပါတယ်။

Related Article >>> သြဇာအရှိဆုံးအမျိုးသမီး ၁၀၀ စာရင်းမှာ ပါဝင်သွားတဲ့ ပရီယန်ကာချိုပရာ


သရဖူဆောင်းနိုင်ခဲ့ပြီ

Miss Universe ဖြစ်ခွင့်ရဖို့အတွက် နောက်ဆုံးအဆုံးအဖြတ်ပေးမယ့် မေးခွန်းကိုတော့ နောက်ဆုံးကျန်တဲ့ ဆန်ခါတင်သုံးယောက်ဖြစ်ကြတဲ့ Miss Philippine ၊ Miss South Africa နဲ့ Miss Venezuela တို့ကို မေးခွန်းတစ်ခုတည်းမေးခဲ့တာပါ။ အဲဒီမေးခွန်းကတော့ “ကိုယ့်ဘဝမှာ သင်ယူခဲ့ရတဲ့ အရေးအကြီးဆုံး သင်ခန်းစာက ဘာလဲ” ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ သူတို့ဖြေဆိုတဲ့ အဖြေကိုမူတည်ပြီး Miss Universe 2018 ဖြစ်ခွင့်ရမှာဖြစ်ပါတယ်။


Miss Universe 2018 Catriona Gray

Miss Philippine Catriona Gray ဖြေဆိုခဲ့တာကတော့ “ ကျွန်မ တွန်ဒို နဲ့ မနီလာ မြို့က ဆင်းရဲသားရပ်ကွက်တွေမှာ အလုပ်ခဲ့ဖူးပါတယ်။ သူတို့ရဲ့ အဲဒီက ဘဝတွေက ကြေကွဲစရာကောင်းအောင်ဆင်းရဲကြရှာတယ်။ ဒီအရာတွေထဲမှာ လှပခြင်းကို ရှာပါ။ ကောင်းတာတွေကိုရှာပါ။ ကလေးတွေရဲ့ မျက်နှာလေးတွေကနေ အလှတရားကိုမြင်အောင်ကြည့်ပြီး ဝမ်းသာတတ်ပါ လို့ ကျွန်မ ကိုယ့်ကိုယ်ကိုယ်ပြောတယ်။


Catriona Gray
နောက်ပြီး Miss Universe တစ်ယောက်အနေနဲ့ အရာရာမှာ အကောင်းဘက်ကနေမြင်တတ်ဖို့၊ ပြောရေးဆိုခွင့်ရှိသူတစ်ယောက် အနေနဲ့ ကိုယ်တတ်နိုင်သမျှအကူအညီပေးဖို့ ဆောင်ရွက်သွားချင်ပါတယ်။

တကယ်လို့သာ လူတွေကိုကျေးဇူးတင်တတ်၊ ဝမ်းသာတတ်အောင် ကျွန်မ လမ်းပြ နိုင်ရင် မကောင်းမြင်ခြင်းတွေ ကျဆင်းသွားမယ့် ပျော်စရာကမ္ဘာကြီးကို ကျွန်မတို့ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ ကလေးလေး တွေလည်း ပြုံးရွှင်နေတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။” ဆိုတာပဲဖြစ်ပါတယ်။

Related Article >>> ဟီရိုးအင်းလို စွဲလမ်းစေမယ့် သီချင်းတွေနဲ့ စင်မြင့်ထက်က Lana Del Rey


Miss Universe ဆုရှင်ဘယ်သူဖြစ်မလဲ ကြေညာတော့မယ့်အချိန်

ဒီ အဖြေစကားကြောင့် သူဟာ ဖိလစ်ပိုင်နိုင်ငံအတွက် စတုတ္ထမြောက် Miss Universe ဆုကြီးကို ယူနိုင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အရင် Miss Universe ဖြစ်ခဲ့တဲ့ ဖိလစ်ပိုင်သူတွေက Pia Wurtzbach (2015), Margie Moran (1973), and Gloria Diaz (1969) တို့ ဖြစ်ပါတယ်။
2018 ခုနှစ်ရဲ့ Miss Universe ဆုရှင် Catriona Gray ကို ၁၉၉၄ ခုနှစ်၊ သြစတျေးလျနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူဟာ အရပ် ငါးပေ ဆယ်လက်မ ရှိပြီး အရင်က ရခဲ့တဲ့ အလှမယ်ဆုတွေက Miss World Philippines 2016 နဲ့ Binibining Pilipinas 2018 တို့ဖြစ်ပါတယ်။ Miss World 2016 ပြိုင်ပွဲမှာတော့ သူဟာ ဆန်ခါတင် ငါးယောက်ထဲ ဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

Miss Universe 2018 ပွဲစဉ်မှာလည်း သူ့ရဲ့ အနှေးအလှည့်ကွက်ဟာ ဒိုင်လူကြီးတွေ ပါးစပ်အဟောင်းသားဖြစ်ရသည်အထိ ဆွဲဆောင်မှုရှိခဲ့ပါတယ်။

ဆက်လက်ပြီး အောင်မြင်မှုတွေရပါစေ ဖိလစ်ပိုင်အလှမယ်လေးရေ ……

Sugar Cane (For Her Myanmar)

References : philstar , news.abs-cbn , gmanetwork

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *