Celebrity News

စစ္မႈထမ္းကာလၿပီးဆံုးလို႔ အႏုပညာေလာကထဲ ျပန္လည္ေျခခ်ေတာ့မယ့္ Kim Soo Hyun

ျပံဳးၿဖီးေနေသာ ခ်ိဖ

>>> Zawgyi >>>

ကိုယ္ေတြရဲ႕ ၿဂိဳဟ္သားေလး ကင္ဆူဟြန္းတစ္ေယာက္ ၿပီးခဲ့တဲ့ ၂၀၁၇ တည္းက မေတြ႕ရတာ ၂ ႏွစ္ေတာင္ ရွိသြားၿပီ။ ဇူလိုင္လအစမွာေတာ့ ကံေကာင္းျခင္းေတြနဲ႔အတူ ကင္ဆူဟြန္း တစ္ေယာက္ ျပန္လည္ေရာက္ရွိလာပါၿပီ။ တပ္ထဲက ထြက္လာခ်ိန္မွာေတာ့ ဖံုးမႏိုင္ ဖိမရ ေပ်ာ္ရႊင္ေနတဲ့ အိုပါး ကိုေတာ့ အမာခံ ပရိသတ္ေတြက တစ္ခဲနက္ ႀကိဳဆိုတာကို ျမင္ရပါတယ္။

တပ္ထဲမွာလည္း က်င့္ဝတ္ေကာင္းမြန္မႈနဲ႔ ႀကိဳးစားမႈကို အသိအမွတ္ျပဳခံရၿပီး စံျပ စစ္သားဆုလည္း ရပါေသးတယ္တဲ့။ (ေတာ္တယ္ေနာ္) ကေလးဘဝတုန္းက ႏွလံုးေရာဂါအခံ ရွိဖူးတယ္ဆိုလို႔ ခက္ခဲတဲ့ မစ္ရွင္ေတြ မေပးဖို႔ ဆံုးျဖတ္ခဲ့ၾကေပမဲ့ သူကိုယ္တိုင္ကကို ဒီလိုတာဝန္ေတြ ထမ္းေဆာင္ခ်င္ပါတယ္ဆိုလို႔ ေဆးျပန္စစ္ၿပီး ခြင့္ျပဳေပးဖို႔ ေတာင္းခံလိုက္တာလို႔ သိလိုက္ရပါတယ္။

Related article >>> ဘယ္ေတာ့ ၾကည့္ၾကည့္မရိုးတဲ့ ကိုရီးယားရုပ္ရွင္ဇာတ္လမ္းတြဲ(၃)ခု

ေတာင္နဲ႔ ေျမာက္ နယ္ျခားစည္းမွာ ေဆာင္ရြက္ရတဲ့ ကင္းေထာက္မစ္ရွင္မွာလည္း အထူးေကာင္းမြန္တဲ့ ရလဒ္ကို စြမ္းေဆာင္ေပးၿပီး မထင္ထားေလာက္ေအာင္ကို ေရပန္းစားေနတဲ့ ကင္ဆူဟြန္းပဲ ျဖစ္ပါတယ္။ စစ္မႈထမ္းရက္ေစ့လို႔ ထြက္လာခ်ိန္မွာေတာ့ ေစာင့္ႀကိဳေနတဲ့ သတင္းသမားေတြနဲ႔ အမာခံ ပရိသတ္ေတြကို ေတြ႕ရလို႔ အၿပံဳးနဲ႔ ဆီးႀကိဳ ႏႈတ္ဆက္ပါတယ္။

ဒီေန႔မွာ ဒီလိုမ်ိဳး ေစာင့္ေနေပးလို႔ ေက်းဇူးတင္သလို တပ္ထဲက အေတြ႕အၾကံဳကို ေမးေတာ့လည္း စစ္မႈထမ္းရမယ့္ အသက္အရြယ္ထက္ ပိုၾကီးသြားလို႔ စိုးရိမ္ခဲ့ေပမဲ့ ကင္းေထာက္တပ္ရင္း (၁) မွာ ဝင္ခဲ့တာက မွန္ကန္တဲ့ ေရြးခ်ယ္မႈပါ ဆိုၿပီး ေျဖၾကားခဲ့ပါတယ္။

Related article >>> (၇) ရက္ သာ နန္းစံလိုက္ရတဲ့ ကိုရီးယားရဲ႕ ေၾကကြဲစရာ မိဖုရားတစ္ပါး

စစ္မႈထမ္းကာလ မၿပီးေသးခင္တည္းက အလွကုန္ အမွတ္တံဆိပ္တစ္ခုရဲ႕ ေမာ္ဒယ္အျဖစ္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာ ျဖစ္ၿပီး စစ္မႈထမ္းကာလၿပီးတာနဲ႔ တစ္ခါတည္း အႏုပညာလႈပ္ရွားမႈေတြ စတင္မယ္လို႔ ဆိုပါတယ္။ ကင္ဆူဟြန္းနဲ႔ တြဲရိုက္ဖို႔ တန္းစီေစာင့္ေနတဲ့ ရုပ္ရွင္ကားေတြကလည္း က်ိန္းေသေပါက္ ရွိေနမွာဆိုေတာ့ ေနာက္ႏွစ္ထဲမွာေတာ့ မင္းသားကို ဖန္သားျပင္ထက္ ေတြ႕ရဖို႔ လမ္းစ ရေနပါၿပီ။

With love

Ei Mon (For Her Myanmar)

