Celebrity News

ထိပ္တန္း YouTube Beauty Blogger Tati နဲ႔ James ၾကားမွာ ဘာျပႆနာေတြျဖစ္ေနၾကတာလဲ ?

စႏိုက္ေက်ာ္ဖို႔ေတာင္ ႀကိဳးစားဖူးတယ္တဲ့.. 🤧🤧

ကဲ … ေယာင္းတို႔ေရ။ ဒီေန႔ေတာ့ လူမႈကြန္ရက္မွာ အုတ္ေအာ္ေသာင္းနင္းျဖစ္ေနတဲ့ YouTuber ႏွစ္ေယာက္ၾကားက ပဋိပကၡေလးေတြအေၾကာင္း ေျပာျပေပးသြားမွာပါ။ အရင္ဆံုး YouTuber ႏွစ္ေယာက္ရဲ႕အေၾကာင္းကို ေယာင္းတို႔သိေအာင္ ရွင္းျပေပးမယ္ေနာ္။

Tati Westbrook

Tati ကေတာ့ YouTube မွာ beauty blogger တစ္ေယာက္ပါ။ သူ႔ပရိသတ္နဲ႔သူ အထိုက္အေလ်ာက္ေအာင္ျမင္ေနသူေပါ့။ HALO Beauty ဆိုတဲ့ ဗီတာမင္ကုမၸဏီ ဘရန္းဒ္တစ္ခုကိုလည္း ပိုင္ဆိုင္ထားပါေသးတယ္။

Related article >>> ဒီႏွစ္ထဲမွာ ျပန္ေခတ္စားလာႏိုင္တဲ့ ၉၀ ခုႏွစ္ဝန္းက်င္က ဆံပင္ပံုစံ (၅) မ်ိဳး

James Charles

James ကလည္း YouTube beauty blogger တစ္ေယာက္ပါပဲ။ အသက္ (၁၉) ႏွစ္အရြယ္ James ဟာ အရြယ္နဲ႔မလိုက္ေအာင္ ေအာင္ျမင္သူျဖစ္ၿပီး ေဂးတစ္ေယာက္ပါလို႔လည္း ဝန္ခံထားပါေသးတယ္။ Cover Girl ရဲ႕ ပထမဆံုးေသာ အမ်ိဳးသား ambassador ျဖစ္ၿပီး ဟိုတေလာကမွ က်င္းပသြားတဲ့ Met Gala ကို ပထမဆံုးတက္ေရာက္ႏိုင္ခဲ့တဲ့ YouTuber ပါ။ ဒါေပမဲ့သူက ျပႆနာကို မီးထြန္းရွာသူလို႔လည္း နာမည္ႀကီးပါေသးတယ္။

Related article >>> Stylist တစ္ေယာက္မွာ မျဖစ္မေန ရွိရမယ့္ အရည္အခ်င္း (၅)ရပ္

ျပႆနာအစ

ေျပာရရင္ ဇာတ္လမ္းက မသန္းပဲလို႔ ဆိုရမွာပဲ။ Tati နဲ႔ James ကအရမ္းခင္တဲ့သူေတြပါ။ James ဒီေလာကထဲကို စဝင္လာတည္းက Tati က ေစာင္မၾကည့္ရႈခဲ့ၿပီး James လိုအပ္သမွ် စာခ်ဳပ္စာတမ္းေတြ၊ အၾကံဉာဏ္ေတြအကုန္လံုးကို Tati နဲ႔ ခင္ပြန္းျဖစ္သူက လိုက္ကူညီေပးခဲ့ပါတယ္။ ၿပီးခဲ့တဲ့လမွာေတာ့ James က Tati ရဲ႕ Halo Beauty ကုမၸဏီနဲ႔ ၿပိဳင္ဖက္ျဖစ္တဲ့ Sugar Bear Hair အတြက္ ေၾကာ္ျငာဗီဒီယိုတစ္ခုတင္ခဲ့ပါတယ္။ ေမလ (၁၀)ရက္ေန႔မွာေတာ့ Tati ဘက္က “Bye Sister” လို႔အမည္ရတဲ့ ဗီဒီယိုတစ္ခုတင္ၿပီး James နဲ႔ သူ(မ)ၾကားက ျဖစ္ေၾကာင္းကုန္စင္ကို အိတ္သြန္ဖာေမွာက္ေျပာပါေတာ့တယ္။

ဗီဒီယိုထဲမွာ ဘာေတြပါလဲ ?

James အကူအညီလိုတဲ့အခ်ိန္တိုင္း Tati နဲ႔ ခင္ပြန္းျဖစ္သူက ကူညီဖို႔ ဝန္မေလးခဲ့ပါဘူး။ ဖုန္းထဲကေန နာရီနဲ႔ခ်ီၿပီး စာခ်ဳပ္စာတမ္းနဲ႔ပက္သက္သမွ်ကို ကူညီခဲ့ေပးလို႔ James ရဲ႕ ဝင္ေငြက ဗီဒီယိုတစ္ခုကို ေဒၚလာ ၉၀ ရေနရာကေန ေဒၚလာ ၂၅၀၀၀ ထိ ထိုးတက္သြားတာပါ။ အၿမဲတမ္းလိုလို မိသားစုဝင္တစ္ေယာက္လို ဆက္ဆံခဲ့ေပမဲ့ James ဘက္က သူ(မ)ကို ေလးစားမႈမရွိဘူး၊ သူ(မ) အေနနဲ႔ သစၥာေဖာက္ခံရသလိုခံစားရတယ္လို႔ ေျပာပါတယ္။ ေနာက္ၿပီး မိသားစုဝင္ေတြ၊ သူငယ္ခ်င္းေတြအကုန္လံုးနဲ႔ ညစာစားေနတဲ့အခ်ိန္မွာလည္း James ဘက္က မဖြယ္မရာေတြ ေျပာခဲ့လို႔ Tati မွာအကုန္လံုးကို ဖုန္းဆက္ေတာင္းပန္ခဲ့ရပါေသးတယ္တဲ့။ ေျပာင္းလဲလာမယ္ ထင္ခဲ့ေပမဲ့ James ဘက္က ဘာမွမထူးျခားလာတာေၾကာင့္ သူငယ္ခ်င္းအျဖစ္ကေန စြန္႔လႊတ္ခဲ့တယ္လို႔ ေျပာျပသြားပါတယ္။

Related article >>> Met Gala 2019 ကို တက္ေရာက္လာတဲ့ ေဟာလိဝုဒ္အႏုပညာရွင္ေတြရဲ႕ အလန္းစားဖက္ရွင္အဆန္းမ်ား

ေနာက္ဆက္တြဲျပႆနာ

Tati ရဲ႕ ဗီဒီယိုပ်ံ႕သြားၿပီး မၾကာခင္မွာ James ဘက္ကလည္း ေတာင္းပန္စကားဆိုထားတဲ့ ဗီဒီယိုတစ္ခု ျပန္တင္ခဲ့ပါတယ္။ ဒါေပမဲ႔ လူေတြက ဒါကိုလက္မခံပါဘူး။ ေနာက္ထပ္နာမည္ေက်ာ္အမ်ားအျပားကလည္း James ရဲ႕အေၾကာင္းေတြကို ထုတ္ေဖာ္ေျပာလာၾကပါတယ္။ အဲ့ဒီနာမည္ေက်ာ္ေတြထဲမွာ Jeffree Star, Shawn Mendes, နဲ႔ Zara Larsson တို႔ အပါအဝင္ပါပဲ။ Zara Larsson ကဆို သူ(မ)ရဲ႕ ခ်စ္သူေကာင္ေလးကို James က စႏိုက္ဖို႔ႀကိဳးစားဖူးတယ္လို႔ပါ ထုတ္ေျပာသြားပါတယ္။ Demi Lovato, Kylie Jenner, Kim Kardashian, Miley Cyrus, Katy Perry, Iggy Azalea စတဲ့ အႏုပညာရွင္ေတြကေတာ့ James ကို လူမႈကြန္ရက္မွာ unfollow ေတြလုပ္သြားၾကပါၿပီ။

