Biography Celebrity News

ဟီရိုးအင္းလို စဲြလမ္းေစမယ္႔ သီခ်င္းေတြနဲ႔ စင္ျမင့္ထက္က Lana Del Rey

ဘယ္ေနရာမွာမဆို သူ႔သီခ်င္းေတြက နားေထာင္လိုက္တာနဲ႔ လူကို ယစ္မူးေစတာမ်ဳိး

<<< Zawgyi>>>

စင္ျမင့္ထက္မွာ ေဆးလိပ္လက္ၾကားညွပ္ၿပီး ဟီးရိုးအင္းလို စဲြလမ္းေစတတ္တဲ႔ သီခ်င္းေတြ ဆုိတတ္တဲ႔ ဂီတရဲ႕ နတ္ဘုရားမကို သိၾကလား။ စင္ျမင့္ေပၚမွာမွ မဟုတ္ပါဘူး။ ဘယ္ေနရာမွာမဆို သူ႔သီခ်င္းေတြက နားေထာင္လိုက္တာနဲ႔ လူကို ယစ္မူးေစတာမ်ဳိး… ဟုတ္ပါတယ္… သူကေတာ႔ Lana Del Rey ပါ။ သူ႔ကို ေအာင္ျမင္မႈ လမ္းစဆီ တြန္းတင္ေပးခဲ႔တဲ့ Video Games က စလို႔ ေနာက္ဆံုး ထြက္ရွိထားတဲ့ Lust for Life အထိ သူ႔ရဲ႕သီခ်င္းေတြဟာ လူတစ္ေယာက္ကို ယစ္မူးေစစရာပါပဲ။

Lana ရဲ႕နာမည္အရင္းက Elizabeth Woolridge Grant ပါ။ Lana ကို ၁၉၈၅ ခု၊ ဇြန္လ ၂၁ရက္ေန႔မွာ ေမြးဖြားခဲ႔ပါတယ္။ Lana ရဲ႕ငယ္ဘဝကေတာ႔ သူမ်ားေတြလို အေၾကာင္းမလွခဲ႔ပါဘူး။ သူ႔ရဲ႕ငယ္ရြယ္မႈေတြကို အရက္စဲြေဝဒနာနဲ႔ ေက်ာ္ျဖတ္ခဲ႔ရပါတယ္။

Lana ဟာ ဂစ္တာကို သူ႔ဦးေလးဆီကေန သင္ခဲ႔တာပါ။ တကၠသိုလ္ ဆက္မတက္ေတာ႔ဘူးလုိ႔ ဆံုးျဖတ္ၿပီးတဲ့ေနာက္ သူ႕ဦးေလးနဲ႔ အေဒၚရွိတဲ႔ Long Island မွာ သြားေနၿပီး စားပဲြထိုး အလုပ္ဝင္လုပ္ေနတဲ႔ အခ်ိန္တုန္းကေပါ့။ အဲဒီအခ်ိန္က Lana ဟာ သီခ်င္းေတြ ေရးႏိုင္တယ္လို႔ သူ႔ကိုယ္သူ ယံုၾကည္ေစခဲ႔တာပါပဲ။

ဒီေနာက္မွာေတာ႔ Lana ဟာ သီခ်င္းေတြ ေရးတယ္။ ၿပီးေတာ႔ ႏိုက္ကလပ္ေတြမွာ “Sparkle Jump Rope Queen” နဲ႔ “Lizzy Grant and the Phenomena” နာမည္ေတြနဲ႔ သီခ်င္းေတြ လိုက္ဆိုတယ္။ အေပၚမွာေျပာခဲ႔သလို ေက်ာင္းနားခဲ႔ေပမဲ႔ Lanan ဟာ အသက္ ၁၉ ႏွစ္မွာေတာ႔ Fordham တကၠသိုလ္မွာ တကၠသိုလ္ေက်ာင္းသူဘဝကို ျပန္စခဲ႔ပါတယ္။ ေကာလိပ္တက္ေနစဥ္အေတာအတြင္းမွာပဲ Lana ဟာ အိမ္ရာမဲ႔လူငယ္ေတြနဲ႔ ေဆးစဲြ၊ အရက္စဲြလူငယ္ေတြကို ကူညီေထာက္ပ႔ံတဲ႔ အဖဲြ႔အစည္းေတြမွာ လုပ္အားေပးခဲ႔ပါေသးတယ္။ ဒါ့အျပင္ သူဟာ Utah ခရိုင္က Indian reservation မွာ အိမ္ေတြျပန္ေဆာက္ဖို႔နဲ႔ ေဆးသုတ္တဲ႔အလုပ္ေတြမွာလည္း ကူညီေပးခဲ႔ပါေသးတယ္။

