Celebrity News

ဆွဲဆောင်မှုရှိရှိကြီးပြင်းလာတဲ့ Twilight ဇာတ်ကားထဲက Renesmee Cullen

ဘယ်လိုတောင် လှလာတာလားကွာ 😍

Twilight ဇာတ်လမ်းတွဲကြည့်ဖူးတဲ့ ပရိသတ်တွေကတော့ သူမကိုသိကြမယ်ထင်ပါတယ်။ ၂၀၁၁ မှာ Twilight Saga: Breaking Dawn – part 1 ထွက်ပြီး တစ်ဆက်တည်းမှာပဲ ၂၀၁၂ခုနှစ်မှာ part 2 ဆက်ထွက်ပါတယ်။ part 2 မှာ ခရစ္စတင်းစတီးဝပ်နဲ့ရောဘတ်ပတ်တင်ဆန် တို့ရဲ့သမီး RenesmeeCullen အဖြစ်သရုပ်ဆောင်ဖို့ရွေးချယ်ခံရသူလေးကတော့ Mackenzie Foy ဖြစ်ပါတယ်။

Twilight ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့စဉ် အသက် ၁၁ နှစ်ပဲ ရှိသေးတဲ့ Foy က ဟောလီးဝုဒ်မှာနာမည်ကြီးလာပြီး နောက်ပိုင်း ကားရိုက်တွေ တစ်ခုပြီး တစ်ခု ကမ်းလှမ်းခံရပါတယ်။ Foy က ခုဆိုရင် ကလေးရုပ်လုံးဝမဟုတ်တော့ဘဲ အပျိုမလေး အရွယ် ဆွဲဆောင်မှုရှိရှိလှပနေတာဖြစ်ပါတယ်။

celebrity
Mackenzie Foy

Twilight ဇာတ်ကားမှာ သရုပ်ဆောင်ပြီးကတည်းကအောင်မြင်မှုတစ်ခုစိုက်ထူထားတဲ့၁၇နှစ်အရွယ်ကောင်မလေး Foy ကို Interstellar ၊ The Conjuring ၊ The little Prince စတဲ့ ဇာတ်ကားတွေမှာလည်း မြင်တွေ့နိုင်ပါတယ်။ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင် Nutcracker မှာလည်း Clara ဇာတ်ရုပ်အဖြစ် ပါဝင်ထားတာဖြစ်ပါတယ်။

Related image

ငယ်ငယ်တုန်းကတော့ တခြားကလေးတွေလိုပဲ မျက်ဆံနက်နက်လေးနဲ့ ဗိုက်ပူပူကလေးမလေးဖြစ်ခဲ့ပါတယ်။မော်ဒယ်ရွေးချယ်ရေးအဖွဲ့ကလာရွေးချိန်မှာ ဗိုက်ပူပုံလေးတွေတော့ တွေ့မသွားပါဘူး။ မော်ဒယ်ရွေးချယ်ရေးအဖွဲ့က ၃ နှစ်အရွယ် Foy ကိုတွေ့ပြီး ကလေးမော်ဒယ်အဖြစ်ရွေးခဲ့တဲ့ အချိန်တည်းက သူမရဲ့ အနုပညာလမ်းကြောင်းစခဲ့တာဖြစ်ပါတယ်။ ကြော်ငြာတွေ နဲ့ တီဗီစီးရီး တွေမှာပါဝင်သရုပ်ဆောင်ခဲ့သလို Twilight ဇာတ်ကားမှာသရုပ်မဆောင်မီ ၂၀၁၀ နောက်ပိုင်း တုန်းကလည်း Flash forward နဲ့ Hawaii Five-O ရှိုးပွဲ မှာ ပါဝင်လျှောက်လှမ်းခဲ့ပါတယ်။

Related article >>> ကမ္ဘာကျော်ဆယ်လီတို့ရဲ့ ငယ်ဘဝပုံရိပ်များ

၂၀၁၃ ခုနှစ် မှာတော့ Foy က The Conjuring ဇာတ်ကားမှာ Cindy အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားထဲမှာ အစ်မအဖြစ်သရုပ်ဆောင်တဲ့ Joey King နဲ့ မိတ်ဆွေတွေဖြစ်ပြီးရင်းနှီးသွားခဲ့ပါတယ်။ အသက်လည်း တစ်နှစ်ပဲကွာတဲ့သူတို့နှစ်ဦးက ပါတီတွေတူတူသွားသလို ကြော်ငြာတွေမှာတူတူသရုပ်ဆောင်ကြပါတယ်။ နောက်ပိုင်း နှစ်ယောက်လုံး The Haunting Hour မှာသရုပ်ဆောင်ပြီး အန်နီမေးရှင်းဗီဒီယိုဖြစ်တဲ့The Box car Children မှာအသံပိုင်းဆိုင်ရာကူညီခဲ့တယ်။

cindy , the conjuring
The Conjuring ထဲက Cindy

၂၀၁၄ ခုနှစ်မှာတော့ Foy က The Space Adventure Interstellar မှာ Matthew McConaughey’s ရဲ့သမီးနေရာက သရုပ်ဆောင်တယ်။ သူမအားကျရတဲ့ အခြားသောဟောလီးဝုဒ်နာမည်ကြီး နှစ်ယောက်ဖြစ်တဲ့ Jessica Chastain နဲ့ Anne-Hathaway တို့နဲ့ လည်း တွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Related article >>> စေ့စပ်လိုက်ပြီဖြစ်တဲ့ Justin Bieber နဲ့ Hailey Baldwin

အရမ်းကို လှလာတဲ့ Foy

အဲ….သူမရဲ့ အလှအပကို ရစ်မူးပြီး သူမကို အီစီကလီတော့ သွားလုပ်တဲ့သူကတော့ မတွေးရဲစရာပါ။ အကြောင်းရင်းကတော့ Foy က ကိုယ်ခံပညာသင်တန်းတတ်ထားတဲ့ အပြင် တိုက်ကွမ်ဒိုမှာ ခါးပတ်နက်ရထားတာပါတဲ့လေ။ 😀

Foy
ကလေးရုပ်လေး မပျောက်သေးပေမဲ့ ပိုဆွဲဆောင်မှု ရှိလာတဲ့ Foy

With love

Ei Mon (For Her Myanmar)

Ref: Elle.com , intouchweekly.com

Ei Mon
Ei Mon
For Her Myanmar ရဲ့တက်သစ်စ ဆောင်းပါးရှင် အိမွန်ဖြစ်ပါတယ်။ စာရေးရတာ ဝါသနာ ပါပါတယ်။ ဆောင်းပါးတွေကတစ်ဆင့် စိတ်ကူးလေးတွေကို ယောင်းတို့ရဲ့ ရင်ထဲအရောက် ပို့ပေးချင်ပါတယ်။ အထူးအားသာတာကတော့ အနုပညာရှင်သတင်းတွေပဲ ဖြစ်ပါတယ်။ အိမွန်ရဲ့ လက်ရာဆောင်းပါးတွေကို အားပေးမယ်မှတ်လား…….

Leave a Reply

Your email address will not be published. Required fields are marked *