Celebrity News

SHINee, EXO နဲ႔ NCT က မန္ဘာေတြနဲ႔ Boy Group အသစ္ ဖြဲ႕မယ္လို႔ သတင္းေတြ ထြက္လာတဲ့ SM Entertainment

ဟဲ့..ဟဲ့… အကုန္လံုး ကိုယ့္ Bias ေတြခ်ည္းပဲဟ.. လမ္းေပ်ာက္ရျပန္ဦးမွာလား SM? 

ကိုရီးယားရဲ႕ နာမည္ေက်ာ္ SM Entertainment ကေန ဒီေန႔ အရမ္းကို အံ့ၾသစရာေကာင္းတဲ့ သတင္းတစ္ခု ထြက္ရွိလာခဲ့ပါတယ္။ ဒါကေတာ့ သူ႕ Entertainment က နာမည္ေက်ာ္ Boy Band ေတြက မန္ဘာေတြကို စုေပါင္းၿပီး ေနာက္ထပ္ Group တစ္ခု ဖြဲ႕မယ္ဆိုတဲ့ သတင္းပါပဲ။ ဒီသတင္းကို ၾသဂုတ္လ ၈ ရက္ေန႔မွာ SM က တရားဝင္ေၾကညာမယ္လို႔လည္း ဆိုၾကပါတယ္။

ဒီ Group ထဲမွာ ပါဝင္မယ့္သူေတြကေတာ့ EXO ရဲ႕ Kai နဲ႔ Baekhyun, SHINee ရဲ႕ Taemin, NCT ရဲ႕ Taeyong နဲ႔ Mark, WayV ရဲ႕ Lucas နဲ႔ Ten တို႔ျဖစ္ၿပီး သူတို႔အားလံုးပါဝင္တဲ့ Super boy groupကို ၂၀၁၉ အတြင္း Debut လုပ္မယ္လို႔ သတင္းေတြ ထြက္လာခဲ့ပါတယ္။

ဒီ Group ဟာ Unit Group လည္း မဟုတ္သလို Project Group လည္း မဟုတ္ဘူးလို႔ ဆိုပါတယ္။ ဆိုလိုတာက Project တစ္ခု၊ ပရိုဂရမ္တစ္ခုအတြက္ ဖြဲ႕စည္းလိုက္တာမ်ိဳး မဟုတ္ဘဲ တကယ့္ Group အျဖစ္ ရပ္တည္သြားမွာျဖစ္ၿပီး Debut ၿပီးတဲ့ေနာက္မွာ Activity ေတြ၊ Comebackေတြလည္း ထပ္ရွိသြားမွာပါတဲ့။

ေမးစရာရွိတာက ဒီလို အဖြဲ႕သစ္ ဖြဲ႕လိုက္ေတာ့ သူတို႔ မူရင္း Group ကေန သူတို႔က ထြက္ရမွာလား ဆိုျပန္ေတာ့လည္း မဟုတ္ေသးျပန္ဘူးတဲ့ ေယာင္းတို႔ေရ… ဒီအဖြဲ႕သစ္ ဖြဲ႕လိုက္ျခင္းဟာ မူရင္းအဖြဲ႕ေတြအေပၚ သက္ေရာက္မႈ မရွိဘဲ မူရင္းအဖြဲ႕ေတြကလည္း ရွိၿမဲတိုင္း၊ ေနၿမဲတိုင္း ဆက္ရွိေနဦးမွာပဲလို႔ ဆိုပါတယ္။

ကဲ… ေယာင္းတို႔ေရာ ဘယ္လိုထင္ၾကလဲ?

For Her Myanmar

References : Soompi, All Kpop

<<< Unicode >>>

ဟဲ့..ဟဲ့… အကုန်လုံး ကိုယ့် Bias တွေချည်းပဲဟ.. လမ်းပျောက်ရပြန်ဦးမှာလား SM? 

ကိုရီးယားရဲ့ နာမည်ကျော် SM Entertainment ကနေ ဒီနေ့ အရမ်းကို အံ့သြစရာကောင်းတဲ့ သတင်းတစ်ခု ထွက်ရှိလာခဲ့ပါတယ်။ ဒါကတော့ သူ့ Entertainment က နာမည်ကျော် Boy Band တွေက မန်ဘာတွေကို စုပေါင်းပြီး နောက်ထပ် Group တစ်ခု ဖွဲ့မယ်ဆိုတဲ့ သတင်းပါပဲ။ ဒီသတင်းကို သြဂုတ်လ ၈ ရက်နေ့မှာ SM က တရားဝင်ကြေညာမယ်လို့လည်း ဆိုကြပါတယ်။

ဒီ Group ထဲမှာ ပါဝင်မယ့်သူတွေကတော့ EXO ရဲ့ Kai နဲ့ Baekhyun, SHINee ရဲ့ Taemin, NCT ရဲ့ Taeyong နဲ့ Mark, WayV ရဲ့ Lucas နဲ့ Ten တို့ဖြစ်ပြီး သူတို့အားလုံးပါဝင်တဲ့ Super boy groupကို ၂၀၁၉ အတွင်း Debut လုပ်မယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

ဒီ Group ဟာ Unit Group လည်း မဟုတ်သလို Project Group လည်း မဟုတ်ဘူးလို့ ဆိုပါတယ်။ ဆိုလိုတာက Project တစ်ခု၊ ပရိုဂရမ်တစ်ခုအတွက် ဖွဲ့စည်းလိုက်တာမျိုး မဟုတ်ဘဲ တကယ့် Group အဖြစ် ရပ်တည်သွားမှာဖြစ်ပြီး Debut ပြီးတဲ့နောက်မှာ Activity တွေ၊ Comebackတွေလည်း ထပ်ရှိသွားမှာပါတဲ့။

မေးစရာရှိတာက ဒီလို အဖွဲ့သစ် ဖွဲ့လိုက်တော့ သူတို့ မူရင်း Group ကနေ သူတို့က ထွက်ရမှာလား ဆိုပြန်တော့လည်း မဟုတ်သေးပြန်ဘူးတဲ့ ယောင်းတို့ရေ… ဒီအဖွဲ့သစ် ဖွဲ့လိုက်ခြင်းဟာ မူရင်းအဖွဲ့တွေအပေါ် သက်ရောက်မှု မရှိဘဲ မူရင်းအဖွဲ့တွေကလည်း ရှိမြဲတိုင်း၊ နေမြဲတိုင်း ဆက်ရှိနေဦးမှာပဲလို့ ဆိုပါတယ်။

ကဲ… ယောင်းတို့ရော ဘယ်လိုထင်ကြလဲ?

For Her Myanmar

References : Soompi, All Kpop

Wathun
Wathun
နာမည္ရင္းေတြ ဘာေတြထက္ Potterhead တစ္ေယာက္ပါ။ အဲ့လို ေမွာ္ေလာကေတြ၊ အလွအပကလြဲၿပီး က်န္တဲ့အရာေတြ အားလံုးကို စိတ္ဝင္စားလို႔ ေဆာင္းပါးေတြထဲ ေမွာ္ေတြ၊ magical creatures ေတြပါလာရင္ေတာ့ တျခားသူမေတြးပါနဲ႔ ကၽြန္မပါပဲလို႔... :*