လက္ရွိ James က သူ႔ရဲ႕ subscriber ၂ မီလီယံအထိဆံုးရွဴံးေနၿပီျဖစ္ၿပီး Tati ကေတာ့ subscriber ေတြမ်ားသထက္မ်ားလာပါတယ္။ Tati ရဲ႕ ဗီဒီယိုက ၾကည့္ရႈသူေပါင္း ၄.၅ မီလီယံနဲ႔ YouTube မွာ trending ျဖစ္ေနပါၿပီ။ James Charles ရဲ႕ နာမည္ကေတာ့ ရစရာမရွိေအာင္ စုတ္ျပတ္သြားပါၿပီ။ ဘာေတြ ဘယ္လိုဆက္ျဖစ္ၾကဦးမလဲဆိုတာကေတာ့ …

Stella (For Her Myanmar)

<<< Unicode >>>

စနိုက်ကျော်ဖို့တောင် ကြိုးစားဖူးတယ်တဲ့.. 🤧🤧

ကဲ … ယောင်းတို့ရေ။ ဒီနေ့တော့ လူမှုကွန်ရက်မှာ အုတ်အော်သောင်းနင်းဖြစ်နေတဲ့ YouTuber နှစ်ယောက်ကြားက ပဋိပက္ခလေးတွေအကြောင်း ပြောပြပေးသွားမှာပါ။ အရင်ဆုံး YouTuber နှစ်ယောက်ရဲ့အကြောင်းကို ယောင်းတို့သိအောင် ရှင်းပြပေးမယ်နော်။

Tati Westbrook

Tati ကတော့ YouTube မှာ beauty blogger တစ်ယောက်ပါ။ သူ့ပရိသတ်နဲ့သူ အထိုက်အလျောက်အောင်မြင်နေသူပေါ့။ HALO Beauty ဆိုတဲ့ ဗီတာမင်ကုမ္ပဏီ ဘရန်းဒ်တစ်ခုကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

Related article >>> ဒီနှစ်ထဲမှာ ပြန်ခေတ်စားလာနိုင်တဲ့ ၉၀ ခုနှစ်ဝန်းကျင်က ဆံပင်ပုံစံ (၅) မျိုး

James Charles

James ကလည်း YouTube beauty blogger တစ်ယောက်ပါပဲ။ အသက် (၁၉) နှစ်အရွယ် James ဟာ အရွယ်နဲ့မလိုက်အောင် အောင်မြင်သူဖြစ်ပြီး ဂေးတစ်ယောက်ပါလို့လည်း ဝန်ခံထားပါသေးတယ်။ Cover Girl ရဲ့ ပထမဆုံးသော အမျိုးသား ambassador ဖြစ်ပြီး ဟိုတလောကမှ ကျင်းပသွားတဲ့ Met Gala ကို ပထမဆုံးတက်ရောက်နိုင်ခဲ့တဲ့ YouTuber ပါ။ ဒါပေမဲ့သူက ပြဿနာကို မီးထွန်းရှာသူလို့လည်း နာမည်ကြီးပါသေးတယ်။

Related article >>> Stylist တစ်ယောက်မှာ မဖြစ်မနေ ရှိရမယ့် အရည်အချင်း (၅)ရပ်

ပြဿနာအစ

ပြောရရင် ဇာတ်လမ်းက မသန်းပဲလို့ ဆိုရမှာပဲ။ Tati နဲ့ James ကအရမ်းခင်တဲ့သူတွေပါ။ James ဒီလောကထဲကို စဝင်လာတည်းက Tati က စောင်မကြည့်ရှုခဲ့ပြီး James လိုအပ်သမျှ စာချုပ်စာတမ်းတွေ၊ အကြံဉာဏ်တွေအကုန်လုံးကို Tati နဲ့ ခင်ပွန်းဖြစ်သူက လိုက်ကူညီပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့လမှာတော့ James က Tati ရဲ့ Halo Beauty ကုမ္ပဏီနဲ့ ပြိုင်ဖက်ဖြစ်တဲ့ Sugar Bear Hair အတွက် ကြော်ငြာဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်။ မေလ (၁၀)ရက်နေ့မှာတော့ Tati ဖက်က “Bye Sister” လို့အမည်ရတဲ့ ဗီဒီယိုတစ်ခုတင်ပြီး James နဲ့ သူ(မ)ကြားက ဖြစ်ကြောင်းကုန်စင်ကို အိတ်သွန်ဖာမှောက်ပြောပါတော့တယ်။

ဗီဒီယိုထဲမှာ ဘာတွေပါလဲ ?