Related Article >>> မီဒီယာေတြမပါတဲ့ လက္ထပ္ပြဲကို ဆင္ႏႊဲလိုက္တဲ့ ဒီပီကာနဲ႕ ရန္ဗီယာ

ဒီအခ်ိန္မွာပဲ သူဟာ အဆိုေတာ္လုပ္ဖို႔ ဆံုးျဖတ္ခ်က္ကို ခ်ခဲ႔တာပါ။ “အဆိုေတာ္လုပ္မလား” ဒါမွမဟုတ္ “လုပ္အားေပးေတြပဲ ဆက္လုပ္ေနမလား” ဆိုတဲ႔ ဆံုးျဖတ္ခ်က္ ႏွစ္ခုမွာ Lana ဟာ ပထမဆံုးျဖတ္ခ်က္ကို ေရြးခဲ႔ပါတယ္။ သူ Lana Del Rey မျဖစ္လာမီမွာ Elizabeth Grant ဟာ May Jailer ဆိုတဲ႔ နာမည္လဲႊနဲ႔  Sirens အယ္လ္ဘမ္ ထုတ္ခဲ႔ပါေသးတယ္။ အဲဒီအယ္လ္ဘမ္ကို ၂၀၀၆ခုႏွစ္မွာ အသံသြင္းခဲ့ေပမဲ့ မထုတ္ေဝခဲ႔ပါဘူး။ ၂၀၁၂ ခုႏွစ္မွသာ Youtube ကေန ေပါက္ၾကားခဲ႔တာပါ။

Lana တစ္ေယာက္ သူ႔နာမည္အရင္း Elizabeth Woolridge Grant  ကေန Lana Del Rey ဘယ္လိုျဖစ္လာတာလဲဆိုေတာ႔ သူဟာ သူ႔ရဲ႕ဂီတကို ပုံေဖာ္ဖို႔အတြက္ နာမည္အသစ္တစ္ခု လိုခ်င္ေနခဲ႔တာပါ။ ဒါေၾကာင့္နဲ႔ Miami ကို သြားၿပီးေတာ႔ က်ဴးဘားက သူ႔သူငယ္ခ်င္းေတြနဲ႔ ေတြ႔တယ္၊ စပိန္လိုေတြေျပာတယ္။ Lana Del Rey ဆိုတာက ပင္လယ္ကမ္းေျခတစ္ခုရဲ႕ စဲြလမ္းဖြယ္ရာ ခံစားခ်က္ကို အမွတ္ရေစၿပီး နာမည္ေခၚလိုက္တိုင္း လွ်ာဖ်ားထိပ္ကေန လွပတဲ႔အသံတစ္ခု ထြက္က်လာသလိုပါပဲတဲ႔။ ၿပီးေတာ႔ ဒီနာမည္ဟာ မင္းသမီး Lana Turner နဲ႔ Ford Del Rey sedan တို႔ရဲ႕နာမည္ ႏွစ္ခုကို ေပါင္းစပ္ထားတာပါ။ ဒီလိုနဲ႔ပဲ Elizabeth Woolridge Grant ကေန Lana Del Rey ျဖစ္လာပါတယ္။

၂၀၁၁ မွာ Video Games နဲ႔ Blue Jeans ကို Youtube မွာ တင္ၿပီးတဲ႔အခါမွာေတာ႔ ေအာင္ျမင္မႈေတြက သူ႔ကို လာရွာခဲ႔ပါတယ္။ အဲ႔ေနာက္မွာေတာ႔ Stranger Records နဲ႔ လက္တဲြဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီး Video Games ကို သူ႔ရဲ႕Debut single အျဖစ္ ထုတ္ေဝခဲ႔တယ္။

” It’s you, it’s you, it’s all for you
Everything I do

I tell you all the time
Heaven is a place on earth with you”
 ဆိုတဲ႔ Video Games သီခ်င္းက Lana ကို ေအာင္ျမင္မႈရဲ႕အထြဋ္အထိပ္ဆီ တြန္းပို႔ေပးခဲ႔တာေပါ့။ 

Video Games ၿပီးေတာ႔

“Come and take a walk on the wild side
Let me kiss you hard in the pouring rain
You like your girls insane
Choose your last words, this is the last time
‘Cause you and I, we were born to die” စာသားေတြနဲ႔ Born to Die ဟာ သူ႔ရဲ႕ေအာင္ျမင္ေတြကို ဆက္ၿပီး ယူေဆာင္ေပးခဲ႔ပါေသးတယ္။ ၂၀၁၂၊ ဇန္နဝါရီ ၃၁ မွာ ထြက္ရွိခဲ႔တဲ႔ ဒီ Born to Die ဟာ ႏိုင္ငံေပါင္း ၁၁ႏိုင္ငံမွာ နံပါတ္ ၁ ခ်ိတ္ခဲ႔တာပါ။ အေမရိကန္မွာတင္ ၁ မီလီယံ ေကာ္ပီ ေရာင္းခဲ႔ရပါတယ္။

Related Article >>> မသန္ေပမဲ့ စြမ္းခဲ့တဲ့ အမ်ိဳးသမီးမ်ား

အဲ႔ေနာက္မွာေတာ႔ Ultraviolence Honeymoon နဲ႔ Lust For Life ေတြဟာ သူ႔ကို ေအာင္ျမင္မႈ ထိပ္ဆံုးဆီ တြန္းပို႔ေပးခဲ႔ပါတယ္။ High by the beachWest Coast ၊  Brookly Baby နဲ႔ Shades of CoolNational Anthem ေတြဟာ Lana ရဲ႕ စဲြမက္စရာ ေကာင္းတဲ႔ သီခ်င္းေတြေပါ့။ ေနာက္ဆံုး ထြက္ထားတဲ႔ Lust for Life မွာဆိုရင္လည္း title song Lust for Life ကို The Weeknd က featuring ပါဝင္သီဆိုခဲ႔ၿပီးေတာ႔ Summer Bummer ဆိုရင္လည္း ASAP Rocky က featuring ဆိုေပးခဲ႔ပါေသးတယ္။

Lust for Life အယ္လ္ဘမ္ထဲက သီခ်င္းတစ္ပုဒ္ျဖစ္တဲ႔

“I was such a fool for believing that you
Could change all the ways you’ve been living
But you just couldn’t stop
The day I saw your white Mustang”  စာသားေတြပါဝင္တဲ႔ White Mustang ဟာ သီခ်င္းနဲ႔ေရာ MV နဲ႔ မ်ားစြာ ေအာင္ျမင္ထားၿပီး Lana ရဲ႕ ေနာက္ဆံုးထြက္ရွိထားတဲ႔ music video လည္း ျဖစ္ပါတယ္။

Lana ဟာ International Breakthrough Act ၊ International New Artist of the Year ၊ International Solo Artists of the Year ၊ Best Alternative ၊ Women of the Year ၊ Best Album ၊ Global Impact Award စတဲ႔ စတဲ႔ ဆုေတြအမ်ားႀကီး ပိုင္ဆိုင္ထားၿပီးေတာ႔ ေျမာက္ျမားစြာေသာ nominations ေတြလည္း ရွိပါေသးတယ္။

Lana ရဲ႕ပံုရိပ္တခ်ဳိ႕မွာ Marilyn Monroe ရဲ႕ပံုရိပ္ေတြ ပါေနတာလည္း မဆန္းပါဘူးေနာ္။ ဘာလို႔ဆို Marilyn Monroe က သူ႔ရဲ႕ Idol မို႔ပါတဲ႔။ Marilyn Monroe တင္မကဘဲ Elvis Presley ကလည္း သူ႔ရဲ႕ Idol တစ္ေယာက္ပါပဲ။ Lana ရဲ႕ သီခ်င္းေတြက 1950s ေတြ 1960s music style ေတြ ျဖစ္ေနတာလည္း မေျပာနဲ႔၊ သူ႔ဘဝအစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ားကို အဲ႔ဘက္ေခတ္ေတြက လႊမ္းမိုးထားတာကိုလည္း ျမင္သာပါတယ္ေနာ္။

စတိတ္စင္ေပၚမွာ ေဆးလိပ္လည္း တကိုင္ကိုင္နဲ႔ သီခ်င္းဆိုတတ္တဲ႔  Lana ဟာ အျပင္မွာလည္း ေဆးလိပ္အရမ္းေသာက္တတ္တဲ႔သူပါ။ Ultraviolence ကို ေရးခဲ႔တဲ႔ အခ်ိန္တုန္းက သူ႔ဘဝရဲ႕အေမွာင္ဆံုးအခ်ိန္ေတြပါလို႔လည္း ေျပာခဲ႔ပါေသးတယ္။

“Money is the anthem of success
So before we go out, what’s your address?
” ဆိုတဲ႔ စာသားနဲ႔ ပရိသတ္ေတြရဲ႕ႏွလံုးသားကို သိမ္းႀကံဳးခဲ႔တဲ႔ Lana ဟာ Sugar Daddy အခ်စ္ေတာ္ေလးလို႔လည္း နာမည္ေျပာင္ရွိပါေသးတယ္။ ၿပီးေတာ႔လည္း အခ်င္းေရာ အဆင္းပါ ျပည့္စံုတဲ႔ Lana ဟာ ဘဲေတြအမ်ားႀကီးနဲ႔ တဲြခုတ္ၿပီး ေကာလဟာလေတြလည္း အမ်ားႀကီးထြက္ခဲ႔ပါတယ္။ သူ႔ရည္းစားေဟာင္းေတြထဲက တစ္ေယာက္ဆိုရင္ G Eazy ပါ။ ဟုတ္ပါတယ္… တေလာကမွ Halsey နဲ႔ ျပတ္သြားတဲ႔  Halsey ရည္းစားေဟာင္းပါ။ G က Lana နဲ႔ ျပတ္သြားၿပီးမွ Halsey နဲ႔ တဲြတာပါ။ ရည္းစားေတြ ဘယ္ေလာက္တဲြတဲြ Lana ဟာ စိတ္ဓာတ္မာေက်ာၿပီး ကိုယ္႔ကိုယ္ကိုယ္သာလွ်င္ ကိုးကြယ္တဲ႔ ဘုရင္မတစ္ပါးပါ။

ကဲ… ဂီတနတ္ဘုရားမ Lana ဟာ ၂၀၁၉ မွာ Norman Fucking Rockwell ဆိုတဲ႔ အယ္လ္ဘမ္နဲ႔ ဘယ္လိုအံ႔အားသင့္မႈေတြ၊ ဘယ္လိုေအာင္ျမင္မႈေတြ ယူေဆာင္လာမလဲဆိုတာ ေစာင့္ၾကည့္ေပးၾကပါဦးေနာ္။

Windy (For Her Myanmar)

References : Wikipedia, NME

<<< Unicode>>>

ဘယ်နေရာမှာမဆို သူ့သီချင်းတွေက နားထောင်လိုက်တာနဲ့ လူကို ယစ်မူးစေတာမျိုး

စင်မြင့်ထက်မှာ ဆေးလိပ်လက်ကြားညှပ်ပြီး ဟီးရိုးအင်းလို စွဲလမ်းစေတတ်တဲ့ သီချင်းတွေ ဆိုတတ်တဲ့ ဂီတရဲ့ နတ်ဘုရားမကို သိကြလား။ စင်မြင့်ပေါ်မှာမှ မဟုတ်ပါဘူး။ ဘယ်နေရာမှာမဆို သူ့သီချင်းတွေက နားထောင်လိုက်တာနဲ့ လူကို ယစ်မူးစေတာမျိုး… ဟုတ်ပါတယ်… သူကတော့ Lana Del Rey ပါ။ သူ့ကို အောင်မြင်မှု လမ်းစဆီ တွန်းတင်ပေးခဲ့တဲ့ Video Games က စလို့ နောက်ဆုံး ထွက်ရှိထားတဲ့ Lust for Life အထိ သူ့ရဲ့သီချင်းတွေဟာ လူတစ်ယောက်ကို ယစ်မူးစေစရာပါပဲ။

Lana ရဲ့နာမည်အရင်းက Elizabeth Woolridge Grant ပါ။ Lana ကို ၁၉၈၅ ခု၊ ဇွန်လ ၂၁ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ Lana ရဲ့ငယ်ဘဝကတော့ သူများတွေလို အကြောင်းမလှခဲ့ပါဘူး။ သူ့ရဲ့ငယ်ရွယ်မှုတွေကို အရက်စွဲဝေဒနာနဲ့ ကျော်ဖြတ်ခဲ့ရပါတယ်။

Lana ဟာ ဂစ်တာကို သူ့ဦးလေးဆီကနေ သင်ခဲ့တာပါ။ တက္ကသိုလ် ဆက်မတက်တော့ဘူးလို့ ဆုံးဖြတ်ပြီးတဲ့နောက် သူ့ဦးလေးနဲ့ အဒေါ်ရှိတဲ့ Long Island မှာ သွားနေပြီး စားပွဲထိုး အလုပ်ဝင်လုပ်နေတဲ့ အချိန်တုန်းကပေါ့။ အဲဒီအချိန်က Lana ဟာ သီချင်းတွေ ရေးနိုင်တယ်လို့ သူ့ကိုယ်သူ ယုံကြည်စေခဲ့တာပါပဲ။

ဒီနောက်မှာတော့ Lana ဟာ သီချင်းတွေ ရေးတယ်။ ပြီးတော့ နိုက်ကလပ်တွေမှာ “Sparkle Jump Rope Queen” နဲ့ “Lizzy Grant and the Phenomena” နာမည်တွေနဲ့ သီချင်းတွေ လိုက်ဆိုတယ်။ အပေါ်မှာပြောခဲ့သလို ကျောင်းနားခဲ့ပေမဲ့ Lanan ဟာ အသက် ၁၉ နှစ်မှာတော့ Fordham တက္ကသိုလ်မှာ တက္ကသိုလ်ကျောင်းသူဘဝကို ပြန်စခဲ့ပါတယ်။ ကောလိပ်တက်နေစဉ်အတောအတွင်းမှာပဲ Lana ဟာ အိမ်ရာမဲ့လူငယ်တွေနဲ့ ဆေးစွဲ၊ အရက်စွဲလူငယ်တွေကို ကူညီထောက်ပံ့တဲ့ အဖွဲ့အစည်းတွေမှာ လုပ်အားပေးခဲ့ပါသေးတယ်။ ဒါ့အပြင် သူဟာ Utah ခရိုင်က Indian reservation မှာ အိမ်တွေပြန်ဆောက်ဖို့နဲ့ ဆေးသုတ်တဲ့အလုပ်တွေမှာလည်း ကူညီပေးခဲ့ပါသေးတယ်။

Related Article >>> မီဒီယာတွေမပါတဲ့ လက်ထပ်ပွဲကို ဆင်နွှဲလိုက်တဲ့ ဒီပီကာနဲ့ ရန်ဗီယာ

ဒီအချိန်မှာပဲ သူဟာ အဆိုတော်လုပ်ဖို့ ဆုံးဖြတ်ချက်ကို ချခဲ့တာပါ။ “အဆိုတော်လုပ်မလား” ဒါမှမဟုတ် “လုပ်အားပေးတွေပဲ ဆက်လုပ်နေမလား” ဆိုတဲ့ ဆုံးဖြတ်ချက် နှစ်ခုမှာ Lana ဟာ ပထမဆုံးဖြတ်ချက်ကို ရွေးခဲ့ပါတယ်။ သူ Lana Del Rey မဖြစ်လာမီမှာ Elizabeth Grant ဟာ May Jailer ဆိုတဲ့ နာမည်လွဲှနဲ့  Sirens အယ်လ်ဘမ် ထုတ်ခဲ့ပါသေးတယ်။ အဲဒီအယ်လ်ဘမ်ကို ၂၀၀၆ခုနှစ်မှာ အသံသွင်းခဲ့ပေမဲ့ မထုတ်ဝေခဲ့ပါဘူး။ ၂၀၁၂ ခုနှစ်မှသာ Youtube ကနေ ပေါက်ကြားခဲ့တာပါ။

Lana တစ်ယောက် သူ့နာမည်အရင်း Elizabeth Woolridge Grant  ကနေ Lana Del Rey ဘယ်လိုဖြစ်လာတာလဲဆိုတော့ သူဟာ သူ့ရဲ့ဂီတကို ပုံဖော်ဖို့အတွက် နာမည်အသစ်တစ်ခု လိုချင်နေခဲ့တာပါ။ ဒါကြောင့်နဲ့ Miami ကို သွားပြီးတော့ ကျူးဘားက သူ့သူငယ်ချင်းတွေနဲ့ တွေ့တယ်၊ စပိန်လိုတွေပြောတယ်။ Lana Del Rey ဆိုတာက ပင်လယ်ကမ်းခြေတစ်ခုရဲ့ စွဲလမ်းဖွယ်ရာ ခံစားချက်ကို အမှတ်ရစေပြီး နာမည်ခေါ်လိုက်တိုင်း လျှာဖျားထိပ်ကနေ လှပတဲ့အသံတစ်ခု ထွက်ကျလာသလိုပါပဲတဲ့။ ပြီးတော့ ဒီနာမည်ဟာ မင်းသမီး Lana Turner နဲ့ Ford Del Rey sedan တို့ရဲ့နာမည် နှစ်ခုကို ပေါင်းစပ်ထားတာပါ။ ဒီလိုနဲ့ပဲ Elizabeth Woolridge Grant ကနေ Lana Del Rey ဖြစ်လာပါတယ်။

၂၀၁၁ မှာ Video Games နဲ့ Blue Jeans ကို Youtube မှာ တင်ပြီးတဲ့အခါမှာတော့ အောင်မြင်မှုတွေက သူ့ကို လာရှာခဲ့ပါတယ်။ အဲ့နောက်မှာတော့ Stranger Records နဲ့ လက်တွဲဖို့ စာချုပ်ချုပ်ပြီး Video Games ကို သူ့ရဲ့Debut single အဖြစ် ထုတ်ဝေခဲ့တယ်။

” It’s you, it’s you, it’s all for you
Everything I do
I tell you all the time
Heaven is a place on earth with you” ဆိုတဲ့ Video Games သီချင်းက Lana ကို အောင်မြင်မှုရဲ့အထွဋ်အထိပ်ဆီ တွန်းပို့ပေးခဲ့တာပေါ့။

Video Games ပြီးတော့

“Come and take a walk on the wild side
Let me kiss you hard in the pouring rain
You like your girls insane
Choose your last words, this is the last time
‘Cause you and I, we were born to die” စာသားတွေနဲ့ Born to Die ဟာ သူ့ရဲ့အောင်မြင်တွေကို ဆက်ပြီး ယူဆောင်ပေးခဲ့ပါသေးတယ်။ ၂၀၁၂၊ ဇန်နဝါရီ ၃၁ မှာ ထွက်ရှိခဲ့တဲ့ ဒီ Born to Die ဟာ နိုင်ငံပေါင်း ၁၁နိုင်ငံမှာ နံပါတ် ၁ ချိတ်ခဲ့တာပါ။ အမေရိကန်မှာတင် ၁ မီလီယံ ကော်ပီ ရောင်းခဲ့ရပါတယ်။

Related Article >>> မသန်ပေမဲ့ စွမ်းခဲ့တဲ့ အမျိုးသမီးများ

အဲ့နောက်မှာတော့ UltraviolenceHoneymoon နဲ့ Lust For Life တွေဟာ သူ့ကို အောင်မြင်မှု ထိပ်ဆုံးဆီ တွန်းပို့ပေးခဲ့ပါတယ်။ High by the beach ၊ West Coast ၊  Brookly Baby နဲ့ Shades of Cool ၊ National Anthem တွေဟာ Lana ရဲ့ စွဲမက်စရာ ကောင်းတဲ့ သီချင်းတွေပေါ့။ နောက်ဆုံး ထွက်ထားတဲ့ Lust for Life မှာဆိုရင်လည်း title song Lust for Life ကို The Weeknd က featuring ပါဝင်သီဆိုခဲ့ပြီးတော့ Summer Bummer ဆိုရင်လည်း ASAP Rocky က featuring ဆိုပေးခဲ့ပါသေးတယ်။

Lust for Life အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ဖြစ်တဲ့

“I was such a fool for believing that you
Could change all the ways you’ve been living
But you just couldn’t stop
The day I saw your white Mustang”  စာသားတွေပါဝင်တဲ့ White Mustang ဟာ သီချင်းနဲ့ရော MV နဲ့ များစွာ အောင်မြင်ထားပြီး Lana ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ music video လည်း ဖြစ်ပါတယ်။

Lana ဟာ International Breakthrough Act ၊ International New Artist of the Year ၊ International Solo Artists of the Year ၊ Best Alternative ၊ Women of the Year ၊ Best Album ၊ Global Impact Award စတဲ့ စတဲ့ ဆုတွေအများကြီး ပိုင်ဆိုင်ထားပြီးတော့ မြောက်မြားစွာသော nominations တွေလည်း ရှိပါသေးတယ်။

Lana ရဲ့ပုံရိပ်တချို့မှာ Marilyn Monroe ရဲ့ပုံရိပ်တွေ ပါနေတာလည်း မဆန်းပါဘူးနော်။ ဘာလို့ဆို Marilyn Monroe က သူ့ရဲ့ Idol မို့ပါတဲ့။ Marilyn Monroe တင်မကဘဲ Elvis Presley ကလည်း သူ့ရဲ့ Idol တစ်ယောက်ပါပဲ။ Lana ရဲ့ သီချင်းတွေက 1950s တွေ 1960s music style တွေ ဖြစ်နေတာလည်း မပြောနဲ့၊ သူ့ဘဝအစိတ်အပိုင်းတော်တော်များများကို အဲ့ဘက်ခေတ်တွေက လွှမ်းမိုးထားတာကိုလည်း မြင်သာပါတယ်နော်။

စတိတ်စင်ပေါ်မှာ ဆေးလိပ်လည်း တကိုင်ကိုင်နဲ့ သီချင်းဆိုတတ်တဲ့  Lana ဟာ အပြင်မှာလည်း ဆေးလိပ်အရမ်းသောက်တတ်တဲ့သူပါ။ Ultraviolence ကို ရေးခဲ့တဲ့ အချိန်တုန်းက သူ့ဘဝရဲ့အမှောင်ဆုံးအချိန်တွေပါလို့လည်း ပြောခဲ့ပါသေးတယ်။

“Money is the anthem of success
So before we go out, what’s your address?” ဆိုတဲ့ စာသားနဲ့ ပရိသတ်တွေရဲ့နှလုံးသားကို သိမ်းကြုံးခဲ့တဲ့ Lana ဟာ Sugar Daddy အချစ်တော်လေးလို့လည်း နာမည်ပြောင်ရှိပါသေးတယ်။ ပြီးတော့လည်း အချင်းရော အဆင်းပါ ပြည့်စုံတဲ့ Lana ဟာ ဘဲတွေအများကြီးနဲ့ တွဲခုတ်ပြီး ကောလဟာလတွေလည်း အများကြီးထွက်ခဲ့ပါတယ်။ သူ့ရည်းစားဟောင်းတွေထဲက တစ်ယောက်ဆိုရင် G Eazy ပါ။ ဟုတ်ပါတယ်… တလောကမှ Halsey နဲ့ ပြတ်သွားတဲ့  Halsey ရည်းစားဟောင်းပါ။ G က Lana နဲ့ ပြတ်သွားပြီးမှ Halsey နဲ့ တွဲတာပါ။ ရည်းစားတွေ ဘယ်လောက်တွဲတွဲ Lana ဟာ စိတ်ဓာတ်မာကျောပြီး ကိုယ့်ကိုယ်ကိုယ်သာလျှင် ကိုးကွယ်တဲ့ ဘုရင်မတစ်ပါးပါ။

 

ကဲ… ဂီတနတ်ဘုရားမ Lana ဟာ ၂၀၁၉ မှာ Norman Fucking Rockwell ဆိုတဲ့ အယ်လ်ဘမ်နဲ့ ဘယ်လိုအံ့အားသင့်မှုတွေ၊ ဘယ်လိုအောင်မြင်မှုတွေ ယူဆောင်လာမလဲဆိုတာ စောင့်ကြည့်ပေးကြပါဦးနော်။

References : Wikipedia, NME

Windy
Windy လို႔ ေခၚလို႔ရပါတယ္။ အသက္က ၂၂။For Her Myanmar မွာ အသစ္ဝင္လာတဲ႔ စာေရးသူပါ။ေပ႔ခ်္မွာ ရသစာေလးေတြ ေရးၿပီးတင္ေပးေနပါတယ္။ဝါသနာက စာဖတ္တာ။ စာဆိုရင္ ရသစာေတြအဖတ္မ်ားတယ္။ စာအုပ္နဲ႔ပတ္သတ္ရင္ ဒိုင္ခံေဆြးေႏြးေပးပါေသးတယ္

Leave a Reply

Your email address will not be published. Required fields are marked *