Reference: Soompi ,Allkpop

>>> Unicode >>>

ပြုံးဖြီးနေသော ချိဖ

ကိုယ်တွေရဲ့ ဂြိုဟ်သားလေး ကင်ဆူဟွန်းတစ်ယောက် ပြီးခဲ့တဲ့ ၂၀၁၇ တည်းက မတွေ့ရတာ ၂ နှစ်တောင် ရှိသွားပြီ။ ဇူလိုင်လအစမှာတော့ ကံကောင်းခြင်းတွေနဲ့အတူ ကင်ဆူဟွန်း တစ်ယောက် ပြန်လည်ရောက်ရှိလာပါပြီ။ တပ်ထဲက ထွက်လာချိန်မှာတော့ ဖုံးမနိုင် ဖိမရ ပျော်ရွှင်နေတဲ့ အိုပါး ကိုတော့ အမာခံ ပရိသတ်တွေက တစ်ခဲနက် ကြိုဆိုတာကို မြင်ရပါတယ်။

တပ်ထဲမှာလည်း ကျင့်ဝတ်ကောင်းမွန်မှုနဲ့ ကြိုးစားမှုကို အသိအမှတ်ပြုခံရပြီး စံပြ စစ်သားဆုလည်း ရပါသေးတယ်တဲ့။ (တော်တယ်နော်) ကလေးဘဝတုန်းက နှလုံးရောဂါအခံ ရှိဖူးတယ်ဆိုလို့ ခက်ခဲတဲ့ မစ်ရှင်တွေ မပေးဖို့ ဆုံးဖြတ်ခဲ့ကြပေမဲ့ သူကိုယ်တိုင်ကကို ဒီလိုတာဝန်တွေ ထမ်းဆောင်ချင်ပါတယ်ဆိုလို့ ဆေးပြန်စစ်ပြီး ခွင့်ပြုပေးဖို့ တောင်းခံလိုက်တာလို့ သိလိုက်ရပါတယ်။

Related article >>> ဘယ်တော့ ကြည့်ကြည့်မရိုးတဲ့ ကိုရီးယားရုပ်ရှင်ဇာတ်လမ်းတွဲ(၃)ခု

တောင်နဲ့ မြောက် နယ်ခြားစည်းမှာ ဆောင်ရွက်ရတဲ့ ကင်းထောက်မစ်ရှင်မှာလည်း အထူးကောင်းမွန်တဲ့ ရလဒ်ကို စွမ်းဆောင်ပေးပြီး မထင်ထားလောက်အောင်ကို ရေပန်းစားနေတဲ့ ကင်ဆူဟွန်းပဲ ဖြစ်ပါတယ်။ စစ်မှုထမ်းရက်စေ့လို့ ထွက်လာချိန်မှာတော့ စောင့်ကြိုနေတဲ့ သတင်းသမားတွေနဲ့ အမာခံ ပရိသတ်တွေကို တွေ့ရလို့ အပြုံးနဲ့ ဆီးကြို နှုတ်ဆက်ပါတယ်။

ဒီနေ့မှာ ဒီလိုမျိုး စောင့်နေပေးလို့ ကျေးဇူးတင်သလို တပ်ထဲက အတွေ့အကြုံကို မေးတော့လည်း စစ်မှုထမ်းရမယ့် အသက်အရွယ်ထက် ပိုကြီးသွားလို့ စိုးရိမ်ခဲ့ပေမဲ့ ကင်းထောက်တပ်ရင်း (၁) မှာ ဝင်ခဲ့တာက မှန်ကန်တဲ့ ရွေးချယ်မှုပါ ဆိုပြီး ဖြေကြားခဲ့ပါတယ်။

Related article >>> (၇) ရက် သာ နန်းစံလိုက်ရတဲ့ ကိုရီးယားရဲ့ ကြေကွဲစရာ မိဖုရားတစ်ပါး

စစ်မှုထမ်းကာလ မပြီးသေးခင်တည်းက အလှကုန် အမှတ်တံဆိပ်တစ်ခုရဲ့ မော်ဒယ်အဖြစ် စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပြီး စစ်မှုထမ်းကာလပြီးတာနဲ့ တစ်ခါတည်း အနုပညာလှုပ်ရှားမှုတွေ စတင်မယ်လို့ ဆိုပါတယ်။ ကင်ဆူဟွန်းနဲ့ တွဲရိုက်ဖို့ တန်းစီစောင့်နေတဲ့ ရုပ်ရှင်ကားတွေကလည်း ကျိန်းသေပေါက် ရှိနေမှာဆိုတော့ နောက်နှစ်ထဲမှာတော့ မင်းသားကို ဖန်သားပြင်ထက် တွေ့ရဖို့ လမ်းစ ရနေပါပြီ။

With love

Ei Mon (For Her Myanmar)

Reference: Soompi ,Allkpop

Ei Mon
Ei Mon
For Her Myanmar ရဲ႕တက္သစ္စ ေဆာင္းပါးရွင္ အိမြန္ျဖစ္ပါတယ္။ စာေရးရတာ ဝါသနာ ပါပါတယ္။ ေဆာင္းပါးေတြကတစ္ဆင့္ စိတ္ကူးေလးေတြကို ေယာင္းတို႕ရဲ႕ ရင္ထဲအေရာက္ ပို႕ေပးခ်င္ပါတယ္။ အထူးအားသာတာကေတာ့ အႏုပညာရွင္သတင္းေတြပဲ ျဖစ္ပါတယ္။ အိမြန္ရဲ႕ လက္ရာေဆာင္းပါးေတြကို အားေပးမယ္မွတ္လား…….

Leave a Reply

Your email address will not be published. Required fields are marked *