James အကူအညီလိုတဲ့အချိန်တိုင်း Tati နဲ့ ခင်ပွန်းဖြစ်သူက ကူညီဖို့ ဝန်မလေးခဲ့ပါဘူး။ ဖုန်းထဲကနေ နာရီနဲ့ချီပြီး စာချုပ်စာတမ်းနဲ့ပက်သက်သမျှကို ကူညီခဲ့ပေးလို့ James ရဲ့ ဝင်ငွေက ဗီဒီယိုတစ်ခုကို ဒေါ်လာ ၉၀ ရနေရာကနေ ဒေါ်လာ ၂၅၀၀၀ ထိ ထိုးတက်သွားတာပါ။ အမြဲတမ်းလိုလို မိသားစုဝင်တစ်ယောက်လို ဆက်ဆံခဲ့ပေမဲ့ James ဘက်က သူ(မ)ကို လေးစားမှုမရှိဘူး၊ သူ(မ) အနေနဲ့ သစ္စာဖောက်ခံရသလိုခံစားရတယ်လို့ ပြောပါတယ်။ နောက်ပြီး မိသားစုဝင်တွေ၊ သူငယ်ချင်းတွေအကုန်လုံးနဲ့ ညစာစားနေတဲ့အချိန်မှာလည်း James ဘက်က မဖွယ်မရာတွေ ပြောခဲ့လို့ Tati မှာအကုန်လုံးကို ဖုန်းဆက်တောင်းပန်ခဲ့ရပါသေးတယ်တဲ့။ ပြောင်းလဲလာမယ် ထင်ခဲ့ပေမဲ့ James ဘက်က ဘာမှမထူးခြားလာတာကြောင့် သူငယ်ချင်းအဖြစ်ကနေ စွန့်လွှတ်ခဲ့တယ်လို့ ပြောပြသွားပါတယ်။

Related article >>> Met Gala 2019 ကို တက်ရောက်လာတဲ့ ဟောလိဝုဒ်အနုပညာရှင်တွေရဲ့ အလန်းစားဖက်ရှင်အဆန်းများ

နောက်ဆက်တွဲပြဿနာ

Tati ရဲ့ ဗီဒီယိုပျံ့သွားပြီး မကြာခင်မှာ James ဘက်ကလည်း တောင်းပန်စကားဆိုထားတဲ့ ဗီဒီယိုတစ်ခု ပြန်တင်ခဲ့ပါတယ်။ ဒါပေမဲ့ လူတွေက ဒါကိုလက်မခံပါဘူး။ နောက်ထပ်နာမည်ကျော်အများအပြားကလည်း James ရဲ့အကြောင်းတွေကို ထုတ်ဖော်ပြောလာကြပါတယ်။ အဲ့ဒီနာမည်ကျော်တွေထဲမှာ Jeffree Star, Shawn Mendes, နဲ့ Zara Larsson တို့ အပါအဝင်ပါပဲ။ Zara Larsson ကဆို သူ(မ)ရဲ့ ချစ်သူကောင်လေးကို James က စနိုက်ဖို့ကြိုးစားဖူးတယ်လို့ပါ ထုတ်ပြောသွားပါတယ်။ Demi Lovato, Kylie Jenner, Kim Kardashian, Miley Cyrus, Katy Perry, Iggy Azalea စတဲ့ အနုပညာရှင်တွေကတော့ James ကို လူမှုကွန်ရက်မှာ unfollow တွေလုပ်သွားကြပါပြီ။

လက်ရှိ James က သူ့ရဲ့ subscriber ၂ မီလီယံအထိဆုံးရှူံးနေပြီဖြစ်ပြီး Tati ကတော့ subscriber တွေများသထက်များလာပါတယ်။ Tati ရဲ့ ဗီဒီယိုက ကြည့်ရှုသူပေါင်း ၄.၅ မီလီယံနဲ့ YouTube မှာ trending ဖြစ်နေပါပြီ။ James Charles ရဲ့ နာမည်ကတော့ ရစရာမရှိအောင် စုတ်ပြတ်သွားပါပြီ။ ဘာတွေ ဘယ်လိုဆက်ဖြစ်ကြဦးမလဲဆိုတာကတော့ …

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *