သမီးဦးလေးကို ပထမဆုံးအကြိမ် ပရိသတ်ရှေ့မှောက်မှာ မိတ်ဆက်လိုက်တဲ့ F4 မင်းသား ဝူဘင်

single မဟုတ်တော့ပါဘူးတဲ့။ ဖေဖေကြီး ဖြစ်သွားပြီ 😉

Boys Over Flower (F4) ဇာတ်လမ်းတွဲ ကြည့်ဖူးသူတွေ ဆိုရင်တော့ ဆောင်ဝူဘင်ကို သိကြမယ် ထင်ပါတယ်။ နာမည်အရင်းကတော့ ကင်ဂျွန်းဖြစ်ပြီး F4 ဇာတ်လမ်းတွဲထဲမှာတော့ ရှင်ဟွာကျောင်းသား သူဌေးသား တစ်ယောက်ပေါ့။ ဒီလိုမျိုးပဲ ပရိသတ်တွေ လက်ခံထားကြတဲ့ ကင်ဂျွန်းက လက်ထပ်ပြီးလို့ ကလေးလေးတောင် ရနေပါပြီတဲ့။ ကင်ဂျွန်းက တောင်ကိုရီးယား ရက်ပ်ပါ ၊ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး အမျိုးသား တေးဂီတအဖွဲ့ T-Max နဲ့ ၂၀၀၇ ခုနှစ်မှာ ပွဲဦးထွက်လုပ်ခဲ့သလို အဖွဲ့အတွက် သီချင်းတွေလည်း ရေးသားခဲ့ပါတယ်။

T-Max အဖွဲ့သားတွေနဲ့တူတူ
ပွဲဦးထွက် အောင်မြင်ခဲ့တဲ့ F4

F4 မှာ သရုပ်ဆောင်မခင် ၂၀၀၀ ခုနှစ်တည်းက ဇနီးလောင်း နဲ့တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး ချစ်သူသက်တမ်း ၉ နှစ်ပြည့်မှာ ပွဲဦးထွက် F4 ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ရတာပါ။ အလယ်တန်းကျောင်းမှာတည်းက သိကျွမ်းခဲ့တဲ့ ချစ်သူက ရုံးဝန်ထမ်း အမျိုးသမီးဖြစ်ပြီး ၂၀၁၅ မှာတော့ လက်ထပ်ပွဲကို နှစ်ဘက်မိဘဆွေမျိုးတွေနဲ့ပဲ ကျင်းပခဲ့ကြပါတယ်။

Related Article >>> အောင်မြင်လွန်းတာကြောင့် တစ်ချိန်က မြောက်ကိုရီးယားတွေပြန်ပေးဆွဲတာ ခံခဲ့ရတဲ့ မင်းသမီးကြီး ချွဲအွန်ဟီး

T-Max တေးဂီတအဖွဲ့ဝင် ဖြစ်တဲ့ ကင်ဂျွန်းက F4 theme song “paradise” ကို  အဖွဲ့သားတွေနဲ့ အတူတူ သီဆိုခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ KBS ရုပ်သံ Detectives in Trouble နဲ့ SBS ရုပ်သံ Endless love တို့မှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး သူ့ရဲ့ အနုပညာလမ်းကြောင်းကို ပြဇာတ်ဘက် ခြေဦးလှည့်ခဲ့ပါတယ်တဲ့။

၂၀၁၈ ခုနှစ်မှာတော့ လက်ထပ်ပြီးတာ သုံးနှစ်ကြာပြီဖြစ်ပြီး ကလေးတစ်ယောက် အဖေဖြစ်နေပြီဆိုတာ ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။ စက်တင်ဘာ ၂ ရက်နေ့ KBS ရုပ်သံမှာ ထုတ်လွှင့်ခဲ့တဲ့ The Return of Superman မှာတော့ ကင်ဂျွန်းက သမီးလေးကို ခေါ်လာပြီး အဖွဲ့သားတွေကို အံ့အားသင့်လိုက်စေတာပါ။

ဒါတင်မကသေးပါဘူး သူ့မိသားစုအကြောင်း မီဒီယာတွေဆီ အသိမပေးခဲ့ဖြစ်ပုံကိုပါ တစ်ပါတည်း ရှင်းပြသွားပါတယ်။ The Rerutn of Superman မှာတော့ နယူးဇီလန်ဖွား သြစတြေးလျဟာသလူရွှင်တော် ဆန်ဟန်မင်တန်တို့ သားအဖတတွေနဲ့ ကင်ဂျွန်းတို့သားအဖနှစ်ယောက် တူတူ ခရီးသွားခဲ့ပါတယ်။ မင်းသား Ryu Soo Young ရဲ့ မိတ်ဆက်ပေးမှုနဲ့ပဲ သူတို့တွေ သိကျွမ်းခဲ့ကြတာပါ။

ဆန်ဟန်မင်တန်တို့ သားအဖ

ခရီးစဉ်အတွင်းမှာပဲ ကင်ဂျွန်းက ဇနီးသည်နဲ့ လက်ထပ်ဖြစ်ခဲ့စဉ်က အကြောင်းတွေကို ပြန်ပြောင်း ပြောပြပါတယ်။ “မင်္ဂလာဆောင်ကို လူသိရှင်ကြား ခမ်းခမ်းနားနားမလုပ်ဘဲနဲ့ ကျွန်တော်တို့ နှစ်ဘက်မိဘတွေ့ဆုံစားသောက်ပွဲလုပ်ပြီး ကျင်းပခဲ့ဖြစ်တယ်။ မီဒီယာတွေဆီ အသိမပေးရခြင်း အကြောင်းရင်းက ကျွန်တော့်ဇနီးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေမှာ စိုးလို့ပါ။ သူ့ကို စိတ်ဖိစီးမှု မပေးချင်တဲ့အတွက် ဒီလိုစီစဉ်ခဲ့ရတာပါ” ဆိုပြီး ဆန်ဟန်မင်တန်ကို ပြောပြပါတယ်။

တစ်ယောက်လျော့ဝါးပီ 🙁

Return of Superman ရဲ့ ခရီးစဉ်ကိုတော့ F4 ဇာတ်လမ်းတွဲ ရိုက်ကူးရာ ချွန်းဂီပြည်နယ် နမ်ယမ်ဂျူးမြို့မှာ ပြုလုပ်ခဲ့တာ ဖြစ်လို့ ကင်ဂျွန်းတစ်ယောက် အားလုံး မှတ်မိနေပြီး F4 လေးယောက်ရဲ့ ကဒ်ထူစက္ကူရုပ်ပုံကို မြင်ရချိန်မှာ အရင်က အကြောင်းအရာတွေကို ပြန်မြင်ယောင်လာတယ်လို့ ဆိုပါတယ်။ သမီးလေး ဆိုရီကတော့ အဖေဖြစ်သူရဲ့ အောင်မြင်မှုစိုက်ထူနိုင်ခဲ့တဲ့ ရိုက်ကွင်းနေရာကို သွားရောက်ခွင့်ရတဲ့ ကံထူးသူလေးလို့ ဆိုရပါမယ်။

အဖေကင်ဂျွန်းရဲ့ပုံကို သမီးလေး ဆိုရီက ငေးမော

မင်းသား ကင်ဂျွန်းကတော့ ဒရာမာဇာတ်လမ်းတွဲက City of the Sun ကို နောက်ဆုံးရိုက်ကူးပြီး အနုပညာအလုပ်ဘက် ခြေဦးမလှည့်တော့ဘဲ လက်ထပ်ပြီး ကလေးဖေဖေဘဝကို ပျော်ပျော်ကြီး ခံယူနေတာပါလို့ …

With Love,

Ei Mon (For Her Myanmar)

References : Soompi, Koreaboo

No Comments Yet

Comments are closed